Без текста
Открыть в Telegram
Khit Thit Media
Подписчики, 30 дней
24 сент. – 28 сент.−1 467 (−0,4%)
Показать таблицей
| Дата | Подписчики |
|---|---|
| 24 сент. 2026 г. | 348 288 |
| 25 сент. 2026 г. | 347 993 |
| 26 сент. 2026 г. | 347 548 |
| 27 сент. 2026 г. | 347 094 |
| 28 сент. 2026 г. | 346 821 |
Средние просмотры поста по дням
По дню публикации
Показать таблицей
| Дата | Просмотров на пост |
|---|---|
| 24 сент. 2026 г. | 12 903 |
| 25 сент. 2026 г. | 11 722 |
| 26 сент. 2026 г. | 11 228 |
| 27 сент. 2026 г. | 9 431 |
| 28 сент. 2026 г. | 4 958 |
Самые просматриваемые за месяц
- 01Просмотры15,6 тыс.Пересылки1Реакции21Комментарии—
- 02Просмотры15,4 тыс.Пересылки1Реакции—Комментарии0
- 03Просмотры14,7 тыс.Пересылки3Реакции3Комментарии0
- 04Просмотры14,6 тыс.Пересылки7Реакции5Комментарии0
- 05Просмотры14,5 тыс.Пересылки3Реакции—Комментарии—
Новые посты
ချမ်းအေးသာစံမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ရောင်းစားမှုဖြင့် ပျူစောထီး ဟန်သူထွန်းနှင့် အောင်ပြည့်စုံကို ရဲများက ဖမ်းဆီးလိုက်မှုအပေါ် ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်က ရဲများကို လက်တုံ့ပြန်သွားမည်ဟု ကြုံးဝါး ရန်ကုန်၊ စက်တင်ဘာ ၂၈ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ် ၃ ဦးကို အတင်းအဓမ္မ ဖမ်းဆီးကာ လူကုန်ကူးရောင်းစားရန် ကြံစည်မှုဖြင့် ပျူစောထီးအဖွဲ့ဝင် ဟန်သူထွန်းနှင့် အောင်ပြည့်စုံတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်လိုက်ပြီးနောက် ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်က ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တုံ့ပြန်အရေးယူသွားမည်ဟု လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်းခြောက်ပြောဆိုလိုက်သည်။ စက်တင်ဘာလ ၂၀ ရက်နေ့ ဆယ်ကျော်သက် လူငယ် ၃ ဦးကို အတင်းအဓမ္မ ဖမ်းဆီးကာ လူကုန်ကူးရောင်းစားရန် ပြုလုပ်နေသည့် ပျူစောထီးအဖွဲ့ဝင် ဟန်သူထွန်းနှင့် အောင်ပြည့်စုံတို့ကို မန္တလေးအမှတ် ၆ နယ်မြေရဲစခန်းက သက်သေအထောက်အထားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါရပ်ကွက်အတွင်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု သတင်းရရှိထားသဖြင့် ရဲတပ်ဖွဲ့က စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူ ၂ ဦးကို စစ်တပ်ဘက်က စခန်းမှ ပြန်လည်ခေါ်ထုတ်နိုင်ရန် ဖိအားပေးတောင်းဆိုနေကြောင်း သိရှိရသည်။ စစ်တပ်ဘက်က လူငယ် ၃ ဦးသည် ဆန္ဒအလျောက် စစ်မှုထမ်းရန် စာရင်းပေးထားသူများဖြစ်သဖြင့် သွားရောက်ခေါ်ဆောင်ပေးခြင်းသာဖြစ်ပြီး ပေါ်တာဆွဲဖမ်းဆီးခြင်း မဟုတ်ဟု ငြင်းဆိုကာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ သို့သော် ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကမူ မိမိတို့ဆန္ဒအလျောက် စစ်မှုထမ်းရန် စာရင်းပေးထားခြင်းမရှိဘဲ အတင်းအဓမ္မ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုထားကြောင်း၊ ယင်းကြောင့် အမှတ် ၆ နယ်မြေရဲစခန်းက ဟန်သူထွန်းနှင့် အောင်ပြည့်စုံတို့ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ တစ်ဖက်တွင် ဖမ်းဆီးခံထားရသူများ၏ ခေါင်းဆောင်ဖြစ်သူ ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်က ၎င်း၏တပည့်များနှင့် ညီဖြစ်သူသည် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တိုင်းပြည်ချစ်စိတ်ရှိသူများဖြစ် ကြောင်း ပြောဆိုထားပြီး ရဲတပ်ဖွဲ့က မတရားသဖြင့် လိုရာဆွဲ ခေါင်းစဉ်တပ်ကာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် တုံ့ပြန်ထားသည်။ "ကျုပ်တပည့်ကျော်နဲ့ ကျုပ်ညီတစ်ယောက်ကို ခင်ဗျားတို့ ရဲတွေ။ မတရား ခေါင်းစဉ်တပ်ပြီး အမှုဖွင့်ထားတယ်နော်။ အဲဒီကလေးတွေက မင်းတို့ထက် တန်ဖိုးရှိတယ်။ မင်းတို့ သေချာ မမေးမြန်းဘဲနဲ့ မင်းတို့ကောင်တွေ လိုရာဆွဲပြီး အမှုဖွင့်ထားတာနော်။ ဟေ့ကောင် ငါ့ညီတွေကွာ မင်းတို့ထက် တိုင်းပြည်ချစ်တဲ့စိတ် ရှိတယ်။ အဲဒီကလေးတွေက မင်းတို့ မှတ်ထား။ အမှတ် ၆ နယ်မြေရဲစခန်းမှူး ။ မင်း အမှုဖွင့်ထားတဲ့ ကလေးတွေက အပြစ် မရှိဘူးကွာ၊ ကြားလားကွ။ မင်းတို့ကောင်တွေ တွေ့ကြသေးတာပေါ့။ မင်းတို့ကောင်တွေ မန္တလေးကကောင်တွေ အကုန်တွေ့မယ်" ဟု ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်က လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်းခြောက် ထုတ်ဖော်ပြောဆိုသည်။ ထို့အပြင် ကျော်ဝင်းမောင်က အမှတ် (၆) နယ်မြေရဲစခန်းမှူးအပါအဝင် မန္တလေးရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တုံ့ပြန်အရေးယူသွားမည်ဟု ရုပ်သံဖိုင်မှတစ်ဆင့် လူမှုကွန်ရက်ပေါ်တွင် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ပြောဆိုထားသည်။ မန္တလေးတွင် ပျူစောထီးများမှာ လူမိုက်များဖြင့် အဓိက ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်မှုထမ်းပေါ်တာဆွဲခြင်း ၊ အကြွေးတောင်းရန် ငွေယူ မိုက်ကြေးခွဲ တောင်းပေးခြင်း၊ မြေသိမ်းခြင်၊ မြေကွက်များကို အကွက်ရိုက်ရောင်းချ ခြင်း အပါအဝင် ဥပဒေမဲ့ လုပ်ရပ်များ လုပ်ဆောင်ကာ ငွေကြေးရှာဖွေနေကြပြီး စစ်တပ်က အကာအကွယ်ပေး ထားကြောင်း မန္တလေးဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။
Открыть в TelegramБез текста
Открыть в Telegramစစ်တပ် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကိုကိုဦး ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံရမှု နောက်ကွယ်တွင် တပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ခံနေရဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၈ အကြမ်းဖက်စစ်တပ်မှ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့ခြင်း၏ နောက်ကွယ်တွင် တပ်ပိုင်းဆိုင်ရာနှင့် ၎င်းနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးနေရသည့် အခြေအနေရှိနိုင်ကြောင်း စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ ယခင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်တပ်သို့ ပြန်လည် ပို့ဆောင်ကာ စစ်တပ်၏ စစ်စာရင်းစစ်နှင့် စစ်ဆေးရေးအရာရှိချုပ်အဖြစ်ခန့်အပ်လိုက်ကြောင်း၊ ယင်းနောက် ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ပြီးနောက် တပ်ပိုင်းဆိုင်ရာကိစ္စများ၊ သူနှင့်ပတ်သက်နေသော စီးပွားရေးလုပ်ငန်းများကို စစ်ထောက်လှမ်းရေးက စုံစမ် စစ်ဆေးနေသည်ဟု သိရှိထားကြောင်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ “အထဲထဲမှာ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို တပ်မတော် စစ်စာရင်းစစ်နှင့် စစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့်လိုက်တဲ့အချိန်မှာ ပြည်ထဲဝန်ကြီးဖြစ်တဲ့ ကိုကိုရဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်ဆေးနေတဲ့ အနေအထားမျိုးပဲ။ ဒါကြောင့် ထိပ်ပိုင်းနေလေးတွေ အပြောင်းအလဲဖြစ်လာတဲ့ အနေအထားမျိုးပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ ဗိုလ်ချုပ်ကြီး ကိုကိုဦး၏ ရာထူးပြောင်းရွှေ့မှုနှင့်အတူ တပ်မတော်ထိပ်ပိုင်းတွင် ရာထူးအပြောင်း အလဲများ ဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်သံမှူးများကိုလည်း ဗိုလ်ချုပ်အဆင့် ရာထူးများသို့ ပြန်လည်နေရာပေးလာသည့် အခြေအနေများ တွေ့ရကြောင်း ၎င်းက ဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ စစ်သံမှူး ၂ ဦးကို ပြန်လည် ခေါ်ယူပြီး ညွှန်ကြားရေးမှူးရာထူးဖြင့် ဗိုလ်ချုပ်အဆင့်အထိ တိုးမြှင့်ပေးလိုက်ကြောင်း၊ နိုင်ငံတကာမှ စစ်သံမှူးများကို ပြန်လည် ခေါ်ယူပြီး တပ်တွင်းထိပ်ပိုင်းရာထူးများသို့ ပြန်လည်နေရာပေးနေသည့် သဘောမျိုး တွေ့ရကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။ ယခုလည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သူဟု သိရသည့် ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်ကို ဒုတိယတပ် မတော် စစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့်အပ်ထားပြီး အဆိုပါရာထူးမှာ ဗိုလ်ချုပ်အဆင့်ဖြစ်သဖြင့် ရာထူးတိုးပေးလိုက်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။ တစ်ချိန်တည်းတွင် ယခင် ဒုတိယတပ်မတော် စစ်ဆေးရေးအရာရှိချုပ်ကို အရံအင်အားသို့ ပို့ဆောင်လိုက်ကြောင်း၊ အခြား တပ်တွင်းရာထူး အပြောင်းအလဲများအနေဖြင့် စရခ ၁၀ မှူးသည် စစ်ဆင်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး လက်ရှိတွင် ငဖဲဘက်၌ တာဝန်ယူနေကြောင်း၊ ယခင်က ညောင်ကျိုးဘက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။ စရခ ၁၄ မှ ဒုတပ်မမှူးကို စရခ ၁၀ သို့ ပြောင်းရွှေ့ပေးထားပြီး စရခ ၁၄ သည် မင်းတပ်နှင့် ကန်ပက်လက်နယ်မြေများတွင် တာဝန်ယူနေသည့်အတွက် အဆိုပါဒုတပ်မမှူးသည် ထိုဒေသများ၌ စစ်ဆင်ရေးဆိုင်ရာ အောင်မြင်မှုအချို့ ရရှိထားခြင်းကြောင့် ရာထူးပြောင်းရွှေ့ပေးခြင်း ဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ ထို့အပြင် တာချီလိတ်စစ်ဗျူဟာမှူးကို တပ်မ ၃၃ ဒုတပ်မမှူးအဖြစ် ပြောင်းလဲခန့်အပ်ထားပြီး အခြေကျ စစ်ဗျူဟာမှူးကိုလည်း လှိုင်းဘွဲ့ဘက်တွင် တပ်မ ၂၂ ဒုတပ်မမှူးအဖြစ် ခန့်အပ်ထားကြောင်း သိရသည်။ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီးဘက်တွင် DKBA နှင့် ညှိနှိုင်းမှုများရှိနေသည့် အခြေအနေကြောင့် အဆိုပါဒေသတွင် တာဝန်ယူခဲ့သည့် စစ်ဗျူဟာမှူးကို တပ်မ ၂၂ ဒုတပ်မမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်းသည် ဒေသတွင်းဆောင်ရွက်မှုအချို့ အဆင်ပြေခဲ့ခြင်းနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။ အခြားတစ်ဖက်တွင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးကိုလည်း ဒုတပ်မမှူးရာထူးသို့ ပြောင်းလဲခန့်အပ်လာသည့် အခြေအနေရှိကြောင်း၊ လက်ရှိ တပ်တွင်းရာထူးခန့်အပ်မှုများတွင် တပ်ချုပ်သစ် ရဲဝင်းဦးကလည်း မိမိနှင့် နီးစပ်သူများကို မင်းအောင်လှိုင်ထံ ခွင့်ပြုချက်တင်ပြ၍ ရသလောက် ရာထူးတိုးမြှင့်ပေးနေသည့် အခြေအနေမျိုး ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။ ထို့ပြင် စရခ ၁၀ မှူးသည် တရုတ်နိုင်ငံဆိုင်ရာ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေကြောင်း၊ တပ်မတော်တွင် နိုင်ငံခြားသို့ စစ်သံမှူးအဖြစ် မထွက်ခွာမီ စစ်သံမှူးများကို စရခတွင် အရင်တာဝန်ပေးထားသည့် လုပ်ထုံးလုပ်နည်းရှိကြောင်း ၎င်းက ပြောသည်။
Открыть в TelegramБез текста
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 912 |
| 0 ч | 1 212 |
- Через 1 час1 212
- Всего сейчас1 212
ဟင်္သာတထောင်တွင် ထောင်ဝင်စာတွေ့ခွင့်နှင့် အကျဉ်းသားအခွင့်အရေးများကို လာဘ်ငွေပေးနိုင်မှု အပေါ်မူတည်၍ ခွဲခြားဆက်ဆံနေပြီး နိုင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံနေရ ရန်ကုန်၊ စက်တင်ဘာ ၂၈ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ရှိ ဟင်္သာတအကျဉ်းထောင်တွင် ထောင်ဝင်စာလာတွေ့သူများအနေဖြင့် ငွေကြေးပေးနိုင်မှုအပေါ် မူတည်၍ တွေ့ဆုံခွင့်နှင့် အကျဉ်းသားများ၏ အခွင့်အရေးများကို ခွဲခြားဆက်ဆံနေပြီး ငွေကြေးမတတ်နိုင်သည့် အကျဉ်းသားများနှင့် နိုင်ငံရေးအမှုဖြင့် အကျဉ်းကျခံနေရသူများမှာ ဖိနှိပ်ခံနေရကြောင်း ထောင်တွင်းအခြေအနေသိရှိထားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အဆိုပါအကျဉ်းထောင်တွင် ထောင်ဝင်စာလာတွေ့သည့်အခါ ငွေကြေးမပေးနိုင်သည့် မိသားစုများသည် အကျဉ်းသားနှင့် အချိန်အနည်းငယ်သာ တွေ့ဆုံခွင့်ရပြီး ၅ မိနစ်ခန့်အကြာတွင် ပြန်လည်မောင်းထုတ်ခံရသည်ဟု ဆိုသည်။ ငွေကြေးပေးနိုင်သူများမှာမူ ပေးနိုင်သည့်ငွေပမာဏအပေါ် မူတည်၍ ထောင်ပိုင်၏ အခန်း သို့မဟုတ် ရုံးခန်းအတွင်း အကျဉ်းသားနှင့် အချိန်ကြာမြင့်စွာ လူချင်းတွေ့ဆုံခွင့်ရရှိနေကြောင်း ၊ ထို့အပြင် အကျဉ်းသားတစ်ဦး ထောင်အတွင်း ဝင်ရောက်လာချိန်မှစ၍ ထောင်ပိုင်အရာရှိ၏ ဇနီး ခင်အိအိတုံထံတွင် “လိုင်းဝင်” ရကြောင်းသိရှိရသည်။ ထောင်ပိုင်အရာရှိ၏ ဇနီး ခင်အိအိတုံသည် ထောင်ပိုင် သန်းဇော်ဝင်းနှင့်အတူ ထောင်အတွင်း ငွေ ကြေး ကောက်ခံမှုများတွင် ပါဝင်နေပြီး ထောင်ပိုင်အတွက် သတ်မှတ်ထားသည့်ငွေနှင့် ၎င်းအတွက် သတ်မှတ်ထားသည့်ငွေများ ခွဲခြားကောက်ခံနေသည်ဟု သိရသည်။ ထောင်အတွင်း အပြင်မှ ကွမ်းနှင့် ဆေးလိပ်များ ယူဆောင်လာပါက အပြင်းအထန် ရိုက်နှက်ခံရနိုင်ပြီး အကျဉ်းထောင်အတွင်းရှိ တာဝန်ရှိသူများက ရောင်းချသည့် ကွမ်းနှင့် ဆေးလိပ်များကိုသာ ဝယ်ယူသုံးစွဲရသည်ဟုသိရှိရသည်။ ထောင်အတွင်း ဝင်ရောက်လာသည်နှင့် ငွေကြေးအဖြစ် အနည်းဆုံး ကျပ်သိန်း ၂၀ မှ ၃၀ အထိ တောင်း ခံမှုများရှိပြီး ငွေကြေးမတတ်နိုင်သူများမှာ အခွင့်အရေးများ ဆုံးရှုံးကာ ဖိနှိပ်ခံနေရကြောင်း ၊ အခြားတစ်ဖက်တွင် ငွေကြေးပေးနိုင်သူများမှာ အကျဉ်းကျခံနေရသော်လည်း ထောင်ပြင်ပသို့ ကားဖြင့် ကိုယ်တိုင်မောင်းနှင်၍ သွားလာခွင့်ရသည့်အခြေအနေများ ရှိနေပြီး အကျဉ်းထောင်အတွင်းမှ မိသားစုများနှင့် ဖုန်းပြောဆိုခွင့်များလည်း ရရှိနေသည်ဟု သိရှိရသည်။ ထို့အပြင် ဟင်္သာတမြို့ သိဂီလမ်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ငွေကြေးမတတ်နိုင်သည့် အကျဉ်းသားများကို အကျဉ်းထောင်ပြင်ပသို့ တရားမဝင် ခေါ်ထုတ်ကာ အတင်းအကျပ် အလုပ် ခိုင်းစေခြင်းများ ရှိနေသည်ဟုလည်း တိုင်ကြားသူက ဆိုသည်။ ထောင်မှူးအရာရှိများအနေဖြင့် ညပိုင်းတွင် အရက်သေစာ သောက်စားမူးယစ်ပြီး အကျဉ်းသူများကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာစကားများ ပြောဆိုခြင်း၊ အကြောင်းမဲ့ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်နေကြောင်း၊ ဟင်္သာတအကျဉ်းထောင်အတွင်း ငွေကြေးကောက်ခံမှု၊ အကျဉ်းသားများကို အတင်း အကျပ်ခိုင်းစေမှု၊ ရိုက်နှက်မှုနှင့် အရာရှိများ၏ ပြုမူဆက်ဆံမှုများမှာ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေကြောင်း သိရှိရသည်။ ဓာတ်ပုံ- အကျဉ်းထောင်တွင် အကျဉ်းသားများကို ထောင်အာဏာပိုင်များက အစားအစာ ဝေငှနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 909 |
| 0 ч | 1 209 |
- Через 1 час1 209
- Всего сейчас1 209
Без текста
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 1 212 |
| 1 ч | 2 119 |
- Через 1 час2 119
- Всего сейчас2 119
Без текста
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 1 212 |
| 1 ч | 2 119 |
- Через 1 час2 119
- Всего сейчас2 119
Без текста
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 1 212 |
| 1 ч | 2 119 |
- Через 1 час2 119
- Всего сейчас2 119
ကျောက်တော်၊ ငပလီ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းတို့ကို စစ်တပ်က ယနေ့တစ်ရက်တည်း အဆက် မပြတ် လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူများ သေဆုံးထိခိုက်မှုများရှိနေ ရန်ကုန်၊ စက်တင်ဘာ ၂၈ ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ငပလီ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို စက်တင်ဘာ ၂၈ ရက် ယနေ့တစ်ရက်တည်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများရှိနေကြောင်း အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်ခန့်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် ၁ စီးက ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါနေရာများအနီးရှိ အရပ်သားပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် ဈေးရောင်းဈေးဝယ်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ ရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေသခံများ၏ ပြောဆိုချက်အရလည်း ကျောက်တော်မြို့ရှိ ပိုက်သည်ရပ်ကွက်နှင့် အိန္ဒိယဈေးအနီးဝန်းကျင်သို့ ဗုံးများ ကျရောက်ခဲ့ပြီး မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့ရကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကျောက်တော်မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်ရှိ ဒေသခံများမှာ နေအိမ်များမှ အပြင်မထွက်ရဲဘဲ ဘေးလွတ်ရာများတွင် ပုန်းခိုနေကြရကြောင်းလည်း သိရသည်။ ထို့အပြင် ကျောက်တော်မြို့အပေါ်တွင် စစ်တပ်၏ လေယာဉ်များ ဆက်လက်ပျံဝဲနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် သံတွဲမြို့နယ်၊ ငပလီကမ်းခြေနှင့် အနီးဝန်းကျင်ကို စစ်တပ်၏ ဂျက်တိုက်လေယာဉ် ၁ စီးက ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ငပလီကမ်းခြေရှိ လူနေရပ်ကွက်များကို ယနေ့ နေ့လယ် ၁၂ နာရီကျော်မှ မွန်းလွဲ ၁ နာရီနီးပါးအထိ ဂျက်တိုက်လေယာဉ်တစ်စီးက လှည့်ပတ်ပျံသန်း၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ငပလီလေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို လတ်တလော အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာအပါအဝင် ကျေးရွာများနှင့် နေရာအချို့ကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောဆိုသည်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နေရာအချို့ကိုလည်း ယနေ့ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ AA ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက်အတွင်း ရခိုင်ပြည်နယ်တစ်ဝန်းရှိ မြို့ရွာများကို စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၆ သေဆုံး ကာ လူနေအိမ် ၅၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၂၈ ရက် လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်သည့် သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေများမှာ အချို့နေရာများတွင် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 1 210 |
| 1 ч | 2 117 |
- Через 1 час2 117
- Всего сейчас2 117
Связи
Похожие каналы
东南亚海外曝光日记-吃瓜@aaal6868Новости и СМИ346 тыс.
الإعلام الحربي - التغطية الإخبارية@c_military1Новости и СМИ347 тыс.
Москва • Новости • Москвик@moskvikНовости и СМИ346 тыс.
НЕ ЖДИ меня из Украины@poisk_in_uaНовости и СМИ346 тыс.
БУТУСОВ ПЛЮС@butusovplusНовости и СМИ348 тыс.
Оповіщення ЦЗ@dczlodaНовости и СМИ345 тыс.
ASTRA@astrapressНовости и СМИ345 тыс.
Питер сегодня@piterНовости и СМИ349 тыс.