Account

Posts of The Irrawaddy - Burmese

newest first

#69888Text

မြန်မာလေယာဉ် နယ်စပ်အနီး ပျံသန်းလာစဉ် ထိုင်းလေတပ် ကြားဖြတ် ဟန့်တား ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ နှစ်နိုင်ငံကြား လေတပ်ဦးစီးချုပ်ချင်း တွေ့ဆုံဆွေးနွေးပြီးနောက် လေပိုင်နက် ကျူးကျော်ဝင်ရောက်မှု ထပ်မံဖြစ်ပွားခြင်းမရှိတော့ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ယမန်နေ့က ပြောကြားပြီးနောက် ထိုင်း-မြန်မာနယ်စပ်အနီး မဲဆောက်မြို့၊ ဖုတ်ဖရဒေသတွင် ယနေ့ နံနက်က အမည်မသိလေယာဉ်တစင်း တွေ့ရှိခဲ့သည့်အတွက် ထိုင်းလေပိုင်နက် လုံခြုံရေးကာကွယ်ရန် F-16 တိုက်လေယာဉ် နှစ်စီး အရေးပေါ်စေလွှတ်ဟန့်တားခဲ့ရကြောင်း ထိုင်းဘုရင့်လေတပ်က ထုတ်ပြန်သည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများ ထိုင်းနိုင်ငံပိုင်နက်အတွင်း မကြာခဏ ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုဖြစ်စဉ်များရှိခဲ့ကာ ထိုင်းဘက်က သံတမန်နည်းလမ်းများဖြင့်လည်း သတိပေးထားသလို လေတပ်ဦးစီးချုပ်အချင်းချင်း တွေ့ဆုံညှိနှိုင်းမှုများ ရှိခဲ့သည်။ လာမည့်နှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် ထိုင်းဘုရင့်လေတပ် နှစ် ၉၀ ပြည့်အခမ်းအနားတွင် မြန်မာစစ်တပ် တိုက်လေယာဉ် Su-30 တစီး ပါဝင်ပြသမည်ဖြစ်ကြောင်း ထိုင်းလေတပ်ဦးစီးချုပ်က အတည်ပြုပြီးနောက် ပုံမှန်ဆက်သွယ်မှုနှင့် တဖက်နှင့်တဖက် ခြိမ်းခြောက်မှုများမဖြစ်ပေါ်ရန် ကတိကဝတ်ပြုထားကြောင်းလည်း ဆိုသည်။ ဓာတ်ပုံ-Royal Thai Air Force #WhatsHappeningInMyanmar #RejectMilitaryCoup

Open in Telegram
Views1,490−12%vs avg
Forwards—
Reactions25
Comments—
#69886Video

မြန်မာဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကို ဆက်ထမ်းမထားနိုင်တော့ဘူးလို့ မလေးရှားပြော မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာအပါအဝင် မြန်မာဒုက္ခသည် စုစုပေါင်း ၂၀၀၀၀ နီးပါးကို လက်ခံထားပြီး ဒီဝန်ထုပ်ဝန်ပိုးကို ဆက်ပြီးတော့ ထမ်းပိုးထားနိုင်တော့မှာမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က မလေးရှားလွှတ်တော်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောလိုက်ကြောင်း နိုင်ငံတကာသတင်းဌာနတွေက ရေးသားကြပါတယ်။ လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့တွေမှာ မြန်မာရေတပ်သင်္ဘော သုံးစင်းနဲ့ လူ ၁၅၀၀ ကို ပြန်လည် ပို့ဆောင် သွားဖို့ရှိနေပြီး နောက်ထပ် ငါးထောင်ကျော်ကိုလည်း တလတအတွင်း လေကြောင်းကနေပြန်ပြီးတော့ ပို့ဆောင်သွားမှာဖြစ်သလို ဒီကုန်ကျစားရိတ်တွေအားလုံးကို မြန်မာနိုင်ငံဘက်က ကျခံသွားမှာလို့ ဆိုပါတယ်။ #မြန်မာ #ဧရာဝတီ #မြန်မာဒုက္ခသည် #မလေးရှား #မြန်မာရေတပ် #သင်္ဘော #လေကြောင်း #မလေးရှားဝန်ကြီးချုပ် #လွှတ်တော် #WhatsHappeningInMyanmar

Open in Telegram
Views1,460−13%vs avg
Forwards—
Reactions18
Comments—
#69885Text

ငွေကြေးကစား၍ ဒေါ်လာဈေးတက်ဟု အပြစ်တင်ပြီး ငွေလဲသမားတချို့အား ဖမ်း ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေလဲနှုန်းထားမြင့်တက်နေခြင်းမှာ နိုင်ငံခြား ငွေကြေးကစားမှုများကြောင့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုပြီးနောက် ရန်ကုန်မြို့ရှိ ငွေလဲလုပ်ကိုင်သူတချို့အား စတင် ဖမ်းဆီးနေသည်။ ယမန်နေ့က ပြုလုပ်သည့် အာဏာသိမ်းအစိုးရ အစည်းအဝေးတွင် ကုန်ထုတ်လုပ်ငန်းနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေကိုင်ထားသူများက ငွေကြေးဈေးကစားမှုများပြုလုပ်နေကြောင်းနှင့် ငွေကြေးတန်ဖိုးများအား ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းထားဖြစ်ရန် လိုကြောင်း ၎င်းက ပြောသည်။ ဒေါ်လာ ဈေးတက်ခြင်းနှင့်ပတ်သက်ပြီး ဗဟိုဘဏ်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေရောင်းဝယ်နေသည်ဟုဆိုကာ ဆူးလေဘုရား လူကူးခုံးကျော်တံတားအနီး နိုဝင်ဘာ ၂၁ ရက်က ရာဂျာ(ခ)အောင်ချိုထွန်း၊ ပန်းပဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် နိုဝင်ဘာ၂၂ ရက်က မိုဟာမက်ယူနုစ်(ခ) မောင်မောင်လွင်အားလည်းကောင်း နိုင်ငံခြားငွေများနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင် ဖော်ပြထားသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

Open in Telegram
Views1,390−18%vs avg
Forwards—
Reactions24
Comments—
#69880Text

တံတားဦးမြို့ပေါ် ဗုံးပေါက်၊ စခန်းမှူးအပါ ၇ ဦး ဒဏ်ရာရပြီး တဦး သေဆုံး ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ မန္တလေးတိုင်း၊ တံတားဦးမြို့ပေါ် အမှတ် ၃ ရပ်ကွက်၌ တန်ဆောင်မုန်း လပြည့်ည (နိုဝင်ဘာ ၂၄ ရက်) က မသင်္ကာဖွယ်ရာအထုပ်အား စစ်ဆေးစဉ် ဗုံးပေါက်ကွဲရာ မြို့မရဲစခန်းမှူး အပါ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ လုံခြုံရေးအဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက် ည ၉ နာရီခန့်တွင် အမှတ် ၃ ရပ်ကွက်လမ်းတနေရာ၌ ကျောပိုးအိတ်ကို စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ စစ်ဆေးစဉ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ လုံခြုံရေးအဖွဲ့ဝင် (ပလကဖ) အသက် ၅၇ နှစ် အရွယ် ဦးသိန်းဆွေ သေဆုံးခဲ့ကြောင်း သိရသည်။ “ပထမ ကွဲတာ အမှတ် ၃ ရပ်ကွက်ဘက်၊ ရွှေအိမ်စည် ဆိုတဲ့ KTV နားပေါ့။ KTV မှာ ကွဲတာ မဟုတ်ဘူး၊ လမ်းပေါ်မှာ ကွဲတာ။ အိတ်တလုံး ချထားတာကို ပံ့သကူ ရှာတဲ့သူတွေက တွေ့ပြီး သက်ဆိုင်ရာကို အသိပေးတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေရယ်၊ တပ်နဲ့ ရဲရယ် သွားတဲ့ အချိန်မှာ ကွဲတာ။ သေတဲ့သူက အပြာဝတ် သိန်းဆွေ မနေ့က သင်္ဂြိုဟ်လိုက်ပြီ။ ဒဏ်ရာရတဲ့ အထဲမှာ စခန်းမှူး ပါတယ်၊ ခရိုင်မှူးရဲ့ PA ဒုရဲအုပ် အောင်ကိုဝင်း၊ အမှတ် ၃ ဥက္ကဋ္ဌ ဦးစိုးသန်း၊ စာရေး သက်ဆွေငြိမ်းတို့ ပါတယ်” ဟု တံတားဦး မြို့ခံ တဦးက ပြောသည်။ အဆိုပါ ဗုံးပေါက်မှုအပြင် ယင်းနေ့ည ၁၀ နာရီကျော်၌ ပင်းယနှင့် တံတားဦးမြို့အစပ် အမြန်လမ်း မိုင်တိုင် ၃၅၆ အဝိုင်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်မှု မရှိဟု သိရသည်။ “ပေါက်ကွဲတာက တော်တော် ပြင်းတယ်၊ တုန်ခါသွားတာပဲ။ မိုင်းရှင်းသွားတဲ့ အချိန်မှာ ကွဲတာ၊ လူတွေ ကားတွေ စုတဲ့အချိန်မှာ အဝေးထိန်း ရီမုနဲ့ ခွဲတယ်လို့ ထင်တာပဲ။ တခု ကံကောင်းတာက လပြည့်နေ့ည ပံ့သကူ ရှာတဲ့သူတွေ ထိမသွားတာပဲ။ ကွဲတာက နှစ်လုံး၊ တလုံးက အမြန်လမ်းဘက် ဆိုတော့ လူမထိဘူး။ ပထမ တလုံး ကွဲတာက ၇ ယောက် ထိတယ်၊ တယောက် သေတယ်” ဟု အခြား တံတားဦး မြို့ခံတဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်ကို တံတားဦး မြို့နယ် ပကဖ၊ မန်းခရိုင် တပ်ရင်း ၅ တပ်ခွဲ ၃၊ တံတားဦး မြို့နယ် ဇုန် ၁၊ ဇုန် ၂ တပ်ဖွဲ့များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အရပ်သားများ ထိခိုက်မှု မရှိဘဲ စစ်တပ်နှင့် ပတ်သက် ဆက်နွှယ်နေသူများသာ သေဆုံး ထိခိုက်ခဲ့ခြင်း ဟု တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားသည်။ ထို့အတူ အာဏာသိမ်း စစ်တပ်ကလည်း တံတားဦးမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မြောက်ဘက် မီတာ ၃၀ ခန့် အကွာ ကားလမ်းမဘေး၌ မသင်္ကာဖွယ်ရာ ကျောပိုးအိတ် တလုံး တွေ့ရှိမှုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးပြီး ရှင်းလင်းရေးများ ဆောင်ရွက်စဉ် မိုင်းပေါက်ကွဲ၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် ၆ ဦး ဒဏ်ရာရရှိ၊ ဒေသခံ တဦး သေဆုံး ဟု သတင်း ထုတ်ပြန်ထားသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်အနီးတဝိုက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းများလုပ်ခဲ့သလို ယနေ့အထိ လုံခြုံရေးများတိုးမြှင့်၍ လမ်းသွားလမ်းလာများအား စစ်ဆေးနေသည့်အပြင် မြို့ပေါ် ရပ်ကွက်များသို့ လူစိမ်းများ ဝင်ရောက်လာလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှတဆင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ထံအသိပေးရန် ညွှန်ကြားထားသည် ဟု ဒေသခံများက ဆိုသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

Open in Telegram
Views1,650−2%vs avg
Forwards0
Reactions27
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h93
3 h1,650
  1. Total to date1,650
#69877Photoalbum
Views1,490−12%vs avg
Forwards0
Reactions19
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h93
3 h1,490
  1. Total to date1,490
#69876Text

အမေရိကန်ကုန်သွယ်ခွန်အသစ်မှာ ထိုင်းကို ၁၈ ရာခိုင်နှုန်းကောက်ခံဖို့ အဆိုပြု ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ အမေရိကန်အစိုးရက စက်မှုထုတ်လုပ်မှုစွမ်းအား ပိုလျှံနေခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ထိုင်းနိုင်ငံအပါအဝင် အဓိကကုန်သွယ်ဖက် ၁၄ နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ကုန်သွယ်ခွန်တိုးမြှင့်လိုက်ရာ ထိုင်းနိုင်ငံအတွက် လက်ရှိ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR)က အဆိုပြုထားကြောင်း သိရသည်။ ကုန်သွယ်ခွန်အသစ်စာရင်းအရ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အပေါ် ၂၀ ရာခိုင်နှုန်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပေါ် ၁၈ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံအပေါ် ၁၇ ရာခိုင်နှုန်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဥရောပသမဂ္ဂ (EU) နှင့် ဆွစ်ဇာလန်နိုင်ငံတို့အပေါ် ၁၅ ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် အဆိုပြုထားသည်။ အဆိုပြုထားသည့် အခွန်နှုန်းထားများသည် အမေရိကန်နှင့် ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်များပါ အခွန်နှုန်းထားများကို ကျော်လွန်မည်မဟုတ်ဘဲ သဘောတူညီချက်များ အပြီးသတ်ညှိနှိုင်းနေစဉ်အတွင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ ယင်းအခွန်နှုန်းထားများ အသက်ဝင်လာစေရန် အများပြည်သူထံ အသိပေးခြင်း၊ သဘောထားမှတ်ချက်တောင်းခံခြင်းနှင့် ကြားနာစစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အကောင်အထည်ဖော်နိုင်ကြောင်း ၎င်းက ဆိုသည်။ နောက်ဆုံးအတည်ပြုမည့် အခွန်နှုန်းထားသည် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပြိုင်ဘက်နိုင်ငံများ၏ နှုန်းထားများနှင့် တတန်းတည်းရှိမည်ဟု မျှော်လင့်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများဘက်က ပြောသည်။

Open in Telegram
Views2,030+20%vs avg
Forwards1
Reactions24
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h995
4 h2,030
  1. After 1 hour995
  2. Total to date2,030
#69875Photo
Views1,870+11%vs avg
Forwards2
Reactions8
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h930
4 h1,870
  1. After 1 hour930
  2. Total to date1,870
#69874Text

ဒေါ်လာဈေး ၅,၄၀၀ ကျော်သွားပြီ ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်နေပြီး ယနေ့ တဒေါ်လာလျှင် ၅,၄၂၀ ကျပ်သို့ ရောက်ရှိလာရာ အာဏာသိမ်းအစိုးရ၏ သတ်မှတ်ဈေး တဒေါ်လာလျှင် ၃,၆၅၅ ကျပ် ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက တဒေါ်လာလျှင် ၁,၈၀၀ နီးပါး ကွာခြားမှုရှိနေသည်။ အလားတူ ထိုင်း တဘတ်လျှင် ၁၆၀ ကျပ်၊ တရုတ် တယွမ်လျှင် ၈၀၀ ကျော်အထိ မြင့်တက်နေသဖြင့် မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထိုသို့ဒေါ်လာဈေးမြင့်တက်ရခြင်းမှာ သွင်းကုန်လိုင်စင်တချို့ ပြန်လည်ချပေးခြင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် လစာတိုးပေးမည့်အစီအစဉ်၊ ပြည်ပရောက်လုပ်သားများ၏ ငွေလွှဲနှုန်းထားတိုးမြှင့်ပေးခြင်းတို့နှင့် ဆက်စပ်နေကြောင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ကိုင်သူများက သုံးသပ်သည်။ #WhatsHappeningInMyanmar #RejectMilitaryCoup

Open in Telegram
Views2,250+33%vs avg
Forwards8
Reactions29
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h1,462
4 h2,250
  1. After 6 hours2,250
  2. Total to date2,250
#69873Photo
Views2,070+23%vs avg
Forwards5
Reactions21
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h1,348
4 h2,070
  1. After 6 hours2,070
  2. Total to date2,070
#69872Text

ရုရှားကို မွန်ဂိုလီးယားထံ ပြန်ပေးသင့်ဟု လူကာရှန်ကို ပြော ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆။ သမိုင်းဆိုင်ရာ တရားမျှတမှုအရ ရုရှားပိုင်နက်နယ်မြေအားလုံးကို မွန်ဂိုလီးယားနိုင်ငံထံ ပြန်လည်ပေးအပ်သင့်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) က ပြင်သစ်သတင်းဌာန Le Point နှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။ ယူကရိန်းအပေါ် နယ်မြေပိုင်ဆိုင်မှု တောင်းဆိုနေသည့် ရုရှားခေါင်းဆောင် ပူတင်၏ သမိုင်းဆိုင်ရာ အကြောင်းပြချက်များအပေါ် မှတ်ချက်ပေးရာတွင် ၎င်းက “ရုရှားနယ်မြေတွေဟာ တချိန်က မွန်ဂိုနဲ့ တာတာလူမျိုးတွေ ပိုင်ဆိုင်ခဲ့တာပါ။ ဒါကြောင့် ရုရှားတနိုင်ငံလုံးကို မွန်ဂိုလီးယားဆီ ပြန်ပေးရမှာပေါ့။ ပူတင်လည်း ဒါကို ကောင်းကောင်းနားလည်ပါတယ်” ဟု ဆိုသည်။ ထို့ပြင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ယူကရိန်းသမ္မတ ဇယ်လန်စကီး၏ လုံခြုံရေးကို ၎င်းကိုယ်တိုင် အာမခံချက်ပေးကာ မော်စကိုသို့ အတူလိုက်ပါပြီး ပူတင်နှင့် ဆွေးနွေးပေးရန် အသင့်ရှိကြောင်းလည်း လူကာရှန်ကိုက ကမ်းလှမ်းခဲ့သည်။ စစ်မြေပြင်တွင် ရုရှားတပ်များ အသာစီးရနေသဖြင့် ဇယ်လန်စကီးအနေဖြင့် သဘောမတူပါက ရှေ့တန်းထွက်၍ ဆက်လက်တိုက်ခိုက်ရန်သာ ရှိတော့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ခြင်းကို ကြိုဆိုသော်လည်း ဒေသတွင်း ပြဿနာများကို ရုရှား၊ ယူကရိန်းနှင့် ဘယ်လာရုစ် စသည့် ဆလပ် (Slav) ညီနောင်သုံးနိုင်ငံ အချင်းချင်းသာ အမြန်ဆုံး ဖြေရှင်းသဘောတူညီနိုင်မည်ဖြစ်ကြောင်း လူကာရှန်ကိုက ဖြည့်စွက်ပြောဆိုခဲ့သည်။ ကိုးကား။ ။ Le Point နှင့် Reuters သတင်းများ

Open in Telegram
Views2,280+35%vs avg
Forwards3
Reactions49
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h1,557
5 h2,280
  1. After 6 hours2,280
  2. Total to date2,280
#69871Photo
Views2,070+23%vs avg
Forwards2
Reactions27
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h1,411
5 h2,070
  1. After 6 hours2,070
  2. Total to date2,070
#69870Textedited

ICJ စီရင်ချက် အကုန် လိုက်နာမည် မဟုတ်၊ နိုင်ငံ ထိပါးလာသည့်ကိစ္စ လက်မခံ ဟုဆို ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး လုပ်ဆောင်သင့်သည်များအား လုပ်ဆောင်မည်ဖြစ်သော်လည်း လိုက်နာရန် မသင့်သည်များအား လိုက်နာ ဆောင်ရွက်မည်မဟုတ်ကြောင်း အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က ယမန်နေ့တွင်ပြုလုပ်သော အစိုးရအစည်းအဝေး၌ ပြောသည်။ ဂမ်ဘီယာ၏ စွပ်စွဲချက်သည် တဖက်သတ် စွပ်စွဲချက်သာ ဖြစ်ပြီး လူမျိုးတုံးစေမှု အသုံးအနှုန်းသည် နိုင်ငံ ဂုဏ်သိက္ခာများစွာ ထိခိုက်စေကြောင်းလည်း ၎င်းက ဆိုသည်။ လက်ရှိတွင် မိမိအနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်ဟူသမျှသည် မိမိ၌အဓိကတာဝန်ရှိသည်ဟု ခံယူထားပြီး နိုင်ငံအား ထိပါးလာသည့် ကိစ္စရပ် မှန်သမျှအား လက်ခံမည် မဟုတ်ကြောင်းလည်း မင်းအောင်လှိုင်က ပြောသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် စတင် တရားစွဲဆိုပြီး ယခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် တရားသူကြီး ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် မြန်မာ နိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး စာချုပ် (Genocide Convention) အပိုဒ်-၂ ပါ တားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကျူးလွန်မှုအတွက် နိုင်ငံအဆင့် တာဝန်ရှိပြီး ထိခိုက် နစ်နာခဲ့သည့် ရိုဟင်ဂျာများအား လျော်ကြေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုစားမှုများ ဆောင်ရွက်ပေးရန်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးနှင့် အခြေခံ အခွင့်အရေးများအား အာမခံချက် ပေးရန် ညွှန်ကြားခဲ့သည်။ ထို့ပြင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သူများအား ပြည်တွင်း ဥပဒေများနှင့် ထိရောက်စွာ စုံစမ်း စစ်ဆေးအပြစ်ပေးရန်နှင့် နောင်တွင် အလားတူ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရေး ခိုင်မာသည့် အာမခံချက် ပေးရန်နှင့် ကြိုတင် တားဆီးရေးတို့အား လုပ်ဆောင်ရန်လည်း အမိန့် စီရင်ချက်တွင် ထည့်သွင်းထားသည်။ ခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း။ #WhatsHappeningInMyanmar #RejectMilitaryCoup

Open in Telegram
Views2,570+52%vs avg
Forwards6
Reactions66
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
3 h2,039
6 h2,570
  1. After 6 hours2,570
  2. Total to date2,570
#69869Photo
Views2,280+35%vs avg
Forwards5
Reactions43
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
3 h1,805
6 h2,280
  1. After 6 hours2,280
  2. Total to date2,280
#69868Text

ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သည် ၅ သိန်းနီးပါး သေဆုံးခဲ့ ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆။ ရုရှားအစိုးရ စာရင်းအင်းဌာန (Rosstat) ၏ ပေါက်ကြားလာသော အချက်အလက်များအား ဘီဘီစီ (BBC) ၏ ဆန်းစစ်ချက်အရ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ ရုရှားစစ်သည် အနည်းဆုံး ၄၉၀,၃၃၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဘယ်လာရုစ်နှင့် ယူကရိန်း ဟက်ကာအဖွဲ့များက ရယူခဲ့သည့် ၂၀၂၁ မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ သေဆုံးမှုမှတ်တမ်းပေါင်း ၁၁ သန်းကျော်ကို ဘီဘီစီနှင့် Mediazona တို့က ပူးပေါင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အဓိက တွေ့ရှိချက်များ စစ်သည်သေဆုံးမှုနှုန်း: ၂၀၂၅ ခုနှစ်အတွင်း ရုရှားနိုင်ငံ၌ သေဆုံးခဲ့သည့် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား လူငယ်များ၏ ၆၅ ရာခိုင်နှုန်းနှင့် အသက် ၂၅ နှစ်မှ ၃၄ နှစ်ကြား လူငယ်များ၏ ၅၉ ရာခိုင်နှုန်းသည် ယူကရိန်းစစ်ပွဲကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ နယ်မြေအလိုက် ထိခိုက်မှု: ယူကရိန်းရှိ စစ်မဖြစ်မီ လူဦးရေ ၁၂,၀၀၀ ခန့်သာရှိသော ရွာ ၁၀ ရွာကို သိမ်းပိုက်ရန် တိုက်ခိုက်ရာတွင် ရုရှားစစ်သည် ၂၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ဒေသနှင့် လူမျိုးစု ကွာဟချက်: ဆိုက်ဘေးရီးယားအရှေ့ပိုင်းရှိ ဆင်းရဲသော ဒေသများဖြစ်သည့် တီဗာ (Tyva) နှင့် ဘူရားတီးယား (Buryatia) တို့မှ အမျိုးသားများသည် မော်စကိုနှင့် စိန့်ပီတာစဘတ် မြို့ကြီးများမှ သူများထက် စစ်ပွဲတွင် သေဆုံးနိုင်ခြေ အဆ ၂၀ မှ ၂၅ ဆအထိ ပိုမိုများပြားသည်။ ထို့ပြင် ရုရှားဘက်မှ ဝင်တိုက်ပေးရင်း သေဆုံးသည့် ဥဇဘက်နှင့် တာဂျစ်လူမျိုးများ အပါအဝင် နိုင်ငံခြားသား အနည်းဆုံး ၅,၀၁၇ ဦးနှင့် မြောက်ကိုရီးယား စစ်သည် ၂,၃၀၄ ဦးခန့် ရှိသည်။ ရုရှားစာရင်းအင်းဌာနက ဆိုက်ဘာတိုက်ခိုက်ခံရမှုကို ဝန်ခံသော်လည်း အရေးကြီးအချက်အလက်များ ပေါက်ကြားခြင်းမရှိဟု ငြင်းဆိုထားပြီး ကရင်မလင်နန်းတော်ကမူ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်ကိုသာ အတည်ယူရန် ပြောကြားထားသည်။ ၄ နှစ်နှင့် ၁၀ လကျော် ကြာမြင့်လာပြီဖြစ်သော ဤစစ်ပွဲတွင် ရုရှား၏ အသေအပျောက်နှုန်းသည် ၁၀ နှစ်ကြာမြင့်ခဲ့သည့် ဆိုဗီယက်-အာဖဂန်စစ်ပွဲ (စစ်သည် ၁၅,၀၀၀ ခန့် သေဆုံး) ထက် အဆပေါင်းများစွာ ပိုမိုများပြားနေသည်။ တဖက်တွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းစစ်သည် ၅၀,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ၂၀၂၆ ဇူလိုင်လတွင် ပြောကြားထားသော်လည်း ပြင်ပစစ်တမ်းများအရ ၁၁၅,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ကိုးကား။ ။ BBC သတင်း Russia's own figures show it has lost nearly 500,000 people in Ukraine war

Open in Telegram
Views2,280+35%vs avg
Forwards2
Reactions34
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
4 h1,805
6 h2,280
  1. After 6 hours2,280
  2. Total to date2,280
#69867Photo
Views1,920+14%vs avg
Forwards2
Reactions32
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
4 h1,484
6 h1,920
  1. After 6 hours1,920
  2. Total to date1,920
#69866Text

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဆိုက်ဘာလုံခြုံရေး ဖောက်ထွင်းခံရ ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတိုက်ဖျက်ရေးကွန်ရက် (FinCEN) သည် ဆိုက်ဘာလုံခြုံရေး ဖောက်ထွင်းခံရမှုကြောင့် ၎င်းတို့၏ စနစ်အချို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာယီပိတ်ထားလိုက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဟက်ကာများသည် ဌာန၏ စနစ်အချို့အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နိုင်ခဲ့သော်လည်း အရေးကြီးသော ဘဏ်လုပ်ငန်းလျှို့ဝှက်ချက်အက်ဥပဒေ (Bank Secrecy Act) ဆိုင်ရာ ဒေတာများနှင့် ပိုင်ဆိုင်မှုအချက်အလက်များ ပေါက်ကြားခြင်းမရှိကြောင်း ကနဦးစစ်ဆေးမှုများအရ သိရသည်။ လက်ရှိတွင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် FBI နှင့် ဆိုက်ဘာလုံခြုံရေးအေဂျင်စီ (CISA) တို့နှင့် ပူးပေါင်းကာ ထိခိုက်မှုအတိုင်းအတာကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါဖြစ်ရပ်သည် မကြာသေးမီက CIA၊ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI)၊ FBI နှင့် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) အပါအဝင် အမေရိကန်အစိုးရဌာနကြီးများ ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုများတွင် တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် AI ဟက်ကင်းကိရိယာများကို အသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ကယ်ဖလင်း (Michael Flynn) က ဝေဖန်ပြောဆိုထားသော်လည်း အစိုးရဘက်မှ တရားဝင်အတည်ပြုခြင်း မရှိသေးပေ။ တဖက်တွင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို (Marco Rubio) က အမေရိကန်အစိုးရအနေဖြင့် ဆိုက်ဘာတိုက်ခိုက်ခံနေရသည်ဟူသော အထောက်အထား လုံးဝမရှိကြောင်း ငြင်းဆိုထားသည်။ ကိုးကား။ ။ Reuters နှင့် Cybernews သတင်းများ

Open in Telegram
Views1,990+18%vs avg
Forwards3
Reactions24
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
4 h1,524
6 h1,990
  1. After 6 hours1,990
  2. Total to date1,990
#69864Photo
Views1,592−6%vs avg
Forwards3
Reactions25
Comments—
#69863Video
Views1,653−2%vs avg
Forwards5
Reactions27
Comments—
#69862Video
Views1,866+11%vs avg
Forwards5
Reactions21
Comments—
#69861Video
Views1,6930%vs avg
Forwards4
Reactions31
Comments—