မြန်မာလေယာဉ် နယ်စပ်အနီး ပျံသန်းလာစဉ် ထိုင်းလေတပ် ကြားဖြတ် ဟန့်တား ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ နှစ်နိုင်ငံကြား လေတပ်ဦးစီးချုပ်ချင်း တွေ့ဆုံဆွေးနွေးပြီးနောက် လေပိုင်နက် ကျူးကျော်ဝင်ရောက်မှု ထပ်မံဖြစ်ပွားခြင်းမရှိတော့ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ယမန်နေ့က ပြောကြားပြီးနောက် ထိုင်း-မြန်မာနယ်စပ်အနီး မဲဆောက်မြို့၊ ဖုတ်ဖရဒေသတွင် ယနေ့ နံနက်က အမည်မသိလေယာဉ်တစင်း တွေ့ရှိခဲ့သည့်အတွက် ထိုင်းလေပိုင်နက် လုံခြုံရေးကာကွယ်ရန် F-16 တိုက်လေယာဉ် နှစ်စီး အရေးပေါ်စေလွှတ်ဟန့်တားခဲ့ရကြောင်း ထိုင်းဘုရင့်လေတပ်က ထုတ်ပြန်သည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများ ထိုင်းနိုင်ငံပိုင်နက်အတွင်း မကြာခဏ ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုဖြစ်စဉ်များရှိခဲ့ကာ ထိုင်းဘက်က သံတမန်နည်းလမ်းများဖြင့်လည်း သတိပေးထားသလို လေတပ်ဦးစီးချုပ်အချင်းချင်း တွေ့ဆုံညှိနှိုင်းမှုများ ရှိခဲ့သည်။ လာမည့်နှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် ထိုင်းဘုရင့်လေတပ် နှစ် ၉၀ ပြည့်အခမ်းအနားတွင် မြန်မာစစ်တပ် တိုက်လေယာဉ် Su-30 တစီး ပါဝင်ပြသမည်ဖြစ်ကြောင်း ထိုင်းလေတပ်ဦးစီးချုပ်က အတည်ပြုပြီးနောက် ပုံမှန်ဆက်သွယ်မှုနှင့် တဖက်နှင့်တဖက် ခြိမ်းခြောက်မှုများမဖြစ်ပေါ်ရန် ကတိကဝတ်ပြုထားကြောင်းလည်း ဆိုသည်။ ဓာတ်ပုံ-Royal Thai Air Force #WhatsHappeningInMyanmar #RejectMilitaryCoup
Open in Telegram
The Irrawaddy - Burmese
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com
Most viewed this month
- 01Views2.57KForwards6Reactions66Comments—
- 02Views2.28KForwards3Reactions49Comments—
- 03Views2.28KForwards5Reactions43Comments—
- 04Views2.28KForwards2Reactions34Comments—
Latest posts
မြန်မာဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကို ဆက်ထမ်းမထားနိုင်တော့ဘူးလို့ မလေးရှားပြော မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာအပါအဝင် မြန်မာဒုက္ခသည် စုစုပေါင်း ၂၀၀၀၀ နီးပါးကို လက်ခံထားပြီး ဒီဝန်ထုပ်ဝန်ပိုးကို ဆက်ပြီးတော့ ထမ်းပိုးထားနိုင်တော့မှာမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က မလေးရှားလွှတ်တော်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောလိုက်ကြောင်း နိုင်ငံတကာသတင်းဌာနတွေက ရေးသားကြပါတယ်။ လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့တွေမှာ မြန်မာရေတပ်သင်္ဘော သုံးစင်းနဲ့ လူ ၁၅၀၀ ကို ပြန်လည် ပို့ဆောင် သွားဖို့ရှိနေပြီး နောက်ထပ် ငါးထောင်ကျော်ကိုလည်း တလတအတွင်း လေကြောင်းကနေပြန်ပြီးတော့ ပို့ဆောင်သွားမှာဖြစ်သလို ဒီကုန်ကျစားရိတ်တွေအားလုံးကို မြန်မာနိုင်ငံဘက်က ကျခံသွားမှာလို့ ဆိုပါတယ်။ #မြန်မာ #ဧရာဝတီ #မြန်မာဒုက္ခသည် #မလေးရှား #မြန်မာရေတပ် #သင်္ဘော #လေကြောင်း #မလေးရှားဝန်ကြီးချုပ် #လွှတ်တော် #WhatsHappeningInMyanmar
Open in Telegramငွေကြေးကစား၍ ဒေါ်လာဈေးတက်ဟု အပြစ်တင်ပြီး ငွေလဲသမားတချို့အား ဖမ်း ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေလဲနှုန်းထားမြင့်တက်နေခြင်းမှာ နိုင်ငံခြား ငွေကြေးကစားမှုများကြောင့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုပြီးနောက် ရန်ကုန်မြို့ရှိ ငွေလဲလုပ်ကိုင်သူတချို့အား စတင် ဖမ်းဆီးနေသည်။ ယမန်နေ့က ပြုလုပ်သည့် အာဏာသိမ်းအစိုးရ အစည်းအဝေးတွင် ကုန်ထုတ်လုပ်ငန်းနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေကိုင်ထားသူများက ငွေကြေးဈေးကစားမှုများပြုလုပ်နေကြောင်းနှင့် ငွေကြေးတန်ဖိုးများအား ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းထားဖြစ်ရန် လိုကြောင်း ၎င်းက ပြောသည်။ ဒေါ်လာ ဈေးတက်ခြင်းနှင့်ပတ်သက်ပြီး ဗဟိုဘဏ်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေရောင်းဝယ်နေသည်ဟုဆိုကာ ဆူးလေဘုရား လူကူးခုံးကျော်တံတားအနီး နိုဝင်ဘာ ၂၁ ရက်က ရာဂျာ(ခ)အောင်ချိုထွန်း၊ ပန်းပဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် နိုဝင်ဘာ၂၂ ရက်က မိုဟာမက်ယူနုစ်(ခ) မောင်မောင်လွင်အားလည်းကောင်း နိုင်ငံခြားငွေများနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင် ဖော်ပြထားသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup
Open in Telegramတံတားဦးမြို့ပေါ် ဗုံးပေါက်၊ စခန်းမှူးအပါ ၇ ဦး ဒဏ်ရာရပြီး တဦး သေဆုံး ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ မန္တလေးတိုင်း၊ တံတားဦးမြို့ပေါ် အမှတ် ၃ ရပ်ကွက်၌ တန်ဆောင်မုန်း လပြည့်ည (နိုဝင်ဘာ ၂၄ ရက်) က မသင်္ကာဖွယ်ရာအထုပ်အား စစ်ဆေးစဉ် ဗုံးပေါက်ကွဲရာ မြို့မရဲစခန်းမှူး အပါ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ လုံခြုံရေးအဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက် ည ၉ နာရီခန့်တွင် အမှတ် ၃ ရပ်ကွက်လမ်းတနေရာ၌ ကျောပိုးအိတ်ကို စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ စစ်ဆေးစဉ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ လုံခြုံရေးအဖွဲ့ဝင် (ပလကဖ) အသက် ၅၇ နှစ် အရွယ် ဦးသိန်းဆွေ သေဆုံးခဲ့ကြောင်း သိရသည်။ “ပထမ ကွဲတာ အမှတ် ၃ ရပ်ကွက်ဘက်၊ ရွှေအိမ်စည် ဆိုတဲ့ KTV နားပေါ့။ KTV မှာ ကွဲတာ မဟုတ်ဘူး၊ လမ်းပေါ်မှာ ကွဲတာ။ အိတ်တလုံး ချထားတာကို ပံ့သကူ ရှာတဲ့သူတွေက တွေ့ပြီး သက်ဆိုင်ရာကို အသိပေးတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေရယ်၊ တပ်နဲ့ ရဲရယ် သွားတဲ့ အချိန်မှာ ကွဲတာ။ သေတဲ့သူက အပြာဝတ် သိန်းဆွေ မနေ့က သင်္ဂြိုဟ်လိုက်ပြီ။ ဒဏ်ရာရတဲ့ အထဲမှာ စခန်းမှူး ပါတယ်၊ ခရိုင်မှူးရဲ့ PA ဒုရဲအုပ် အောင်ကိုဝင်း၊ အမှတ် ၃ ဥက္ကဋ္ဌ ဦးစိုးသန်း၊ စာရေး သက်ဆွေငြိမ်းတို့ ပါတယ်” ဟု တံတားဦး မြို့ခံ တဦးက ပြောသည်။ အဆိုပါ ဗုံးပေါက်မှုအပြင် ယင်းနေ့ည ၁၀ နာရီကျော်၌ ပင်းယနှင့် တံတားဦးမြို့အစပ် အမြန်လမ်း မိုင်တိုင် ၃၅၆ အဝိုင်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်မှု မရှိဟု သိရသည်။ “ပေါက်ကွဲတာက တော်တော် ပြင်းတယ်၊ တုန်ခါသွားတာပဲ။ မိုင်းရှင်းသွားတဲ့ အချိန်မှာ ကွဲတာ၊ လူတွေ ကားတွေ စုတဲ့အချိန်မှာ အဝေးထိန်း ရီမုနဲ့ ခွဲတယ်လို့ ထင်တာပဲ။ တခု ကံကောင်းတာက လပြည့်နေ့ည ပံ့သကူ ရှာတဲ့သူတွေ ထိမသွားတာပဲ။ ကွဲတာက နှစ်လုံး၊ တလုံးက အမြန်လမ်းဘက် ဆိုတော့ လူမထိဘူး။ ပထမ တလုံး ကွဲတာက ၇ ယောက် ထိတယ်၊ တယောက် သေတယ်” ဟု အခြား တံတားဦး မြို့ခံတဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်ကို တံတားဦး မြို့နယ် ပကဖ၊ မန်းခရိုင် တပ်ရင်း ၅ တပ်ခွဲ ၃၊ တံတားဦး မြို့နယ် ဇုန် ၁၊ ဇုန် ၂ တပ်ဖွဲ့များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အရပ်သားများ ထိခိုက်မှု မရှိဘဲ စစ်တပ်နှင့် ပတ်သက် ဆက်နွှယ်နေသူများသာ သေဆုံး ထိခိုက်ခဲ့ခြင်း ဟု တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားသည်။ ထို့အတူ အာဏာသိမ်း စစ်တပ်ကလည်း တံတားဦးမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မြောက်ဘက် မီတာ ၃၀ ခန့် အကွာ ကားလမ်းမဘေး၌ မသင်္ကာဖွယ်ရာ ကျောပိုးအိတ် တလုံး တွေ့ရှိမှုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးပြီး ရှင်းလင်းရေးများ ဆောင်ရွက်စဉ် မိုင်းပေါက်ကွဲ၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် ၆ ဦး ဒဏ်ရာရရှိ၊ ဒေသခံ တဦး သေဆုံး ဟု သတင်း ထုတ်ပြန်ထားသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်အနီးတဝိုက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းများလုပ်ခဲ့သလို ယနေ့အထိ လုံခြုံရေးများတိုးမြှင့်၍ လမ်းသွားလမ်းလာများအား စစ်ဆေးနေသည့်အပြင် မြို့ပေါ် ရပ်ကွက်များသို့ လူစိမ်းများ ဝင်ရောက်လာလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှတဆင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ထံအသိပေးရန် ညွှန်ကြားထားသည် ဟု ဒေသခံများက ဆိုသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup
Open in TelegramViews growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 93 |
| 3 h | 1,650 |
- Total to date1,650
Views growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 93 |
| 3 h | 1,490 |
- Total to date1,490
အမေရိကန်ကုန်သွယ်ခွန်အသစ်မှာ ထိုင်းကို ၁၈ ရာခိုင်နှုန်းကောက်ခံဖို့ အဆိုပြု ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ အမေရိကန်အစိုးရက စက်မှုထုတ်လုပ်မှုစွမ်းအား ပိုလျှံနေခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ထိုင်းနိုင်ငံအပါအဝင် အဓိကကုန်သွယ်ဖက် ၁၄ နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ကုန်သွယ်ခွန်တိုးမြှင့်လိုက်ရာ ထိုင်းနိုင်ငံအတွက် လက်ရှိ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR)က အဆိုပြုထားကြောင်း သိရသည်။ ကုန်သွယ်ခွန်အသစ်စာရင်းအရ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အပေါ် ၂၀ ရာခိုင်နှုန်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပေါ် ၁၈ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံအပေါ် ၁၇ ရာခိုင်နှုန်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဥရောပသမဂ္ဂ (EU) နှင့် ဆွစ်ဇာလန်နိုင်ငံတို့အပေါ် ၁၅ ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် အဆိုပြုထားသည်။ အဆိုပြုထားသည့် အခွန်နှုန်းထားများသည် အမေရိကန်နှင့် ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်များပါ အခွန်နှုန်းထားများကို ကျော်လွန်မည်မဟုတ်ဘဲ သဘောတူညီချက်များ အပြီးသတ်ညှိနှိုင်းနေစဉ်အတွင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ ယင်းအခွန်နှုန်းထားများ အသက်ဝင်လာစေရန် အများပြည်သူထံ အသိပေးခြင်း၊ သဘောထားမှတ်ချက်တောင်းခံခြင်းနှင့် ကြားနာစစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အကောင်အထည်ဖော်နိုင်ကြောင်း ၎င်းက ဆိုသည်။ နောက်ဆုံးအတည်ပြုမည့် အခွန်နှုန်းထားသည် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပြိုင်ဘက်နိုင်ငံများ၏ နှုန်းထားများနှင့် တတန်းတည်းရှိမည်ဟု မျှော်လင့်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများဘက်က ပြောသည်။
Open in TelegramViews growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 1 h | 995 |
| 4 h | 2,030 |
- After 1 hour995
- Total to date2,030
Connections
Similar channels
စစ်ခွေးသင်္ချိုင်း@sittkhwaydeadNews and media63.9K
Ko Thet@kothetjournalist9000News and media89.6K
NP News-Myanmar@npnewsmyanmarNews and media93.2K
People's Spring@peoplespringNews and media58.4K
သတင်းမှန် ဖိုးစီ@mmtruthnewsNews and media109K
Wai Hin (ဝေဟင်)@waihinNews and media48.2K
AA Info Desk@aainfodeskNews and media47.7K
Hlaing Info@infohlaingNews and media47K