🆕 DAILY HIGHLIGHTS (22-24 NOV 2026) •••••••••••••••®••••••••••••••• 🧑⚖️ ICJ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကို တရားရင်ဆိုင်ရေး ဆက်လက်လုပ်ဆောင်မည်ဟု ဩစတြေးလျအစိုးရ ကြေညာ – MPA ICJ စီရင်ချက်အပြီး စစ်ဗိုလ်ချုပ် ၅ ဦးကို ဗြိတိန် ဒဏ်ခတ် – MPA ICJ စီရင်ချက်ကို လိုက်နာပြီး တာဝန်ခံရန် ကမ္ဘာ့ ၁၄ နိုင်ငံ ပူးပေါင်းဖိအားပေး – MPA ———— 💵 စီးပွားရေးထူးခြားသတင်းများ ငွေအလွှဲအပြောင်းများသည့် ဘဏ်အကောင့်များကို စောင့်ကြည့်စစ်ဆေးနေ – MPA အာဆီယံတွင် မြန်မာနိုင်ငံအပါအဝင် ၃ နိုင်ငံသာ LDC နိုင်ငံအဖြစ် ကျန်ရှိတော့ – KT ———— 🔖 ကျားဖြန့် အမေရိကန် ဦးဆောင်သော နိုင်ငံ ၁၃ နိုင်ငံပါ ကျားဖြန့်တိုက်ဖျက်ရေးကွန်ရက် ဖွဲ့စည်း – KT ———— ⌛ ရာထူးကြီးအပြောင်းအရွှေ့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရာထူးမှ အနားယူ – KT ———— 🚩 စစ်မှုထမ်းသတင်း စစ်မှုထမ်းဆင့်ခေါ်ရာတွင် အဓမ္မဖမ်းဆီးငွေညှစ်မှူများရှိကြောင်း စစ်တပ် ဝန်ခံ – AT ———— ➕ အခြားထူးခြားသတင်းများ ဖုန်းအချက်အလက်များကို လျှို့ဝှက်ရယူပြီး အစီရင်ခံရန် စစ်ကောင်စီ ပြည်ထဲရေး ညွှန်ကြားထား – MPA ကမ္ဘာတွင် မြန်မာနိုင်ငံက မိုင်းအန္တရာယ်ကြောင့် ထိခိုက်သူအများဆုံးနိုင်ငံဖြစ်လာ – KT #RangoonScoutNetwork
Открыть в Telegram
RSN WEB
ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN
Средние просмотры поста по дням
По дню публикации
Показать таблицей
| Дата | Просмотров на пост |
|---|---|
| 11 нояб. 2026 г. | 1 266 |
| 12 нояб. 2026 г. | 2 065 |
| 13 нояб. 2026 г. | 1 790 |
| 14 нояб. 2026 г. | 2 120 |
| 15 нояб. 2026 г. | 1 915 |
| 16 нояб. 2026 г. | 1 635 |
| 17 нояб. 2026 г. | 1 190 |
| 19 нояб. 2026 г. | 1 340 |
| 20 нояб. 2026 г. | 1 290 |
| 21 нояб. 2026 г. | 1 520 |
| 22 нояб. 2026 г. | 1 180 |
| 23 нояб. 2026 г. | 1 360 |
| 24 нояб. 2026 г. | 1 070 |
| 25 нояб. 2026 г. | 665 |
Самые просматриваемые за месяц
- 01Просмотры2,48 тыс.Пересылки—Реакции2Комментарии—
- 02Просмотры2,36 тыс.Пересылки—Реакции10Комментарии—
- 03Просмотры2,12 тыс.Пересылки—Реакции9Комментарии—
- 04Просмотры1,79 тыс.Пересылки—Реакции11Комментарии—
Новые посты
▪️ရန်ကင်းမြို့နယ်ရှိ ကျားဖြန့်လောင်းကစားအဖွဲ့ကို ဖမ်းဆီးပြ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ၁ ရပ်ကွက်၊ Golden City ကွန်ဒိုဝင်းထဲ ကျားဖြန့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့်အဖွဲ့တဖွဲ့ကို ဖမ်းဆီးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် အဆိုပါကွန်ဒိုဝင်း တိုက် ၁ (၃၂ လွှာ၊ အခန်းအမှတ် ၃၂၀၁)၊ တိုက် ၃ (၁၆ လွှာ၊ အခန်းအမှတ် ၁၆၀၂) နှင့် တိုက် ၄ (၆ လွှာ၊ အခန်းအမှတ် ၀၆၀၂) တို့ထဲ ဝင်ရောက်စီးနင်းခဲ့ပြီး စုစုပေါင်း ၁၆ ဦး (ကျား ၄၊ မ ၁၂) ကို Laptop၊ Printer ၊ Tablet ၊ ဖုန်း အများအပြားဖြင့် ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။ တိုက် ၅၊ အခန်းအမှတ် ၂၇၀၂ ထဲ နေထိုင်သူ တရုတ်နိုင်ငံသား Mr. Jiang Hong Feng က အခန်းများ ငှားရမ်းပေးထားခြင်းဖြစ်ပြီး သိမ်းထားသည့်ဖုန်းများအတွင်း ၎င်းတို့လုပ်ကိုင်နေသည့် Zaw Play.Com (Myanmar Online Casino Slots & Sports Betting) လောင်းကစားဝက်ဘ်ဆိုက်ကိုတွေ့ကြောင်း ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် ၇ နာရီခန့်တွင်လည်း Golden City ကွန်ဒိုဝင်းထဲ စစ်တပ်အင်အားအများအပြား ဝင်ရောက်သွားခဲ့သေးကြောင်း သိရသည်။ 24 Nov 2026 #RangoonScoutNetwork
Открыть в Telegram🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Nov 16 - 22, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️သပိတ်လှုပ်ရှားမှု · နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင် နှင့် ရွှေတိဂုံဘုရားရင်ပြင်တော်ရှိ ပထမကျောင်းသားသပိတ် ကျောက်တိုင်တို့၌ “Welcome ICJ…! End The Myanmar Junta Era…! We Stand With The Rohingya…!” စာတန်းပါ ဘန်နာများ ချိတ်ဆွဲကိုင်ဆောင်ကာ လှုပ်ရှားခဲ့ကြောင်း ရန်ကုန်လူထုအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ———— ▪️တပ်ထောက်ခံသူများ ဆန္ဒပြ · နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆူလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့၌ အကြမ်းဖက်စစ်တပ် ထောက်ခံသူအဖွဲ့၊ မဘသအဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့ စသည့်အဖွဲ့များ စုဝေးပြီး နယ်သာလန်နိုင်ငံ ICJ တရားရုံးသို့ သွားရောက်တရားရင်ဆိုင်နေသည့် ဦးကိုကိုလှိုင်နှင့် အဖွဲ့ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်ဟု DVB မှ သိရှိရသည်။ ကနဦးတွင် ၂ ရက် (နိုဝင်ဘာ ၁၈ ရက် နှင့် ၁၉ ရက်) လုပ်မည်ဟု စီစဉ်ထားခဲ့သော်လည်း စစ်တပ်က ငွေထုတ်ပေးမှုနောက်ကျ၍ ၁၉ ရက်နေ့မှသာ လုပ်ခဲ့ကြကြောင်းလည်း သိရသည်။ ———— ▪️စစ်မှုထမ်းသင်တန်း · စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၃၀ ကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စတင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ———— ▪️စစ်မှုထမ်း ရမ်းသမ်းလိုက်ဆွဲသူတချို့နှင့် ငွေညစ်သူအချို့ကို အဖမ်းပြ · စစ်မှုထမ်း လူစုဆောင်းရာတွင် အတင်းအဓမ္မဖမ်းဆီးသူများနှင့် ငွေညစ်သူများကို ဖမ်းဆီးအရေးယူထားသည်ဟု အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ပြထားသည်။ ငွေညစ်သည့်အမှုဖြင့် ၁၀၂ ဦး၊ အဓမ္မဖမ်းဆီးမှုဖြင့် ၉၇ ဦး စုစုပေါင်း ၁၉၉ ဦးဟု ဆိုသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ထိဟု ဖော်ပြထားသည်။ ———— ▪️ဖုန်းအဆက်အသွယ်ဒေတာများ တောက်လျှောက်စောင့်ကြည့် · အကြမ်းဖက်ရဲတပ်ဖွဲ့က ပြည်သူလူထု၏ ဖုန်းခေါ်မှုမှတ်တမ်း၊ SMS ပေးပို့မှုများနှင့် တည်နေရာအချက်အလက်များကို အော်ပရိတ်များထံမှ လျှို့ဝှက်တောင်းခံပြီး စောင့်ကြည့်စစ်ဆေးမှုရလာဒ်များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြည်ထဲရေးဌာနထံ တင်ပြခိုင်းထားကြောင်း MPA မှ သိရှိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်း၊ မြောက်ဥက္ကလာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️စစ်တပ်က တရုတ်လေကြောင်းပညာရှင်များကို ခေါ်ထား · တရုတ်နိုင်ငံမှ လေကြောင်းအင်ဂျင်နီယာ ပညာရှင် ၆ ဦး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မင်္ဂလာဒုံလေတပ်စခန်းသို့ လာဖို့ရှိကြောင်း MPA မှ သိရှိရသည်။ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် နည်းပညာအကူအညီများပေးဖို့ဖြစ်ကြောင်း သိရသည်။ ———— ▪️တလတွင်း ကျားဖြန့်နောက်တဖွဲ့ကို စစ်တပ် အဖမ်းပြ · နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၁၉-A) နေအိမ်ထဲ ဝင်ရောက်စီးနင်းပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်နေသည့် ကျားဖြန့်အဖွဲ့တဖွဲ့ကိုဖမ်းဆီးခဲ့သည်ဟု အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် ၃၃ ဦး (ကျား၊ ၂၅၊ မ ၈) ၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား ၇၀ ဦး (ကျား ၄၆၊ မ ၂၄) စုစုပေါင်း ၁၀၅ ဦးတို့ကို ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၂၃ လုံး၊ ဝိုင်ဖိုင်စက် ၅ လုံးတို့နှင့်အတူ ဖမ်းမိသည်ဟု ဖော်ပြထားသည်။ ထို့ပြင် မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၄၃/၁) နေအိမ်ထဲ ထပ်ဝင်ပြီး All in One ကွန်ပျူတာ ၁ လုံးနှင့် ဖုန်း ၁၂၁ လုံး သိမ်းခဲ့သည်ဟု သိရသည်။ တရုတ်စကားပြောနိုင်သူများကို ရွေးခေါ်ကာ ငွေကြေးလိမ်လည်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ထမင်းချက်အဖွဲ့စသည့် အဖွဲ့များဖြင့် မနက် ၈ နာရီမှ ည ၈ နာရီထိ နေ့စဉ် လည်ပတ်နေခဲ့သည်ဟု ဆိုသည်။ ၂၀၂၆ ခုနှစ် မေလဝန်းကျင်မှစပြီး လုပ်နေခဲ့သည်ဟု ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း သာကေတမြိုနယ် Golden River Residence Condo ထဲ လူ ၁၀၆ ဦးပါ ကျားဖြန့်အဖွဲတဖွဲကို အဖမ်းပြခဲ့သေးသည်။ ———— ▪️ဒေါ်လာဝယ်ရောင်းသများအချို့ကို လိုက်ဖမ်းစစ် · အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၅၀၀၀ ကျော်လာပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ စသုံးလုံးအဖွဲ့က ဒေါ်လာဝယ်ရောင်းလုပ်သူများနှင့် ပဲလက်ကြီးသမားအချို့ကို လိုက်လံဖမ်းဆီးစစ်ဆေးခဲ့ကြောင်း Khit Thit မှ သိရှိရသည်။ ဒေါ်လာဈေးတက်တိုင်း ထိုသို့လုပ်လေ့ရှိကြောင်း သိရသည်။ ———— ▪️ခွင့်ပြုချက်မဲ တိုက်အချို့ကို ပြန်ဖြိုချ · စမ်းချောင်းမြို့နယ်ထဲ စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် ကန်ထရိုက်တိုက်အချို့ကို ပြန်လည်ဖြိုချနေကြောင်း DVB မှ သိရှိရသည်။ ဩဂုတ်လအတွင်း စစ်ဆေးရာမှ ပေါ်ပေါက်လာသည်ဟု သိရပြီး စုစုပေါင်း တိုက် ၃၂ လုံးကို ချိတ်ပိတ်ထားခဲ့သည်ဟု ဆိုသည်။ ———— ▪️YBS ကားများ အခေါက်ရေလျှော့ဆွဲလာ · YBS ယာဉ်လိုင်းများ တွက်ခြေမကိုက်တော့၍ အခေါက်ရေလျှော့ချပြေးဆွဲနေကြရသဖြင့် အလုပ်သွား အလုပ်ပြန်အချိန်များတွင် ကားမှတ်တိုင်များ၌ လူများစုပြုံနေကြရပြီး ရောက်လာသည့်ကားပေါ် တိုးဝှေ့တက်စီးနေကြရကြောင်း Khit Thit မှ သိရှိရသည်။ ထိုနောက်ဆက်တွဲအနေဖြင့် ညနေ ၆ နာရီနောက်ပိုင်း အောက်ဆိုက်ကားများ ပြန်ပေါ်လာပြီး အဆိုပါကားများကို လူအများအားကိုးနေကြရကြောင်း သိရသည်။ 23 Nov 2026 #RangoonScoutNetwork #YGN_weekly
Открыть в Telegram🆕 DAILY HIGHLIGHTS (20-21 NOV 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ပဲခူးနဲ့ မွန်က တပ်စခန်း ၂၈ ခု သိမ်းခဲ့တယ်လို့ နေပြည်တော်ပြော – BBC ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ ICJ အမိန့်ချနေချိန် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရာထူးအတွက် စစ်ခေါင်းဆောင် အောင်ပွဲခံနေ – MN မြန်မာလုပ်သားတွေ လစာ ၂၅ ရာခိုင်နှုန်းလွှဲဖို့ မိသားစုကိုပါ အာမခံခိုင်း – BBC မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက် – BBC ———— 🧑⚖️ ICJ ICJ ဆုံးဖြတ်ချက်ကို စစ်ကောင်စီ ပယ်ချ – KT ရိုဟင်ဂျာအရေး ICJ စီရင်ချက်ကို တရုတ်ကန့်ကွက် – MPA ICJ စီရင်ချက်အပေါ် စိတ်ပျက်အားလျော့မိဟု စစ်အာဏာရှင် နိုင်ငံခြားရေးဌာန ထုတ်ပြန် – DVB ICJ စီရင်ချက်ကို အပြည့်အဝ ဖော်ဆောင်ရန် ဆွစ်ဇာလန် တိုက်တွန်း – MPA ICJ တရားရုံး၏ မြန်မာနိုင်ငံအပေါ် အမိန့်စီရင်ချက်ကို အာဆီယံဥက္ကဋ္ဌ အသိအမှတ်ပြု – KT ICJ တရားရုံးက စီရင်ချက်ချမှတ်ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအထွေထွေညီလာခံက အစည်းအဝေးများ ခေါ်ယူ – KT ICJ တရားရုံး စီရင်ချက်ကို အသိအမှတ်ပြုကြိုဆိုကြောင်း NUG နှင့် NUCC ကြေညာ – DVB အေအေနဲ့ ချိတ်ဆက်ဖို့ နိုင်ငံတကာကို KNU တောင်းဆို – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ ပြည်တွင်းဘဏ်များ၏နိုင်ငံခြားငွေလဲနှုန်းမြှင့်တင် တစ်ဒေါ်လာ ၄၅၆၀ ကျပ် ရွေးတုအစိုးရသတ်မှတ် – AT ကမ္ဘာ့ရွှေဈေး ၁ နှစ်ကျော်အတွင်း အနိမ့်ဆုံးသို့ ထိုးကျသော်လည်း ပြည်တွင်းရွှေဈေး ဆက်မာနေ – DVB ———— 🔖 ကျားဖြန့် ကျားဖြန့်လုပ်ငန်းကြောင့် DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ – BBC ———— ➕ အခြားထူးခြားသတင်းများ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမပေး သူမအပေါ် မူတည်ဟု စစ်တပ်ပြော – AT #RangoonScoutNetwork
Открыть в Telegram▪️တလတွင်း ကျားဖြန့်နောက်တဖွဲ့ကို စစ်တပ် အဖမ်းပြ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ထဲ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်နေသည့်အဖွဲ့တဖွဲ့ကို ဖမ်းဆီးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၁၉-A) နေအိမ်ထဲ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် ၃၃ ဦး (ကျား၊ ၂၅၊ မ ၈) ၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား ၇၀ ဦး (ကျား ၄၆၊ မ ၂၄) စုစုပေါင်း ၁၀၅ ဦးတို့ကို ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၂၃ လုံး၊ ဝိုင်ဖိုင်စက် ၅ လုံးတို့နှင့်အတူ ဖမ်းမိသည်ဟု ဖော်ပြထားသည်။ ထို့ပြင် မစိုးရိမ်ကျောင်းလမ်း၊ အမှတ် (၄၃/၁) နေအိမ်ထဲ ထပ်ဝင်ပြီး All in One ကွန်ပျူတာ ၁ လုံးနှင့် ဖုန်း ၁၂၁ လုံး သိမ်းခဲ့သည်ဟု သိရသည်။ တရုတ်စကားပြောနိုင်သူများကို ရွေးခေါ်ကာ ငွေကြေးလိမ်လည်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ထမင်းချက်အဖွဲ့စသည့် အဖွဲ့များဖြင့် မနက် ၈ နာရီမှ ည ၈ နာရီထိ နေ့စဉ် လည်ပတ်နေခဲ့သည်ဟု ဆိုသည်။ ၂၀၂၆ ခုနှစ် မေလဝန်းကျင်မှစပြီး လုပ်နေခဲ့သည်ဟု ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း သာကေတမြို့နယ် Golden River Residence Condo ထဲ လူ ၁၀၆ ဦးပါ ကျားဖြန့်အဖွဲ့တဖွဲ့ကို အဖမ်းပြခဲ့သေးသည်။ 21 Nov 2026 #RangoonScoutNetwork
Открыть в Telegram🔴 စမ်းချောင်း၊ ကျွန်းတောအလယ်ရပ်ကွက် ဧည့်စစ် ယနေ့ည ၁၀ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတော်အလယ်ရပ်ကွက်၊ ဖျာပုံလမ်း၊ အိမ်အမှတ် ၈ တဝိုက် အကြမ်းဖက် စစ်သား၊ ရဲနှင့် အဖွဲ့များ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ Source: RSG 20 Nov 2026 #RangoonScoutNetwork
Открыть в Telegram🆕 DAILY HIGHLIGHTS (16-19 NOV 2026) •••••••••••••••®••••••••••••••• 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ရန် တရုတ်၏ကြိုးပမ်းမှုကို စစ်ခေါင်းဆောင် ပယ်ချ – MN မြန်မာ့အရေး အကျပ်အတည်း ပြင်းထန်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား – BBC အာဆီယံဘုံသဘောတူညီချက် ၅ ချက် တိုးတက်မှု မရှိမချင်း မြန်မာစစ်ခေါင်းဆောင်များ အာဆီယံအစည်းအဝေးတက်ခွင့်မပေးဟု ကြေညာ – KT အာဆီယံဥက္ကဋ္ဌတာဝန် စင်ကာပူထံ လွှဲပြောင်း – BBC ထိုင်းရောက် မြန်မာစစ်ရှောင်ဒုက္ခသည်တွေ အလုပ်အကိုင်ရရေး ILO နဲ့ပူးပေါင်းပြီး ဂျပန်ကူညီမယ် – BBC ———— 🧑⚖️ ICJ လူမျိုးသုဉ်း သတ်ဖြတ်မှု မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း ICJ တရားရုံး ဆုံးဖြတ် – MN ICJ ဆုံးဖြတ်ပြီးနောက် မြန်မာစစ်သံမှူးကို ဗြိတိန် ချက်ချင်းနှင်ထုတ် – MN ICJ တရားရင်ဆိုင်တဲ့ကော်မတီ၀င် စစ်ဥပဒေချုပ်နေရာအပြောင်းအလဲဖြစ် – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၅၁၇၀ အထိ စျေးထိုးတက်၊ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ၄၆၀၀ ကျပ် သတ်မှတ် – KT ———— ➕ အခြားထူးခြားသတင်းများ ရှမ်းမြောက်တွင် MNDAA က သာလွန်အင်အား အလုံးအရင်းဖြင့် မဟာမိတ်အကူအညီများသုံး၍ အလစ်အငိုက်တိုက်ခိုက်ခဲ့ဟု မင်းအောင်လှိုင်က ဒေါသတကြီး ပြောဆို – KT ရခိုင်၊ ရှမ်းမြောက်နှင့် ကရင်နီရှိ Starlink အင်တာနက်စက်တွေ စတင်ပိတ်ခံနေရပြီး ID အတည်ပြုပြီးသား စက်တွေပါ အသုံးပြုမရ ဖြစ်နေ – MT အရှေ့အလယ်ပိုင်းနိုင်ငံများသို့ မြန်မာအမျိုးသမီး ထောင်သောင်းချီ အိမ်အကူများအဖြစ် သွားရောက်အလုပ်လုပ်နေကြ – KT မြန်မာနိုင်ငံက ကမ္ဘာတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် တတိယအဆိုးရွားဆုံးထိခိုက်သော နိုင်ငံအဖြစ် ရပ်တည်နေ – KT #RangoonScoutNetwork
Открыть в Telegram🔴 မြောက်ဥက္ကလာ၊ ဃ ရပ်ကွက်ထဲ ဧည့်စစ်သွား ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ည ၁၀ နာရီခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ဃ ရပ်ကွက်၊ ဝေပုလ္လ ၁ လမ်းတဝိုက် ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အကြမ်းဖက် စစ်သား၊ ရဲ၊ အုပ်ကြီးအဖွဲ့ အင်အား ၂၅ ယောက်ခန့်ပါသည်။ 19 Nov 2026 #RangoonScoutNetwork
Открыть в Telegram🔴 စမ်းချောင်း၊ မုန့်မြောက်ရပ်ကွက် ဧည့်စစ် ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း (မြောက်) ရပ်ကွက်၊ ရန်ပြိုလမ်းပေါ် ရန်ကင်းလမ်းအနီး ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ Source: Sanchaung Scout Channel 17 Nov 2026 #RangoonScoutNetwork
Открыть в Telegram🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Nov 9 - 15, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၂ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️ကုလရုံးရှေ့ ဘန်နာချိတ် ဆန္ဒပြ · ရန်ကုန်မြို့၊ ကုလသမဂ္ဂရုံးရှေ့တွင် 'SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE' စာသားပါ ဘန်နာကို ချိတ်ဆွဲလှုပ်ရှားခဲ့ကြောင်း Yangon 4 Brothers မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။ ———— ▪️မင်္ဂလာဒုံထဲ ယာဉ်စစ်နေသည်အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ဟု ဆို · နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းပေါ် ပုလဲလမ်းဆုံအနီးရှိ ယာဉ်စစ်ငွေညစ်နေသည့် လူမိုက်အဖွဲ့အား အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ———— ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် ရက်သတ္တပတ် (နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ကြား) ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၁ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လှိုင် (၇ ဦး)၊ စမ်းချောင်း (၂ ဦး)၊ မြောက်ဥက္ကလာ (၁ ဦး)၊ ဒဂုံဆိပ်ကမ်း (၁ ဦး) တို့ဖြစ်သည်။ ၈ ဦးမှာ လမ်းပေါ်ရမ်းသမ်းဆွဲခံခဲ့ရခြင်းဖြစ်ပြီး ၃ ဦးမှာ နေအိမ်ထိ ရှာဖွေဖမ်းခေါ်ခံခဲ့ရခြင်းဖြစ်သည်။ · ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်ထဲ လမ်းပေါ်ဆွဲဖမ်းခံရသူ ၂ ဦး၊ ၈ ရက်နေ့တွင် လှိုင်မြို့နယ်ထဲ နေအိမ်ထိ ဝင်ဖမ်းဆွဲခံရသူ ၂ ဦး ရှိခဲ့သည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်း၊ ကျောက်တံတား၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️မင်းအောင်လှိုင် ရန်ကုန်ထပ်ရောက်လာ · နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာပြီး မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ် ကုတင် ၁၀၀၀ ဆေးရုံသို့ ဝင်သွားခဲ့ကြောင်း သိရသည်။ ———— ▪️ရှေ့တန်းပြန် စစ်သားကြိုဆိုပွဲဆိုပြီး ပုံမှားရိုက် ဝါဒဖြန့် · အကြမ်းဖက်စစ်တပ်က ရှေ့တန်းပြန်စစ်သားများကို ကြိုဆိုသည်ဟုဆိုပြီး ရန်ကုန်တိုင်း နယ်မြေခံတပ်ရင်းတချို့ထဲ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပွဲပြုလုပ်ပြသွားခဲ့သည်။ ဘေလီတံတားအနီးရှိ ၄၃၅/၄၃၆ တပ်ရင်းထဲ လုပ်ခဲ့သည့်ပွဲထဲ စစ်တပ်အရာရှိများ၊ နောက်လိုက်အဖွဲ့များနှင့် စစ်တပ်အမာခံ အနုပညာရှင်ဆိုသူများလည်း ပွဲတက်ပြခဲ့ကြသည်။ ၎င်းပြန်လာသူများကို ရခိုင်စစ်မြေပြင်မှ ပြန်လာသူများဟု အမည်တပ်ထားသော်လည်း အမှန်မှာ တွ့တေးနှင့် ကော့မှူးမြို့နယ်ဘက်ထဲ ဂိတ်စောင့် ဂိတ်ကြေးကောက်ခံနေခဲ့ကြသူများသာဖြစ်ကြောင်း Ayeyarwaddy Times မှ သိရှိရသည်။ ပုံမှားရိုက်ဝါဒဖြန့်ခြင်းဖြစ်ကြောင်း သိရသည်။ ———— ▪️ကျားဖြန့်အဖွဲ့များအနက် တဖွဲ့ကို စစ်တပ် ဝင်ဖမ်းပြ · နိုဝင်ဘာလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ Golden River Residence Condo ထဲရှိ ကျားဖြန့်လုပ်ကိုင်နေသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ပြထားသည်။ ကွန်ဒို၏ အခန်း ၉ ခန်းထဲရှိ လူစုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၅၂ ဦး (ကျား ၄၈ ဦး၊ မ ၄ ဦး)၊ ဗီယက်နမ်နိုင်ငံသား ကျား ၈ ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦး (ကျား ၃၁ ဦး၊ မ ၁၅ ဦး) တို့ဖြစ်ပြီး ကွန်ပျူတာ လက်ပ်တော့ပ်၊ ဆာဗာ၊ ဖုန်း၊ ဝိုင်ဖိုင်စက်၊ ရောက်တာ၊ ပက်စ်ပို့စာအုပ်၊ ဘဏ်စာအုပ်များပါ သိမ်းဆည်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုထဲ တရုတ်နိုင်ငံမှ ဆုကြေးငွေထုတ်ပြန်ထားသူ ၁ ဦး (Su Fu Quan) ပါသည်။ ၎င်းတို့သည် အဖွဲ့ ၅ ဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ———— ▪️ကုန်ဈေးနှုန်းကြီးမြင့်လာပြီးနောက် ဆန္ဒပြမှုများအတွက် ရဲများပြင်ဆင် · အခြေခံကုန်ဈေးနှုန်းကြီးမြင့်လာမှုများကြောင့် လူထုဆန္ဒပြမှုများရှိလာပါက အင်အားသုံးနှိမ်နင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဆိုပြီး အကြမ်းဖက်စစ်တပ်၏ ရန်ကုန်တိုင်းရဲအဖွဲ့က ညွှန်ကြားချက်ပေးထားကြောင်း DVB မှ သိရှိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တိုင်းရဲမှူးချုပ် ကိုကိုလွင်က ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများကို အစည်းအဝေးခေါ်ပြီး ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြင်ဆင်ထားမှုကို ၎င်းတိုင်းရဲမှူးကိုယ်တိုင် လိုက်စစ်ဆေးမည်ဟုလည်း ဆိုထားသည်။ ဥရောပတိုက်အတွင်း ဆန္ဒပြမှုများ တောက်လျှောက်ဖြစ်ပေါ်နေသောကြောင့် ကြိုပြင်ဆင်ထားကြပုံရသည်။ ———— ▪️ကြက်သွန်နီဈေး ဆီဈေး ထိုးတက် · ပြီးခဲ့သည့်သီတင်းပတ်ထဲ ကြက်သွန်နီဈေးနှုန်းများ မတရားမြင့်တက်လာ၍ ဘုရင့်နောင်ကုန်စည်ဒိုင်အသင်းရုံး၌ ကြက်သွန်တင်ပို့ရောင်းချသူများအသင်းက ကြက်သွန်ပွဲရုံပိုင်ရှင်များနှင့် ကုန်သည်များကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ခဲ့ရကြောင်း မီဒီယာသတင်းများမှ သိရှိရသည်။ ၁ ပိဿာ ကျပ် ၂ သောင်းကျော်ဖြစ်လာ၍ အစည်းအဝေးခေါ်ခြင်းဖြစ်သော်လည်း အစည်းအဝေးလုပ်ပြီး နောက်နေ့များတွင် ၁ ပိဿာ ကျပ် ၃ သောင်းဝန်းကျင်ထိ ရှိလာခဲ့ကြောင်း သိရသည်။ · စားအုန်းဆီလည်း ပြင်ဈေးကွက်ထဲ ကျပ် ၃ သောင်းထိ မြင့်တက်လာ၍ စစ်ကောင်စီက မြေပြင်ဆင်း လိုက်လံစစ်ဆေးနေကြကြောင်း MPA မှ သိရှိရသည်။ ———— ▪️ရပ်ကွက်အုပ်ကြီးနေရာ ပေါက်ဈေး သိန်း ၅၀၀ ခန့်ရှိ · ယခုလပိုင်းအတွင်း ရန်ကုန်တိုင်း ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူးနေရာ ရွေးပွဲများလုပ်နေပြီး ၎င်းနေရာရဖို့အတွက် ပေါက်ဈေး ကျပ်သိန်း ၅၀၀ ထိ ရှိနေကြောင်း DVB မှ သိရှိရသည်။ ခရိုင်နှင့် မြို့နယ်အဖွဲ့များကို လာဘ်ထိုးရခြင်းဖြစ်သည်။ ရပ်ကွက်အုပ်ကြီးဖြစ်လာပါက တရက်ကို ကျပ် ၆ သိန်းဝန်းကျင်ထိ ရနိုင်သောကြောင့် လာဘ်ပေးပြီး နေရာလုယူနေကြခြင်းဖြစ်ကြောင်း သိရသည်။ အုပ်ကြီးရွေးပွဲများတွင် ရပ်ကွက်တွင်း ရပ်မိရပ်ဖ ၅ ဦးခန့် ဦးစွာရွေးပြီး ထိုသူတို့ဦးစီးကာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ကြီး အဆင့်ဆင့်ရွေးသည်ဟုဆိုသည်။ ———— ▪️CNG Taxi ယာဉ်များကို အသင်းတခုထဲ ဝင်ခိုင်း · ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် CNG Taxi များ YCTA အသင်းထဲ ဝင်ရမည်ဖြစ်ပြီး CNG Sticker များလည်း ကပ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ အသိပေးကြေညာထားသည်။ အသင်းမဝင်လျှင် CNG ဝယ်ယူခွင့် မပေးဟု ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ဝင်ရမည်ဟု ဖော်ပြထားသည်။ ———— ▪️ရှေ့တန်းမှ ပြန်လာသည့်ရဲ အိမ်လုခံရ · အကြမ်းဖက်စစ်တပ်၏ ရဲအရာရှိ ၁ ယောက် ရှေ့တန်းမှအပြန် နေအိမ်ပြန်အရောက် ရပ်ကွက်လူမိုက်အဖွဲ့က အိမ်ပေါ်တက်နေနေကြသည်ဟုဆိုကာ Tik Tok ပေါ် ဗီဒီယိုတင်ပြီး အကူအညီတောင်းနေသည့် ဖြစ်စဉ်ရှိခဲ့သည်။ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်ထဲရှိနေအိမ်ဖြစ်ပြီး ၎င်းမှ ရဲစခန်းသွားတိုင်သော်လည်း အဖက်မလုပ်ကြဟု ဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် အဆိုပါလူမိုက်အဖွဲ့က ငှက်ကြီးတောင်ဓားများဖြင့် ၎င်းရဲအရာရှိကို လာရောက်ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ကြသည်ဟုလည်း သိရသည်။ စမ်းချောင်းရဲစခန်းမှ စခန်းမှူး၊ အမှုစစ် နှင့် အာဏာရှိသူများက အဆိုပါလူမိုက်အဖွဲ့ကို အကာအကွယ်ပေးထားသည်ဟုလည်း ပြောဆိုထားသည်။ 16 Nov 2026 #RangoonScoutNetwork #YGN_weekly
Открыть в TelegramСвязи
Похожие каналы
Khit Thit Media@khitthitnewsНовости и СМИ326 тыс.
People's Spring@peoplespringНовости и СМИ58,4 тыс.- AARA@waihinarakanНовости и СМИ6,13 тыс.
𝟏𝟗𝟗𝟖 𝐏𝐢𝐜𝐭𝐮𝐫𝐞𝐬 𝐚𝐧𝐝 𝐕𝐢𝐝𝐞𝐨𝐬 𝐟𝐨𝐫 𝐰𝐨𝐫𝐤@onlyworkforusНовости и СМИ8,44 тыс.
𝐏𝐃𝐂 𝐀𝐢𝐫 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧(𝒀𝒆𝒖)@airinformationyeuНовости и СМИ5,15 тыс.
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥@nightingalechannelНовости и СМИ13,6 тыс.
𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳@witnessenemyairscoutНовости и СМИ14,5 тыс.
Magway Division News@httpmdnНовости и СМИ3,35 тыс.
Кого упоминает
Khit Thit Media@khitthitnews5 упоминаний
People's Spring@peoplespring1 упоминание