Account
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

𝐒𝐩𝐫𝐢𝐧𝐠 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

Username
@nightingalechannel
Category
News and media
Country
MyanmarMyanmar
Subscribers13,568
Avg views per post, 7d258last 7 days
ERR1.90%last 7 days

Average views per post by day

By publication day

Show as table
DateAvg views per post
Nov 25, 2026446
Nov 26, 2026221

Most viewed this month

  1. 01

    ICJ စီရင်ချက်ပြည်သူအားလုံးအတွက် တရားမျှတမှု ယူဆောင်လာနိုင်မယ့်လမ်းစလို့ ဒေါ်ဇင်မာအောင် နဲ့ ဦးကျော်မိုးထွန်းတို့ပြောကြား ■စစ်အုပ်စုကပြည်သူတွေကိုအမှုတွဲဖို့ ကြိုးစားနေတာလက်မခံဘဲ တရားမျှတမှု၊ လူသားဆန်မှုအပေါ် ရပ်တည်ကြရန် တိုက်တွန်း နိုဝင်ဘာ ၂၅၊ ၂၀၂၆ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ရဲ့ ရိုဟင်ဂျာအရေးစီရင်ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာ မက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများ ရင်ဆိုင်နေရတဲ့ ပြည်သူတရပ်လုံးအတွက် တရားမျှမှု ယူဆောင်လာနိုင်မယ့် လမ်းစဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကပြောကြားပါတယ်။ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရား စွဲဆိုထားတဲ့ အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ်စီရင်ချက် ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ICJ စီရင် ချက် ဘာတွေဆက်ဖြစ်မလဲ စကား၀ိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ရက်က ပြုလုပ်ခဲ့ရာ သံအမတ်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က အခုလို ရှင်းပြခဲ့တာပါ။ ဆက်လက်ဖတ်ရှုရန် 👇👇

    Photo
    Views497
    Forwards—
    Reactions18
    Comments—
  2. 02

    ထားဝယ်မြို့ပေါ်ရှိ ကညနရုံး အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် နိုဝင်ဘာ ၂၅၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ကညနရုံး အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့ပေါ်ရှိ ကညနရုံး အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မြို့ပေါ်တွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် 👇👇

    Photo
    Views454
    Forwards—
    Reactions7
    Comments—
  3. 03

    ICJ စီရင်ချက်က ဂုဏ်သိက္ခာထိခိုက်စေပြီး လက်ခံမည်မဟုတ်ဘဲ လိုက်နာရန်မသင့်သည်များကို မလိုက်နာဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော နိုဝင်ဘာလ ၂၆ ရက် မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်သည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ နိုင်ငံတော်ကို ထိပါးလာသည့် ကိစ္စရပ်များကို လက်ခံမည်မဟုတ်ဘဲ လိုက်နာရန်မသင့်သည်များကို လိုက်နာမည်မဟုတ်ကြောင်း စစ်ကောင်စီခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ မင်းအောင်လှိုင်က နိုဝင်ဘာ ၂၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး၌ လက်ရှိနိုင်ငံ့အခြေအနေများနှင့် ICJ အမှုအကြောင်း ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တင်သွင်းထားသည့် အမှုတွင် ICJ က စီရင်ချက်ချမှတ်ခဲ့ကြောင်း၊ ယင်းအမှုသည် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ အမှုတင်သွင်းခဲ့သည့် ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံးလုပ် ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခဲ့ပြီး အချက်အလက်များကို ခိုင်မာစွာ တင်ပြခဲ့ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည့် အသုံးအနှုန်းသည် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်းလည်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ လျှောက်လဲချက်များ တင်သွင်းရာတွင် သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို ပြည့်စုံစွာ တင်ပြခဲ့ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။ ၎င်းအနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ကိစ္စရပ်များအပေါ် အဓိကတာဝန်ရှိသည်ဟု ခံယူထားကြောင်း၊ နိုင်ငံတော်ကို ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်းလည်း ပြောသည်။ ICJ ၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်မည်ဖြစ်သော်လည်း လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း မင်းအောင်လှိုင်က ထပ်မံပြောဆိုသည်။ ယင်းအပြင် မင်းအောင်လှိုင်က အာဆီယံနှင့်ပတ်သက်၍လည်း အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်း ဆောင်များက လက်မှတ်ရေးထိုးသဘောတူထားသည့် အာဆီယံပဋိညာဉ်နှင့် မူဝါဒများ အသက်ဝင်နေသရွေ့ ယင်းတို့ကို အခြေခံ၍ လိုက်နာဆောင်ရွက်သွားမည်ဟု ပြော ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးကို အလေးထားကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံပဋိညာဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ဆက်ဆံသွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားရန်လိုကြောင်း ၎င်းက ပြောဆိုခဲ့သည်။ #KTM

    Text
    Views398
    Forwards—
    Reactions4
    Comments—
  4. 04

    အာဆီယံလွှတ်တော်အမတ်များအဖွဲ့ဖိုရမ်၌ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးရေး ဆက်လက်တိုက်တွန်းရန် CRPH တောင်းဆို နိုဝင်ဘာ ၂၅၊ ၂၀၂၆ ၈ ကြိမ်မြောက် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ - APHR နှစ်ပတ်လည်အဖွဲ့ဝင်ဖိုရမ်သို့ CRPH ကိုယ် စားလှယ်အဖွဲ့တက်ရောက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူများအားလုံးချက်ချင်းပြန်လွှတ်ရေးပေး ဆက်လက် တိုက်တွန်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) ၏ ၈ ကြိမ်မြောက် နှစ်ပတ်လည်အဖွဲ့ဝင်ဖိုရမ် (ဒုတိယနေ့) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီ (CRPH) ၏ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် 👇👇

    Photo
    Views386
    Forwards—
    Reactions6
    Comments—

Latest posts

#588632Text

ဟိုပင်မြို့ နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ်တစ်ဦးသေဆုံး၊ ▪️မိုးမိတ်-တွင်းငယ်လမ်းတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦး ဒဏ်ရာရ နိုဝင်ဘာလ ၂၆ ရက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကား ၃ စီး၊ အင်အား ၄၀ ခန့်ဖြင့် နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ တပ်ရင်းနှင့် SNA ပူးပေါင်းတပ်ဖွဲ့များကို KPDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း နယ်ထိန်းရဲ ဒုရဲအုပ် ထက်လွမ်းဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ စစ်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့များမှာ နန့်ရင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ KPDF တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ဘက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နန့်ရင်းချောင်းတံတားဘက်မှာ ဖြစ်တာ။ နယ်ထိန်းရဲ ဒုရဲအုပ် ထက်လွမ်းဦးဆိုတဲ့တစ်ယောက် သေတယ်။ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိတယ်။ တိုက်ပွဲဖြစ်တော့ ဖြတ်သန်းသွားတဲ့ ပြည်သူတွေ ကြောက်လန့်တကြားဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိတယ်။ ပြည်သူတစ်ယောက် ဒဏ်ရာရတယ်” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဟိုပင်-နန့်ရင်း ရထားလမ်းတစ်လျှောက်နှင့် ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများကို မကြာခဏ ဖမ်းဆီးပြီး စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း စစ်ရေးတင်းမာနေကြောင်း သိရသည်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နှင့် တွင်းငယ်ကြား ကားလမ်းပေါ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက်တွင် မိုးမိတ်မြို့နှင့် တွင်းငယ်သို့ သွားသည့် ကားလမ်းပေါ်ရှိ KIA ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားသော ကရင်ချောင်းတံတားဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတိအကျ မသိရကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ “သေဆုံးမှုလည်းရှိပါတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ KIA ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ဘက်ကို စကစက ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မိုးမိတ်မြို့မှ ကချင်ပြည်နယ်ဘက်သို့ သွားသည့် လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ #KTM

Open in Telegram
Views144−44%vs avg
Forwards—
Reactions2
Comments—
#588630Text

မိုးမိတ်နဲ့တွင်းငယ်ကြား တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်က သေဆုံးထိခိုက်မှုရှိဟု KIA ပြော ▪️ဟိုပင်အနီး စစ်တပ်နဲ့ SNA ယာဉ်တန်း KIA တိုက်ခိုက်မှု စစ်တပ်အထိနာ နိုဝင်ဘာလ ၂၆ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကြားမှာ တိုက်ပွဲဆက်ဖြစ်ပြီး စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၄ရက်က မိုးမိတ်နဲ့ တွင်းငယ်ကျေးရွာကြားရှိ ကရင်ချောင်းတံတားအနီး KIA တပ်ဖွဲ့များ ရှိရာ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၇ဦး ဒဏ်ရာရရှိကာ သေဆုံးသူများရှိခဲ့ကြောင်း အသိပေးထားပါတယ်။ စစ်တပ်ဟာ မိုးမိတ်ဒေသဘက်မှ ကချင်ပြည်နယ်ဘက်သွားတဲ့ လမ်းကြောင်းများကနေ ထိုးစစ်ဆင်တိုက်ခိုက်နေလို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာလိုလည်းဖော်ပြပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့အနီးမှာလည်း နိုဝင်ဘာ ၂၄ရက်မနက် ၇နာရီခွဲဝန်းကျင်က  တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ SNA ပူးပေါင်းပြီး ကား ၃စီး အင်အား ၄၀ခန့်နဲ့ တက်လာလို့ ဟိုပင်-နန့်ရင်းကျေးရွာကြားမှာ  KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ  စစ်တပ်က အထိနာ ကျဆုံးမှုများခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ အဲဒါကြောင့် စစ်တပ်ဟာ ပြန်ဆုတ်ခွာသွားတယ်လို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း အရပ်သား ပြည်သူ ၁ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီဒေသက ရထားလမ်းတလျှောက်နဲ့ ဟိုပင်-နန့်ရင်းလမ်းဘက် အာဏာသိမ်းစစ်တပ်ရော KIA ပူးပေါင်းတပ် စစ်ကြောင်းတွေရော စစ်ရေးလှုပ်ရှားနေကြောင်း အသိပေးထားပါတယ်။ KIA ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ မိုးမိတ်ဒေသမှာ စက်တင်ဘာလကုန်ပိုင်းကတည်းက လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို မိုးညှင်းမြို့နယ်အတွင်း ဒေသတွေမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။ (ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar) #LNO

Open in Telegram
Views220−15%vs avg
Forwards—
Reactions3
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h110
3 h220
  1. After 1 hour110
  2. Total to date220
#588629Photo
Views182−29%vs avg
Forwards—
Reactions2
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h92
3 h182
  1. After 1 hour92
  2. Total to date182
#588628Text

နိုဝင်ဘာ ၂၉ ရက်တွင် ICJ၊ ICC နှင့် OIC ကိုကန့်ကွက်သည့် ဆန္ဒပြပွဲများ မန္တလေးနှင့် ပဲခူးတွင် ပြုလုပ်မည်ဟု ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ပြော နိုဝင်ဘာလ ၂၆ ရက် အမျိုးသားရေးအစွန်းရောက်များက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) နှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က ၎င်း၏ TikTok လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုထားသည်။ အဆိုပါဆန္ဒပြပွဲများကို နိုဝင်ဘာ ၂၉ ရက်တွင် မန္တလေးနှင့် ပဲခူးမြို့တို့၌ ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။ ပေါက်ကိုယ်တော်၏ ပြောဆိုချက်အရ မန္တလေးမြို့တွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပြီး ကျုံးထောင့်၌ ပြုလုပ်ရန် စီစဉ်ထားကာ လူဦးရေ ၂၀၀ ခန့် ပါဝင်လာမည်ဟု ဆိုသည်။ ထိုနေ့တွင်ပင် ပဲခူးမြို့၌ လည်း အလားတူ ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။ “ဒီလိုဆန္ဒပြပွဲတွေ လုပ်တာဟာ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဘယ်လိုမြင်သလဲဆိုတာကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ နိုင်ငံတကာတရားရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ လူစုလူဝေးလုပ်ပြတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပုံရိပ်နဲ့ နိုင်ငံတကာဆက်ဆံရေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ အခုလိုအချိန်မှာ ပြည်သူတွေအနေနဲ့ နိုင်ငံတကာရဲ့ အမြင်မှာ မြန်မာနိုင်ငံရဲ့ သိက္ခာကျမသွားအောင် စဉ်းစားလုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ ထို့ပြင် ရန်ကုန်မြို့တွင်လည်း ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်နေသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပေါက်ကိုယ်တော်ကဆိုထားပြီး အဖွဲ့အစည်းတစ်ခုတည်းက ဦးဆောင်ပြုလုပ်ခြင်းထက် ပြည်သူလူထုတစ်ရပ်လုံးနှင့် တစ်သားတည်း ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုအားကောင်းမည်ဟုလည်း ၎င်းက အကြံပြုပြောဆိုခဲ့သည်။ ပေါက်ကိုယ်တော်က ICJ၊ ICC နှင့် OIC တို့ကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့သလို အဆိုပါအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို မြန်မာပြည်သူများအနေဖြင့် ဂရုမစိုက်ကြောင်း ဆန္ဒပြပွဲများမှတစ်ဆင့် ပြသသွားမည်ဟုလည်း ဆိုသည်။ သို့သော် ICJ သည် ကုလသမဂ္ဂ၏ အဓိကတရားရေးအဖွဲ့အစည်းဖြစ်ပြီး ICC သည် နိုင်ငံတကာရာဇဝတ်မှုများကို စစ်ဆေးသည့် သီးခြားတရားရုံးဖြစ်ကာ OIC မှာ အဖွဲ့ဝင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။ အဖွဲ့အစည်းသုံးခုသည် တစ်ဖွဲ့တည်းမဟုတ်ဘဲ လုပ်ပိုင်ခွင့်နှင့် ရည်ရွယ်ချက်များလည်း မတူညီကြသော်လည်း ပျူခေါင်းဆောင်ပေါက်ကိုယ်တော်က တစ်ပေါင်းတည်းပြောဆိုခဲ့သည်။ #MPA

Open in Telegram
Views184−29%vs avg
Forwards—
Reactions3
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h91
3 h184
  1. After 1 hour91
  2. Total to date184
#588627Photo
Views146−43%vs avg
Forwards—
Reactions2
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h67
3 h146
  1. After 1 hour67
  2. Total to date146
#588626Text

အာဏာရှင်နှစ်နိုင်ငံဖြစ်သည့် ရုရှားနှင့် မြန်မာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် နိုဝင်ဘာလ ၂၆ ရက် ရုရှားနှင့် မြန်မာရေတပ်တို့ ပူးတွဲပြုလုပ်မည့် “Marumex-2026” ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ရုရှားပစိဖိတ်ရေတပ်မှ စစ်ရေယာဉ်သုံးစင်းသည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောက်ရှိလာသည့် ရေယာဉ်များမှာ ဖရီးဂိတ်စစ်သင်္ဘော Marshal Shaposhnikov၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်ကြီး Admiral Tributs နှင့် ရေယာဉ်ဆီဖြည့်တင်ပို့ရေးသင်္ဘော Pechenga တို့ဖြစ်သည်။ အဆိုပါစစ်ရေယာဉ်အုပ်စုသည် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်နှင့် လေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ရောက်ရှိပြီးနောက် ရက်အနည်းငယ်အတွင်း လေ့ကျင့်ခန်းအဆင့်ဆင့်အတွက် စီမံချက်ရေးဆွဲခြင်း၊ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်မှုအဆင့်တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့နောက် ကပ္ပလီပင်လယ်ပြင်အတွင်း ရုရှားရေတပ်နှင့် မြန်မာရေတပ်တို့ ပူးပေါင်းကာ စစ်ရေယာဉ်များ ဖြန့်ကြက်နေရာယူခြင်း၊ ရေကြောင်းစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို လေ့ကျင့်မည်ဖြစ်သည်။ ထို့အပြင် လေကြောင်းရန်ကာကွယ်ရေး၊ ရေကြောင်းမိုင်းရန်ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများနှင့် အကြမ်းဖက်သမားများက သိမ်းပိုက်ထားသည်ဟု သတ်မှတ်ထားသော သင်္ဘောတစ်စင်းကို ပြန်လည်ကယ်တင်သည့် လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခိုင်မာစေရန်နှင့် အရှေ့တောင်အာရှပင်လယ်ရေပြင်အတွင်း အရပ်ဘက်သင်္ဘောသွားလာရေးနှင့် ရေကြောင်းစီးပွားရေးလုပ်ငန်းများ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လေ့ကျင့်ရန်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရုရှားရေတပ်နှင့် ပူးတွဲရေကြောင်းလုံခြုံရေးစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းသည် ယခုအကြိမ်အပါအဝင် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း မြန်မာအစိုးရသတင်းစာက ဖော်ပြထားသည်။ #MPA

Open in Telegram
Views194−25%vs avg
Forwards—
Reactions4
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h123
4 h194
  1. After 1 hour123
  2. Total to date194
#588625Photo
Views171−34%vs avg
Forwards—
Reactions1
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h109
4 h171
  1. After 1 hour109
  2. Total to date171
#588624Text

တံတားဦးလေတပ်အနီး ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုအတွင်း စစ်တပ် လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် အသက် ၅၇ နှစ်အရွယ် သိန်းဆွေ သေဆုံး နိုဝင်ဘာလ ၂၅ ရက် မန္တလေးတိုင်း၊ တံတားဦးမြို့နယ် အမှတ် ၃ ရပ်ကွက်တွင် မသင်္ကာဖွယ်ကျောပိုးအိတ်တစ်လုံးကို စစ်ဆေးရှင်းလင်းနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက် အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် အသက် ၅၇ နှစ်အရွယ် သိန်းဆွေ သေဆုံးခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ နိုဝင်ဘာ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်တွင် တံတားဦးလေဆိပ်အနီး အမှတ် ၃ ရပ်ကွက်၌ မသင်္ကာဖွယ် အနက်ရောင်ကျောပိုးအိတ်တစ်လုံး တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့သဖြင့် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးစဉ် ကျောပိုးအိတ်အတွင်း ထောင်ထားသည့် ဗုံးပေါက်ကွဲခဲ့ရာ တံတားဦးမြို့မရဲစခန်းမှူးအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူ ၇ ဦးအနက် စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်း ၆ ဦး၊ ပြည်သူတစ်ဦး ပါဝင်ပြီး မန္တလေးဆေးရုံ OPD တွင် ဆေးကုသမှုခဲ့ကြောင်း၊ ထို့ကြောင့် ရရှိသော ဒဏ်ရာဖြင့် အသက် ၅၇ နှစ်အရွယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် သိန်းဆွေမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။ "သေသွားတဲ့သူက  ဗုံးကို တွေ့ပြီး အကြောင်းကြားတဲ့သူပါ။ သူက အနီးကပ် စစ်ဆေးနေတုန်း ပေါက် ကွဲသွားတာ။ ရဲတွေလည်း ထိတယ်။ စစ်သားတွေလည်းထိတယ်။ အခြားထိတဲ့သူတွေလည်း ဒဏ်ရာပြင်းထန်တယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။  ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့များက ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် တံတားဦးမြို့နယ် အမှတ် ၃ ရပ်ကွက်နှင့် ကျေးရွာများတွင် လူစိမ်းများ ဝင်ရောက်လာပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ထံ အသိပေးရန် ဒေသခံများကို စစ်တပ်က ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။ #KTM

Open in Telegram
Views179−31%vs avg
Forwards—
Reactions4
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h108
4 h179
  1. After 1 hour108
  2. Total to date179
#588623Photo
Views148−43%vs avg
Forwards—
Reactions2
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h90
4 h148
  1. After 1 hour90
  2. Total to date148

All posts

Connections