မကွေးကထွက်လာသည့်စစ်အုပ်စုယာဥ်တန်း ယမန်နေ့ညက လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ ကိုဝင်ရောက် ယနေ့လောင်းရှည်ကိုပြန်လာမည် နိုဝင်ဘာ ၂၆၊၂၀၂၆၊ လောင်းရှည် ယမန်နေ့နိုဂင်ဘာ ၂၅ ရက်နေ့၊ မကွေးမြို့မှထွက်လာသည့် ၁၆ စီးပါစစ်အုပ်စုယာဥ်တန်းသည် ယမန်နေ့ည ၈ နာရီခန့်က လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ အတွင်းသို့ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ ထို ၁၆ စီးပါကားတန်းသည် မင်းဘူး-စကု-ပွင့်ဖြူ-စလင်း-စေတ္တုရာ ကားလမ်းမကြီးအတိုင်း ဖြတ်သန်းမောင်းနှင်လာတာဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ပါဝင်ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်းတွင် ကပစ ၂၅နှင့် လောင်းရှည်မြို့ကြားတွင် စစ်အုပ်စုဖက်မှ ကင်းပုန်းများချထားပြီး ကပစ ၂၅ မှအဆိုပါ ယာဥ်တန်း လောင်းရှည်မြို့ကိုပြန်ဝင်လာမည် ဖြစ်ကြောင်းသိရသည်။ ၎င်းစစ်အုပ်စုအင်အားများကို လောင်းရှည်မြို့မှတဆင့် စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစစ်မျက်နှာသို့ ထပ်မံအင်အားဖြည့်တင်းရန်ဖြစ်နိုင် ကြောင်း သိရသည်။ စစ်အုပ်စုသည် ကျင်ဒွေးမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် ယခင်စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယနေ့နိုဝင်ဘာ ၂၆ ရက်နေ့အထိ ၂ လကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ ၂ လတာထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုက အထိနာကာ ယခုအကြိမ်အပါ ၅ ကြိမ်ထက်မနည်း အင်အားဖြည့်တင်းနေတာရဖြစ်ကြောင်းသိရသည်။ ထိုးစစ်စဆင်သည့် စက်တင်ဘာလတွင် ၁ ကြိမ်၊ အောက်တိုဘာလတွင် ၂ ကြိမ်နှင့် ယခုနိုဝင်ဘာလ အတွင်းမှာ ၂ ကြိမ် စုစုပေါင်း ၅ ကြိမ် အင်အားဖြည့်တင်းနေရတာဖြစ်ကြောင်းသိရသည်။ လက်ရှိ စစ်အုပ်စုထိုးစစ် စစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အောက်ဖက် ၁၃ မိုင်ကျော်အကွာ လှိုင်ဒုတ်ရွာသစ်နှင့် အနီးဝန်းကျင်နေရာများမှာ ရောက်ရှိနေကြောင်းသိရပြီး ရှေ့တိုးလာလိုက် တပ်လန်ကျလိုက်ဖြစ်နေကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 26 , 9:39AM #Threestarsmyaing #7Starsmyaing 📬သတင်းပေးပို့ရန် @myaing3starbot
Open in TelegramViews growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 3 h | 152 |
| 5 h | 214 |
- After 6 hours214
- Total to date214






