ရန်ကုန်မြို့လယ်တွင် ဒေါ်လာရောင်းဝယ်သူ ရာဂျား(ခ)အောင်ချိုထွန်း ကို ဖမ်းဆီးရရှိသည်ဆိုသော သတင်းနှင့်ဓာတ်ပုံမှာ ကမာရွတ်မြို့နယ်တွင် ငွေသိန်း ၆၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခံခဲ့ရသော ဇော်လတ် (ခ) အောင်ဇော်လတ်၏ ဓာတ်ပုံကို ကွန်ပျူတာဖြင့် ပြုပြင်ပြီး စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်၊ ▪️ဒေါ်လာဝယ်ရောင်းဖမ်းမိသည် ဆိုသော သတင်းနှင့်ဓာတ်ပုံများအားလုံး ကွန်ပျူတာဖြင့် ပြုပြင်ထားသော ဓာတ်ပုံအတုများဖြစ်နေသည်ကို စိစစ်တွေ့ရှိရ နိုဝင်ဘာလ ၂၆ ရက် ရန်ကုန်တိုင်းကမာရွတ်မြို့နယ်တွင် ယခုနှစ်ဩဂုတ်လ ၁၃ ရက်နေ့ ငွေကျပ်သိန်း ၆၀၀ ခိုးယူခဲ့သူကို ဖမ်းမိသည့် သတင်းဓာတ်ပုံကို ကွန်ပျူတာဖြင့် ပြန်လည် ပြုပြင်ပြီး ရန်ကုန်မြို့တွင် ဒေါ်လာရောင်းဝယ်သူတစ်ဦးကို ဖမ်းဆီးသည်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်လာကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စိစစ်တွေ့ရှိရသည်။ ယနေ့တွင် စစ်ကောင်စီက ဒေါ်လာဝယ်ရောင်းလုပ်သူများကို ဖမ်းဆီးရရှိနေကြောင်း သတင်းများ ထုတ်ပြန်ခဲ့ရာတွင် ရန်ကုန်မြို၊ ကျောက်တံတားမြိုနယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်းရှိ ဆူးလေကုန်းကျော် လူကူးတံတားအနီးတွင် ဒေါ်လာဝယ်ရောင်းလုပ်သူ ရာဂျား(ခ)အောင်ချိုထွန်းကို ဖမ်းဆီးရရှိကြောင်း ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဒေါ်လာဝယ်ရောင်း ဖမ်းဆီးရရှိသော သတင်းတွင် ဖော်ပြထားသော သတင်း ဓာတ်ပုံမှာ ယခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၌ ရပ်ထားသည့်မော်တော်ယာဉ်အတွင်းမှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူ ဇော်လတ် (ခ) အောင်ဇော်လတ်၏ ဓာတ်ပုံကို ကွန်ပျူတာဖြင့် ပြန်လည်ပြုပြင်ကာ ယခင် ဖမ်းဆီးရရှိထားသော ငွေစက္ကူများနေရာတွင် ဒေါ်လာနှင့်နိုင်ငံခြားငွေများကို ကွန်ပျူတာဖြင့် အစားထိုးကာ လိမ်လည် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။ ယနေ့ စစ်ကောင်စီက ဒေါ်လာ ဝယ်ရောင်း ဖမ်းဆီးရရှိသူအဖြစ် လိမ်လည် အသုံးပြုထားသော ဇော်လတ်(ခ) အောင်ဇော်လတ်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၌ ရပ်ထားသည့် မော်တော်ယာဉ်အတွင်းမှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူခဲ့ပြီး ဩဂုတ် ၉ ရက် ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ အဆိုပါဖြစ်စဉ်မှာ ယခုနှစ် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် လှိုင်မြို့နယ် အမှတ် (၁၀) ရပ်ကွက်နေ အမျိုးသမီးသည် ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ MAB Bank အနီးလမ်းဘေး၌ ၎င်းပိုင် YGN-8 2F-xxxx NISSAN MARCH ယာဉ်အား သော့ပိတ်ရပ်တန့်၍ MAB Bank အတွင်းသို့ ငွေအပ်နှံရန်အတွက် ၆ မိနစ်ခန့်သွားရောက် စုံစမ်းခဲ့ကြောင်း၊ ထို့နောက် ပြန်ရောက်လာပြီး ယာဉ်တံခါးဖွင့်၍ စစ်ဆေးစဉ် ယာဉ်၏ နောက်ခန်း၌ ထားရှိသော ငွေကျပ်သိန်း ၆၀၀ မှာ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား ဖော်ထုတ်အရေးယူပေးပါရန် ကမာရွတ်မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သည့်ဖြစ်စဉ်ဖြစ်သည်။ အဆိုပါသတင်းကို စစ်တပ်၏ သတင်းဌာနများဖြစ်သော မြ၀တီ၊ Myanmar Digital News ၊ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများအားလုံးတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယနေ့ စစ်ကောင်စီက ဒေါ်လာဝယ်ရောင်းများကို ဖမ်းဆီးရရှိသည်ဆိုသော ဓာတ်ပုံများအားလုံးကို ဓာတ်ပုံကျွမ်းကျင်သူများ၊ AI များဖြင့် စစ်ဆေးရာတွင် ကွန်ပျူတာဖြင့် ပြုပြင် လိမ်လည်ထားသော ဓာတ်ပုံများဖြစ်နေကြောင်း စိစစ်တွေ့ရှိရသည်။ #KTM #HlaingInfo
Open in Telegram
Hlaing Info
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info
Average views per post by day
By publication day
Show as table
| Date | Avg views per post |
|---|---|
| Nov 25, 2026 | 1,986 |
| Nov 26, 2026 | 1,226 |
Most viewed this month
- 01Views2.06KForwards2Reactions62Comments1
- 02Views2.01KForwards4Reactions39Comments0
- 03Views2KForwards0Reactions47Comments0
- 04Views1.87KForwards0Reactions52Comments0
Latest posts
မန်တုံနဲ့ နမ့်ဆန်မြို့နယ် လဝကရုံးကို စစ်ကောင်စီက လားရှိုးမှာ ဖွင့်လှစ်ထားပြီး မှတ်ပုံတင်ရဖို့ ၁ သိန်းကျပ်ဝန်းကျင် ကုန်ကျ နိုဝင်ဘာလ ၂၆ ရက် တအာင်းဒေသ မန်တုံနဲ့ နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးကို စစ်ကောင်စီက ရှမ်းမြောက် လားရှိုးမြို့မှာ ဖွင့်လှစ်ထားပြီး မှတ်ပုံတင်ရဖို့ ၁ သိန်းကျပ်ဝန်းကျင်အထိ ပေးဆောင်ခဲ့ရတယ်လို့ ကိုယ်တိုင်သွားရောက်လုပ်ဆောင်ခဲ့သူတွေက ပြောပါတယ်။ မန်တုံနဲ့ နမ့်ဆန်မြို့နယ် လဝကရုံးကို လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားအနီးရှိ လားရှိုးမြို့ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ မှတ်ပုံတင်အသစ်ပြုလုပ်တာ၊ လဲလှယ်တာနဲ့ ပျောက်ဆုံးသွားတဲ့ မှတ်ပုံတင်တွေ ပြန်လည်ပြုလုပ်ဖို့အတွက် စစ်ကောင်စီရဲ့ မန်တုံမြို့နယ် အုပ်ချုပ်ရေးမှူးထောက်ခံစာတစ်စောင်အတွက် သုံးသောင်းကျပ်ပေးရပြီး လဝကရုံးမှာ ၆ သောင်းခွဲကျပ် ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ "ရဲစခန်းထောက်ခံစာတော့ သတ်မှတ်ထားတာမရှိဘူး။ စေတနာရှိသလောက်ပဲ ထည့်ရတာ။ မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာအတွက်ပဲ ရန်ပုံငွေဆိုပြီး ၃ သောင်းပေးရတယ်။ လဝကရုံးမှာ ၆ သောင်းပေးရတယ်" လို့ မှတ်ပုံတင်ကိုယ်တိုင်လုပ်ခဲ့သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန်တုံနဲ့ နမ့်ဆန်မြို့နယ်ကို တအာင်းတပ်မတော်- PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ရှမ်းတောင် တောင်ကြီးမြို့မှာ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ကစပြီး နမ့်ဆန်နဲ့ မန်တုံမြို့နယ် လဝကရုံးကို စစ်ကောင်စီက လားရှိုးမြို့ကို ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ဟိုပန်နဲ့ လောက်ကိုင်မြို့နယ် လဝကရုံးတွေကိုလည်း စစ်ကောင်စီက လားရှိုးမြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဓာတ်ပုံ - Local #SPM #HlaingInfo
Open in Telegramပေါင်းတည်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသော ပေါက်တောရွာ ရာအိမ်မှူး သိန်းစံ ပစ်ခတ်ခံရပြီး သေဆုံး နိုဝင်ဘာလ ၂၆ ရက် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေပြီး စစ်ကောင်စီတပ်အတွက် ထောက်ပို့လုပ်ငန်းများ လုပ်ကိုင်ပေးနေသူ ပေါက်တောကျေးရွာ ရာအိမ်မှူး သိန်းစံကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်အချိန် ပေါင်းတည်မြို့နယ်၊ ပေါက်တောကျေးရွာ ရာအိမ်မှူး သိန်းစံသည် နေအိမ်မှ ထွက်လာစဉ် ခမရ ၁၀ တပ်ရင်းအနီး၌ တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော သိန်းစံသည် စစ်ကောင်စီတပ်အတွက် အဓိကထောက်ပို့လုပ်ငန်းများ လုပ်ကိုင်ပေးနေသူတစ်ဦးဖြစ်သကဲ့သို့ ဒေသအတွင်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌လည်း ဦးဆောင်ပါဝင်နေသူဖြစ်ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ က ပြောဆိုသည်။ ထို့ပြင် သိန်းစံ၏ သတင်းပေးတိုင်ကြားမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရပြီး သတ်ဖြတ်ခံရသူများလည်း ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စိုးရိမ်သဖြင့် ခမရ ၁၀ တပ်ရင်းအတွင်း သွားရောက်နေထိုင်ခဲ့ပြီး ကျေးရွာအတွင်း ပြန်လည်ရောက်ရှိလာသည်မှာ မကြာသေးကြောင်းလည်း ပြည်ခရိုင်တပ်ရင်း ၁ က ပြောဆိုသည်။ “အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်ပို့အမာခံတစ်ဦးလည်းဖြစ်တယ်။ ရာအိမ်မှူးတစ်ဦးလည်းဖြစ်သူ သိန်းစံကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီကောင်က ခမရ ၁၀ တပ်ထဲမှာ သွားနေနေတာ ကြာပြီ။ သူ့ကြောင့် ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်။ စစ်မှုထမ်းနေရတဲ့သူတွေလည်းရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း သူသတင်းပေးလို့ ဖမ်းဆီးခံရတဲ့သူတွေရှိပါတယ်။ သတ်ခံရတဲ့သူတွေလည်းရှိပါတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။ ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသူများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ က အသိပေးပြောဆိုထားသည်။ ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ #KTM #HlaingInfo
Open in TelegramICJ ဆုံးဖြတ်ချက်ကို မင်းအောင်လှိုင် အာခံပြီးနောက် ကျပ်ငွေတန်ဖိုး ငရဲသို့ ထပ်ဆင်း နိုဝင်ဘာလ ၂၆ ရက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၏ ဆုံးဖြတ်ချက်အားလုံးကို မလိုက်နာနိုင်ကြောင်း ရာဇဝတ် ကောင်မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ထပ်မံထိုးကျသွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၅ ရက်၊ နေပြည်တော်၌ ပြုလုပ်သည့် အစိုးရတုအစည်းအဝေးတွင် သမ္မတတု မင်းအောင် လှိုင်က ICJ စီရင်ချက်ကို အထက်ပါအတိုင်း အာခံလိုက်ပြီးနောက် ယနေ့(နိုဝင်ဘာ ၂၆ ရက်)နံနက်ပိုင်း ၌ တစ်ဒေါ်လာလျှင် ကျပ် ၅၄၀၀ ကျော်သို့ ရောက်ရှိသွားကြောင်း ငွေလဲဈေးကွက်မှ သိရသည်။ “မအလအတွက် သန်းခေါင်ထက် ညမနက်တော့ဘူးဆိုတော့ ကျပ်ငွေတန်ဖိုးက ထပ်ပြုတ်ကျဖို့ပဲ ရှိ တော့တယ်။ ဒီနေ့မနက် ဒေါ်လာဈေးက ၅၄၁၅ နဲ့ ၂၀(၅၄၂၀)ကြားရောက်လာတယ်။ မနေ့က ၅၃၀၀ ကျော်။ မနက်ဖြန်လည်း ကျပ်ငွေ ထပ်ပြုတ်ကျဦးမယ်ထင်တယ်။ ဘာမှမလုပ်နိုင်ဘူး။ မနက်မိုးလင်းရင် ကျပ်ငွေ ပြုတ်ကျတာ ထိုင်ကြည့်ပြီး ငုတ်တုတ်ရှုံးနေရတယ်”ဟု ရန်ကုန်အခြေစိုက် အီလက်ထရော နစ်လုပ်ငန်းရှင်တစ်ဦးက MPA သို့ပြောသည်။ ယနေ့နံနက်ပိုင်းတွင် ကျပ်တစ်သိန်းလျှင် ဘတ် ၆၄၀ ရှိရာမှ နေ့ခင်းပိုင်း၌ တစ်သိန်းလျှင် ဘတ် ၆၃၀ သာရတော့ကြောင်း ကျပ်နှင့်ဘတ် ဈေးကွက်မှ သိရသည်။ “အခု မအလက ကျားဖြန့်နဲ့ပတ်သက်ပြီး ရန်ကုန်နဲ့ မန္တလေးမှာ ဟန်ပြဖမ်းနေတာလောက်ပဲ ရှိတယ်။ ကျားဖြန့်ပြဿနာကို သေချာမကိုင်တွယ်ရင် FATF(နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေး ယူရေးအဖွဲ့)က ၂၀၂၇ ဖေဖေါ်ဝါရီမှာ ဆက်တင်းကျပ်သွားဦးမယ်။ ကျားဖြန့်ကို သေချာကိုင်တွယ်မယ် ဆိုရင်တောင် အချိန်ကမရှိတော့ FATF က ကိုင်မှာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။ ထို့အပြင် ဘီလီယံထောင်နှင့်ချီသော လိုငွေပြမှုကို အစိုရတု ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ ငွေစက္ကူ ရိုက်ထုတ်ခြင်းသာ ရှိသဖြင့် လာမည့် ၂၀၂၇ တိုင်းပြည်စီးပွားရေးမှာ မတွေးရဲစရာပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နိုဝင်ဘာလဆန်းပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၇၅၀ ဝန်းကျင်သာ ရှိခဲ့သည်။ #MPA #HlaingInfo
Open in Telegramရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်ကို CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမှု ရုပ်သိမ်းပေးရန် ဗီယက်နမ်သမ္မတထံသို့ တရားဝင် အကြောင်းကြား နိုဝင်ဘာလ ၂၆ ရက် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်ကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားထားမှု ရုပ်သိမ်းပေးရန် အာရကန်ရိုဟင်ဂျာအမျိုးသားကွန်ဂရက် (ARNC) ဥက္ကဋ္ဌ ဦးရွှေမောင်က ဗီယက်နမ်သမ္မတ တိုလမ်ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ တရား၀င် အကြောင်းကြား တောင်းဆိုလိုက်သည်။ လာမည့်နိုဝင်ဘာ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများသို့ မင်းအောင်လှိုင် တက်ရောက်ရန် ဖိတ်ကြားထားမှုကို ပြန်လည်စဉ်းစားပြီး ဖိတ်ကြားချက် ရုပ်သိမ်းပေးရန် ARNC က တောင်းဆိုထားသည်။ အဆိုပါအိတ်ဖွင့်ပေးစာတွင် နိုဝင်ဘာ ၁၉ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း သမိုင်းဝင်စီရင်ချက် ချမှတ်ခဲ့ကြောင်း သတိပေးထားသည်။ ထိုစဉ်က မြန်မာစစ်တပ်ကို မင်းအောင်လှိုင်က ဦးဆောင်ကွပ်ကဲခဲ့သူဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွင် ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်၍ တာဝန်ခံမှုရှိ၊ မရှိ မေးခွန်းထုတ်စရာများ ရှိနေကြောင်း ARNC က ထောက်ပြထားသည်။ ထို့ပြင် မြန်မာစစ်တပ်ဦးဆောင်သည့် အစိုးရက ICJ ၏ စီရင်ချက်ကို မမျှတကြောင်း လူသိရှင်ကြား ပယ်ချခဲ့ပြီး မင်းအောင်လှိုင်ကလည်း ၎င်းတို့အနေဖြင့် သင့်လျော်သည်ဟု ယူဆသည့် အစိတ်အပိုင်းများကိုသာ လိုက်နာမည်ဟု ပြောဆိုခဲ့ကြောင်း တုံ့ပြန်ထားသည်။ ယင်းကဲ့သို့ စီရင်ချက်ကို ရွေးချယ်လိုက်နာမည့် သဘောထားသည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် စည်းနှောင်မှုရှိသော တာဝန်များကို ငြင်းဆန်ခြင်းဖြစ်ကြောင်း ARNC က ဆိုသည်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်ချမှတ်ပြီး ၉ ရက်အကြာတွင် မင်းအောင်လှိုင်ကို သံတမန်ရေးရာ ဂုဏ်ပြုမှုများဖြင့် ကြိုဆိုခြင်းသည် ရိုဟင်ဂျာအသက်ရှင်ကျန်ရစ်သူများအတွက် စိုးရိမ်ဖွယ်ရာ သတင်းစကားတစ်ရပ် ဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာတရားမျှတမှုကို ဖီဆန်ခြင်းအား တရားဝင်သဖွယ် ဖြစ်စေနိုင်ကြောင်းလည်း ARNC က သတိပေးထားသည်။ ARNC က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် တာဝန်ခံမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို စွန့်လွှတ်ပြီး ဆောင်ရွက်ရမည့်အရာ မဟုတ်ကြောင်း ထောက်ပြထားသည်။ ထို့ကြောင့် ဗီယက်နမ်အစိုးရအနေဖြင့် မင်းအောင်လှိုင်ကို ဖိတ်ကြားထားမှု ရုပ်သိမ်းရန်၊ သံတမန်ရေးရာ ဂုဏ်ပြုမှုများ မပြုလုပ်ရန်နှင့် နိုင်ငံတကာတရားရုံး၏ စည်းနှောင်မှုရှိသော စီရင်ချက်များကို လိုက်နာခြင်းသည် ရွေးချယ်နိုင်သည့်အရာမဟုတ်ကြောင်း သဘောထားကို ထိန်းသိမ်းရန် ARNC က တောင်းဆိုထားသည်။ အဆိုပါအိတ်ဖွင့်ပေးစာမှာ ရိုဟင်ဂျာများနှင့် မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှ်အတွက် ဖြစ်ကြောင်း၊ ခွဲခြား၍မရကြောင်းလည်း ARNC က ဆိုသည်။ ARNC ဥက္ကဋ္ဌ ဦးရွှေမောင်က ICJ ၏ စီရင်ချက်နှင့်ပတ်သက်၍ နိုင်ငံတကာတာဝန်ခံမှုနှင့် ရိုဟင်ဂျာများအတွက် တရားမျှတမှု ရရှိရေးသည် အရေးကြီးကြောင်း ပြောကြားထားသည်။ “ICJ က စီရင်ချက်ချမှတ်ပြီးပြီ။ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အကျိုးဆက်များ ရှိရမည်၊ သံတမန်ရေးရာ အခွင့်ထူးများ မရှိသင့်ပါ” ဟု ဦးရွှေမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အီးမေးလ်ဖြင့် ပြောဆိုထားသည်။ ဦးရွှေမောင်က အဆိုပါအိတ်ဖွင့်ပေးစာကို ဗီယက်နမ်သမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံလွှတ်တော်အမတ်ဟောင်းဖြစ်ကာ ASEAN Parliamentarians for Human Rights (APHR) ၏ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။ #KTM #HlaingInfo
Open in Telegramနယ်စပ်ကျားဖြန့်ဂိုဏ်းတွေမြန်မာနိုင်ငံအတွင်းပိုင်း ရွှေ့ကုန်ပြီလို့ စောင့်ကြည့်သူသတိပေး နိုဝင်ဘာလ ၂၆ ရက် နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ ရွှေ့ပြောင်းသွားပြီး တခြားလုပ်ငန်းတွေ ပုံစံမျိုး အသွင်ယူ လည်ပတ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ အမေရိကန် ဥပဒေ ပညာရှင် တစ်ဦးက သတိပေးခဲ့ပါတယ်။ အမေရိကန် အစိုးရ ရှေ့နေဟောင်းလည်းဖြစ်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို စောင့်ကြည့်တဲ့ Operation Shamrockကို ထူထောင်ထားသူ အီရင်ဝက်စ်က ထိုင်း-မြန်မာ နယ်စပ်တလျှောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့် ခြံဝင်းတွေ ဖြိုချခံလိုက်ရပေမယ့် အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ နေရာရွေ့သွားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ကျားဖြန့် အန္တရာယ်ဟာ ဆက်လက် ကြီးမားနေဆဲ ဖြစ်သလို သိကျွမ်းခြင်း မရှိသူတွေရဲ့ အွန်လိုင်းကနေ ဆက်သွယ် အယုံသွင်းမှုတွေ၊ ပြည်ပ အလုပ်အကိုင် ကမ်းလှမ်းမှုတွေနဲ့ ပတ်သက်ရင် အထူးသတိထားဖို့ လိုအပ်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။ ပြီးတော့ ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်ရေးအတွက် ဒေသတွင်း နိုင်ငံတွေကြား ချိတ်ဆက် ဆောင်ရွက်မှု အခုထက် အားကောင်းဖို့ လိုလာနေပြီလို့လည်း သူက အကြံပြုခဲ့ပါတယ်။ ဆိုက်ဘာရာဇဝတ်မှုတွေ၊ နယ်စပ်ဖြတ်ကျော် ဂိုဏ်းဂဏဖွဲ့ ရာဇဝတ်မှုတွေကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးသူ ဥပဒေ ပညာရှင်လည်းဖြစ်တဲ့ ဝက်စ်ဟာ မကြာသေးခင်တုန်းက ထိုင်း-မြန်မာ နယ်စပ်ကို သွားရောက်ပြီး မြဝတီ မြို့နယ်ထဲက KK Park ကျားဖြန့်ဝင်းကို ဖောက်ခွဲ ဖျက်ဆီးမှု အခြေအနေတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ KK Parkကို ဖြိုချလိုက်ရုံနဲ့ ကျားဖြန့် လုပ်ငန်းတွေ အဆုံးသတ်သွားပြီလို့ အဓိပ္ပါယ် မှားယွင်း ကောက်ယူလို့ မရကြောင်း ဝက်စ်က သတိပေးခဲ့ပါတယ်။ ထိုင်းနဲ့ နယ်စပ်နားမှာ အဆောက်အအုံ အကြီးကြီးတွေနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတွေဟာ အရမ်း ထင်သာမြင်သာ ရှိနေတဲ့အတွက် အခုဆိုရင် ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းက လူသူသိရှိမှု နည်းပါးတဲ့ နေရာတွေဆီ ရွှေ့ပြောင်းကုန်ပြီလို့ ဝက်စ်က ဆိုပါတယ်။ ကျားဖြန့် လုပ်ငန်းတွေဟာ တောတောင် ဧရိယာတွေကနေတောင် အခြေစိုက် လည်ပတ်နိုင်တဲ့ အနေအထားမျိုး ရှိနေတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် တစ်ဦးလို့ လူသိများတဲ့ ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းရှင် ချန်ကျိကို အမေရိကန်က တရားစွဲခဲ့တဲ့နောက် ကမ္ဘောဒီးယား အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေပါ မြန်မာဖက်ကို ရွှေ့ပြောင်းလာတယ်လို့ ဝက်စ်က ပြောပါတယ်။ အာဏာပိုင်တွေက အနေနဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုစီကို ပစ်မှတ်ထား နှိမ်နင်းနေရုံနဲ့ မလုံလောက်ဘဲ နောက်ကွယ်က အဓိက ထောက်တိုင် တွန်းအားဖြစ်စေတဲ့ ကွန်ရက် တစ်ခုလုံးကို ခြေရာခံ ဖြိုချဖို့ လိုကြောင်းလည်း သူက သတိပေးသွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ ပိုင်နက်ထဲက ကွဲပြားတဲ့ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြန့်ကျက် အခြေစိုက်ထားတာ၊ မြန်မာနိုင်ငံအနှံ့ ပြည်တွင်းစစ်မီး တောက်လောင်နေတာတွေကြောင့် အဲဒီ ရာဇဝတ် ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ရေးဟာ ပိုပြီး ရှုပ်ထွေး ခက်ခဲလာနေတယ်လို့ ဝက်စ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။ ကိုးကား -Nation ၊ ဓာတ်ပုံ - FBI #LNO #HlaingInfo
Open in Telegram01- December- 2026 နေ့ ထွက်မယ့် ဘတ် ၆ သန်း ၊ ကျပ်သိန်းပေါင်းများစွာ ကံထူးရှင် ရွေးချယ်မည့် ထိုင်းထီများကို ဝယ်ယူအားပေးလိုရပါပြီး 🍀 ဘတ် ၆ သန်း ထီနံပါတ်များ - ⤵️ 049501 113802 351804 827808 946809 934110 696112 339115 220116 101117 776224 895225 985726 747728 682729 509730 271732 033734 248636 486738 605739 561246 323248 316153 435154 554155 673156 911158 731861 000865 026567 145568 502571 740573 978575 664478 069483 094084 213085 596995 239998 153410 282111 323812 090313 352515 581716 851418 706620 215022 632023 207225 504526 379228 338929 637530 349532 111433 087934 062935 688536 544338 462439 134440 932644 478445 521346 819947 194449 836150 189851 007752 381855 322656 356657 832358 100360 480862 942164 683666 418870 576571 260572 225175 947876 532880 ထီ 1 စောင်ကို မြန်မာငွေ 16,000- ကျပ်။ ထိုင်းဘတ် 100 ဖြင့် ရောင်းချပေးပါသည်။ ဆက်သွယ်ဝယ်ယူရန် - 📥 - https://t.me/pyithuaungpwel - https://t.me/hlaingtsp မိဘပြည်သူများအားလုံး ကံထူးအောင်ပွဲခံနိုင်ကြပါစေ။ 🙏" #ThaiLottery #HlaingInfo
Open in Telegramဟိုပင်မြို့ နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ်တစ်ဦးသေဆုံး၊ ▪️မိုးမိတ်-တွင်းငယ်လမ်းတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦး ဒဏ်ရာရ နိုဝင်ဘာလ ၂၆ ရက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကား ၃ စီး၊ အင်အား ၄၀ ခန့်ဖြင့် နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ တပ်ရင်းနှင့် SNA ပူးပေါင်းတပ်ဖွဲ့များကို KPDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း နယ်ထိန်းရဲ ဒုရဲအုပ် ထက်လွမ်းဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ စစ်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့များမှာ နန့်ရင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ KPDF တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ဘက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နန့်ရင်းချောင်းတံတားဘက်မှာ ဖြစ်တာ။ နယ်ထိန်းရဲ ဒုရဲအုပ် ထက်လွမ်းဦးဆိုတဲ့တစ်ယောက် သေတယ်။ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိတယ်။ တိုက်ပွဲဖြစ်တော့ ဖြတ်သန်းသွားတဲ့ ပြည်သူတွေ ကြောက်လန့်တကြားဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိတယ်။ ပြည်သူတစ်ယောက် ဒဏ်ရာရတယ်” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဟိုပင်-နန့်ရင်း ရထားလမ်းတစ်လျှောက်နှင့် ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများကို မကြာခဏ ဖမ်းဆီးပြီး စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း စစ်ရေးတင်းမာနေကြောင်း သိရသည်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နှင့် တွင်းငယ်ကြား ကားလမ်းပေါ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက်တွင် မိုးမိတ်မြို့နှင့် တွင်းငယ်သို့ သွားသည့် ကားလမ်းပေါ်ရှိ KIA ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားသော ကရင်ချောင်းတံတားဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတိအကျ မသိရကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ “သေဆုံးမှုလည်းရှိပါတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ KIA ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ဘက်ကို စကစက ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မိုးမိတ်မြို့မှ ကချင်ပြည်နယ်ဘက်သို့ သွားသည့် လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ #KTM #HlaingInfo
Open in TelegramViews growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 196 |
| 3 h | 1,080 |
- Total to date1,080
ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦး ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်၍ ထွက်ပြေး လွတ်မြောက်လာ နိုဝင်ဘာလ ၂၆ ရက် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦး ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်၍ ထွက်ပြေး လွတ်မြောက်လာကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦးသည် ကျောင်းဆင်းချိန်၌ အချုပ်ခန်းဖောက်ကာ ကျောင်းသား၊ ကျောင်းသူများကြား ရောနှော၍ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။ စစ်တပ်သည် ရေဦးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-၂) ကို စာသင်ကြားရန် အတွက် ဖွင့်လှစ်ထားသကဲ့သို့ စာသင်ဆောင်တစ်ခုကိုလည်း အချုပ်ခန်းအဖြစ် အသုံးပြုကာ ၎င်းတို့ဖမ်းဆီးထားသူများကို ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် ၁၀ ဦးမှာ အသက် ၂၆ နှစ်မှ ၃၄ နှစ်အရွယ်ကြားရှိ လူငယ်များဖြစ်ပြီး လွန်ခဲ့သည့် နှစ်လခန့်က စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ ရေဦး၊ ကလေး၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များနှင့် မကွေးတိုင်း ရေစကြိုမြို့နယ်တို့မှ ဒေသခံပြည်သူများ ဖြစ်ကြောင်း သိရှိရသည်။ "လွန်ခဲ့သော ၂ လလောက်က ပေါ်တာအဆွဲခံရတာ အသက် ၂၆ နဲ့ ၃၄ နှစ်အကြားလူငယ်တွေပါ။ သူတို့က နေရာတွေမတူဘူး။ ရေဦးမြို့နယ် ၊ ကလေးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ခင်ဦးမြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တွေက လူငယ်တွေပါ။ အထက ၂ အချုပ်ထောင်မှာ ထိန်းသိမ်းထားတာ စစ်ခွေးတွေက စာသင်ဆောင်ကို အချုပ်ခန်းအဖြစ်အသုံးပြုနေတာ ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်ပြီး ကျောင်းသားတွေအကြားကနေ ရောပြီးထွက်ပြေးလာတာ ကျောင်းလည်းဖွင့်ထားတယ် အချုပ်ခန်းလဲ လုပ်ထားတာပေါ့" ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ပြောဆိုသည်။ လက်ရှိတွင် အဆိုပါ လွတ်မြောက်လာသူ ၁၀ ဦးလုံးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လွတ်မြောက်နယ်မြေတစ်နေရာသို့ ခေါ်ဆောင်၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။ ဓာတ်ပုံ - သထုံမြို့နယ်ရှိ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ပေါ်တာဆွဲအဓမ္မ ဖမ်းဆီးခံရပြီး စစ်မှု ထမ်းသင်တန်းအပတ်စဥ် ၂၃ အတင်းအကျပ် တက်ရောက်ခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းပို့ဆောင်ရန် ပြင်ဆင်နေစဉ် (ပုံအဟောင်းဖြစ်သည်) #KTM #HlaingInfo
Open in TelegramViews growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 219 |
| 3 h | 1,060 |
- After 1 hour219
- Total to date1,060
စစ်အာဏာသိမ်း (၂၁၂၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၇၁၄)ဦးထိရှိလာ နိုဝင်ဘာလ ၂၆ ရက် AAPP ရဲ့ နိုဝင်ဘာ ၂၅ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၁၂၄) ရက်အတွင်း ပြည်သူ (၈၇၁၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၄၂၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၄၅၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ကိုးကား - AAPP #TLT #HlaingInfo
Open in TelegramViews growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 1 h | 373 |
| 3 h | 1,200 |
- After 1 hour373
- Total to date1,200
Connections
Similar channels
AA Info Desk@aainfodeskNews and media47.7K
Wai Hin (ဝေဟင်)@waihinNews and media48.2K
Eleven Media Group@elevenmediagroupNews and media38.2K
People's Spring@peoplespringNews and media58.4K
Shwe Phee Myay News Agency@spmnewsagency2019News and media37K
စစ်ခွေးသင်္ချိုင်း@sittkhwaydeadNews and media63.9K
The Irrawaddy - Burmese@theirrawaddyNews and media74.9K
EAR, Org.@earorgNews and media29.5K