Posts of Khit Thit Media

newest first

#273456Text

မြန်မာနိုင်ငံအတွင်း TikTok လူမှုကွန်ရက်ကို တိုက်ရိုက်အသုံးပြုမရတော့ဘဲ VPN ခံအသုံးပြုမှသာ ရရှိတော့ ရန်ကုန်၊ စက်တင်ဘာ ၂၉ မြန်မာနိုင်ငံအတွင်း TikTok ကို တိုက်ရိုက်အသုံးပြု၍ မရတော့ဘဲ VPN ခံအသုံးပြုမှသာ ဝင်ရောက်ကြည့်ရှုနိုင်တော့သဖြင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းရောင်းချနေသူများအပါအဝင် TikTok ကို အဓိကအသုံးပြုနေသူများ ထိခိုက်မှုများစွာ ကြုံတွေ့နေရသည်ဟု သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းမှစတင်၍ TikTok အသုံးပြုရာတွင် အင်တာနက်လိုင်းအခက်အခဲများ ဖြစ်ပေါ်လာပြီး စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် VPN ခံအသုံးပြုမှသာ TikTok အတွင်း ဝင်ရောက်အသုံးပြုနိုင်တော့သည်ဟု အသုံးပြုသူများက ပြောသည်။ “မနေ့ကတည်းက လိုင်းတွေမကောင်းဘူးဗျ။ ဒီနေ့မနက်ကျတော့ VPN ပါခံသုံးနေရပါတယ်။ TikTok က VPN နဲ့ ဝင်ကြည့်လို့ရတော့တယ်” ဟု TikTok အသုံးပြုသူတစ်ဦးက ပြောသည်။ စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် Facebook ကို ပိတ်ပင်ခဲ့ပြီးနောက် ယခုအခါ TikTok ကိုပါ ပိတ်ပင်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် Facebook အပါအဝင် လူမှုကွန်ရက်များ အသုံးပြုခွင့် ကန့်သတ်ပိတ်ပင်ခံရမှုများအနက် TikTok လူမှုကွန်ရက်ပလက်ဖောင်းသည် နောက်ထပ် ကန့်သတ်ခံရသည့် လူမှုကွန်ရက်တစ်ခု ဖြစ်လာခြင်းဖြစ်သည်ဟု အသုံးပြုသူများက ဆိုသည်။ လက်ရှိတွင် TikTok ကို အသုံးပြု၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို ပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် တင်ပြမျှဝေကြသည့်အပြင် အွန်လိုင်းစျေးရောင်းသူများကလည်း ကုန်ပစ္စည်းများ ကြော်ငြာရောင်းချရန် TikTok ကို အဓိကအသုံးပြုနေကြခြင်းဖြစ်သည်။ ထို့ကြောင့် TikTok ကို VPN ခံအသုံးပြုရသည့် အခြေအနေကြောင့် အွန်လိုင်းစျေးရောင်းသူများအနေဖြင့် ဖောက်သည်များထံ ရောက်ရှိရန်နှင့် ကုန်ပစ္စည်းများ ရောင်းချရန်အတွက် အခက်အခဲများ ပိုမိုကြုံတွေ့လာနိုင်သည်ဟု သိရသည်။

Open in Telegram
Views1,334−87%vs avg
Forwards6
Reactions17
Comments—
#273454Text

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ခိုလန်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လွိုင်ကော်မြို့သို့ လျှို့ဝှက်ပြောင်းရွှေ့ဖွင့်လှစ် ရန်ကုန်၊ စက်တင်ဘာ ၂၉ ရှမ်းပြည်နယ်အလယ်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလန်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) ကို ကရင်နီပြည်နယ် လွိုင်ကော်မြို့သို့ လျှို့ဝှက်ပြောင်းရွှေ့ဖွင့်လှစ်လိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အဆိုပါ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလန်မြို့တွင် အခြေစိုက်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ခိုလန်မြို့ရှိ စစ်ဌာနချုပ်နေရာကို ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ဦးဆောင်သည့် RCSS/SSA အဖွဲ့အား နယ်ခြားစောင့်တပ်ပုံစံဖြင့် ထားရှိပြီး လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အဖြစ် တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ပြောင်းရွှေ့မှုကို ထိပ်တန်းလျှို့ဝှက်အဆင့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ပြီးနောက်လည်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဟူသည့် အမည်ကို ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ “လုံးဝ ထိပ်တန်းလျှို့ဝှက်အဆင့်နဲ့ တိတ်တိတ်ကလေး ထွက်သွားတာ၊ လွိုင်ကော်မှာ နေရာပြောင်းပြီးတော့ ဖွင့်မှာ။ နာမည်လည်း မပြောင်းဘူး။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လို့ပဲ သုံးမယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါက ရဲဝင်းဦးလက်ထက်မှ အပြောင်းအလဲတော့ မဟုတ်ဘူး။ နဂို မင်းအောင်လှိုင်လက်ထက်ကတည်းက အပြောင်းအလဲ အစီအမံလို့ တွေ့ရတယ်။ အဲဒီခိုလန်နေရာမှာတော့ RCSS ယွတ်ဆစ်အဖွဲ့ကို နယ်ခြားစောင့်တပ်ပုံစံမျိုးနဲ့ ထားခဲ့ပြီလို့ သိရတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ အဆိုပါ ပြောင်းရွှေ့မှုသည် လက်ရှိတပ်ချုပ် ရဲဝင်းဦးလက်ထက်တွင် အသစ်စတင်ပြုလုပ်ခြင်းမဟုတ်ဘဲ ယခင်မင်းအောင်လှိုင် လက်ထက်ကတည်းက စီစဉ်ထားသည့် အစီအမံတစ်ရပ်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။ ယခင်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်တိုင်းမှူးအဆင့် ခန့်အပ်ထားခြင်းမရှိဘဲ ဒုတိုင်းမှူးအဆင့်ဖြင့်သာ ထားရှိကာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ကွပ်ကဲနေသည့် တပ်ဌာနချုပ်တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ လွိုင်ကော်မြို့သို့ တိုင်းစစ်ဌာနချုပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခြင်းသည် ရှမ်းပြည်နယ်အတွင်းရှိ စစ်ရေးအခြေအနေများ ပြောင်းလဲလာမှုနှင့် ဆက်စပ်နေပြီး ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထံ လက်လွှတ်ထားရသည့် အခြေအနေကို ထင်ဟပ်နေသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။ “အခုကတော့ ရှမ်းပြည်ကို ရှမ်းတပ်တွေလက်ထဲအပ်ပြီးတော့ နေပြည်တော်နဲ့လည်း နီးကပ်တယ်။ ပြီးရင် တိုက်ပွဲလက်ကျန်တွေ ရှိနေနိုင်တဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နဲ့ပေါ့။ အဓိကကတော့ ကရင်နဲ့ ရှမ်းပြည်နယ်ကြားထဲမှာ ကရင်နီဒေသမှာလာပြီးတော့ တိုင်းစစ်ဌာနချုပ်တစ်ခု ဖွင့်တဲ့သဘောပဲ။ နေပြည်တော်ကို ကာတယ်၊ ပြီးရင် တိုင်းစစ်ဌာနချုပ်ဖွင့်ပြီး လက်ကျန်မြို့တွေပေါ့၊ ကျနော်တို့ မယ်စဲ့တို့၊ ရှားတောတို့၊ ရွာသစ်တို့ကို တိုက်စစ်ဆင်လာမယ့် အနေအထားမျိုးရှိတယ်။ ရှမ်းပြည်ကို သူတို့ လုံးဝ လက်လွှတ်လိုက်ပြီ။ လက်လွှတ်လိုက်တဲ့ အနေအထားမျိုးပဲ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။ လွိုင်ကော်သည် နေပြည်တော်နှင့် နီးကပ်သည့်အပြင် ကရင်နီဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် နယ်မြေများနှင့်လည်း နီးကပ်သဖြင့် အဆိုပါဒေသတွင် တိုင်းစစ်ဌာနချုပ်တစ်ခု ထားရှိခြင်းဖြင့် ကရင်နီဒေသရှိ လက်ကျန်မြို့နယ်များကို ထိုးစစ်ဆင်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

Open in Telegram
Views1,148−88%vs avg
Forwards2
Reactions25
Comments—
#273453Link preview

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အိန္ဒိယဈေးအနီးနဲ့ ကစ္ဆပနဒီတံတားအနီးကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၄၉ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေနဲ့ ပတ်သက် သူတွေကို တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုတွေ မနှေးမကြာ ပြုလုပ်သွားမယ်လို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တရားဝင် ထုတ်ပြန်ကြေညာပါတယ်။ မိုးမိတ်မြို့အနီးရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံကို ပြောကြားပါတယ်။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ဂုံညင်းတန်းလမ်းဆုံ စစ်အုပ်စု ဂိတ်စခန်းကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။ ရုရှားနိုင်ငံအတွင်းမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၈,၀၀၀ ကျော် ရှိနေပြီး နောက်ထပ် တပ်ဖွဲ့ဝင် ၁၀,၀၀၀ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ တနင်္လာနေ့မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီက ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://youtu.be/h1pzwRyQ8n4?si=LnXUhc-DRK8KfNxd

Open in Telegram
Views1,187−88%vs avg
Forwards0
Reactions32
Comments—
#273451Text

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီး နောက်တစ်နေ့ မလေးရှားက မြန်မာနိုင်ငံသားများကို စစ်အုပ်စုပိုင် စစ်ရေယာဉ်များဖြင့် ပြန်ပို့ ရန်ကုန်၊ စက်တင်ဘာ ၂၉ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉ ဦး သေဆုံးခဲ့ပြီး တစ်ရက်အကြာ ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားများကို မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ်များဖြင့် နေရပ်ပြန်ပို့မှု စတင်ခဲ့ကြောင်း အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က သတင်းထုတ်ပြန်ထားသည်။ မလေးရှားနိုင်ငံ၊ ပီရတ်ပြည်နယ် လမ်မတ်မြို့တွင် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို ရဲတပ်ဖွဲ့စောင့်ကြပ်မှုဖြင့် ဘတ်စ်ကားများပေါ် တင်ဆောင်လာပြီးနောက် မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ် ၂ စီးနှင့် ဆေးရုံသင်္ဘောတစ်စီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြောင်း APHR က ဆိုသည်။ အဆိုပါအဖွဲ့သည် မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ထဲမှ ပါဝင်သူများဖြစ်ပြီး မလေးရှားအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံရန် သဘောတူထားသည့် လူဦးရေ ၅,၀၀၀ အနက် ပထမဆုံး ပြန်လည်ပို့ဆောင်သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။ APHR ၏ ပူးတွဲဥက္ကဋ္ဌနှင့် မလေးရှားနိုင်ငံ Klang မဲဆန္ဒနယ် လွှတ်တော်အမတ်ဟောင်း Charles Santiago က ထိန်းသိမ်းရေးစခန်းအတွင်း ရှိနေသူများအနေဖြင့် လွတ်လပ်စွာ ရွေးချယ်နိုင်သည့်အခြေအနေ မရှိကြောင်းနှင့် အခြားရွေးချယ်စရာအဖြစ် အချိန်အကန့်အသတ်မရှိ ထိန်းသိမ်းခံနေရခြင်းသာ ရှိပါက နေရပ်ပြန်ခြင်းကို “ဆန္ဒအလျောက်” ဟု သတ်မှတ်၍ မရကြောင်း ပြောဆိုထားသည်။ ယခု နေရပ်ပြန်ပို့မှုသည် ကျောက်တော်မြို့ရှိ လူစည်ကားသောဈေးကို မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး အရပ်သား အနည်းဆုံး ၄၉ ဦး သေဆုံးကာ ၆၀ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ရက်အကြာတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း APHR က ဖော်ပြထားသည်။ နေရပ်ပြန်ပို့ခံရမည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာစစ်အုပ်စု၏ အတင်းအကျပ် စစ်သားစုဆောင်းမှုနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း APHR က ဆိုသည်။ အဆိုပါ စစ်သားစုဆောင်းမှုအတွင်း လူဦးရေ ၁၂၀,၀၀၀ အထိ စစ်မှုထမ်းရန် စုဆောင်းခံထားရသည်ဟု အဖွဲ့က ဖော်ပြထားသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကလည်း မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိသည့် ရေရှည်တည်တံ့သော နေရပ်ပြန်ရေးအခြေအနေ မရှိသေးကြောင်း ပြောဆိုထားပြီး အဆိုပါ နေရပ်ပြန်ပို့ရေးအစီအစဉ်တွင် ပါဝင်ရန် ငြင်းဆိုထားကြောင်း APHR က ဖော်ပြထားသည်။ မလေးရှားအစိုးရကလည်း နေရပ်ပြန်ပို့လိုက်ပါက အသက်အန္တရာယ်ရှိနိုင်သူများကို ပြန်လည်ပို့ဆောင်မည်မဟုတ်ကြောင်း ယခင်က ကတိပြုထားသည်ဟု APHR က ဆိုသည်။ ထို့အပြင် လူတစ်ဦးကို မိမိပြန်ပို့ခံရမည့်နိုင်ငံတွင် ဖိနှိပ်ညှဉ်းပန်းခံရခြင်း သို့မဟုတ် ပြင်းထန်သောအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပါက ထိုနိုင်ငံသို့ ပြန်လည်မပို့ဆောင်ရသည့် non-refoulement မူဝါဒသည် နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေအရ လိုက်နာရမည့် စည်းမျဉ်းတစ်ရပ်ဖြစ်ကြောင်း APHR က ထောက်ပြထားသည်။ ယင်းမူဝါဒသည် မလေးရှားနိုင်ငံအနေဖြင့် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း ရှိ၊ မရှိနှင့် မသက်ဆိုင်ဘဲ လိုက်နာရမည့်တာဝန်ရှိကြောင်း APHR က ပြောဆိုထားသည်။ ထို့ကြောင့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အနေဖြင့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ခြင်းကို ရပ်ဆိုင်းပြီး မြန်မာစစ်တပ်က အရပ်သားများအပေါ် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသရွေ့ non-refoulement မူဝါဒကို လိုက်နာရန် APHR က တောင်းဆိုထားသည်။ ဓာတ်ပုံ- Reuters ။

Open in Telegram
Views574−94%vs avg
Forwards0
Reactions10
Comments—
#273449Text

အဆိုပါကုမ္ပဏီများကို ဆုချီးမြှင့်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အကောင်အထည်ဖော်မှု၊ EU ဘဏ်များမှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်ခဲ့ခြင်းရှိမရှိနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်လည်း Info Birmanie နှင့် Justice For Myanmar တို့က တောင်းဆိုထားသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်တွင် Dagon Beverages ကိုယ်စားလှယ်များ ပြင်သစ်နိုင်ငံသို့ သွားရောက်ရန် Schengen ဗီဇာများ ရရှိခဲ့ခြင်းရှိမရှိ၊ ခရီးစဉ်အတွက် အသုံးပြုသည့် ငွေကြေးရင်းမြစ်များနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ်အတွင်း ကျင်းပသည့် ဆုပေးပွဲသို့ ဝင်ရောက်ခွင့်ရရှိခဲ့သည့် အခြေအနေများကိုလည်း စိစစ်ရန် အဖွဲ့နှစ်ဖွဲ့က တောင်းဆိုထားသည်။ Info Birmanie ၏ ညှိနှိုင်းရေးမှူး Johanna Chardonnieras က Monde Selection ၏ ယခုလုပ်ဆောင်ချက်သည် ကောင်းမွန်သော်လည်း EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် စီးပွားရေးလုပ်ငန်းစုတစ်ခု၏ လက်အောက်ခံကုမ္ပဏီတစ်ခုက ဥရောပတွင် ငွေပေးချေမှုများ ပြုလုပ်နိုင်ခဲ့ခြင်းနှင့် ဆုပေးပွဲများတွင် ပါဝင်နိုင်ခဲ့ခြင်းကို ဆက်လက်စုံစမ်းရန် လိုအပ်ကြောင်း ပြောဆိုထားသည်။ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း Dagon Beer နှင့် Myanmar Beer တို့မှတစ်ဆင့် စစ်အုပ်စုထံ ဘဏ္ဍာငွေစီးဆင်းနေသည်ဟု အဖွဲ့က ယူဆထားပြီး ပြင်သစ်နှင့် ဘယ်လ်ဂျီယံအာဏာပိုင်များအနေဖြင့် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချိုးဖောက်ခံရခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ပြောဆိုထားသည်။ Info Birmanie နှင့် Justice For Myanmar တို့က EU နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်ရန်နှင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ လက်နက်နှင့် လေယာဉ်ဆီရရှိနိုင်သည့် ရင်းမြစ်များကို ထပ်မံပစ်မှတ်ထားနိုင်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့ချမှတ်ရန် တောင်းဆိုထားသည်။

Open in Telegram
Views520−95%vs avg
Forwards2
Reactions12
Comments—
#273448Text

အကြမ်းဖက် စစ်တပ်ပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့ကို ပေးအပ်ချီးမြှင့်ထားသည့် အရည်အသွေးဆုများကို Monde Selection က ပြန်လည်ရုပ်သိမ်း ရန်ကုန်၊ စက်တင်ဘာ ၂၉ ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးအကဲဖြတ်သည့် Monde Selection က မြန်မာစစ်တပ်ပိုင် Dagon Beverages နှင့် Myanmar Brewery တို့၏ ထုတ်ကုန်များကို ယခင်က ပေးအပ်ထားသည့် အရည်အသွေးဆုများနှင့် အသိအမှတ်ပြုမှုများကို ပြန်လည်ရုပ်သိမ်းပြီး အဆိုပါကုမ္ပဏီများနှင့် ပတ်သက်သည့် အချက်အလက်များကို ၎င်း၏ဝက်ဘ်ဆိုက်မှ ဖယ်ရှားလိုက်ကြောင်း Info Birmanie နှင့် Justice For Myanmar တို့က သတင်းထုတ်ပြန်သည်။ အဆိုပါ လုပ်ဆောင်ချက်အပေါ် Info Birmanie နှင့် Justice For Myanmar တို့က ကြိုဆိုခဲ့ပြီး မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ဥရောပသမဂ္ဂ (EU) နှင့် အဖွဲ့ဝင်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများကို ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်ရန်နှင့် ထပ်မံတိုးချဲ့ချမှတ်ရန် တောင်းဆိုထားသည်။ ပါရီမြို့ရှိ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ် Quai d’Orsay တွင် ကျင်းပခဲ့သည့် Monde Selection ၏ ၂၀၂၆ ခုနှစ် ဆုပေးပွဲအခမ်းအနားတွင် Dagon Beverages Company Limited က ဆုအများအပြား ရရှိခဲ့ပြီးနောက် အဆိုပါဆုများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း Info Birmanie နှင့် Justice For Myanmar တို့က ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် Dagon Beverages နှင့် Myanmar Brewery တို့အား ချီးမြှင့်ထားသည့် ဆုများကို ပြန်လည်ရုပ်သိမ်းပေးရန် Monde Selection ထံ စာရေးသားတောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုတောင်းဆိုမှုများနောက်ပိုင်း Dagon Beverages နှင့် Myanmar Brewery တို့အား ချီးမြှင့်ထားသည့် ဆုများနှင့် အသိအမှတ်ပြုမှုများကို ပြန်လည်ရုပ်သိမ်းပြီး ၎င်းတို့ကို ဖောက်သည်စာရင်းမှ ဖယ်ရှားထားကြောင်း၊ ကုမ္ပဏီနှစ်ခုနှင့် ပတ်သက်သည့် ရည်ညွှန်းဖော်ပြချက်များကိုလည်း ဝက်ဘ်ဆိုက်မှ ဖယ်ရှားထားကြောင်း Monde Selection ကိုယ်စားလှယ်တစ်ဦးက အတည်ပြုထားသည်ဟု ဆိုသည်။ ထို့အပြင် Monde Selection က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ Dagon Beverages နှင့် Myanmar Brewery တို့ထံ စာပေးပို့ပြီး Monde Selection Quality Award လိုဂိုကို ဆက်လက်အသုံးပြုခွင့်မရှိတော့ကြောင်း အသိပေးခဲ့သည်ဟု သိရသည်။ Dagon Beverages သည် Dagon Lager Beer၊ Dagon Extra Strong၊ Dagon Royal Rum၊ Dagon Malta Fresh နှင့် Dagon Fresh Lemon Sparkling စသည့် အမှတ်တံဆိပ်များကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုဖြစ်သည့် MEC ၏ ရာနှုန်းပြည့်ပိုင် လက်အောက်ခံကုမ္ပဏီဖြစ်ကြောင်း Justice For Myanmar နှင့် Info Birmanie တို့က ဖော်ပြထားသည်။ Myanmar Brewery သည် Myanmar Beer၊ Black Shield နှင့် Andaman Gold စသည့် အမှတ်တံဆိပ်များကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး စစ်တပ်ပိုင် MEHL ၏ ရာနှုန်းပြည့်ပိုင် လက်အောက်ခံကုမ္ပဏီဖြစ်ကြောင်း အဆိုပါအဖွဲ့များက ဆိုသည်။ Myanmar Brewery သည် Monde Selection ထံမှ နောက်ဆုံးအကြိမ် ဆုများကို ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ MEC နှင့် MEHL တို့ကို ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားကြောင်းလည်း ဖော်ပြထားသည်။ Info Birmanie နှင့် Justice For Myanmar တို့က အဆိုပါ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိသည့် ဘဏ္ဍာငွေများသည် စစ်တပ်အတွက် ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး စစ်တပ်၏ လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်ရန် အထောက်အပံ့ဖြစ်စေသည်ဟု ပြောဆိုထားသည်။ Dagon Beverages နှင့် Myanmar Brewery တို့၏ အမည်များကို ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (UN IIFFM) ၏ အစီရင်ခံစာအပါအဝင် အစီရင်ခံစာများတွင် ဖော်ပြထားကြောင်းလည်း ၎င်းတို့က ဆိုသည်။ Monde Selection က အဆိုပါကုမ္ပဏီများနှင့် စစ်တပ်ကြား ဆက်နွှယ်မှုကို သိရှိထားခြင်းမရှိခဲ့ဘဲ သိရှိပြီးနောက် လျင်မြန်စွာ အရေးယူခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်ဟု Info Birmanie နှင့် Justice For Myanmar တို့က ဖော်ပြထားသည်။ သို့သော် အဖွဲ့နှစ်ဖွဲ့က Monde Selection အနေဖြင့် Dagon Beverages နှင့် Myanmar Brewery တို့နှင့် နှစ်ရှည်လများ ဆက်ဆံရေးရှိခဲ့ခြင်းကြောင့် ကုမ္ပဏီများကို တင်ကြိုစိစစ်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာရှိကြောင်း ပြောဆိုထားသည်။ ထို့အပြင် Dagon Beverages နှင့် Myanmar Brewery တို့သည် Monde Selection ၏ ပြိုင်ပွဲတွင် ပါဝင်ရန် အခကြေးငွေများ ပေးချေခဲ့ပြီး ဆုများရရှိခြင်းကို ဈေးကွက်မြှင့်တင်ရေးအတွက် အသုံးပြုခဲ့ကြောင်း အဖွဲ့နှစ်ဖွဲ့က ဆိုသည်။

Open in Telegram
Views487−95%vs avg
Forwards2
Reactions11
Comments—
#273440Text

၀ကန့်ဘလူ၊ အင်းလည်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၂၉ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလည်ကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ကန့်ဘလူမြို့နယ်၊ အင်းလည်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အင်းလည်ကြီးကျေးရွာမှ အသက် ၂ နှစ်နှင့် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီး ၂ ဦးတို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေသခံ ၉ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်များနှင့် ကား ၁ စီး မီးလောင်ပျက်စီးခဲ့သည်။ "စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ပထမအကြိမ် လာကျဲတာက နေအိမ်ပေါ်တည့်တည့်ကျပြီး သားအမိ ၂ ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဒုတိယချတဲ့ ဗုံးတစ်လုံးကတော့ မကွဲပါဘူး။ တတိယအကြိမ်မှာ ရော့ကတ်တွေပါ သုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ စုစုပေါင်း ၄ ဦး သေဆုံးပြီး ပြည်သူ ၉ ဦး ဒဏ်ရာရပါတယ်။ နေအိမ်တွေနဲ့ စျေးဆိုင်တွေလည်း ပျက်စီးခဲ့ပါတယ်" ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ လက်ရှိအချိန်အထိ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်က လေယာဉ်များဖြင့် ကင်းထောက်ခြင်း၊ ဒရုန်းများဖြင့် ကင်းထောက်ခြင်းများ ပြုလုပ်နေပြီး ဒေသပြည်သူများမှာ လေကြောင်းအန္တရာယ်ကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။

Open in Telegram
Views884−91%vs avg
Forwards0
Reactions25
Comments—
#273439Photo
Views1,278−87%vs avg
Forwards0
Reactions22
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h977
0 h1,278
  1. After 1 hour1,278
  2. Total to date1,278
#273438Text

ဥရောပသို့ သွားရောက်မည့် အာဆီယံကိုယ်စားလှယ်များ၏ လေ့လာရေးခရီးစဉ်တွင် မြန်မာစစ်အုပ်စုကိုယ်စားလှယ်များကို လိုက်ပါခွင့်မပြုဘဲ ဖယ်ထုတ် ရန်ကုန်၊ စက်တင်ဘာ ၂၉ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်မည့် အာဆီယံကိုယ်စားလှယ်များ၏ ကာဗွန်ဈေးနှုန်းသတ်မှတ်ရေး လေ့လာရေးခရီးစဉ်တွင် မြန်မာစစ်အုပ်စုကိုယ်စားလှယ်များ ပါဝင်ခွင့်မရရှိရန် ဥရောပသမဂ္ဂ (EU) က ဆုံးဖြတ်ထားကြောင်း Defend Myanmar Democracy အဖွဲ့က သတင်း ထုတ်ပြန်သည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် အာဆီယံကိုယ်စားလှယ်များအတွက် စီစဉ်ထားသည့် ကာဗွန်ဈေးနှုန်းသတ်မှတ်ရေး လေ့လာရေးခရီးစဉ်တွင် မြန်မာစစ်အုပ်စုကိုယ်စားလှယ်များကို ချန်လှပ်ထားရန် EU က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Defend Myanmar Democracy က ဆိုထားသည်။ EU အနေဖြင့် ဩဂုတ်လ ၁၂ ရက်က ကျင်းပခဲ့သည့် 8th ASEAN-EU High-Level Dialogue on Environment and Climate Change ဆွေးနွေးပွဲတွင် အာဆီယံကိုယ်စားလှယ်များအတွက် ကာဗွန်ဈေးနှုန်းသတ်မှတ်ရေးဆိုင်ရာ လေ့လာရေးခရီးစဉ်တစ်ခု စီစဉ်ပေးသွားမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကြေညာချက်ထွက်ပေါ်လာပြီးနောက် စစ်အုပ်စုကိုယ်စားလှယ်များ လေ့လာရေးခရီးစဉ်တွင် ပါဝင်ခွင့်မရရှိစေရန် အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့ကိုယ်စား Defend Myanmar Democracy အဖွဲ့က စက်တင်ဘာလ ၉ ရက်တွင် EU ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းဆိုချက်ကို စက်တင်ဘာလ ၂၁ ရက်တွင် EU ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညွှန်ကြား ရေးမှူးချုပ်က လက်ခံခဲ့ပြီး မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းရုန်းကန်နေမှုများကို အားပေးထောက်ခံနေကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်ဟု Defend Myanmar Democracy က ပြောဆိုထားသည်။ အာဆီယံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးများနှင့် လေ့လာရေးအစီအစဉ်များမှတစ်ဆင့် နိုင်ငံတ ကာတွင် တရားဝင်အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေသည့် မြန်မာစစ်အုပ်စုကို ယခုကဲ့သို့ တားဆီးနိုင်ခဲ့ခြင်းသည် ကြီးမားသည့်ရလဒ်တစ်ခု မဟုတ်သော်လည်း နှစ်လအတွင်း ဒုတိယအကြိမ်မြောက် တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း Defend Myanmar Democracy က ဆိုသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မြန်မာစစ်အုပ်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားသည့် ၃၇ ကြိမ်မြောက် အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (37th ASOEN) ကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပခွင့် မပြုရန် အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့ကိုယ်စား Defend Myanmar Democracy က အာဆီယံ၊ ဂျပန်နှင့် EU တို့ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါတောင်းဆိုမှုများကြောင့် 37th ASOEN အစည်းအဝေးကို အာဆီယံလက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ပြောင်းလဲလက်ခံပြီး အွန်လိုင်းအစည်းအဝေးပုံစံဖြင့် ကျင်းပခဲ့ရသည်။

Open in Telegram
Views1,282−87%vs avg
Forwards0
Reactions27
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h981
0 h1,282
  1. After 1 hour1,282
  2. Total to date1,282
#273429Link preview

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးကနေ အားကောင်းသောမုန်တိုင်းငယ် ဆက်လက်ဖြတ်ကျော်နေ ပြီး လာမယ့် ၄၈ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက စက်တင်ဘာ ၂၈ ရက် ည ၁၁ နာရီခွဲမှာ သတိပေးချက်ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာဟာ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ သူနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးနေရတဲ့ အခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စက်တင်ဘာ ၂၈ ရက်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ရခိုင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ရေးအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာဂ်ချီ ဟာ ဒီနေ့ နယူးယောက်မှာ ကြားဝင်ညှိနှိုင်းပေးနေသူတွေနဲ့ တွေ့ဆုံပြီး နောက်ဆုံး အဆိုပြုချက်တွေနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေးကိစ္စတွေကို ဆွေးနွေးမယ့် သတင်းအပါအဝင် မနက်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။ https://youtu.be/3GzFmebFaxQ?si=lGXX-aEh25k4pgE9

Open in Telegram
Views3,145−68%vs avg
Forwards0
Reactions16
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h614
1 h3,145
  1. After 1 hour3,145
  2. Total to date3,145
#273428Photoalbum
Views2,993−70%vs avg
Forwards1
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h915
1 h2,993
  1. After 1 hour2,993
  2. Total to date2,993
#273427Photoalbum
Views2,962−70%vs avg
Forwards1
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h915
1 h2,962
  1. After 1 hour2,962
  2. Total to date2,962
#273426Photoalbum
Views2,966−70%vs avg
Forwards1
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h915
1 h2,966
  1. After 1 hour2,966
  2. Total to date2,966
#273425Photoalbum
Views2,994−70%vs avg
Forwards1
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h915
1 h2,994
  1. After 1 hour2,994
  2. Total to date2,994
#273424Photoalbum
Views3,047−69%vs avg
Forwards1
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h915
1 h3,047
  1. After 1 hour3,047
  2. Total to date3,047
#273423Photoalbum
Views3,016−70%vs avg
Forwards1
Reactions—
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h915
1 h3,016
  1. After 1 hour3,016
  2. Total to date3,016
#273422Photoalbum
Views2,992−70%vs avg
Forwards1
Reactions12
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h915
1 h2,992
  1. After 1 hour2,992
  2. Total to date2,992
#273421Text

"မော်လမြိုင်မှာတော့ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာမျိုးတော့ မကြားရသေးဘူး။ ဘုရားစေတီတချို့တော့ ထီးတော်လဲတာတွေရှိတယ်။ သစ်ပင်တွေကတော့ ကျိုးတာ နေရာတိုင်းပဲ။ ကမ်းနားဘက်တော့ ရေနည်းနည်းတက်တယ်။ သေဆုံးထိခိုက်မှုတော့မရှိပါဘူး" ဟု မော်လမြိုင်မြို့အခြေစိုက် မွန်ပြည်နယ်၊မီးသတ်ဦးစီးဌာနက ပြောဆိုသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်တွင်လည်း မုန်တိုင်းကြောင့်သစ်ပင်များလဲကျ၍ မဟာမြိုင်ကျောင်းတိုက်အတွင်းရှိစေတီတော်ထီးတော်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

Open in Telegram
Views2,995−70%vs avg
Forwards0
Reactions14
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h951
1 h2,995
  1. After 1 hour2,995
  2. Total to date2,995
#273420Text

အားကောင်းသော မုန်တိုင်းငယ်က ကုန်းတွင်းမုန်တိုင်းငယ် အဖြစ် အားလျော့ပြီး ဖြူးမြို့တောင်ဘက်သို့ ဖြတ်ကျော်၊ မုန်တိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက် မိုးကြီး၊ ရေကြီးရေလျှံမှုနှင့် သစ်ပင်များပြိုလဲမှုများဖြစ်ပေါ် ရန်ကုန်၊ စက်တင်ဘာ ၂၉ ကျိုက်ထိုမြို့အနီးမှ ဖြတ်ကျော်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ် အားလျော့သွားကာ လက်ရှိတွင် ဖြူးမြို့တောင်ဘက်အနီးမှ ဆက်လက်ဖြတ်ကျော်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက် ၇ နာရီတွင် သတင်းထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် ဖြူးမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၃၀ ခန့်၊ တောင်ငူမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၆၀ ခန့်နှင့် နေပြည်တော်၏ တောင်-အရှေ့တောင်ဘက် မိုင် ၁၂၀ ခန့်အကွာတွင် ဗဟိုပြုနေသည်ဟု သိရသည်။ လက်ရှိ မုန်တိုင်းသည် ဖြူးမြို့တောင်ဘက်အနီးမှ ဖြတ်ကျော်နေသဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အညိုရောင်အဆင့် သတ်မှတ်ထားသည်။ မုန်တိုင်း၏ လက်ရှိတည်နေရာမှာ မြောက်လတ္တီကျု ၁၈ ဒသမ ၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၆ ဒသမ ၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်ခန့် ရှိနေသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက်ထပ် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။ မုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာ ၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မုန်တိုင်းဖြတ်သန်းရာ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသဌာနက သတိပေးထားသည်။ အလားတူ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း မုန်တိုင်းအခြေအနေကို ကြိုတင်သတိပြုရှောင်ရှားကြရန် အသိပေးထားသည်။ မုန်တိုင်းဖြတ်သန်းမှုကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မော်လမြိုင်မြို့ ငန်းတေး၊ မြေနီကုန်း၊ မဟာမြိုင်၊ သီရိမြိုင်၊ သရက်ကုန်း၊ ကြာအင်း၊ ကျွဲခြံကုန်း၊ စမ်းကြီး၊ သာယာအေး၊ ခရွမ်းနှင့် ရှမ်းရွာ စသည့် ရပ်ကွက်များတွင် သစ်ပင်ကြီးများ လဲကျပြီး လမ်းများပိတ်ဆို့ခြင်း၊ နေအိမ်များပေါ်သို့ သစ်ပင်များပိကျခြင်းနှင့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Floating Bar ဘောတံတား ပျက်ထွက်သွားခြင်းနှင့် မြစ်ရေများ ကမ်းနားလမ်းပေါ်အထိ လျှံတက်လာခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများကို မွန်ပြည်နယ် မီးသတ်ဦးစီးဌာနနှင့် မော်လမြိုင်မြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များက ချိတ်ဆက်ပူးပေါင်းပြီး နေရာအသီးသီးတွင် ရှင်းလင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။ မော်လမြိုင်မြို့တွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းနှင့် လမ်းပေါ်သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်နှင့် သစ်ပင်များလဲကျနိုင်သည့်နေရာများ၊ ရေကြီးရေလျှံနေသည့် လမ်းများနှင့် အန္တရာယ်ရှိနိုင်သည့် အဆောက်အအုံများအနီးတွင် သတိပြုနေထိုင်ကြရန် သတိပေးထားသည်။

Open in Telegram
Views2,930−70%vs avg
Forwards1
Reactions20
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h954
1 h2,930
  1. After 1 hour2,930
  2. Total to date2,930