လောင်းရှည်ကနေ ထိခိုက်ဒဏ်ရာရတပ်ဖွဲ့ဝင်များကိုတင်ဆောင်လာသည့် စစ်အုပ်စုယာဥ်တန်း စလင်းလမ်းအတိုင်း မကွေးဖက်ပြန်ဆုတ်လာ နိုဝင်ဘာ ၂၆၊၂၀၂၆၊ လောင်းရှည် လောင်းရှည်မြို့ကနေ ထိခိုက်ဒဏ်ရာရတပ်ဖွဲ့ဝင်များကို တက်ဆောင်လာသည့် စစ်အုပ်စုယာဥ်တန်းသည် ယနေ့ညနေပိုင်း ၄ နာရီတွင် စေတုတ္တရာမြို့နယ် မြောင်းဦးရွာကိုဖြတ်ကာ စလင်းလမ်းပိုင်းအတိုင်း မကွေးမြို့ဖက်ကိုပြန်ဆုတ်လာနေကြောင်းသိရသည်။ ထိုကားတန်းသည် ယမန်နေ့က မကွေးမြို့ကနေ ယောဒေသ၊ဆောမြို့နယ် လောင်းရှည်မြို့ကို စစ်အင်အား ၃၀၀ ခန့်လာပို့သည့် အိမ်စီးကားငယ် ၁ စီးပါ၊၁၆ စီးပါယာဥ်တန်းဖြစ်ကြောင်းသိရသည်။ လောင်းရှည်မြို့ကို စလင်း-စေတုတ္တရာကားလမ်းအတိုင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး ကျင်ဒွေးစစ်မျက်နှာမှ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရ တပ်ဖွဲ့ဝင်စစ်သားများကို တင်ဆောင်ကာ ညတွင်းချင်း လောင်းရှည်ကပစ ၂၅ ကိုဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရသည်။ ယနေ့နေ့လည်ပိုင်းတွင် လောင်းရှည်ကပစ ၂၅ မှ စေတုတ္တရာ-စလင်း လမ်းပိုင်းအတိုင်း မကွေးမြို့ကို ပြန်ဆုတ်လာတာဖြစ်ကြောင်းသိရပြီး ယာဥ်တန်းတွင် ၁၉ စီး (အတည်ပြုဆဲ) ပါဝင်ကာ မြောင်းဦးကျေးရွာမှ ကျွန်းတော-ကံပြားလမ်းအတိုင်း ပြန်ဆုတ်လာနေကြောင်း သိရသည်။ @မင်းဒဿ
Open in Telegram
ယောအလင်းတန်း
ယောနယ်အတွက် ယောအလင်းတန်းရှိတယ်
Average views per post by day
By publication day
Show as table
| Date | Avg views per post |
|---|---|
| Nov 21, 2026 | 2,885 |
| Nov 22, 2026 | 2,753 |
| Nov 23, 2026 | 2,533 |
| Nov 24, 2026 | 2,230 |
| Nov 25, 2026 | 1,740 |
| Nov 26, 2026 | 682 |
Most viewed this month
- 01Views2.93KForwards—Reactions5Comments—
- 02Views2.84KForwards—Reactions23Comments—
- 03Views2.79KForwards—Reactions21Comments—
- 04Views2.78KForwards—Reactions12Comments—
Latest posts
မကွေးကထွက်လာသည့်စစ်အုပ်စုယာဥ်တန်း ယမန်နေ့ညက လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ ကိုဝင်ရောက် ယနေ့လောင်းရှည်ကိုပြန်လာမည် နိုဝင်ဘာ ၂၆၊၂၀၂၆၊ လောင်းရှည် ယမန်နေ့နိုဂင်ဘာ ၂၅ ရက်နေ့၊ မကွေးမြို့မှထွက်လာသည့် ၁၆ စီးပါစစ်အုပ်စုယာဥ်တန်းသည် ယမန်နေ့ည ၈ နာရီခန့်က လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ အတွင်းသို့ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ ထို ၁၆ စီးပါကားတန်းသည် မင်းဘူး-စကု-ပွင့်ဖြူ-စလင်း-စေတုတ္တရာ ကားလမ်းမကြီးအတိုင်း ဖြတ်သန်းမောင်းနှင်လာတာဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ပါဝင်ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်းတွင် ကပစ ၂၅နှင့် လောင်းရှည်မြို့ကြားတွင် စစ်အုပ်စုဖက်မှ ကင်းပုန်းများချထားပြီး ကပစ ၂၅ မှအဆိုပါ ယာဥ်တန်း လောင်းရှည်မြို့ကိုပြန်ဝင်လာမည် ဖြစ်ကြောင်းသိရသည်။ ၎င်းစစ်အုပ်စုအင်အားများကို လောင်းရှည်မြို့မှတဆင့် စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစစ်မျက်နှာသို့ ထပ်မံအင်အားဖြည့်တင်းရန်ဖြစ်နိုင် ကြောင်း သိရသည်။ စစ်အုပ်စုသည် ကျင်ဒွေးမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် ယခင်စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယနေ့နိုဝင်ဘာ ၂၆ ရက်နေ့အထိ ၂ လကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ ၂ လတာထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုက အထိနာကာ ယခုအကြိမ်အပါ ၅ ကြိမ်ထက်မနည်း အင်အားဖြည့်တင်းနေတာရဖြစ်ကြောင်းသိရသည်။ ထိုးစစ်စဆင်သည့် စက်တင်ဘာလတွင် ၁ ကြိမ်၊ အောက်တိုဘာလတွင် ၂ ကြိမ်နှင့် ယခုနိုဝင်ဘာလ အတွင်းမှာ ၂ ကြိမ် စုစုပေါင်း ၅ ကြိမ် အင်အားဖြည့်တင်းနေရတာဖြစ်ကြောင်းသိရသည်။ လက်ရှိ စစ်အုပ်စုထိုးစစ် စစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အောက်ဖက် ၁၃ မိုင်ကျော်အကွာ လှိုင်ဒုတ်ရွာသစ်နှင့် အနီးဝန်းကျင်နေရာများမှာ ရောက်ရှိနေကြောင်းသိရပြီး ရှေ့တိုးလာလိုက် တပ်လန်ကျလိုက်ဖြစ်နေကြောင်း သိရသည်။ @မင်းဒဿ
Open in Telegramမကွေးမှလာသည့် ၁၆ စီးပါစစ်အုပ်စုယာဥ်တန်း ကံပြားတွင်ညအိပ်ရပ်နားနိုင်ပြီး လောင်းရှည်ကပစ ၂၅ သို့ဦးတည်လာနိုင် နိုဝင်ဘာ ၂၅၊၂၀၂၆၊ လောင်းရှည် မကွေးမြို့မှထွက်လာသည့် ကားကြီး ၁၅ စီးနှင့် ကားငယ် ၁ စီး စုစုပေါင်း ၁၆ ပါစစ်အုပ်စုယာဥ်တန်းသည် ယနေ့ညနေ ၃ နာရီခန့်မှာ မင်းဘူးမြို့မှတဆင့် စကုမြို့နယ်ဖက်ကိုမောင်းနှင်သွားခဲ့ကြောင်း သိရသည်။ ထိုကားတန်းသည် စကုနယ်မှတဆင့် ပွင့်ဖြူမြို့နယ် ရှောက်တောရွာကို ညနေ ၃ နာရီ ၄၅ မိနစ်တွင်ရောက်ရှိလာပြီး စလင်းမြို့နယ် ကံပြားရွာလမ်းဆုံဖက်သို့ ဆက်လက်မောင်းနှင်သွားကြောင်းသိရသည်။ စစ်အုပ်စု၏ ၁၆ စီးပါယာဥ်တန်းသည် ကံပြားလမ်းဆုံတွင် ညအိပ်ရပ်နားနိုင်ပြီး နောက်နေ့တွင် ယောဒေသ၊ဆောမြို့နယ်၊လောင်းရှည် ကပစ ၂၅ ကိုသွားရောက်နိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ "မကွေးကနေ မင်းဘူးဖက်ကိုရောက်လာတာ ၁၆ စီးပါ၊ အိမ်စီးကားငယ် ၁ စီးပါတယ်၊ ကျန်ကားကြီး ၁၅ စီးမှာ စစ်သားတွေအပြည့်ပါတယ်၊ လောင်းရှည်ကပစ ၂၅ ကိုသွားမယ်လို့ ယူဆရပါတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။ ကားများတွင် စစ်အင်အားအပြည့်တင်ဆောင်ထားပြီး အင်အား ၃၀၀ ခန့်ပါနိုင်ကြောင်းနှင့် ၎င်းယာဥ်တန်းသည် လောင်းရှည်ကပစ ၂၅ ကိုသွားရောက်နိုင်ကြောင်းသိရသည်။ @မင်းဒဿ
Open in Telegram၁၃၈၈ ခုနှစ် တန်ဆောင်မုန်းလပြည့် သာမညဖလနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ညမှာ မကွေးတိုင်း၊ယောဒေသ ဆောမြို့ ရှင်မာလဲဘုရားပွဲ (ရိုးရာပွဲ) ကို ဤသို့စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ Vd-လူမှုကွန်ယက် @မင်းဒဿ
Open in Telegramစစ်အုပ်စု၏ဒရုန်းနှင့် မြေမြှပ်မိုင်းကြောင့် ကန်ပက်လက်နယ်ကပြည်သူ ၂ ဦးပြင်းထန်ဒဏ်ရာရရှိ နိုဝင်ဘာ ၂၄၊ ၂၀၂၆၊ ကန်ပက်လက် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့ညနေပိုင်းတွင် စစ်အုပ်စု၏ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုနှင့် မြေမြှပ်မိုင်း နင်းမိမှု့ကြောင့် အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသား ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဒဏ်ရာရရှိသူအမျိုးသား ၂ ဦးသည် ကန်ပက်လက်မြို့နယ်၊ကျောက်တောင်ရွာမှ အရပ်သားပြည်သူများဖြစ်ကြပြီး မိမိတို့၏ တောင်ယာလုပ်ငန်းခွင်သို့ သွားလာကြရာလမ်းခရီးတွင်ဖြစ်ပွားခဲ့ကြတာဖြစ်ကြောင်းသိရသည်။ အမျိုးသား ၁ ဦးက စစ်ရှောင်တဲမှ တောင်လုပ်ငန်းခွင်သို့ စပါးရိတ်သိမ်းရန် သွားရောက်စဥ် လမ်းခရီးတနေရာ၌ စစ်အုပ်စုဖက်မှထောင်ထားသည့် မြေမြှပ်မိုင်း ၁ လုံးကိုနင်းမိရာက ပေါက်ကွဲပြီး ဘယ်ဖက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခံတာဖြစ်ကြောင်းသိရသည်။ အလားတူ နောက်အမျိုးသား ၁ ဦးကလည်း မိမိ၏တောင်ယာအတွင်း စပါးရိတ်သိမ်းရန်သွားရောက်နေစဥ် လမ်းတနေရာမှာ စစ်အုပ်စုဖက်မှ ဒရုန်း ၁ စီးဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်းခံရပြီး ဘယ်ဖက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ ထိုအမျိုးးသား လူနာ ၂ ဦးကို ဒေသခံများက ဆေးခန်းတစ်ခုကို အချိန်မီပို့ဆောင်ခဲ့တာကြောင့် ဆေးကုသမှုခံယူလျက်ရှိပြီး ၂ ဦးလုံး၏ ဘယ်ဖက်ခြေထောက်များ၊ ဖြတ်တောက်ရဖွယ်ရှိကြောင်း သိရသည်။ စစ်အုပ်စုက မင်းတပ်မြို့ကို ထိုးစစ်ဆင်နိုင်ရေးအတွက် ကျောက်ထု-မင်းတပ် လမ်းပိုင်းရှိ ကန်ပက်လက်မြို့နယ် ကျောက်တောင်ရွာနှင့် အနီးဝန်းကျင်နေရာများတွင် ယာယီစခန်းချနေထိုင်လျက်ရှိနေကြပြီး ကျောက်တောင်ရွာပြည်သူများအားလုံး အိုးအိမ်စွန့်ခွာ ဘေးလွတ်ကာကို ထွက်ပြေးထိမ်းရှောင်နေကြရတာလည်းဖြစ်သည်။ "မနေ့ညနေက စစ်ရှောင်နေရာတဲတွေကနေ သူ့တောင်ယာကိုယ့်တောင်ယာ စပါးရိတ်ဖို့သွားကြတာပါ၊ လမ်းခရီးမှာ ခုလိုဖြစ်ကြတာ၊ တယောက်က နင်းမိုင်း၊တယောက်က ဒရုန်းနဲ့ဗုံးကြဲခံရတာပါ၊ လက်ရှိ ရွာထဲတွေမှာရော၊ ရွာအနီးဝန်းကျင်နေရာမှာတွေပါ စစ်သားတွေရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကျောက်တောင်ရွာနှင့် အနီးဝန်းကျင်နေရာများကို မြေမြှပ်မိုင်းများ၊တိုက်မိုင်းများ ထောင်ထားပြီး ဒရုန်းများဖြင့်ပါ ကင်းထောက်ပျံသန်း ဗုံးသီးချ တိုက်ခိုက်လေ့ရှိတာကြောင့် ပြည်သူများ သတိထားရန်လိုအပ်ကြောင်း ဒေသခံ တစ်ဦးက သတိပေးပြောဆိုသည်။ ပုံ-စစ်အုပ်စုဖက်မှ အသုံးပြုလေ့ရှိသည့် မြေမြှပ်မိုင်း #မြေမြှပ်မိုင်း #ဒရုန်း #ပြင်းထန်ဒဏ်ရာ #ဖြတ်တောက် @မင်းဒဿ
Open in Telegramရေမျက်နီရဲစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ခရီးသည်ကားများကိုအသုံးပြုကာ အလဲအပြောင်းပြုလုပ် တပ်ချိန်းပေးရန် ရေမျက်နီရဲစခန်းမှ ရဲတပ်သားတစ်ဦးက တစ်တော့ခ်လူမှုကွန်ယက်က တောင်းဆိုခဲ့ နိုဝင်ဘာ ၂၃၊၂၀၂၆၊ ဂန့်ဂေါ မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ်မြောက်ပိုင်း ရေမျက်နီကျေးရွာရဲစခန်းမှ ရဲတပ်သားများနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဂန့်ဂေါခလရ ၅၀တပ်က ခရီးသည်ယာဥ်များကိုအသုံးပြုကာ အလဲအပြောင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် တပ်ဖွဲ့ဝင် ၂၀ ဦးကို ၂ သုတ်ခွဲကာ အသွားအပြန် ဂန့်ဂေါမြို့ကနေ မန္တလေးမြို့ကိုပြေးဆွဲနေသည့် (---)ခရီးသည်တင်မှန်လုံအိစ်ပတ်စ်(Express Bus) ကားများတွင် အခြားခရီးသည်များဖြင့် ရောနှောတင်ဆောင်စေပြီး ရေမျက်နီရဲစခန်းမှာအပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။ (လိုင်းကားအမည်ကို လုံခြုံရေးအရ ချန်လပ်ထားသည်) "ကားသမားကတော့ စစ်သားမှန်းသိရင်လဲ တင်ရမှာပဲဗျ၊ စစ်အုပ်စုနဲ့ကင်းလို့မှမရတာ၊ လမ်းမှာရှိတဲ့ တော်လှန်ရေးဂိတ်တွေက ပေါ့ဆကြတာလို့ပဲ ပြောလို့ရပါတယ်၊ ကျန်တာသိပ်မဝေဖန်ရဲဘူး "ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။ ဂန့်ဂေါမြို့နှင့် ထီးလင်းနယ်ရေမျက်နီရွာကြား ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် ၂ ခုထက်မနည်းရှိနေပြီး ယခုကဲသို့ စစ်အုပ်စုက လွယ်လင့်တကူ အသုံးပြုနေနိုင်ခြင်းသည် တာဝန်ရှိသူများ၏ ပေါ့ဆခြင်း သို့မဟုတ် တစုံတရာအကြောင်းများ ရှိနေနိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြကြောင်း သတင်းရင်းမြစ်က ပြောသည်။ ထိုနောက် တပ်ချိန်းပေးရန်ကို ရေမျက်နီရဲစခန်းမှ ရဲတပ်သားတစ်ဦးက ၎င်း၏ TikTok တစ်တော့ခ်လူမှုကွန်ယက်မှတဆင့် တာဝန်ရှိသူများထံသို့ ယခုနိုဝင်ဘာလ လဆန်းပိုင်းကတဆင့် တောင်းဆိုမျှဝေထားခဲ့တာရှိကြောင်း လေ့လာတွေ့ရှိရသည်။ @မင်းဒဿ
Open in Telegramသီးကုန်းရွာက ဆောစစ်ကြောင်း လောင်းရှည်မြို့ကိုဝင်ရောက်၊ တပ်အင်အားအလဲအပြောင်းပြုလုပ်တာဖြစ် နိုဝင်ဘာ ၂၃၊၂၀၂၆၊ ဆော ယမန်နေ့ညက ဆောမြို့နယ် သီးကုန်းရွာမှာ ညအိပ်ရပ်နားနေသည့် ဆောစစ်ကြောင်းသည် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ လောင်းရှည်မြို့တွင်းကို ဝင်ရောက်လာကြကြောင်း သိရသည်။ ယမန်နေ့ကလည်း လောင်းရှည်မြို့ကနေ ယောချောင်း(ကာက)တံတားဖက်ကို စစ်အင်အား ၁၅၀ ခန့်ထွက်ထားကြောင်းသိရပြီး စစ်အုပ်စုတပ်အင်အား အလဲအပြောင်းပြုလုပ်တာဖြစ်ကြောင်း သိရသည်။ "ကြည့်ရတာ စစ်အုပ်စုဖက်က ဖွဲ့စည်းပုံပျက်နေတဲ့အနေအထားရှိတယ်၊ကျင်ဒွေးစစ်မျက်နှာမှာလဲ အထိနာနေသလို၊ထွက်ပြေးတာတွေ အလင်းဝင်လာတာတွေ ဆက်တိုက်ဖြစ်နေတယ်၊အခုလို စစ်အင်အားတွေ ဟိုကနေဒီပို့၊ဒီကနေ ဟိုပြောင်းဖြစ်နေတာကိုကြည့်ချင်းအားဖြင့် ပျက်နေတဲ့ဖွဲ့စည်းပုံကို ပြန်တည်ဆောက်နေတာလို့ယူဆပါတယ်" ဟု ယောဒေသစစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။ စစ်အုပ်စုက လက်ရှိတွင် ယောဒေသ ဆောမြို့နယ်ကိုခြေကုပ်ယူက ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နယ်နှင့် မင်းတပ်နယ်တွေမှာ စစ်မျက်နှာ ၄ ခုဖွင့်ကာ စစ်ရေးလှုပ်ရှား၊တိုက်ပွဲဖော်ဆောင်နေတာဖြစ်ကြောင်း သိရသည်။ စစ်မျက်နှာတစ်ခုဖြစ်သည့် ကန်ပက်လက်နယ် ကျင်ဒွေးဒေသ တိုက်ပွဲများမှာလည်း စစ်အုပ်စုဖက်မှ အထိနာနေပြီး ထိခိုက်ကျဆုံးမှု၊ထွက်ပြေး၊အလင်းဝင်မှုများဖြင့်ရင်ဆိုင်နေရကာ ဖွဲ့စည်းပုံပျက်လုနီးပါး ဖြစ်နေကြောင်း သတင်းရင်းမြစ်ကပြောသည်။ ထို့ကြောင့် စစ်အုပ်စုက ဆောနယ်တွင်း စစ်စခန်းရှိရာ ကျောက်ထုဒေသ၊ဆောဒေသ၊လောင်းရှည်ဒေသရှိ စစ်အင်အားများကို ယခုကဲ့သို့ အပြောင်းအလဲများပြုလုပ်ကာ တပ်ဖွဲ့စည်းပုံကိုပြန်လည်တည်ဆောက်နေတာဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။ ဆောနယ်ပိုင်းတွင် စစ်အုပ်စုက အင်အားပြန်လည်တည်ဆောက်မှုများပြုလုပ်နေပြီး လောင်းရှည်လမ်းပိုင်းကိုထိန်းချုပ်ထားတာကြောင့် ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ @မင်းဒဿ
Open in TelegramConnections
Similar channels
𝟏𝟗𝟗𝟖 𝐏𝐢𝐜𝐭𝐮𝐫𝐞𝐬 𝐚𝐧𝐝 𝐕𝐢𝐝𝐞𝐨𝐬 𝐟𝐨𝐫 𝐰𝐨𝐫𝐤@onlyworkforusNews and media8.44K
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥@nightingalechannelNews and media13.6K
𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳@witnessenemyairscoutNews and media14.5K
RSN WEB@rsnwebNews and media7.08K- AARA@waihinarakanNews and media6.13K
Nationwide Air Scout@nasairscoutteamNews and media20.5K
𝐏𝐃𝐂 𝐀𝐢𝐫 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧(𝒀𝒆𝒖)@airinformationyeuNews and media5.15K
Sagaing Scout Network@sggscoutnetworkNews and media25.3K