Посты канала Khit Thit Media
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်နှင့် မလေးရှားနိုင်ငံ၊ တာရန်ဂါနူးပြည်နယ်တို့တွင် မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံရ ရန်ကုန်၊ နိုဝင်ဘာ ၁၅ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများအတွင်း မြန်မာနိုင်ငံသား စုစုပေါင်း ၂၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ရယောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ သည် ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး၊ ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၊ သတင်းရဲတပ်ဖွဲ့နှင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးဌာနတို့နှင့် ပူးပေါင်း၍ ရယောင်းမြို့နယ်၊ ဆမ်နပ်ထောင်းကျေးရွာအုပ်စု အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ယင်းစစ်ဆေးမှုအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၆ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး (စုစုပေါင်း ၂၀ ဦး) တို့ကို လုပ်ငန်းခွင်အတွင်း၌ပင် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အမှတ် (၃) လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ခွဲမှ ရဲမှူးချုပ်က ပြောကြားသည်။ နိုင်ငံတော်လုံခြုံရေးနှင့် စီးပွားရေးကို ထိခိုက်စေသည့် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ်သွားရန် လူဝင်မှုကြီးကြပ်ရေးဗျူရို အကြီးအကဲက ညွှန်ကြားထားကြောင်း သိရသည်။ အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ တာရန်ဂါနူးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန (JIM) သည် ကွာလာတာရန်ဂါနူး (Kuala Terengganu) နှင့် ဆက်တီယူ (Setiu) နယ်မြေများရှိ ဆီအုန်းပျိုးခင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် တည်းခိုနေထိုင်ရာ နေရာ ၃ ခုတို့ကို ဝင်ရောက်စစ်ဆေးခဲ့သည်။ စုစုပေါင်း လူဦးရေ ၃၃ ဦးကို စစ်ဆေးခဲ့ရာမှ အသက် ၁၄ နှစ်မှ ၅၄ နှစ်ကြားရှိ တရားမဝင် နိုင်ငံခြားသား (PATI) စုစုပေါင်း ၁၃ ဦး (အရွယ်ရောက်ပြီး အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသား ၁ ဦး) ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၆ ဦး (အရွယ်ရောက်ပြီး အမျိုးသား ၅ ဦးနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသား ၁ ဦး)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး) တို့ ပါဝင်သည်။ ၎င်းတို့အနက် ၁၁ ဦးမှာ တရားဝင်အထောက်အထား စာရွက်စာတမ်း မရှိခြင်း၊ ၁ ဦးမှာ နေထိုင်ခွင့်ရက်ကျော်လွန်ခြင်း (Overstay) နှင့် ကျန် ၁ ဦးမှာ ဗီဇာစည်းကမ်း ဖောက်ဖျက်ခြင်းတို့ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အလုပ်ရှင် ၁ ဦးကိုလည်း ဆင့်ခေါ်စာ ထုတ်ပြန်ထားကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူအားလုံးကို ဆက်လက်စစ်ဆေးအရေးယူရန်အတွက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။
Открыть в Telegramရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့တို့တွင် တိုက်ပွဲများ ဖြစ်လာနိုင်၍ ပြည်သူများ သတိပြုသွားလာကြရန် ရေးဘီလူးတပ်ဖွဲ့ အသိပေး၊ ကန့်ဘလူတွင်လည်း စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်က ခုခံ တိုက်ခိုက်နေ ရန်ကုန်၊ နိုဝင်ဘာ ၁၅ မွန်ပြည်နယ်၊ ရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့တို့တွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများ အနေဖြင့် သတိပြုသွားလာကြရန် ရေးဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့တို့၌ တိုက်ပွဲများ ဖြစ်လာနိုင်ခြေရှိသဖြင့် ပြည်သူများ အနေဖြင့် အထူးသတိပြုသွားလာကြရန် ရေးဘီလူးတပ်ဖွဲ့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ (Page)တွင် ထုတ်ပြန်ထားကြောင်းသိရှိရသည်။ "ဖြစ်ပွားလာနိုင်တာမို့ မိဘပြည်သူများအနေနဲ့ သတိကပ်စေချင်တာပါ။ အန္တရာယ် ကြိုရှောင်နိုင်အောင်ပါ၊ အသွားအလာ သတိပြုကြပါ" ဟု ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ ပြည်သူများအနေဖြင့် အဆိုပါမြို့နယ်သုံးခုတွင် တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် မိမိတို့၏ တရားဝင် စာမျက်နှာနှင့် လူမှုကွန်ရက်များမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို အမြဲနားစွင့် စောင့်ကြည့်ကြပါရန် ရေးဘီလူးတပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကိုလည်း ဒေသတွင်း တော်လှန်ရေးအင်အားစုများ စုပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိကြောင်း ကန့်ဘလူမြို့နယ် ပအဖ က ထုတ်ပြန်ထားသည်။ နိုဝင်ဘာလပိုင်းမှ စတင်ပြီး ကောလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ကောလင်းနှင့် ကန့်ဘလူမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေပြီး ကိုးတောင်ဘို့ဘက်မှ ထွက်လာသော စစ်ကြောင်းသည်လည်း ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းနေကြောင်း သိရသည်။ ထို့အပြင် စစ်ရေးလုံခြုံရေးအရ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရှိဘဲ စစ်ရေးသတင်းအချက်အလက်များကို ထုတ်ပြန်ခြင်းမပြုလုပ်ကြရန်လည်း ကန့်ဘလူမြို့နယ် ပအဖ က မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။
Открыть в Telegramအာဆီယံက မြန်မာ့အရေးတွင် ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်လိုက်နာ၍ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရန် ထိတွေ့ဆက်ဆံသွားမည်ဟု ဖိလစ်ပိုင်သမ္မတပြော ရန်ကုန်၊ နိုဝင်ဘာ ၁၅ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုချက်ကို ဆက်လက်ကိုင်စွဲထားပြီး အာဆီယံ၏ မြန်မာ့အရေး ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်အတိုင်း မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အာဆီယံခေါင်းဆောင်များက အတည်ပြုလိုက်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးကို သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့သည့် သမ္မတ မားကို့စ်က အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော အာဆီယံအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် “အပြုသဘောဆောင်ပြီး မူဝါဒ အခြေခံသော ထိတွေ့ဆက်ဆံမှု” ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သကဲ့သို့ ငါးချက်ပါ သဘောတူညီချက်ကိုလည်း ဆက်လက်လိုက်နာသွားမည်ဟု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားလာသည့် ပဋိပက္ခများကို လျှော့ချရန် အာဆီယံက ချမှတ်ထားသော ငါးချက်ပါ သဘောတူညီချက်အပေါ် သိသာထင်ရှားသည့် တိုးတက်မှု မရှိသေးသည့်အတွက် စစ်တပ်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များကို အာဆီယံအဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့်မှ ၂၀၂၁ ခုနှစ်ကတည်းက ကန့်သတ်ထားသည်။ သို့သော် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လာသည့် ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကြောင့် မြန်မာစစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် အုပ်ချုပ်ရေးအဖွဲ့ကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့်ပိတ်ပင်ထားမှု ဖြေလျှော့ပေးရေး ဖိအားများလည်း မြင့်တက်နေသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံက ခေါင်းဆောင်များကို အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည့်အပေါ် မြန်မာစစ်တပ်ဘက်က ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေရန် လိုလားနေသည်။ အာဆီယံ၏ မြန်မာ့အရေး ငါးချက်ပါ သဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံးက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများ စတင်ရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုများတွင် ကြားဝင်ညှိနှိုင်းပေးရန်၊ AHA Centre မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်နှင့် အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်ကာ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်တို့ ပါဝင်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခများ ပြင်းထန်လာခဲ့ပြီး ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ကာ ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုကို ပိုမိုတိုးတက်စေရန် မျှော်လင့်ကြောင်း မားကို့စ်က ပြောဆိုပြီး မြန်မာ့အရေးကြောင့် မိသားစုများ နေရပ်စွန့်ခွာရခြင်း၊ လူမှုအသိုင်းအဝိုင်းများ ထိခိုက်ပျက်စီးခြင်းနှင့် လူငယ်များ၏ အနာဂတ် ထိခိုက်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် “မြန်မာနိုင်ငံအတွက် ကျွန်ုပ်တို့ ဘာတွေ ထပ်မံလုပ်ဆောင်နိုင်မလဲ” ဟု အာဆီယံခေါင်းဆောင်များအနေဖြင့် မေးခွန်းထုတ်သင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အာဆီယံ၏ မြန်မာ့အရေး မူဘောင်တွင် တိုက်ပွဲများ ရပ်တန့်ရေးအပြင် သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ရေး၊ အာဆီယံ၏ ကြားဝင်ညှိနှိုင်းမှုနှင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့လည်း ပါဝင်သည်။ အာဆီယံ၏ မြန်မာ့အရေး အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇာရိုကလည်း အာဆီယံ၏ မြန်မာ့အရေးချဉ်းကပ်မှုကို ဖြေလျှော့ပေးမည်မဟုတ်ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ပြောဆိုထားသည်။ သို့သော် ငါးချက်ပါ သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံအစည်းအဝေးများတွင် ပါဝင်ခွင့်ဆိုင်ရာ အဆိုပြုချက်အမျိုးမျိုးကို ဆက်လက်ဆွေးနွေးနေပြီး နောက်ဆုံးဆုံးဖြတ်ချက်ကို အာဆီယံခေါင်းဆောင်များကသာ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
Открыть в Telegramမြန်မာနိုင်ငံတွင် မြေရှားသတ္တုထွက်ရှိသော်လည်း စစ်တပ်က ထိန်းချုပ်ထားသော နေရာမဟုတ်၍ နိုင်ငံခြားငွေမရခြင်း၊ စီးပွားရေးပိတ်ဆို့ခံရခြင်း၊ ပြည်ပအကူအညီမရခြင်းတို့ကြောင့် နိုင်ငံခြားငွေ နည်းပါးသဖြင့် ပြည်ပရောက်မြန်မာအလုပ်သမားများထံမှ နိုင်ငံခြားငွေတောင်းနေရဟု စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီး မောင်မြင့်ပြော ရန်ကုန်၊ နိုဝင်ဘာ ၁၅ မြန်မာနိုင်ငံတွင် မြေရှားသတ္တုများ အမြောက်အမြားထွက်ရှိသော်လည်း စစ်တပ်က ထိန်း ချုပ်ထားသည့် နယ်မြေများတွင် မရှိခြင်း၊ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် လက် ရှိစီးပွားရေးအကျပ်အတည်းများကြောင့် နိုင်ငံခြားငွေ ရှားပါးနေသဖြင့် ပြည်ပရောက် မြန် မာအလုပ်သမားများထံမှ နိုင်ငံခြားငွေ တောင်းခံနေရကြောင်း စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီး မောင်မြင့်က ပြောဆိုသည်။ မလေးရှားနိုင်ငံသို့ သွားရောက်ပြီး မြန်မာအလုပ်သမားများနှင့် တွေ့ဆုံစဉ် မောင်မြင့်က ထို သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြည်ပရောက်အလုပ်သမားများထံမှ ပေးပို့လာသည့် နိုင်ငံ ခြားငွေများကို စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့၊ ဓာတ် မြေဩဇာနှင့် ဆေးဝါးများ ဝယ်ယူရန် အသုံးပြုနေကြောင်း ပြောဆိုသည်။ ထို့ပြင် ပြည်ပရောက် မြန်မာအလုပ်သမားများကို နိုင်ငံတော်၏ သူရဲကောင်းများဟု သတ် မှတ်ကြောင်း၊ မိသားစုများနှင့် ခွဲခွာပြီး ပြည်ပတွင် အလုပ်လုပ်ကိုင်ကာ ငွေကြေးပြန်လည်ပေးပို့နေခြင်းသည် စွန့်လွှတ်အနစ်နာခံမှုဖြစ်ကြောင်း မောင်မြင့်က ပြောဆိုသည်။ “ပြည်ပကို သွားလုပ်ကြတဲ့ လူတွေဆိုတာ တို့အခုအချိန်မှာ တို့နိုင်ငံတော်ရဲ့ သူရဲကောင်းတွေပါ” ဟု မောင်မြင့်က ပြောကြားပြီး ပြည်ပရောက်အလုပ်သမားများအနေဖြင့် ငွေပြန်ပို့ရာတွင် ငွေလဲနှုန်းကွာခြားမှုကြောင့် နစ်နာမှုရှိနေသည်ကို သိရှိသော်လည်း လက်ရှိကာလတွင် နိုင်ငံအတွက် အနစ်နာခံပေးကြရန် တိုက်တွန်းခဲ့သည်။ ပြည်ပရောက်အလုပ်သမားများထံမှ ယခင်က ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ယင်းအခွန်ကို ဖြေလျှော့ပေးခဲ့ကြောင်း ၊ သို့သော် လက်ရှိအခြေအနေတွင် နိုင်ငံတကာအကူအညီများ လျော့နည်းလာခြင်း၊ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် သယံဇာတထုတ်လုပ်ရောင်းချမှု လျော့ နည်းလာခြင်းတို့ကြောင့် နိုင်ငံခြားဝင်ငွေ ရရှိမှုကျဆင်းလာပြီး ပြည်ပရောက်အလုပ် သမားများထံမှ ပေးပို့သည့် ငွေကြေးအပေါ် မှီခိုလာရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြည်ပရောက်အလုပ်သမားများထံမှ ငွေကြေးကောက်ခံရန် ၂၀၂၃ ခုနှစ်မှစတင်၍ ပြန်လည်ဆောင်ရွက်ခဲ့ခြင်းမှာလည်း လက်ရှိစီးပွားရေးအကျပ်အတည်းကြောင့် ဖြစ်ကြောင်း မောင်မြင့်က ရှင်းပြသည်။ ထို့နောက် မြန်မာနိုင်ငံတွင် မြေရှားသတ္တုများ အမြောက်အမြားထွက်ရှိသော်လည်း စစ်တပ်က ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း မရှိသဖြင့် နိုင်ငံတော်အနေဖြင့် ဝင်ငွေမရရှိကြောင်း မောင်မြင့်က ဝန်ခံပြောဆိုခဲ့သည်။ “မြေရှားက ကျွန်တော်တို့နိုင်ငံမှာ အများကြီးထွက်တယ်။ ဒါပေမဲ့ အစိုးရထိန်းချုပ်တဲ့ ဧရိယာမှာ မရှိတော့ သူက ပိုက်ဆံမရဘူး။ တကယ်တမ်း ထိန်းချုပ်နိုင်ပြီဆိုလို့ရှိရင် ကျွန်တော်တို့က ဒေါ်လာဘီလီယံနဲ့ချီပြီးတော့မှ အလွယ်လေးရတယ်” ဟု ၎င်းက ပြောသည်။ ထို့အပြင် တနင်္သာရီကမ်းရိုးတန်း၊ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် M15 လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ အမြောက်အမြားတွေ့ရှိထားကြောင်းလည်း မောင်မြင့်က ပြောဆိုသည်။ ယင်းဓာတ်ငွေ့သိုက်ကို မြန်မာအစိုးရက ရှာဖွေတွေ့ရှိခြင်းမဟုတ်ဘဲ စူးစမ်းရှာဖွေရေးလုပ်ငန်း လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီတစ်ခုက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကုဗပေ ၉၄ ဒသမ ၆ ထရီလီယံရှိကြောင်း၊ ယင်းပမာဏသည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ မြေရှားသတ္တုနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို ထိန်းချုပ်အသုံးချနိုင်ပါက နောင်ကာလတွင် ဒေါ်လာဘီလီယံ ရာနှင့်ချီ ဝင်ငွေရရှိနိုင်ပြီး နှစ်စဉ် ဒေါ်လာဘီလီယံ ၁၀ ဂဏန်းအထိ ရရှိနိုင်ကြောင်းလည်း မောင်မြင့်က ခန့်မှန်းပြောဆိုခဲ့သည်။ ထိုသို့ နိုင်ငံ့စီးပွားရေး ပြန်လည်တောင့်တင်းလာပါက ပြည်ပရောက်အလုပ်သမားများထံမှ ငွေလွှဲပို့မှုနှင့် အခွန်ကောက်ခံမှုများအပေါ် မှီခိုရန် မလိုအပ်တော့နိုင်ကြောင်း ၎င်းက ပြော ဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံခြားငွေ ရှားပါးမှုနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် ပြည်ပရောက်အလုပ်သမားများထံမှ နိုင်ငံခြားငွေ ပိုမိုရရှိရန် တောင်းဆိုနေခြင်းဖြစ်သည် မောင်မြင့်က ဆိုသည်။
Открыть в TelegramKhit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ ပဲခူးမြို့ ရွှေမော်ဓောစေတီတော် ရွှေသင်္ကန်းကပ်လှူပွဲနဲ့ သံဃာတော် ၁,၀၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ စစ်တပ်ခန့် ကျန်းမာရေး ဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဒေါက်တာ စိုးဝင်းဟာ ဆီးချိုတက်ပြီး မူးလဲကာ မကျန်းမမာဖြစ်ခဲ့တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ သတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ လက်တွေ့ကျတဲ့ ဆွေးနွေးမှုတွေကတစ်ဆင့် အဖြေရှာဖို့ လိုအပ်တယ်လို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်ကို ချီတက်နေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းနေရာမှာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု များပြားနေပြီး မင်းဘူးဘက်ကနေ စစ်အင်အားတွေ ထပ်မံဖြည့် တင်းနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ အီရန်နိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစိုးရထိပ်တန်းအရာရှိတွေကို ဖောက်ခွဲရေး ပစ္စည်းတပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်လုပ်ကြံဖို့ စီစဉ်ခဲ့တယ်လို့ အစ္စရေးထောက်လှမ်းရေးက အတည်ပြုထားတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://youtu.be/dCURsu4XZeE?si=mq4juJBCg1VqDMPt
Открыть в TelegramSCEF ကိုယ်စားလှယ်အဖွဲ့က ပြင်သစ်နှင့် ဥရောပနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံပြီး မြန်မာ့အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆွေးနွေး ရန်ကုန်၊ နိုဝင်ဘာ ၁၅ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စား လှယ် အဖွဲ့က ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အားလုံးပါဝင်သည့် အသွင်ကူးပြောင်းရေးအတွက် လိုအပ်သော မူဘောင်များနှင့် ပြင်သစ်နိုင်ငံ၏ ပံ့ပိုးကူညီနိုင်မည့် အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြောင်း SCEF က ယနေ့ သတင်းထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ပါရီငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုများတွင် SCEF အတွင်းရေးမှူးအဖွဲ့ဝင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF ၏ နည်းပညာနှင့် မူဝါဒအကြံပေး နော်မေဦး (မေဦး-မူတြော်) တို့ ပါဝင်ခဲ့ကြသည်။ SCEF ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်တွင် ပြင်သစ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christian Lechervy နှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၂ ရက်တွင် ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် သမုဒ္ဒရာပိုင်းဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Benoît Guidée နှင့် ဒုတိယညွှန်ကြားရေးမှူး Siv Leng Chhuor တို့နှင့် ထပ်မံတွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ အရှေ့တောင်အာရှဌာနခွဲ အကြီးအကဲ Marie Hours နှင့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံအရာရှိ Marion Jelley တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုများအတွင်း မြန်မာပြည်သူများကို ဆက်လက်ထောက်ပံ့ကူညီပေးနေသည့် ပြင်သစ်နိုင်ငံအား SCEF ကိုယ်စားလှယ်အဖွဲ့က ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် SCEF ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းများနှင့် လိုအပ်နေသည့် အကူအညီများကိုလည်း ပြင်သစ်တာဝန်ရှိသူများထံ တင်ပြခဲ့ကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် သက် ဆိုင်သူအားလုံး ပါဝင်နိုင်မည့် နိုင်ငံရေးမူဘောင်တစ်ရပ် လိုအပ်နေမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေး၊ ပဋိပက္ခဒဏ်သင့်ပြီး အကူအညီလိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုထိရောက်စွာ ရောက်ရှိနိုင်ရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီရေးတို့တွင် ပြင်သစ်နိုင်ငံက မည်သို့ ပါဝင်ကူညီနိုင်မည်ကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြသည်။ ယခုတွေ့ဆုံမှုများတွင် မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းများကို နိုင်ငံတကာနှင့် ဆွေး နွေးတင်ပြခြင်းအပြင် စစ်ဘေးဒဏ်ခံနေရသည့် အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပိုမိုရရှိရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အတွက် ပြင်သစ်နိုင်ငံ၏ ပံ့ပိုးကူညီမှုရရှိရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း SCEFက ပြောဆိုသည်။
Открыть в Telegramမြိတ်-ထားဝယ် လမ်းပိုင်း သရက်ချောင်းမြို့နယ်ဘက်မှ စစ်တပ် စစ်ကြောင်း ထပ်မံထိုးလာ၍ စစ်ရေးတင်မားနေ၊ စစ်သင်္ဘာများကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် ရန်ကုန်၊ နိုဝင်ဘာ ၁၅ တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်း သရက်ချောင်းမြို့နယ်ဘက်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထပ်မံထိုးလာ၍ စစ်ရေးတင်မားနေပြီး စစ်သင်္ဘာများကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလပိုင်းမှ စတင်၍ ပုလောမြို့နယ် အတွင်းရှိ မြိတ်-ထားဝယ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ် စစ်ကြောင်း အထိနာကာ စစ်ကြောင်း ရှေ့ဆက် တိုးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် မြိတ်-ထားဝယ် လမ်းပိုင်း သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာ ဘက်မှ ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ စစ်ကြောင်းထိုးလာ၍ မြေပြင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ရေးတင်မားနေကြောင်း သိရှိရသည်။ ထိုစစ်ကြောင်းသည် ဝင်းဝရွာဘက်မှ မည်သည့်နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်၏ ရေတပ်သင်္ဘောများကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။ "စစ်သင်္ဘောကတော့ ရမ်းပစ်နေတယ်။ အခု စစ်ခွေး စစ်ကြောင်းက ဝင်းဝရွာ ဘက်ကနေ ထိုးပြီး ပြန်တက်နေတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ မြေပြင် စစ်ရေးတင်းမာနေတယ်။ ခွေးစစ်ကြောင်း ဘယ်ကိုသွားမယ်ဆိုတာ ဆက်လက် စောင့်ကြည့်နေတာပေါ့" ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်ကလည်း ဝင်းဝကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က ကတွဲကျေးရွာအုပ်စု၊ ရငဲကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီးများဖြင့် အလုံးရေ အများအပြား ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ရငဲကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသပြည်သူများ ထိခိုက်မှုမရှိသော်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
Открыть в Telegramမြန်မာစစ်ကောင်စီက ၂၀၂၉ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန် ဆန္ဒပြုသော်လည်း တီမောနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စေမည်ဟု ဖိလစ်ပိုင်ကြေညာ ရန်ကုန်၊ နိုဝင်ဘာ ၁၅ ၂၀၂၉ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာစစ်ကောင်စီက ရယူနိုင်ရေး ဆန္ဒပြု ကြိုးပမ်းသော်လည်း တီမောလက်စ်တေနိုင်ငံကိုသာ ၂၀၂၉ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် တာဝန်ယူစေမည်ဖြစ်ကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ကြေညာလိုက်သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတုခ် ဆရီ မိုဟာမက် ဟာဆန်က နိုဝင်ဘာ ၁၄ ရက်တွင် မနီလာမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့သည် ၂၀၂၉ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူလိုကြောင်း အသီးသီးဆန္ဒပြုထားကြသည်ဟု ပြောဆိုခဲ့သည်။ သို့သော် နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံညှိနှိုင်းရေးကောင်စီ (ASEAN Coordinating Council - ACC) အစည်းအဝေး၌ အာဆီယံ၏ ပုံမှန်ကျင့်သုံးနေသည့် အက္ခရာစဉ်အလိုက် ဥက္ကဋ္ဌတာဝန်ယူသည့်စနစ်ကို မပြောင်းလဲရန် သဘောတူခဲ့ကြောင်း မိုဟာမက် ဟာဆန်က ပြောသည်။ လက်ရှိ အက္ခရာစဉ် အလှည့်ကျစနစ်အရ လာမည့်နှစ်တွင် စင်ကာပူနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ထို့နောက် တီမောလက်စ်တေနှင့် ဗီယက်နမ်နိုင်ငံတို့က အလှည့်ကျတာဝန်ယူရမည်ဖြစ်ကြောင်း မိုဟာမက် ဟာဆန်က ရှင်းပြသည်။ ဗီယက်နမ်နိုင်ငံ၏ အလှည့်ပြီးဆုံးမှသာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးစဉ်းစားပေးနိုင်မည်ဖြစ်ပြီး ထိုသို့စဉ်းစားရာတွင်လည်း အခြေအနေနှင့် အရည်အချင်းအပေါ် မူတည်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း အက္ခရာစဉ်ကို လိုက် နာသွားမှာပါ။ လာမယ့်နှစ်မှာ စင်ကာပူ၊ အဲဒီနောက် ထိုင်း၊ တီမောလက်စ်တေနဲ့ ဗီယက်နမ်တို့ ဖြစ်ပါတယ်။ အဲဒီနောက်မှသာ အရည်အချင်းအပေါ် မူတည်ပြီး အထူးစဉ်းစားပေးနိုင်မှာပါ” ဟု မိုဟာမက် ဟာဆန်က ပြောသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၂၀၂၉ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို တီမောလက်စ်တေနိုင်ငံက ရယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရိုက ၃၉ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် လာမည့်သီတင်းပတ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး စင်ကာပူက ၂၀၂၇ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်သည်။ ထို့နောက် ၂၀၂၈ ခုနှစ်တွင် ထိုင်းနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပွားနေခဲ့ပြီး အာဆီယံက အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်။ အဆိုပါ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် စစ်အာဏာပိုင်များဘက်က အဓိပ္ပာယ်ရှိသည့် တိုးတက်မှု မပြသနိုင်ခြင်းကြောင့် အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများတွင် မြန်မာနိုင်ငံကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် ကန့်သတ်ထားခဲ့သည်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 1 698 |
| 15 ч | 7 015 |
- Через 1 час1 698
- Всего сейчас7 015
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 1 667 |
| 15 ч | 7 117 |
- Через 1 час1 667
- Всего сейчас7 117
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 1 667 |
| 15 ч | 7 149 |
- Через 1 час1 667
- Всего сейчас7 149
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 1 667 |
| 15 ч | 7 116 |
- Через 1 час1 667
- Всего сейчас7 116
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 1 697 |
| 15 ч | 6 927 |
- Через 1 час1 697
- Всего сейчас6 927
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗန်းမော်တွင် ပြည်သူ ၁၀ ဦးခန့် ဒဏ်ရာရရှိပြီး ကျိုက်ထိုတွင်လည်း ပြည်သူ ၂ ဦး ဒဏ်ရာရ ကချင်/ရန်ကုန်၊ နိုဝင်ဘာ ၁၅ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများနှင့် တိမ်းဖာတောင်ဒေသကို စစ်တပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မွေးမြူရေးနွားများနှင့် ရွှေမော်တော်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဗန်းမော်ဒေသသတင်းရင်းမြစ် Banmaw Scout Team ထံမှ သိရသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗန်းမော်မြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲကြောင်း၊ လေကြောင်းတိုက်ခိုက်သော နေရာမှာ ဗန်းမော်မြို့နယ်၊ တိမ်းဖာတောင်နှင့် ကျွန်းကြီးဘက်၊ မြစ်ရေကျချိန် ကားများ သွားလာနိုင်ရန် မိုးလဲချောင်းကို ဖြတ်၍ ဖောက်လုပ်ထားသည့် လမ်းပိုင်းဖြစ်ပြီး ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ယမန်နေ့ တစ်နေ့တည်းတွင်ပင် Y-12 လေယာဉ်ဖြင့် ဗန်းမော်မြို့၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ငှက်ပျောတောနှင့် သဖန်းပင်ကျေးရွာအနီးမှ ရွှေဖောင်များကို အကြိမ် ၃၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူမရှိကြောင်း၊ သို့သော် ဒေသခံများ မွေးမြူထားသည့် နွားများနှင့် ဧရာဝတီမြစ်တစ်လျှောက်ရှိ ရွှေမော်တော်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၁ စီးတို့က ဧရာဝတီမြစ်ဘေးရှိ တိမ်းဖာတောင်စေတီ၊ ကျွန်းကြီးရွာ၊ ပါပေါင်းရွာ၊ ရေလဲကျေးရွာ၊ ငှက်ပျောတောရွာနှင့် သဖန်းပင်ကျေးရွာအနီးရှိ ရွှေဖောင်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ "ဗန်းမော်မှာက နေ့တိုင်းတိုက်ပွဲဖြစ်နေပါတယ်။ စစ်တပ်ကလည်း လေယာဉ်တွေ ဒရုန်းတွေနဲ့ နေ့တိုင်း ဗုံးကျဲနေတာပါ" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တစ်နေရာကိုလည်း နိုဝင်ဘာ ၁၅ ရက် နံနက် ၁ နာရီခွဲခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အဆိုပါ ဂျက်ဖိုက်တာသည် တောင်ငူလေတပ်မှ တက်လာခြင်းဖြစ်ပြီး ကျိုက်ထိုမြို့နယ်တစ်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “စခတွေ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရတယ် ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ ကျိုက်ထိုမြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်တွင် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်မှ တက်လာသည့် ဒရုန်း ၂ စီးဖြင့် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၄ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 1 609 |
| 15 ч | 6 877 |
- Через 1 час1 609
- Всего сейчас6 877
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 2 ч | 2 878 |
| 16 ч | 7 238 |
- Через 1 час2 878
- Через 24 часа7 238
- Всего сейчас7 238
ကျင်ဒွေးမြို့ဘက်သို့ ချီတက်နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းမှု စစ်သားအများအပြား ထိခိုက်သေဆုံးပြီး မင်းဘူးဘက်မှ စစ်အင်အားများ ထပ်မံဖြည့်နေ ရန်ကုန်၊ နိုဝင်ဘာ ၁၅ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်သို့ ချီတက်နေသည့် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းလျက်ရှိရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားနေပြီး မင်းဘူးမြို့ဘက်မှ စစ်အင်အားများ ထပ်မံဖြည့်တင်းပို့ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် မင်းဘူးမြို့မှ စစ်သားအင်အား ၂၀၀ ကျော် တင်ဆောင်လာသည့် စစ်ကား ၁၁ စီးသည် မင်းဘူး-စကု-ပွင့်ဖြူလမ်းပိုင်းမှတစ်ဆင့် စတင်ထွက်ခွာလာခဲ့ကြောင်း သိရသည်။ ယင်းစစ်ကြောင်းသည် စလင်းမြို့ကို ဖြတ်သန်းပြီး ကံပြား-မြောင်ဦး-ကျွန်းတောလမ်းအတိုင်း ဆက်လက်ချီတက်ကာ လောင်းရှည်မြို့ရှိ ကပစ ၂၅ သို့ စစ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့်တင်းခဲ့ကြောင်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။ လောင်းရှည်မြို့ရှိ ကပစ ၂၅ သို့ အင်အားဖြည့်တင်းပြီးနောက် ယင်းစစ်သားများကို ကျင်ဒွေးမြို့စစ်မျက်နှာသို့ ဆက်လက်ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ကျင်ဒွေးစစ်မျက်နှာတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားနေသည့်အတွက် စစ်ဆင်ရေးစတင်ခဲ့သည့် ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၄ ကြိမ် စစ်အင်အား ထပ်မံဖြည့်တင်းထားပြီးဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် အချို့သော ခြေကုပ်နေရာများမှ ယာယီဆုတ်ခွာပေးပြီး စစ်ကောင်စီတပ်သားများကို နေရာအနှံ့ ဖြန့်ခွဲစေကာ တိုက်ခိုက်ချေမှုန်းသည့် နည်းဗျူဟာကို အသုံးပြုနေကြောင်း၊ ထိုသို့ တပ်ဖွဲ့များ ဖြန့်ခွဲသွားလာရသည့်အတွက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုခက်ခဲလာကြောင်း ၎င်းက ဆိုသည်။ “ကျင်ဒွေးစစ်မျက်နှာမှာက နေ့တိုင်းတိုက်ပွဲဖြစ်နေတာ။ စခတွေ ထိခိုက်သေဆုံးများပြားနေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက တချို့ခြေကုပ်နေရာတွေကို ဆုတ်ပေးပြီး စခတွေအင်အားကို ဖြန့်ခွဲပစ်ပြီး ချေမှုန်းနေတာ။ အဲဒီလိုဖြန့်ခွဲပစ်လိုက်တော့ လေကြောင်းကလည်း တိုက်ရခက်သွားတယ်။ အဲဒီလိုချေမှုန်းခံနေရလို့ စခတွေ အထိနာနေလို့ အင်အားတွေ ထပ်ဖြည့်နေတာ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်သို့ ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်မှစတင်ကာ မြေပြင်စစ်ကြောင်းများဖြင့် အင်အားအလုံးအရင်း အသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ထို့အပြင် လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်စစ်ကြောင်းများကို စစ်ကူပေးနေကြောင်း သိရသည်။ ကျင်ဒွေးစစ်မျက်နှာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က စစ်အင်အား ထပ်မံဖြည့်တင်းနေသည့်အခြေအနေဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 2 ч | 2 906 |
| 16 ч | 7 564 |
- Через 1 час2 906
- Через 24 часа7 564
- Всего сейчас7 564
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 4 414 |
| 17 ч | 7 804 |
- Через 24 часа7 804
- Всего сейчас7 804
မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်မှု တိုးမြှင့်ရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ပြောဆို ရန်ကုန်၊ နိုဝင်ဘာ ၁၅ မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင် အထည်ဖော်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး လက်တွေ့ကျသည့် ဆွေးနွေးမှုများမှတ စ်ဆင့် အဖြေရှာရန် လိုအပ်ကြောင်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားသည်။ ယနေ့ စတင်နေသည့် အာဆီယံထိပ်သီးအစည်းအဝေး အဖွင့်တွင် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် သမ္မတက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်သမ္မတက အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် မြန်မာ့အရေးနှင့် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကိစ္စကို ဆွေးနွေးရာ၌ ပြီးခဲ့သည့် မေလက ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည့် အတွက် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရန် အရေးကြီးကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက ထပ်မံအတည်ပြုခဲ့ကြသည်ဟု ပြောဆိုသည်။ ထို့ပြင် ဘုံသဘောတူညီချက် ၅ ချက်ပါ အခြေခံမူများကို ဆက်လက်စွဲကိုင်ထားပြီး မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်ကာ အခြေခံမူများနှင့်အညီ ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့ကြကြောင်း ၎င်းက ပြောသည်။ အာဆီယံဘုံသဘောတူညီချက် ၅ ချက် ချမှတ်ခဲ့သည်မှာ ၅ နှစ်ကြာမြင့်လာပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် အာဆီယံအနေဖြင့် မည်သည့်အရာများ ထပ်မံလုပ်ဆောင်ပေးနိုင်မည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတက ပြောကြားသည်။ “ငါးနှစ်ကြာလာတဲ့အခါ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ ဘာတွေ ထပ်မံလုပ်ဆောင်ပေးနိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်သည့် အရေးကိစ္စဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသည့် မိသားစုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် လူမှုအသိုင်းအဝိုင်းများနှင့် ပဋိပက္ခ၊ မတည်ငြိမ်မှုများကြောင့် အနာဂတ်အခွင့်အလမ်းများ အနှောင့်အယှက်ဖြစ်ခဲ့ရသည့် လူငယ်များ၏ အရေးကိစ္စဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြသည်။ “မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အစည်းအဝေးအစီအစဉ်ထဲက ကိစ္စရပ်တစ်ခုသက်သက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ အာဆီယံမိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” ဟု ဖိလစ်ပိုင်သမ္မတက ပြောဆိုသည်။ ထို့ကြောင့် ယခုအစည်းအဝေးတွင် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုကို ပိုမိုတိုးတက်အောင် မည်သို့ဆောင်ရွက်နိုင်မည်၊ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေများနှင့် ပိုမိုကိုက်ညီစွာ တုံ့ပြန်နိုင်ရန် မည်သို့ပြင်ဆင်နိုင်မည်ဆိုသည့် အချက်များကို လက်တွေ့ကျပြီး အနာဂတ်ကို မျှော်မှန်းသည့် ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ “ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုကို ဘယ်လို ပိုမိုတိုးမြှင့်နိုင်မလဲ၊ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို မြေပြင်အခြေအနေမှန်တွေနဲ့ ပိုမိုကိုက်ညီအောင် ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့၊ မြန်မာနိုင်ငံက ကိုယ်တိုင်ပိုင်ဆိုင်ပြီး ကိုယ်တိုင်ဦးဆောင်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာတွေကို လက်တွေ့ကျကျ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ယနေ့ ကျင်းပလျက်ရှိသော အာဆီယံထိပ်သီးအစည်းအဝေးသို့ အကြမ်းဖက် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်မှာ ၆ နှစ်နီးပါးရှိလာပြီဖြစ်သည်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 4 407 |
| 17 ч | 7 930 |
- Через 24 часа7 930
- Всего сейчас7 930
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် ချဉ်းကပ်မှုကို လျှော့ပေါ့သွားမှာမဟုတ်ဘဲ ဆက်လက်ထိန်းသိမ်းထားမယ်လို့ မြန်မာ့အရေး ဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက နိုဝင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့အတွက် စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်မပြုဖို့ အာဆီယံကို Fortify Rights လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၁၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်မှုတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းဖြေရှင်းရေး ယန္တရားတစ်ခုကို ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးအတွင်း ပထမဆုံးအကြိမ် သုံးနိုင်ငံခေါင်းဆောင်တွေ့ဆုံပွဲ ပြုလုပ်ကြမယ့် သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://youtu.be/mMoCMSHTDyQ?si=10-_d7PSpJf48bou
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 4 ч | 4 465 |
| 18 ч | 7 520 |
- Через 24 часа7 520
- Всего сейчас7 520
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 4 ч | 5 044 |
| 19 ч | 7 795 |
- Через 6 часов5 044
- Через 24 часа7 795
- Всего сейчас7 795
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 4 ч | 5 163 |
| 19 ч | 8 100 |
- Через 6 часов5 163
- Через 24 часа8 100
- Всего сейчас8 100
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 4 ч | 5 044 |
| 19 ч | 7 924 |
- Через 6 часов5 044
- Через 24 часа7 924
- Всего сейчас7 924