Account
RSN WEB

RSN WEB

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN

Username
@rsnweb
Category
News and media
Country
MyanmarMyanmar
Subscribers7,076
Avg views per post, 7d1,196−29.1% vs prev 7d
ERR16.91%last 7 days

Average views per post by day

By publication day

Show as table
DateAvg views per post
Nov 11, 20261,266
Nov 12, 20262,065
Nov 13, 20261,790
Nov 14, 20262,120
Nov 15, 20261,915
Nov 16, 20261,635
Nov 17, 20261,190
Nov 19, 20261,340
Nov 20, 20261,290
Nov 21, 20261,520
Nov 22, 20261,180
Nov 23, 20261,360
Nov 24, 20261,070
Nov 25, 2026665

Most viewed this month

  1. 01

    🆕 DAILY HIGHLIGHTS (9-11 NOV 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ပဲခူးတိုင်း ရွှေကျင်ရှိ NUG အထူးတိုင်းစစ်ဌာန အရာရှိစခန်းနှင့် တပ်ရင်းနေရာများစစ်တပ်ထံ လက်လွှတ်ရ – MN ကာကွယ်ရေး ဘတ်ဂျက် ကျပ် ဘီလျံ တစ်သောင်းကျော်ရှိလာ – BBC ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားမယ် – BBC ထိုင်းနိုင်ငံခြားရေး၀န်ကြီးရဲ့နေပြည်တော်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့မရှိ – BBC အာဆီယံထိပ်သီးစည်းဝေးပွဲ နေပြည်တော်ညွှန်ချုပ်အဆင့်သာ တက်ခွင့်ရ – BBC ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၄ ဒသမ ၂ သန်းရှိပြီး မြန်မာအလုပ်သမားက အရေအတွက် ၃ ဒသမ ၃၃ သန်းဖြင့် အများဆုံးဖြစ်နေဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန် – KT အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာ မဟုတ်ရင် မြန်မာစစ်ရှောင်တွေကို ဝင်ရောက်ခွင့် မပြုဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော – PS ဦးဝင်းမြင့်ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ဂျာမနီသံရုံး ယာယီတာဝန်ခံ ကို စစ်တပ်ခေါ်သတိပေး – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ ရွှေဈေး ကျပ် ၁၀၃သိန်း ကျော်လာ – PS ဘဏ်ထဲ ကိုယ်ပိုင်အပ်နှံငွေကိုအကန့်အသတ်နဲ့သာထုတ်ခွင့်ပေးထားကြောင်း ဗဟိုဘဏ် ဝန်ခံ – BBC မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှု မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးအထိ ရှိလာဟုဆို – KT ———— ☢️ နျူကလီးယား နျူဓာတ်အားပေးစက်ရုံနေရာ ရုရှားနဲ့ ညှိနှိုင်းနေတယ်လို့ နေပြည်တော်ပြော – BBC ———— ➕ အခြားထူးခြားသတင်းများ ပြည်ပရောက်မြန်မာတွေ ၂၅ ရာခိုင်နှုန်း မိသားစုကိုလွှဲထားကြောင်း ၃ လစာ မပြနိုင်ရင် ပက်စပို့သက်တမ်းတိုးခွင့်မရ – BBC #RangoonScoutNetwork

    Text
    Views2.48K
    Forwards—
    Reactions2
    Comments—
  2. 02
    Views2.36K
    Forwards—
    Reactions10
    Comments—
  3. 03

    ▪️ရန်ကုန်ရှိ ကျားဖြန့်အဖွဲ့များအနက် တဖွဲ့ကို စစ်တပ် ဝင်ဖမ်းပြ နိုဝင်ဘာလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ Golden River Residence Condo ထဲရှိ ကျားဖြန့်လုပ်ကိုင်နေသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ကွန်ဒို၏ အခန်း ၉ ခန်းထဲရှိ လူစုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၅၂ ဦး (ကျား ၄၈ ဦး၊ မ ၄ ဦး)၊ ဗီယက်နမ်နိုင်ငံသား ကျား ၈ ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦး (ကျား ၃၁ ဦး၊ မ ၁၅ ဦး) တို့ဖြစ်ပြီး ကွန်ပျူတာ လက်ပ်တော့ပ်၊ ဆာဗာ၊ ဖုန်း၊ ဝိုင်ဖိုင်စက်၊ ရောက်တာ၊ ပက်စ်ပို့စာအုပ်၊ ဘဏ်စာအုပ်များပါ သိမ်းဆည်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုထဲ တရုတ်နိုင်ငံမှ ဆုကြေးငွေထုတ်ပြန်ထားသူ ၁ ဦး (Su Fu Quan) ပါသည်။ ၎င်းတို့သည် အဖွဲ့ ၅ ဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် ၇ နာရီခန့်တွင်လည်း ရန်ကင်းမြို့နယ်၊ Golden City ကွန်ဒိုထဲ စစ်တပ်အင်အားအများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြသေးသည်။ လှိုင်သာယာမြို့နယ် FMI City ဝင်းထဲ ဝင်ရောက်စီးနင်းသွားသည့် သတင်းတချို့လည်း ထွက်ပေါ်နေသည်။ ကျားဖြန့်အတွက် လိုက်စစ်ဆေးပြနေသည်ဟု ယူဆရသည်။ 14 Nov 2026 #RangoonScoutNetwork

    Text
    Views2.12K
    Forwards—
    Reactions9
    Comments—
  4. 04
    Views1.79K
    Forwards—
    Reactions11
    Comments—

Latest posts

#25939Text

🆕 DAILY HIGHLIGHTS (22-24 NOV 2026) •••••••••••••••®••••••••••••••• 🧑‍⚖️ ICJ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကို တရားရင်ဆိုင်ရေး ဆက်လက်လုပ်ဆောင်မည်ဟု ဩစတြေးလျအစိုးရ ကြေညာ – MPA ICJ စီရင်ချက်အပြီး စစ်ဗိုလ်ချုပ် ၅ ဦးကို ဗြိတိန် ဒဏ်ခတ် – MPA ICJ စီရင်ချက်ကို လိုက်နာပြီး တာဝန်ခံရန် ကမ္ဘာ့ ၁၄ နိုင်ငံ ပူးပေါင်းဖိအားပေး – MPA ———— 💵 စီးပွားရေးထူးခြားသတင်းများ ငွေအလွှဲအပြောင်းများသည့် ဘဏ်အကောင့်များကို စောင့်ကြည့်စစ်ဆေးနေ – MPA အာဆီယံတွင် မြန်မာနိုင်ငံအပါအဝင် ၃ နိုင်ငံသာ LDC နိုင်ငံအဖြစ် ကျန်ရှိတော့ – KT ———— 🔖 ကျားဖြန့် အမေရိကန် ဦးဆောင်သော နိုင်ငံ ၁၃ နိုင်ငံပါ ကျားဖြန့်တိုက်ဖျက်ရေးကွန်ရက် ဖွဲ့စည်း – KT ———— ⌛ ရာထူးကြီးအပြောင်းအရွှေ့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရာထူးမှ အနားယူ – KT ———— 🚩 စစ်မှုထမ်းသတင်း စစ်မှုထမ်းဆင့်ခေါ်ရာတွင် အဓမ္မဖမ်းဆီးငွေညှစ်မှူများရှိကြောင်း စစ်တပ် ဝန်ခံ – AT ———— ➕ အခြားထူးခြားသတင်းများ ဖုန်းအချက်အလက်များကို လျှို့ဝှက်ရယူပြီး အစီရင်ခံရန် စစ်ကောင်စီ ပြည်ထဲရေး ညွှန်ကြားထား – MPA ကမ္ဘာတွင် မြန်မာနိုင်ငံက မိုင်းအန္တရာယ်ကြောင့် ထိခိုက်သူအများဆုံးနိုင်ငံဖြစ်လာ – KT #RangoonScoutNetwork

Open in Telegram
Views665−55%vs avg
Forwards—
Reactions2
Comments—
#25938Text

▪️ရန်ကင်းမြို့နယ်ရှိ ကျားဖြန့်လောင်းကစားအဖွဲ့ကို ဖမ်းဆီးပြ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ၁ ရပ်ကွက်၊ Golden City ကွန်ဒိုဝင်းထဲ ကျားဖြန့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့်အဖွဲ့တဖွဲ့ကို ဖမ်းဆီးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် အဆိုပါကွန်ဒိုဝင်း တိုက် ၁ (၃၂ လွှာ၊ အခန်းအမှတ် ၃၂၀၁)၊ တိုက် ၃ (၁၆ လွှာ၊ အခန်းအမှတ် ၁၆၀၂) နှင့် တိုက် ၄ (၆ လွှာ၊ အခန်းအမှတ် ၀၆၀၂) တို့ထဲ ဝင်ရောက်စီးနင်းခဲ့ပြီး စုစုပေါင်း ၁၆ ဦး (ကျား ၄၊ မ ၁၂) ကို Laptop၊ Printer ၊ Tablet ၊ ဖုန်း အများအပြားဖြင့် ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။ တိုက် ၅၊ အခန်းအမှတ် ၂၇၀၂ ထဲ နေထိုင်သူ တရုတ်နိုင်ငံသား Mr. Jiang Hong Feng က အခန်းများ ငှားရမ်းပေးထားခြင်းဖြစ်ပြီး သိမ်းထားသည့်ဖုန်းများအတွင်း ၎င်းတို့လုပ်ကိုင်နေသည့် Zaw Play.Com (Myanmar Online Casino Slots & Sports Betting) လောင်းကစားဝက်ဘ်ဆိုက်ကိုတွေ့ကြောင်း ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် ၇ နာရီခန့်တွင်လည်း Golden City ကွန်ဒိုဝင်းထဲ စစ်တပ်အင်အားအများအပြား ဝင်ရောက်သွားခဲ့သေးကြောင်း သိရသည်။ 24 Nov 2026 #RangoonScoutNetwork

Open in Telegram
Views1,070−28%vs avg
Forwards—
Reactions8
Comments—
#25937Text

🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Nov 16 - 22, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️သပိတ်လှုပ်ရှားမှု · နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင် နှင့် ရွှေတိဂုံဘုရားရင်ပြင်တော်ရှိ ပထမကျောင်းသားသပိတ် ကျောက်တိုင်တို့၌ “Welcome ICJ…! End The Myanmar Junta Era…! We Stand With The Rohingya…!” စာတန်းပါ ဘန်နာများ ချိတ်ဆွဲကိုင်ဆောင်ကာ လှုပ်ရှားခဲ့ကြောင်း ရန်ကုန်လူထုအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ———— ▪️တပ်ထောက်ခံသူများ ဆန္ဒပြ · နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆူလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့၌ အကြမ်းဖက်စစ်တပ် ထောက်ခံသူအဖွဲ့၊ မဘသအဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့ စသည့်အဖွဲ့များ စုဝေးပြီး နယ်သာလန်နိုင်ငံ ICJ တရားရုံးသို့ သွားရောက်တရားရင်ဆိုင်နေသည့် ဦးကိုကိုလှိုင်နှင့် အဖွဲ့ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်ဟု DVB မှ သိရှိရသည်။ ကနဦးတွင် ၂ ရက် (နိုဝင်ဘာ ၁၈ ရက် နှင့် ၁၉ ရက်) လုပ်မည်ဟု စီစဉ်ထားခဲ့သော်လည်း စစ်တပ်က ငွေထုတ်ပေးမှုနောက်ကျ၍ ၁၉ ရက်နေ့မှသာ လုပ်ခဲ့ကြကြောင်းလည်း သိရသည်။ ———— ▪️စစ်မှုထမ်းသင်တန်း · စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၃၀ ကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စတင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ———— ▪️စစ်မှုထမ်း ရမ်းသမ်းလိုက်ဆွဲသူတချို့နှင့် ငွေညစ်သူအချို့ကို အဖမ်းပြ · စစ်မှုထမ်း လူစုဆောင်းရာတွင် အတင်းအဓမ္မဖမ်းဆီးသူများနှင့် ငွေညစ်သူများကို ဖမ်းဆီးအရေးယူထားသည်ဟု အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ပြထားသည်။ ငွေညစ်သည့်အမှုဖြင့် ၁၀၂ ဦး၊ အဓမ္မဖမ်းဆီးမှုဖြင့် ၉၇ ဦး စုစုပေါင်း ၁၉၉ ဦးဟု ဆိုသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ထိဟု ဖော်ပြထားသည်။ ———— ▪️ဖုန်းအဆက်အသွယ်ဒေတာများ တောက်လျှောက်စောင့်ကြည့် · အကြမ်းဖက်ရဲတပ်ဖွဲ့က ပြည်သူလူထု၏ ဖုန်းခေါ်မှုမှတ်တမ်း၊ SMS ပေးပို့မှုများနှင့် တည်နေရာအချက်အလက်များကို အော်ပရိတ်များထံမှ လျှို့ဝှက်တောင်းခံပြီး စောင့်ကြည့်စစ်ဆေးမှုရလာဒ်များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြည်ထဲရေးဌာနထံ တင်ပြခိုင်းထားကြောင်း MPA မှ သိရှိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်း၊ မြောက်ဥက္ကလာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️စစ်တပ်က တရုတ်လေကြောင်းပညာရှင်များကို ခေါ်ထား · တရုတ်နိုင်ငံမှ လေကြောင်းအင်ဂျင်နီယာ ပညာရှင် ၆ ဦး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မင်္ဂလာဒုံလေတပ်စခန်းသို့ လာဖို့ရှိကြောင်း MPA မှ သိရှိရသည်။ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် နည်းပညာအကူအညီများပေးဖို့ဖြစ်ကြောင်း သိရသည်။ ———— ▪️တလတွင်း ကျားဖြန့်နောက်တဖွဲ့ကို စစ်တပ် အဖမ်းပြ · နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၁၉-A) နေအိမ်ထဲ ဝင်ရောက်စီးနင်းပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်နေသည့် ကျားဖြန့်အဖွဲ့တဖွဲ့ကိုဖမ်းဆီးခဲ့သည်ဟု အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် ၃၃ ဦး (ကျား၊ ၂၅၊ မ ၈) ၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား ၇၀ ဦး (ကျား ၄၆၊ မ ၂၄) စုစုပေါင်း ၁၀၅ ဦးတို့ကို ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၂၃ လုံး၊ ဝိုင်ဖိုင်စက် ၅ လုံးတို့နှင့်အတူ ဖမ်းမိသည်ဟု ဖော်ပြထားသည်။ ထို့ပြင် မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၄၃/၁) နေအိမ်ထဲ ထပ်ဝင်ပြီး All in One ကွန်ပျူတာ ၁ လုံးနှင့် ဖုန်း ၁၂၁ လုံး သိမ်းခဲ့သည်ဟု သိရသည်။ တရုတ်စကားပြောနိုင်သူများကို ရွေးခေါ်ကာ ငွေကြေးလိမ်လည်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ထမင်းချက်အဖွဲ့စသည့် အဖွဲ့များဖြင့် မနက် ၈ နာရီမှ ည ၈ နာရီထိ နေ့စဉ် လည်ပတ်နေခဲ့သည်ဟု ဆိုသည်။ ၂၀၂၆ ခုနှစ် မေလဝန်းကျင်မှစပြီး လုပ်နေခဲ့သည်ဟု ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း သာကေတမြိုနယ် Golden River Residence Condo ထဲ လူ ၁၀၆ ဦးပါ ကျားဖြန့်အဖွဲတဖွဲကို အဖမ်းပြခဲ့သေးသည်။ ———— ▪️ဒေါ်လာဝယ်ရောင်းသများအချို့ကို လိုက်ဖမ်းစစ် · အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၅၀၀၀ ကျော်လာပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ စသုံးလုံးအဖွဲ့က ဒေါ်လာဝယ်ရောင်းလုပ်သူများနှင့် ပဲလက်ကြီးသမားအချို့ကို လိုက်လံဖမ်းဆီးစစ်ဆေးခဲ့ကြောင်း Khit Thit မှ သိရှိရသည်။ ဒေါ်လာဈေးတက်တိုင်း ထိုသို့လုပ်လေ့ရှိကြောင်း သိရသည်။ ———— ▪️ခွင့်ပြုချက်မဲ တိုက်အချို့ကို ပြန်ဖြိုချ · စမ်းချောင်းမြို့နယ်ထဲ စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် ကန်ထရိုက်တိုက်အချို့ကို ပြန်လည်ဖြိုချနေကြောင်း DVB မှ သိရှိရသည်။ ဩဂုတ်လအတွင်း စစ်ဆေးရာမှ ပေါ်ပေါက်လာသည်ဟု သိရပြီး စုစုပေါင်း တိုက် ၃၂ လုံးကို ချိတ်ပိတ်ထားခဲ့သည်ဟု ဆိုသည်။ ———— ▪️YBS ကားများ အခေါက်ရေလျှော့ဆွဲလာ · YBS ယာဉ်လိုင်းများ တွက်ခြေမကိုက်တော့၍ အခေါက်ရေလျှော့ချပြေးဆွဲနေကြရသဖြင့် အလုပ်သွား အလုပ်ပြန်အချိန်များတွင် ကားမှတ်တိုင်များ၌ လူများစုပြုံနေကြရပြီး ရောက်လာသည့်ကားပေါ် တိုးဝှေ့တက်စီးနေကြရကြောင်း Khit Thit မှ သိရှိရသည်။ ထိုနောက်ဆက်တွဲအနေဖြင့် ညနေ ၆ နာရီနောက်ပိုင်း အောက်ဆိုက်ကားများ ပြန်ပေါ်လာပြီး အဆိုပါကားများကို လူအများအားကိုးနေကြရကြောင်း သိရသည်။ 23 Nov 2026 #RangoonScoutNetwork #YGN_weekly

Open in Telegram
Views1,360−9%vs avg
Forwards—
Reactions4
Comments—
#25936Text

🆕 DAILY HIGHLIGHTS (20-21 NOV 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ပဲခူးနဲ့ မွန်က တပ်စခန်း ၂၈ ခု သိမ်းခဲ့တယ်လို့ နေပြည်တော်ပြော – BBC ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ ICJ အမိန့်ချနေချိန် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရာထူးအတွက် စစ်ခေါင်းဆောင် အောင်ပွဲခံနေ – MN မြန်မာလုပ်သားတွေ လစာ ၂၅ ရာခိုင်နှုန်းလွှဲဖို့ မိသားစုကိုပါ အာမခံခိုင်း – BBC မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက် – BBC ———— 🧑‍⚖️ ICJ ICJ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ပယ်ချ – KT ရိုဟင်ဂျာအရေး ICJ စီရင်ချက်ကို တရုတ်ကန့်ကွက် – MPA ICJ စီရင်ချက်အပေါ် စိတ်ပျက်အားလျော့မိဟု စစ်အာဏာရှင် နိုင်ငံခြားရေးဌာန ထုတ်ပြန် – DVB ICJ စီရင်ချက်ကို အပြည့်အဝ ဖော်ဆောင်ရန် ဆွစ်ဇာလန် တိုက်တွန်း – MPA ICJ တရားရုံး၏ မြန်မာနိုင်ငံအပေါ် အမိန့်စီရင်ချက်ကို အာဆီယံဥက္ကဋ္ဌ အသိအမှတ်ပြု – KT ICJ တရားရုံးက စီရင်ချက်ချမှတ်ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအထွေထွေညီလာခံက အစည်းအဝေးများ ခေါ်ယူ – KT ICJ တရားရုံး စီရင်ချက်ကို အသိအမှတ်ပြုကြိုဆိုကြောင်း NUG နှင့် NUCC ကြေညာ – DVB အေအေနဲ့ ချိတ်ဆက်ဖို့ နိုင်ငံတကာကို KNU တောင်းဆို – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ ပြည်တွင်းဘဏ်များ၏နိုင်ငံခြားငွေလဲနှုန်းမြှင့်တင် တစ်ဒေါ်လာ ၄၅၆၀ ကျပ် ရွေးတုအစိုးရသတ်မှတ် – AT ကမ္ဘာ့ရွှေဈေး ၁ နှစ်ကျော်အတွင်း အနိမ့်ဆုံးသို့ ထိုးကျသော်လည်း ပြည်တွင်းရွှေဈေး ဆက်မာနေ – DVB ———— 🔖 ကျားဖြန့် ကျားဖြန့်လုပ်ငန်းကြောင့် DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ – BBC ———— ➕ အခြားထူးခြားသတင်းများ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမပေး သူမအပေါ် မူတည်ဟု စစ်တပ်ပြော – AT #RangoonScoutNetwork

Open in Telegram
Views1,180−21%vs avg
Forwards—
Reactions1
Comments—
#25935Text

▪️တလတွင်း ကျားဖြန့်နောက်တဖွဲ့ကို စစ်တပ် အဖမ်းပြ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ထဲ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်နေသည့်အဖွဲ့တဖွဲ့ကို ဖမ်းဆီးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၁၉-A) နေအိမ်ထဲ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် ၃၃ ဦး (ကျား၊ ၂၅၊ မ ၈) ၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား ၇၀ ဦး (ကျား ၄၆၊ မ ၂၄) စုစုပေါင်း ၁၀၅ ဦးတို့ကို ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၂၃ လုံး၊ ဝိုင်ဖိုင်စက် ၅ လုံးတို့နှင့်အတူ ဖမ်းမိသည်ဟု ဖော်ပြထားသည်။ ထို့ပြင် မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၄၃/၁) နေအိမ်ထဲ ထပ်ဝင်ပြီး All in One ကွန်ပျူတာ ၁ လုံးနှင့် ဖုန်း ၁၂၁ လုံး သိမ်းခဲ့သည်ဟု သိရသည်။ တရုတ်စကားပြောနိုင်သူများကို ရွေးခေါ်ကာ ငွေကြေးလိမ်လည်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ထမင်းချက်အဖွဲ့စသည့် အဖွဲ့များဖြင့် မနက် ၈ နာရီမှ ည ၈ နာရီထိ နေ့စဉ် လည်ပတ်နေခဲ့သည်ဟု ဆိုသည်။ ၂၀၂၆ ခုနှစ် မေလဝန်းကျင်မှစပြီး လုပ်နေခဲ့သည်ဟု ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း သာကေတမြို့နယ် Golden River Residence Condo ထဲ လူ ၁၀၆ ဦးပါ ကျားဖြန့်အဖွဲ့တဖွဲ့ကို အဖမ်းပြခဲ့သေးသည်။ 21 Nov 2026 #RangoonScoutNetwork

Open in Telegram
Views1,520+2%vs avg
Forwards—
Reactions9
Comments—
#25934Text
Views1,090−27%vs avg
Forwards—
Reactions8
Comments—
#25933Text

🆕 DAILY HIGHLIGHTS (16-19 NOV 2026) •••••••••••••••®••••••••••••••• 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ရန် တရုတ်၏ကြိုးပမ်းမှုကို စစ်ခေါင်းဆောင် ပယ်ချ – MN မြန်မာ့အရေး အကျပ်အတည်း ပြင်းထန်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား – BBC အာဆီယံဘုံသဘောတူညီချက် ၅ ချက် တိုးတက်မှု မရှိမချင်း မြန်မာစစ်ခေါင်းဆောင်များ အာဆီယံအစည်းအဝေးတက်ခွင့်မပေးဟု ကြေညာ – KT အာဆီယံဥက္ကဋ္ဌတာဝန် စင်ကာပူထံ လွှဲပြောင်း – BBC ထိုင်းရောက် မြန်မာစစ်ရှောင်ဒုက္ခသည်တွေ အလုပ်အကိုင်ရရေး ILO နဲ့ပူးပေါင်းပြီး ဂျပန်ကူညီမယ် – BBC ———— 🧑‍⚖️ ICJ လူမျိုးသုဉ်း သတ်ဖြတ်မှု မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း ICJ တရားရုံး ဆုံးဖြတ် – MN ICJ ဆုံးဖြတ်ပြီးနောက် မြန်မာစစ်သံမှူးကို ဗြိတိန် ချက်ချင်းနှင်ထုတ် – MN ICJ တရားရင်ဆိုင်တဲ့ကော်မတီ၀င် စစ်ဥပဒေချုပ်နေရာအပြောင်းအလဲဖြစ် – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၅၁၇၀ အထိ စျေးထိုးတက်၊ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ၄၆၀၀ ကျပ် သတ်မှတ် – KT ———— ➕ အခြားထူးခြားသတင်းများ ရှမ်းမြောက်တွင် MNDAA က သာလွန်အင်အား အလုံးအရင်းဖြင့် မဟာမိတ်အကူအညီများသုံး၍ အလစ်အငိုက်တိုက်ခိုက်ခဲ့ဟု မင်းအောင်လှိုင်က ဒေါသတကြီး ပြောဆို – KT ရခိုင်၊ ရှမ်းမြောက်နှင့် ကရင်နီရှိ Starlink အင်တာနက်စက်တွေ စတင်ပိတ်ခံနေရပြီး ID အတည်ပြုပြီးသား စက်တွေပါ အသုံးပြုမရ ဖြစ်နေ – MT အရှေ့အလယ်ပိုင်းနိုင်ငံများသို့ မြန်မာအမျိုးသမီး ထောင်သောင်းချီ အိမ်အကူများအဖြစ် သွားရောက်အလုပ်လုပ်နေကြ – KT မြန်မာနိုင်ငံက ကမ္ဘာတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် တတိယအဆိုးရွားဆုံးထိခိုက်သော နိုင်ငံအဖြစ် ရပ်တည်နေ – KT #RangoonScoutNetwork

Open in Telegram
Views1,4900%vs avg
Forwards—
Reactions2
Comments—
#25932Text
Views1,340−10%vs avg
Forwards—
Reactions7
Comments—
#25931Text
Views1,190−20%vs avg
Forwards—
Reactions7
Comments—
#25930Text

🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Nov 9 - 15, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၂ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️ကုလရုံးရှေ့ ဘန်နာချိတ် ဆန္ဒပြ · ရန်ကုန်မြို့၊ ကုလသမဂ္ဂရုံးရှေ့တွင် 'SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE' စာသားပါ ဘန်နာကို ချိတ်ဆွဲလှုပ်ရှားခဲ့ကြောင်း Yangon 4 Brothers မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။ ———— ▪️မင်္ဂလာဒုံထဲ ယာဉ်စစ်နေသည်အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ဟု ဆို · နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းပေါ် ပုလဲလမ်းဆုံအနီးရှိ ယာဉ်စစ်ငွေညစ်နေသည့် လူမိုက်အဖွဲ့အား အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ———— ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် ရက်သတ္တပတ် (နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ကြား) ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၁ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ ‌လှိုင် (၇ ဦး)၊ စမ်းချောင်း (၂ ဦး)၊ မြောက်ဥက္ကလာ (၁ ဦး)၊ ဒဂုံဆိပ်ကမ်း (၁ ဦး) တို့ဖြစ်သည်။ ၈ ဦးမှာ လမ်းပေါ်ရမ်းသမ်းဆွဲခံခဲ့ရခြင်းဖြစ်ပြီး ၃ ဦးမှာ နေအိမ်ထိ ရှာဖွေဖမ်းခေါ်ခံခဲ့ရခြင်းဖြစ်သည်။ · ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်ထဲ လမ်းပေါ်ဆွဲဖမ်းခံရသူ ၂ ဦး၊ ၈ ရက်နေ့တွင် လှိုင်မြို့နယ်ထဲ နေအိမ်ထိ ဝင်ဖမ်းဆွဲခံရသူ ၂ ဦး ရှိခဲ့သည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်း၊ ကျောက်တံတား၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️မင်းအောင်လှိုင် ရန်ကုန်ထပ်ရောက်လာ · နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာပြီး မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ် ကုတင် ၁၀၀၀ ဆေးရုံသို့ ဝင်သွားခဲ့ကြောင်း သိရသည်။ ———— ▪️ရှေ့တန်းပြန် စစ်သားကြိုဆိုပွဲဆိုပြီး ပုံမှားရိုက် ဝါဒဖြန့် · အကြမ်းဖက်စစ်တပ်က ရှေ့တန်းပြန်စစ်သားများကို ကြိုဆိုသည်ဟုဆိုပြီး ရန်ကုန်တိုင်း နယ်မြေခံတပ်ရင်းတချို့ထဲ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပွဲပြုလုပ်ပြသွားခဲ့သည်။ ဘေလီတံတားအနီးရှိ ၄၃၅/၄၃၆ တပ်ရင်းထဲ လုပ်ခဲ့သည့်ပွဲထဲ စစ်တပ်အရာရှိများ၊ နောက်လိုက်အဖွဲ့များနှင့် စစ်တပ်အမာခံ အနုပညာရှင်ဆိုသူများလည်း ပွဲတက်ပြခဲ့ကြသည်။ ၎င်းပြန်လာသူများကို ရခိုင်စစ်မြေပြင်မှ ပြန်လာသူများဟု အမည်တပ်ထားသော်လည်း အမှန်မှာ တွ့တေးနှင့် ကော့မှူးမြို့နယ်ဘက်ထဲ ဂိတ်စောင့် ဂိတ်ကြေးကောက်ခံနေခဲ့ကြသူများသာဖြစ်ကြောင်း Ayeyarwaddy Times မှ သိရှိရသည်။ ပုံမှားရိုက်ဝါဒဖြန့်ခြင်းဖြစ်ကြောင်း သိရသည်။ ———— ▪️ကျားဖြန့်အဖွဲ့များအနက် တဖွဲ့ကို စစ်တပ် ဝင်ဖမ်းပြ · နိုဝင်ဘာလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ Golden River Residence Condo ထဲရှိ ကျားဖြန့်လုပ်ကိုင်နေသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ပြထားသည်။ ကွန်ဒို၏ အခန်း ၉ ခန်းထဲရှိ လူစုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၅၂ ဦး (ကျား ၄၈ ဦး၊ မ ၄ ဦး)၊ ဗီယက်နမ်နိုင်ငံသား ကျား ၈ ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦး (ကျား ၃၁ ဦး၊ မ ၁၅ ဦး) တို့ဖြစ်ပြီး ကွန်ပျူတာ လက်ပ်တော့ပ်၊ ဆာဗာ၊ ဖုန်း၊ ဝိုင်ဖိုင်စက်၊ ရောက်တာ၊ ပက်စ်ပို့စာအုပ်၊ ဘဏ်စာအုပ်များပါ သိမ်းဆည်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုထဲ တရုတ်နိုင်ငံမှ ဆုကြေးငွေထုတ်ပြန်ထားသူ ၁ ဦး (Su Fu Quan) ပါသည်။ ၎င်းတို့သည် အဖွဲ့ ၅ ဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ———— ▪️ကုန်ဈေးနှုန်းကြီးမြင့်လာပြီးနောက် ဆန္ဒပြမှုများအတွက် ရဲများပြင်ဆင် · အခြေခံကုန်ဈေးနှုန်းကြီးမြင့်လာမှုများကြောင့် လူထုဆန္ဒပြမှုများရှိလာပါက အင်အားသုံးနှိမ်နင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဆိုပြီး အကြမ်းဖက်စစ်တပ်၏ ရန်ကုန်တိုင်းရဲအဖွဲ့က ညွှန်ကြားချက်ပေးထားကြောင်း DVB မှ သိရှိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တိုင်းရဲမှူးချုပ် ကိုကိုလွင်က ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများကို အစည်းအဝေးခေါ်ပြီး ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြင်ဆင်ထားမှုကို ၎င်းတိုင်းရဲမှူးကိုယ်တိုင် လိုက်စစ်ဆေးမည်ဟုလည်း ဆိုထားသည်။ ဥရောပတိုက်အတွင်း ဆန္ဒပြမှုများ တောက်လျှောက်ဖြစ်ပေါ်နေသောကြောင့် ကြိုပြင်ဆင်ထားကြပုံရသည်။ ———— ▪️ကြက်သွန်နီဈေး ဆီဈေး ထိုးတက် · ပြီးခဲ့သည့်သီတင်းပတ်ထဲ ကြက်သွန်နီဈေးနှုန်းများ မတရားမြင့်တက်လာ၍ ဘုရင့်နောင်ကုန်စည်ဒိုင်အသင်းရုံး၌ ကြက်သွန်တင်ပို့ရောင်းချသူများအသင်းက ကြက်သွန်ပွဲရုံပိုင်ရှင်များနှင့် ကုန်သည်များကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ခဲ့ရကြောင်း မီဒီယာသတင်းများမှ သိရှိရသည်။ ၁ ပိဿာ ကျပ် ၂ သောင်းကျော်ဖြစ်လာ၍ အစည်းအဝေးခေါ်ခြင်းဖြစ်သော်လည်း အစည်းအဝေးလုပ်ပြီး နောက်နေ့များတွင် ၁ ပိဿာ ကျပ် ၃ သောင်းဝန်းကျင်ထိ ရှိလာခဲ့ကြောင်း သိရသည်။ · စားအုန်းဆီလည်း ပြင်ဈေးကွက်ထဲ ကျပ် ၃ သောင်းထိ မြင့်တက်လာ၍ စစ်ကောင်စီက မြေပြင်ဆင်း လိုက်လံစစ်ဆေးနေကြကြောင်း MPA မှ သိရှိရသည်။ ———— ▪️ရပ်ကွက်အုပ်ကြီးနေရာ ပေါက်ဈေး သိန်း ၅၀၀ ခန့်ရှိ · ယခုလပိုင်းအတွင်း ရန်ကုန်တိုင်း ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူးနေရာ ရွေးပွဲများလုပ်နေပြီး ၎င်းနေရာရဖို့အတွက် ပေါက်ဈေး ကျပ်သိန်း ၅၀၀ ထိ ရှိနေကြောင်း DVB မှ သိရှိရသည်။ ခရိုင်နှင့် မြို့နယ်အဖွဲ့များကို လာဘ်ထိုးရခြင်းဖြစ်သည်။ ရပ်ကွက်အုပ်ကြီးဖြစ်လာပါက တရက်ကို ကျပ် ၆ သိန်းဝန်းကျင်ထိ ရနိုင်သောကြောင့် လာဘ်ပေးပြီး နေရာလုယူနေကြခြင်းဖြစ်ကြောင်း သိရသည်။ အုပ်ကြီးရွေးပွဲများတွင် ရပ်ကွက်တွင်း ရပ်မိရပ်ဖ ၅ ဦးခန့် ဦးစွာရွေးပြီး ထိုသူတို့ဦးစီးကာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ကြီး အဆင့်ဆင့်ရွေးသည်ဟုဆိုသည်။ ———— ▪️CNG Taxi ယာဉ်များကို အသင်းတခုထဲ ဝင်ခိုင်း · ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် CNG Taxi များ YCTA အသင်းထဲ ဝင်ရမည်ဖြစ်ပြီး CNG Sticker များလည်း ကပ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ အသိပေးကြေညာထားသည်။ အသင်းမဝင်လျှင် CNG ဝယ်ယူခွင့် မပေးဟု ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ဝင်ရမည်ဟု ဖော်ပြထားသည်။ ———— ▪️ရှေ့တန်းမှ ပြန်လာသည့်ရဲ အိမ်လုခံရ · အကြမ်းဖက်စစ်တပ်၏ ရဲအရာရှိ ၁ ယောက် ရှေ့တန်းမှအပြန် နေအိမ်ပြန်အရောက် ရပ်ကွက်လူမိုက်အဖွဲ့က အိမ်ပေါ်တက်နေနေကြသည်ဟုဆိုကာ Tik Tok ပေါ် ဗီဒီယိုတင်ပြီး အကူအညီတောင်းနေသည့် ဖြစ်စဉ်ရှိခဲ့သည်။ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်ထဲရှိနေအိမ်ဖြစ်ပြီး ၎င်းမှ ရဲစခန်းသွားတိုင်သော်လည်း အဖက်မလုပ်ကြဟု ဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် အဆိုပါလူမိုက်အဖွဲ့က ငှက်ကြီးတောင်ဓားများဖြင့် ၎င်းရဲအရာရှိကို လာရောက်ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ကြသည်ဟုလည်း သိရသည်။ စမ်းချောင်းရဲစခန်းမှ စခန်းမှူး၊ အမှုစစ် နှင့် အာဏာရှိသူများက အဆိုပါလူမိုက်အဖွဲ့ကို အကာအကွယ်ပေးထားသည်ဟုလည်း ပြောဆိုထားသည်။ 16 Nov 2026 #RangoonScoutNetwork #YGN_weekly

Open in Telegram
Views1,730+16%vs avg
Forwards—
Reactions3
Comments—

All posts

Connections