Кабинет
ပခုက္ကူခရိုင် မြေပြင်‌၊ဝေဟင်နှင့် ရေပြင်သတင်းများ

ပခုက္ကူခရိုင် မြေပြင်‌၊ဝေဟင်နှင့် ရေပြင်သတင်းများ

📰 ပခုက္ကူခရိုင်အတွင်း ဖြစ်ပေါ်နေသော နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါသည်။ ⚡ ဒေသတွင်းသတင်း | ထူးခြားဖြစ်စဉ်များ | အရေးပေါ်သတင်း

Юзернейм
@https7starmyaing
Категория
Новости и СМИ
Страна
МьянмаМьянма
Подписчики2 403
Просмотров на пост, 7 дн.552за 7 дней
ERR22,97 %за 7 дней

Средние просмотры поста по дням

По дню публикации

Показать таблицей
ДатаПросмотров на пост
21 нояб. 2026 г.649
22 нояб. 2026 г.615
23 нояб. 2026 г.571
24 нояб. 2026 г.576
25 нояб. 2026 г.358
26 нояб. 2026 г.214

Самые просматриваемые за месяц

  1. 01

    စစ်အုပ်စုစစ်ကြောင်း ဆောမြို့အရှေ့ဖက်တံတားကိုဖြတ်ကာ ကားလမ်းမကြီးအတိုင်း တောင်အရပ်ကိုလာနေ နိုဝင်ဘာ ၂၂၊၂၀၂၆၊ ဆော ဆောမြို့ ဦးဖိုးလှိုင်ခန်းမကနေ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က စစ်အုပ်စုတပ်ဖွဲ့ဝင်အင်အား ၁၆၀ နှင့် ကားကြီး ၂ စီးပါစစ်ကြောင်းသည် မြို့အရှေ့ဖက်တံတားကိုဖြတ်ကာ ကားလမ်းမကြီးအတိုင်း တောင်ဖက်အရပ်ကိုလာနေကြောင်းသိရသည်။ ယခုနေ့လည် ၁၂ နာရီခန့်တွင် ရင်းခေါ်ရွာကိုဖြတ်သန်းပြီး မင်းလယ်ရွာဖက်သို့ ဦးတည်လာနေကြောင်းသိရသည်။ ထိုစစ်ကြောင်းသည် ဘယ်ကိုဦးတည်နေသည်မသိရဘေးဘဲ သီးကုန်းရွာအထိ ရောက်လာနိုင်ကြောင်း သိရသည်။ ထိုနောက် ကျောက်ထုဒေသ ကံချောင်းရွာကနေ စစ်အုပ်စုတပ်ဖွဲ့အင်အားအချို့ ကားလမ်းမကြီးအတိုင်း လယ်ကြီးအိုင်ရွာဖက်ကို ပြန်ဆုတ်နေကြောင်းသိရပြီး ကျောက်ထုမြို့အထိပြန်ဆုတ်နိုင်ကြောင်း သိရသည်။ ဆောနယ်အတွင်း စစ်အုပ်စုဖက်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေခြင်းကြောင့် ဒေသတွင်းပြည်သူများ ကြိုတင်သတိထားနေထိုင်သွားလာနိုင်ကြရန် လိုအပ်ကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 22   , 1:14PM #Threestarsmyaing #7Starsmyaing 📬သတင်းပေးပို့ရန် @myaing3starbot

    Текст
    Просмотры692
    Пересылки—
    Реакции2
    Комментарии—
  2. 02
    Просмотры661
    Пересылки—
    Реакции4
    Комментарии—
  3. 03

    ဆောမြို့ကိုဦးတည်ကာ ကံကြီးရွာကထွက်လာတဲ့စစ်အုပ်စုစစ်ကြောင်း ကြိမ်ချောင်းလမ်းဆုံမှာ ညအိပ်စခန်းချ နိုဝင်ဘာ ၂၁၊၂၀၂၆၊ ဆော ဆောမြို့ကိုဦးတည်ကာ ကျောက်ထုဒေသ ကံကြီးရွာကနေထွက်လာသည့် အင်အား ၃၀၀ ပါစစ်ကြောင်းသည် ယနေ့ညနေ ၅ နာရီခန့်က ကြိမ်ချောင်းလမ်းဆုံကိုရောက်ရှိလာခဲ့ကြကြောင်းသိရသည်။ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကြိမ်ချောင်းလမ်းဆုံတွင် ချက်ပြုတ်စားသောက်နေကြပြီး ညအိပ်စခန်းချနိုင်ကြောင်းသိရသည်။ "ညနေ ၅ နာရီလောက်က လမ်းဆုံမှာရောက်လာကြပြီး ထမင်းတွေချက်နေကြတယ်၊အဲမှာပဲ ညအိပ်မယ်ထင်ပါတယ်၊မနက်မှ ဆောဖက်ကိုဆက်ထွက်လောက်တယ်၊ စစ်ကြောင်းက အရာရှိကတော့ အရပ်သားဆိုင်ကယ်တစ်စီးနဲ့ အကြည်ကတင်းရွာကို လိုက်သွားတယ်၊ စစ်သားတချို့ကလဲ ဆိုင်ကယ်တွေနဲ့ လိုက်သွားကြတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။ စစ်အုပ်စုစစ်ကြောင်းသည် ရှေ့ပွိုင့်အဖြစ် အကြည်ကတင်းရွာအထိရောက်ရှိထားပြီး ခူးချောင်းရွာမှာလည်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကျန်နေခဲ့ကြောင်းသိရသည်။ ကြိမ်ချောင်းရွာနှင့် ဆောမြို့ ၆ မိုင်ခန့်သာကွာဝေးတော့ကြောင်း၊ လက်ရှိစစ်အုပ်စုသည် ကြိမ်ချောင်းလမ်းဆုံမှ မြောက်ဖက် ဇိမ်စားသောက်ဆိုင်ဟောင်းအထိ တပ်ဖြန့်ချထားကြောင်းသိရသည်။ လမ်းဆုံကနေ စစ်ကြောင်းပါအရာရှိက အရပ်သားဆိုင်ကယ်တစ်စီးကိုခေါ်ယူကာ အ​ကြည်ကတင်းရွာအထိ လိုက်ပို့ခိုင်းပြီး စစ်ကြောင်းပါတပ်ဖွဲ့ဝင်အချို့ကလည်း ကံချောင်းရွာမှ ယူလာသည့်အရပ်သားဆိုင်ကယ်များဖြင့် နောက်မှလိုက်ပါသွားကြောင်း သိရသည်။ စစ်ကြောင်းတွင် လက်နက် (သေနတ်)အပို အလက် ၁၀၀ နှင့် ဒရုန်းအကြီး (၆ လက်ဒရုန်း) ၂ စီးပါရှိပြီး နောက်နေ့မနက်ဖြန်တွင် ဆောမြို့သို့ဝင်ရောက်နိုင်ကြောင်းသိရသည်။ ဆောမြို့ကို လောင်းရှည်မြို့ကနေ ယခုနိုဝင်ဘာ ၁၆ ရက်နေ့ကလည်း စစ်အင်အား ၂၀၀ ပို့ဆောင်ခဲ့ပြီး ယခုတဖန် ကျောက်ထုမြို့ကနေ လက်နက် ၁၀၀ ၊အင်အား ၃၀၀ ထပ်မံရောက်ရှိလာလျှင် စုစုပေါင်း ထပ်တိုးအင်အား ၅၀၀ ရှိနေပြီး မူလအင်အားသည် ၁၅၀ ခန့်ရှိကြောင်းလည်း သိရသည်။ စစ်အုပ်စုက ဆောမြို့ကို ယခုကဲ့သို့ အင်အားများ၊လက်နက်များဖြည့်တင်းနေခြင်းသည် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ​ပြန်လည်ထိုးစစ်ဆင်ရန်ဖြစ်နိုင်ကြောင်း၊ထို့အပြင် ဆောနယ်တောင်ပိုင်းနေရာများကိုပါ စိုးမိုးနယ်ချဲ့ထွင်ရန် စစ်ရေးလှုပ်ရှားမှုပြုလုပ်ရန်အတွက်ဖြစ်နိုင်ကြောင်း စစ်သတင်းရင်မြစ်က ပြောသည်။ ထိုနောက် ကျောက်ထုဒေသ ကံချောင်းရွာရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းက တပ်သားအလဲအပြောင်းပြုလုပ်ခဲ့ပြီး ယောမြို့ရွာကိုဖြတ်ကာ ကျောက်ထုတပ်တွင်းကို နေ့လည်ပိုင်းမှာ ဝင်ရောက်လာကြကြောင်း သိရသည်။ လက်ရှိစစ်အုပ်စုက ဆောမြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာနေတာကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိနေကြရန် လိုအပ်ကြောင်း သတင်းရင်းမြစ်က သတိပေးပြောဆိုသည်။ @မင်းဒဿ #MRSN Nov 21  ,  8:08PM #Threestarsmyaing #7Starsmyaing 📬သတင်းပေးပို့ရန် @myaing3starbot

    Текст
    Просмотры649
    Пересылки—
    Реакции6
    Комментарии—
  4. 04
    Просмотры643
    Пересылки—
    Реакции3
    Комментарии—

Новые посты

#7789Текст

မကွေးကထွက်လာသည့်စစ်အုပ်စုယာဥ်တန်း ယမန်နေ့ညက လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ ကိုဝင်ရောက် ယနေ့လောင်းရှည်ကိုပြန်လာမည် နိုဝင်ဘာ ၂၆၊၂၀၂၆၊ လောင်းရှည် ယမန်နေ့နိုဂင်ဘာ ၂၅ ရက်နေ့၊ မကွေးမြို့မှထွက်လာသည့် ၁၆ စီးပါစစ်အုပ်စုယာဥ်တန်းသည် ယမန်နေ့ည ၈ နာရီခန့်က လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ အတွင်းသို့ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ ထို ၁၆ စီးပါကားတန်းသည် မင်းဘူး-စကု-ပွင့်ဖြူ-စလင်း-စေတ္တုရာ ကားလမ်းမကြီးအတိုင်း ဖြတ်သန်းမောင်းနှင်လာတာဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ပါဝင်ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်းတွင် ကပစ ၂၅နှင့် လောင်းရှည်မြို့ကြားတွင် စစ်အုပ်စုဖက်မှ ကင်းပုန်းများချထားပြီး ကပစ ၂၅ မှအဆိုပါ ယာဥ်တန်း လောင်းရှည်မြို့ကိုပြန်ဝင်လာမည် ဖြစ်ကြောင်းသိရသည်။ ၎င်းစစ်အုပ်စုအင်အားများကို လောင်းရှည်မြို့မှတဆင့် စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစစ်မျက်နှာသို့ ထပ်မံအင်အားဖြည့်တင်းရန်ဖြစ်နိုင် ကြောင်း သိရသည်။ စစ်အုပ်စုသည် ကျင်ဒွေးမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် ယခင်စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယနေ့နိုဝင်ဘာ ၂၆ ရက်နေ့အထိ ၂ လကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ ၂ လတာထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုက အထိနာကာ ယခုအ​ကြိမ်အပါ ၅ ကြိမ်ထက်မနည်း အင်အားဖြည့်တင်းနေတာရဖြစ်ကြောင်းသိရသည်။ ထိုးစစ်စဆင်သည့် စက်တင်ဘာလတွင် ၁ ကြိမ်၊ အောက်တိုဘာလတွင် ၂ ကြိမ်နှင့် ယခုနိုဝင်ဘာလ အတွင်းမှာ ၂ ကြိမ် စုစုပေါင်း ၅ ကြိမ် အင်အားဖြည့်တင်းနေရတာဖြစ်ကြောင်းသိရသည်။ လက်ရှိ စစ်အုပ်စုထိုးစစ် စစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အောက်ဖက် ၁၃ မိုင်ကျော်အကွာ လှိုင်ဒုတ်ရွာသစ်နှင့် အနီးဝန်းကျင်နေရာများမှာ ရောက်ရှိနေကြောင်းသိရပြီး ရှေ့တိုးလာလိုက် တပ်လန်ကျလိုက်ဖြစ်နေကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 26  , 9:39AM #Threestarsmyaing #7Starsmyaing 📬သတင်းပေးပို့ရန် @myaing3starbot

Открыть в Telegram
Просмотры214−61%к среднему
Пересылки—
Реакции—
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
3 ч152
5 ч214
  1. Через 6 часов214
  2. Всего сейчас214
#7788Текст

မကွေးမှလာသည့် ၁၆ စီးပါစစ်အုပ်စုယာဥ်တန်း ကံပြားတွင်ညအိပ်ရပ်နားနိုင်ပြီး လောင်းရှည်ကပစ ၂၅ သို့ဦးတည်လာနိုင် နိုဝင်ဘာ ၂၅၊၂၀၂၆၊ လောင်းရှည် မကွေးမြို့မှထွက်လာသည့် ကားကြီး ၁၅ စီးနှင့် ကားငယ် ၁ စီး စုစုပေါင်း ၁၆ ပါစစ်အုပ်စုယာဥ်တန်းသည် ယနေ့ညနေ ၃ နာရီခန့်မှာ မင်းဘူးမြို့မှတဆင့် စကုမြို့နယ်ဖက်ကိုမောင်းနှင်သွားခဲ့ကြောင်း သိရသည်။ ထိုကားတန်းသည် စကုနယ်မှတဆင့် ပွင့်ဖြူမြို့နယ် ရှောက်တောရွာကို ညနေ ၃ နာရီ  ၄၅ မိနစ်တွင်ရောက်ရှိလာပြီး စလင်းမြို့နယ် ကံပြားရွာလမ်းဆုံဖက်သို့ ဆက်လက်မောင်းနှင်သွားကြောင်းသိရသည်။ စစ်အုပ်စု၏ ၁၆ စီးပါယာဥ်တန်းသည် ကံပြားလမ်းဆုံတွင် ညအိပ်ရပ်နားနိုင်ပြီး နောက်နေ့တွင် ယောဒေသ၊ဆောမြို့နယ်၊လောင်းရှည် ကပစ ၂၅ ကိုသွားရောက်နိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ "မကွေးကနေ မင်းဘူးဖက်ကိုရောက်လာတာ ၁၆ စီးပါ၊ အိမ်စီးကားငယ် ၁ စီးပါတယ်၊ ကျန်ကားကြီး ၁၅ စီးမှာ စစ်သားတွေအပြည့်ပါတယ်၊ လောင်းရှည်ကပစ ၂၅ ကိုသွားမယ်လို့ ယူဆရပါတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။ ကားများတွင် စစ်အင်အားအပြည့်တင်ဆောင်ထားပြီး အင်အား ၃၀၀ ခန့်ပါနိုင်ကြောင်းနှင့် ၎င်းယာဥ်တန်းသည် လောင်းရှည်ကပစ ၂၅ ကိုသွားရောက်နိုင်ကြောင်းသိရသည်။ @မင်းဒဿ #MRSN Nov 25  , 7:56PM #Threestarsmyaing #7Starsmyaing 📬သတင်းပေးပို့ရန် @myaing3starbot

Открыть в Telegram
Просмотры344−38%к среднему
Пересылки—
Реакции3
Комментарии—
#7787Текст
Просмотры371−33%к среднему
Пересылки—
Реакции5
Комментарии—
#7786Фото

တန်ဆောင်မုန်းလပြည့် အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးလမ်းကို ဖြတ်သန်းနေကြရတဲ့ PDF ရဲဘော်များ၊နောက်တန်းထောက်ပို့ ရဲဘော်များနှင့် မြေပြင်/ဝေဟင် ကင်းထောက်ရဲဘော်များ အားလုံးလည်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး တိုက်ပွဲတိုင်းအောင်နိုင်ကာ လွတ်လပ်သော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ စိတ်ဓါတ်ခိုင်မာစွာဖြင့် လျှောက်လှမ်းနိုင်ကြပါစေကြောင်း ကျွန်တော်တို့ “ပခုက္ကူခရိုင် မြေပြင်‌၊ဝေဟင်နှင့် ရေပြင်သတင်းများ" မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ @Taungthar1 https://t.me/https7starmyaing

Открыть в Telegram
Просмотры5530%к среднему
Пересылки—
Реакции8
Комментарии—
#7785Текст

စစ်အုပ်စု၏ဒရုန်းနှင့် မြေမြှပ်မိုင်းကြောင့် ကန်ပက်လက်နယ်ကပြည်သူ ၂ ဦးပြင်းထန်ဒဏ်ရာရရှိ နိုဝင်ဘာ ၂၄၊ ၂၀၂၆၊ ကန်ပက်လက် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့ညနေပိုင်းတွင် စစ်အုပ်စု၏ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုနှင့် မြေမြှပ်မိုင်း နင်းမိမှု့ကြောင့် အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသား ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဒဏ်ရာရရှိသူအမျိုးသား ၂ ဦးသည် ကန်ပက်လက်မြို့နယ်၊ကျောက်တောင်ရွာမှ အရပ်သားပြည်သူများဖြစ်ကြပြီး မိမိတို့၏ တောင်ယာလုပ်ငန်းခွင်သို့ သွားလာကြရာလမ်းခရီးတွင်ဖြစ်ပွားခဲ့ကြတာဖြစ်ကြောင်းသိရသည်။ အမျိုးသား ၁ ဦးက စစ်ရှောင်တဲမှ တောင်လုပ်ငန်းခွင်သို့ စပါးရိတ်သိမ်းရန် သွားရောက်စဥ် လမ်းခရီးတနေရာ၌ စစ်အုပ်စုဖက်မှထောင်ထားသည့် မြေမြှပ်မိုင်း ၁ လုံးကိုနင်းမိရာက ပေါက်ကွဲပြီး ညာဖက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခံတာဖြစ်ကြောင်းသိရသည်။ အလားတူ နောက်အမျိုးသား ၁ ဦးကလည်း မိမိ၏တောင်ယာအတွင်း စပါးရိတ်သိမ်းရန်သွားရောက်နေစဥ် လမ်းတနေရာမှာ စစ်အုပ်စုဖက်မှ ဒရုန်း ၁ စီးဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်းခံရပြီး ညာဖက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ ထိုအမျိုးးသား လူနာ ၂ ဦးကို ဒေသခံများက ဆေးခန်းတစ်ခုကို အချိန်မီပို့ဆောင်ခဲ့တာကြောင့် ဆေးကုသမှုခံယူလျက်ရှိပြီး ၂ ဦးလုံး၏ ညာဖက်​​ခြေထောက်များ၊ ဖြတ်တောက်ရဖွယ်ရှိကြောင်း သိရသည်။ စစ်အုပ်စုက မင်းတပ်မြို့ကို ထိုးစစ်ဆင်နိုင်ရေးအတွက် ကျောက်ထု-မင်းတပ် လမ်းပိုင်းရှိ ကန်ပက်လက်မြို့နယ် ကျောက်တောင်ရွာနှင့် အနီးဝန်းကျင်နေရာများတွင် ယာယီစခန်းချနေထိုင်လျက်ရှိနေကြပြီး ကျောက်တောင်ရွာပြည်သူများအားလုံး အိုးအိမ်စွန့်ခွာ ဘေးလွတ်ကာကို ထွက်ပြေးထိမ်းရှောင်နေကြရတာလည်းဖြစ်သည်။ "မနေ့ညနေက စစ်ရှောင်နေရာတဲတွေကနေ သူ့တောင်ယာကိုယ့်တောင်ယာ စပါးရိတ်ဖို့သွားကြတာပါ၊ လမ်းခရီးမှာ ခုလိုဖြစ်ကြတာ၊ တယောက်က နင်းမိုင်း၊တယောက်က ဒရုန်းနဲ့ဗုံးကြဲခံရတာပါ၊ လက်ရှိ ရွာထဲတွေမှာရော၊ ရွာအနီးဝန်းကျင်နေရာမှာတွေပါ စစ်သားတွေရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကျောက်တောင်ရွာနှင့် အနီးဝန်းကျင်နေရာများကို မြေမြှပ်မိုင်းများ၊တိုက်မိုင်းများ ထောင်ထားပြီး ဒရုန်းများဖြင့်ပါ ကင်းထောက်ပျံသန်း ဗုံးသီးချ တိုက်ခိုက်လေ့ရှိတာကြောင့် ပြည်သူများ သတိထားရန်လိုအပ်ကြောင်း ဒေသခံ တစ်ဦးက သတိပေးပြောဆိုသည်။ ပုံ-စစ်အုပ်စုဖက်မှ အသုံးပြုလေ့ရှိသည့် မြေမြှပ်မိုင်း #မြေမြှပ်မိုင်း #ဒရုန်း #ပြင်းထန်ဒဏ်ရာ #ဖြတ်တောက် @မင်းဒဿ #MRSN Nov 23  , 7:09PM #Threestarsmyaing #7Starsmyaing 📬သတင်းပေးပို့ရန် @myaing3starbot

Открыть в Telegram
Просмотры584+6%к среднему
Пересылки—
Реакции2
Комментарии—
#7784Текст
Просмотры590+7%к среднему
Пересылки—
Реакции2
Комментарии—
#7783Текст
Просмотры643+16%к среднему
Пересылки—
Реакции3
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
66 ч639
68 ч643
  1. Всего сейчас643
#7782Текст
Просмотры629+14%к среднему
Пересылки—
Реакции2
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
66 ч626
68 ч629
  1. Всего сейчас629
#7781Текст
Просмотры500−9%к среднему
Пересылки—
Реакции2
Комментарии—
#7780Текст

ရေမျက်နီရဲစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ခရီးသည်ကားများကိုအသုံးပြုကာ အလဲအပြောင်းပြုလုပ် တပ်ချိန်းပေးရန် ရေမျက်နီရဲစခန်းမှ ရဲတပ်သားတစ်ဦးက တစ်တော့ခ်လူမှုကွန်ယက်က တောင်းဆိုခဲ့ နိုဝင်ဘာ ၂၃၊၂၀၂၆၊ ဂန့်ဂေါ မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ်မြောက်ပိုင်း ရေမျက်နီကျေးရွာရဲစခန်းမှ ရဲတပ်သားများနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဂန့်ဂေါခလရ ၅၀တပ်က ခရီးသည်ယာဥ်များကိုအသုံးပြုကာ အလဲအပြောင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် တပ်ဖွဲ့ဝင် ၂၀ ဦးကို ၂ သုတ်ခွဲကာ အသွားအပြန် ဂန့်ဂေါမြို့ကနေ မန္တလေးမြို့ကိုပြေးဆွဲနေသည့် (---)ခရီးသည်တင်မှန်လုံအိစ်ပတ်စ်(Express Bus) ကားများတွင် အခြားခရီးသည်များဖြင့် ရောနှောတင်ဆောင်စေပြီး ရေမျက်နီရဲစခန်းမှာအပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။ (လိုင်းကားအမည်ကို လုံခြုံရေးအရ ချန်လပ်ထားသည်) "ကားသမားကတော့ စစ်သားမှန်းသိရင်လဲ တင်ရမှာပဲဗျ၊ စစ်အုပ်စုနဲ့ကင်းလို့မှမရတာ၊ လမ်းမှာရှိတဲ့ တော်လှန်ရေးဂိတ်တွေက ပေါ့ဆကြတာလို့ပဲ ပြောလို့ရပါတယ်၊ ကျန်တာသိပ်မဝေဖန်ရဲဘူး "ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။ ဂန့်ဂေါမြို့နှင့် ထီးလင်းနယ်ရေမျက်နီရွာကြား ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် ၂ ခုထက်မနည်းရှိနေပြီး ယခုကဲသို့ စစ်အုပ်စုက လွယ်လင့်တကူ အသုံးပြုနေနိုင်ခြင်းသည် တာဝန်ရှိသူများ၏ ပေါ့ဆခြင်း သို့မဟုတ် တစုံတရာအကြောင်းများ ရှိနေနိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြကြောင်း သတင်းရင်းမြစ်က ပြောသည်။ ထိုနောက် တပ်ချိန်းပေးရန်ကို ရေမျက်နီရဲစခန်းမှ ရဲတပ်သားတစ်ဦးက ၎င်း၏ TikTok တစ်တော့ခ်လူမှုကွန်ယက်မှတဆင့် တာဝန်ရှိသူများထံသို့ ယခုနိုဝင်ဘာလ လဆန်းပိုင်းကတဆင့် တောင်းဆိုမျှဝေထားခဲ့တာရှိကြောင်း လေ့လာတွေ့ရှိရသည်။ @မင်းဒဿ #MRSN Nov 23  , 4:21PM #Threestarsmyaing #7Starsmyaing 📬သတင်းပေးပို့ရန် @myaing3starbot

Открыть в Telegram
Просмотры633+15%к среднему
Пересылки—
Реакции1
Комментарии—

Все посты

Связи