Khit Thit Media

Verified
Username
@khitthitnews
Category
News and media
Country
Myanmar
Created
, 5 years
Subscribers346,821−1,467 in 4 days
Avg views per post, 7d9,023last 7 days
ERR2.60%last 7 days

Subscribers, 30 days

Sep 24 – Sep 28−1,467 (−0.4%)

Show as table
DateSubscribers
Sep 24, 2026348,288
Sep 25, 2026347,993
Sep 26, 2026347,548
Sep 27, 2026347,094
Sep 28, 2026346,821

Average views per post by day

By publication day

Show as table
DateAvg views per post
Sep 24, 202612,903
Sep 25, 202611,722
Sep 26, 202611,228
Sep 27, 20269,431
Sep 28, 20263,692

Most viewed this month

  1. 01

    No text

    Photo
    Views15.6K
    Forwards1
    Reactions21
    Comments—
  2. 02

    မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး ရန်ကုန်၊ စက်တင်ဘာ ၂၄ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၄ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

    Text
    Views15.4K
    Forwards1
    Reactions—
    Comments0
  3. 03

    No text

    Photoalbum
    Views14.7K
    Forwards3
    Reactions3
    Comments0
  4. 04

    နွားထိုးကြီးတွင် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ လက်လုပ်ပစ္စတို ၁ လက် သိမ်းဆည်းရရှိ၊ ကနီတွင်လည်း စစ်သား ၃ ဦးအလင်းဝင် ရန်ကုန်၊ စက်တင်ဘာ ၂၅ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး လက်လုပ်ပစ္စတို ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ စက်တင်ဘာလ ၂၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က နွားထိုးကြီးမြို့နယ် အတွင်းရှိ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း၏ စစ်ရေးလှုပ်ရှားရာနယ်မြေအတွင်းသို့ ကျူးကျော်ဝင် ရောက်လာသော သီတာယုမွန်၏ လက်အောက်ခံ ပျူစောထီး ၃ ဦးကို ပစ်ခတ်တားဆီးပြီး လက်နက်ချ အဖမ်းခံရန်အကြိမ်ကြိမ်တားဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ တားဆီးသော်လည်း လက်နက်ချအညံ့ခံခြင်းမရှိပဲ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ မြင်းခြံမြို့ပျူစောထီး ခေါင်းဆောင် သီတာယုမွန်၏ တပည့် ဝဏ္ဏစိုးကို လက်လုပ်ပစ္စတိုတစ်လက်နှင့် အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ “ဘာကိစ္စထွက်လာတယ်ဆိုတာတော့ မသိဘူး။ သူတို့ထွက်လာတာကို ကျနော်တို့ရဲဘော်တွေနဲ့ တည့် တွေ့တာ၊ လက်နက်ချခိုင်းတာ မချဘူး။ နှစ်ယောက်က လွတ်သွားတာ၊ အဲဒီတစ်ယောက်ပဲ ဒဏ်ရာနဲ့ ဖမ်းမိခဲ့တာ၊ ဆေးတော့ကုပေးသေးတယ်။ သွေးထွက်လွန်နေတော့ သေသွားတာ။” ဟု Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူငယ်များကို မတရား ပေါ်တာဆွဲ ဖမ်းဆီးကာ ရှေ့ တန်း စစ်မျက်နှာပြင်သို့ ပို့ဆောင်ပြီး အသေခံခိုင်းနေပြီဖြစ်သောကြောင့် မြိုပြနေလူငယ်များအနေဖြင့် ရုန်းထွက်ပြီး တော်လှန်ရေးဘက်တော်သားများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတွင် ပူးပေါင်းပါဝင်ကြပါရန် အထူး မေတ္တာရပ်ခံတိုက်တွန်းထားသည်။ “ဒီအချိန်မှာ ကြားနေဆိုတာ မရှိတော့ပါဘူး။ မြို့ပေါ်မှာပဲနေနေ ကျေးရွာမှာပဲနေနေ ၊ စကစအနေနဲ့ အ ပျော်အပါးတွေကို အယောင်ပြလုပ်ပြီးတော့ ပေါ်တာဆွဲနေတာ၊တစ်တိုင်းပြည်လုံးအသိပဲ။ အဲဒါကြောင့် စကစပေါ်တာဆွဲခံပြီးတော့ ကိုယ့်ဘဝကို အဆုံးသတ်မလား၊ ရှေ့တန်းစစ်မျက်နှာပြင်မှာ အသေခံမလား။ ဒါမှမဟုတ်ရင် စကစကို အန်တုပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းပြီး အာဏာရှင်စနစ် ကို အမြစ်ဖြတ်မလား ၊ မြို့ပြရှိနေတဲ့ လူငယ်တွေရော၊ မိဘတွေရော ဒီအချိန်မှာ စဉ်းစားရမယ့် အချိန်ကို ရောက်ပါပြီ။ နိုင်ငံ့အရေးနဲ့ ဘာမှမဆိုင်ဘူးလို့နေတဲ့သူတွေ ကိုယ့်ရှေ့တံခါးကိုရောက်လာပြီဖြစ်တဲ့အ တွက် ရဲရဲကြီးရင်ဆိုင်ရမယ့်အချိန်ရောက်လာပြီလို့ ပြောချင်ပါတယ်။” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း စစ်သား ၃ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကနီမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၃ ဦးသည် လက်နက်များယူဆောင်ကာ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ကာ ၎င်းတို့ ဆန္ဒအတိုင်း သွားလိုသည့် နေရာများကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    Text
    Views14.6K
    Forwards7
    Reactions5
    Comments0
  5. 05

    No text

    Photoalbum
    Views14.5K
    Forwards3
    Reactions—
    Comments—

Latest posts

#273395Text

ကန့်ဘလူမြို့နယ်၊ အင်းလည်ကြီးကျေးရွာကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ၊ ဒီးမော့ဆိုတွင်လည်း စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလည်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူများရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။ လက်ရှိချိန်ထိ ထိခိုက်သေဆုံးသူများ၏ အမည်စာရင်းနှင့် အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အဆောက်အအုံ ပျက်စီးမှုများလည်း ရှိနိုင်ပြီး ဒေသခံများမှာ အန္တရာယ်ကင်းရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ အလားတူ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် နောက်ခြမ်း၊ ဖရူဆိုမြို့နယ်နှင့် လွိုင်နန်းဖရွာ နေရာ ၃ ခုထက်မနည်းကို လေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် လေကြောင်းဖြင့် လွိုင်နန်းဖရွာဘက်ကို ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည့်အပြင် Y-12 လေယာဉ်ဖြင့်ပါ ထပ်မံဗုံးကျဲ ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒေသ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကာ အထိအခိုက် အပျက်အစီးများ ရှိခဲ့ကြောင်း သိရသည်။ "ဒီးမော့ဆိုကို လေယာဥ် တွေနဲ့ ၃ နေရာကျဲနေတယ်။ လွိုင်နန်းဖ ဘက်နဲ့ ဖရူဆို-ဒီးမော့ဆို နောက်ခြမ်းကိုကျဲတာက အထိအခိုက်ရှိတယ်။ ၁၂နာရီ မှာ ၂ လုံးကျဲတယ်။ ပြည်သူ ၁ ဦးသေပြီး ၆ ဦး ထိခိုက်ဒဏ်ရာရတယ်။ Y-12 ကလည်း ကျဲနေတုန်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် အဆိုပါဒေသများ၌ လေကြောင်းအန္တရာယ် ပိုမိုစိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် သတိပေးချက်များကို ဂရုပြုနေထိုင်ကြရန် နှိုးဆော်ထားကြသည်။

Open in Telegram
Views1,055−88%vs avg
Forwards0
Reactions28
Comments—
#273393Text

လောင်းလုံးတွင် ပြည်သူများ ရေဘေးကြုံနေရစဉ် ကျောက်ဆင်ကျေးရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ပြည်သူများရွာလုံးကျွတ် ထွက်ပြေးနေရ ရန်ကုန်၊ စက်တင်ဘာ ၂၈ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပြည်သူများ ရေဘေးကြုံနေရစဉ် ကျောက်ဆင်ကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ပြည်သူများရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်ဆင်ကျေးရွာကို ဝင်ရောက်လာသောကြောင့် ပြည်သူများရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထိုစစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာအတွင်း ချက်ပြုတ်စားသောက်နေပြီး ကရင်ကြီးရွာကို ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း၊ ယင်းသို့ စစ်ကြောင်းများ ဝင်ရောက်လာပါက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်သောကြောင့် ပြည်သူများက ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။ "ခွေးစစ်ကြောင်းက ဝင်လာတာဟုတ်ပါတယ်။ ကျောက်ဆင်ရွာကို ဝင်လာတာ အင်အား ၁၀၀ လောက်ရှိတယ်။ အခုကစစ်ခွေးတွေက နေအိမ်တွေထဲမှာ တပ်စွဲထားတယ်။ ထမင်းတွေချက်စားနေတယ်။ ကရင်ကြီးရွာကို ဆက်ပြီးတော့ သွားမယ်လို့ သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လောင်းလုံးမြို့နယ်တွင် ၁၀ ဦး၊ ထားဝယ်မြို့နယ်တွင် ၂ ဦးနှင့် သရက်ချောင်းမြို့နယ်တွင် ၁ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဒေသတစ်ဝန်းတွင် ပျောက်ဆုံးနေသူ ၃၀ ဦးနှင့်အထက်ရှိနေပြီး တောင်ပြိုမှုများကြောင့် နေအိမ် အနည်းဆုံး ၅၀ ကျော်နှင့် တံတား အနည်းဆုံး ၁၀ စီးဝန်းကျင် ပျက်စီးခဲ့ကြောင်း သိရသည်။ ထားဝယ်နှင့် မြိတ်မြို့များကို ဆက်သွယ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကညင်ချောင်းကျေးရွာတံတားလည်း ပျက်စီးခဲ့သဖြင့် ထားဝယ်နှင့် မြိတ်အကြား ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ၊အလားတူ ထားဝယ်-မြိတ် လမ်းပိုင်းရှိ အခြားနေရာအများအပြားတွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး ရေကြီးမှုနှင့် တောင်ပြိုမှုများလည်း ဆက်လက်ဖြစ်ပွားနေသဖြင့် ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများရှိ ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုကာ အန္တရာယ်ရှိနိုင်သည့် နေရာများမှ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြရန် ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားသည်။

Open in Telegram
Views908−90%vs avg
Forwards0
Reactions22
Comments—
#273392Photoalbum
Views1,099−88%vs avg
Forwards1
Reactions—
Comments—

All posts

Connections