
မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ
News Channel in Myaing မြိုင်မြို့နယ်အတွင်းအဓိကထားပြီး အကြမ်းဖက် စကစများရဲ့လှုပ်ရှားမှုတွေ၊ စစ်ကြောင်းသတင်းတွေကို အချိန်နဲ့တပြေးညီ အများပြည်သူများ သိရှိနိုင်ရန်တင်ပေးသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးအခြေအနေ တော်လှန်ရေးဗဟုသုတများလဲ ပါ၀င်မှာဖြစ်ပါတယ်ဗျ။
Новые посты
ခုရက်ပိုင်း အမျိုးသမီးငယ်တွေ ပျောက်ပျောက်နေပါတယ်။ ကိုယ်နဲ့ နီးစပ်ရာမှာတင် (၂) ယောက်လောက် ပျောက်နေပြီး ရှာတွေ့တာတစ်ယောက်ပဲရှိပါတယ်။ နှစ်ယောက်က ရဲဘော်တွေရဲ့ အမ/နှမတွေပါ။ ပထမ တစ်ယောက်က စစ်ရှောင်ရင်း မိသားစုမျက်နှာကွယ်ခိုက် ကားဂိတ်တစ်ခုမှာ တက်ဖို့လုပ်နေတုန်း ပျောက်သွားပါတယ်။ နောက်တစ်ယောက်က အလုပ်လုပ်သွားရင်း အဆက်အသွယ်မရဘဲ ပျောက်သွားပြီး ကြာမှ အဆက်အသွယ်ပြန်ရခဲ့တယ်။ အဆက်အသွယ်ရလာတဲ့အခါ မိသားစုက မူမမှန်တာသိပြီး သေချာစုံစမ်းလိုက်တော့ စစ်ကိုင်းဘက်တစ်နေရာက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ တွေ့လို့ပြန်သွားခေါ်ကြပါတယ်။ ဒါပေမဲ့ မိဘဆွေမျိုးစကားကို နားမထောင်ဘဲ အမျိုးသမီးကြီးရဲ့ စကားကို ပြုစားထားသလိုမျိုး မြေ၀ယ်မကျနားထောင်နေလို့ အတင်းဆွဲခေါ်ခဲ့ရပါတယ်။ အိမ်ပြန်ရောက်တော့ ကလေးမလေးဆီမှာ ဆေးနဲ့တူတဲ့အရာတွေ ခုပုံထဲကလိုတွေ့ခဲ့ရပြီး အဲဒီအမျိုးသမီးကြီးကနေ့တိုင်း သောက်ခိုင်းကြောင်းနဲ့ ကျန်တာတွေကို မေးမြန်းမရသေးကြောင်းသိရှိရပါတယ် (အဲဒီအနီလုံးလေးတွေအကြောင်း သိတဲ့သူရှိရင် ဆက်သွယ်ပေးကြပါ့အုံးခင်ဗျာ)။ ယ္ခုလို အဘက်ဘက်က ပျက်စီးချွတ်ခြုံကျနေတဲ့အချိန်မှာ မကောင်းမှုတွေက နေရာတကာ ပျံ့နှံ့နေပါတယ်။ ကျနော်တို့မှာ အားကိုးစရာအစိုးရရယ်လို့ မည်မည်ရရ မရှိသေးပါဘူး။ အချင်းချင်းကို လက်တို့ပြီး အသိပေးထားရပါမယ်။ ဘေးကင်းကြပါစေ အမျိုးသမီးတို့။ - မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ
Открыть в Telegramပေါက်+မြိုင်အစပ်၌ မနက်တစ်ပိုင်းအတွင်း ကင်းထောက်လေယာဉ်ဝဲပြီး Mi 35 (၂) စီး၊ Gyrocopter (၆) စီးဖြင့် လေကြောင်းတိုက်ခိုက်၊အရပ်သားသေဆုံးမှုရှိ အောက်တိုဘာ ၁၁ ရက်၊ မြိုင် အကြမ်းဖက်စစ်ကြောင်း ရောက်ရှိရာ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ် ရေနံမြေ၀န်းကျင်တစ်လျှောက်ကို ညောင်ဦးလေတပ်မှ Mi 35 (၁) စီး နှင့် Gyrocopter (၃) စီးတို့က နှစ်ကြိမ်တိုင် အတက်အဆင်းပြုလုပ်ပြီး ၁၁ ရက်နေ့ မနက်ပိုင်း ၉ နာရီ၀န်းကျင်၊၉:၂၀ ၀န်းကျင်နှင့် ကင်းထောက် ATR 42 လေယာဉ် ပျံဝဲအပြီး ၁၁:၁၅ ၀န်းကျင်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ပြည်သူ့နေအိမ်တစ်ချို့ပျက်စီးပြီး ပြည်သူအမျိုးသား (၁) ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ ယခင် စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ (၃) နာရီခန့်ကလဲ Gyrocopter (၃) စီးလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား(၂) ဦး၊အမျိုးသမီး (၁) ဦးထိခိုက်မှု အပြင်းအထန်ရရှိပြီး ၎င်းတို့အနက်မှ အမျိုးသား(၁) ဦး ၀မ်းဗိုက်ဖောက်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း နောက်ဆက်တွဲ သိရှိခဲ့ရသည်။ အကြမ်းဖက်အုပ်စုကမူ စစ်ရေးပစ်မှတ်များကိုသာ လေကြောင်း တိုက်ခိုက်သည်ဟု လိမ်လည်ပြောဆိုကြသော်လည်း မြေပြင်အချက်အလက်နှင့် ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းများတွင်မူ အရပ်သားစစ်စစ်များသာ ဖြစ်ကြောင်း ငြင်းဆိုမရအောင် သက်သေပြနေသည်။ Photo - ယနေ့ ၁၁ ရက်မနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ထိခိုက်သေဆုံးခဲ့ရပုံ။ - မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ
Открыть в Telegramမြိုင်နှင့်ပေါက်မြို့နယ် အစပ်တွင် စစ်အုပ်စု၏ ရက်စက်ယုတ်မာသော လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား (၃) ဦး ပြင်းထန်စွာ ဒဏ်ရာရ စက်တင်ဘာ ၁၆ ၊ မြိုင် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူ (၃) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ စက်တင်ဘာ (၁၆) ရက်၊ မွန်းလွဲ (၃) နာရီခန့်တွင် ညောင်ဦးလေဆိပ်မှ ပျံသန်းလာသည့် အကြမ်းဖက်စစ်အုပ်စု၏ Gyrocopter (၃) စီးသည် မြိုင်-ပေါက်နယ်စပ် စစ်ကြောင်းရောက်ရှိရာ တဲကြီးကျေးရွာ အနီးဝန်းကျင်ရှိ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများပေါ်သို့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှု (၅) ကြိမ်ထက်မနည်း ရက်ရက်စက်စက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်အုပ်စု၏ အဓမ္မ ရမ်းသမ်းတိုက်ခိုက်မှုကြောင့် ဗုံးသီးသည် ပြည်သူများ နေထိုင်နေသည့် နေအိမ်တစ်လုံးပေါ်သို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၃၀) ဝန်းကျင်အရွယ် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြသည်။ စစ်အုပ်စုသည် လေကြောင်းမှ ရက်စက်စွာ ဗုံးကြဲရုံတင်မကဘဲ တိုက်ခိုက်မှုအပြီးတွင်လည်း ပြည်သူလူထု စိတ်ဓာတ်ကျဆင်းပြီး အကြောက်တရားလွှမ်းမိုးသွားစေရန် လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ မဆင်မခြင် ဆက်လက် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် လွန်ခဲ့သည့် ဩဂုတ်လ (၂၆) ရက်နေ့ကတည်းက တဲကြီးကျေးရွာအတွင်းသို့ တပ်စွဲဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းတစ်လျှောက် အရပ်သားပြည်သူ (၃၀) ခန့် အကြမ်းဖက် သတ်ဖြတ်ခဲ့ကာ ယခုအချိန်အထိ ၎င်းကျေးရွာအတွင်း တပ်စွဲထားဆဲဖြစ်သဖြင့် ဒေသခံပြည်သူများမှာ အသက်အန္တရာယ် စိုးရိမ်မှုကြီးစွာဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပုံ - ယနေ့ Gyrocopter ဖြင့် အကြမ်းဖက်တိုက်ခိုက်ရာ ပြည်သူများ ထိခိုက်ပုံ။
Открыть в Telegramမြိုင်နှင့် ပေါက်မြို့နယ်စပ်တွင် ပိတ်မိနေသည့် စစ်အုပ်စုစစ်ကြောင်းကို Y-8 ဖြင့် ရက် ၂၀ ခန့်အတွင်း ၄ ကြိမ်မြောက် ရိက္ခာချပေးခဲ့ရ စက်တင်ဘာ ၁၄၊ မြိုင် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ် တဲကြီးကျေးရွာတွင် ရက်ပေါင်း ၂၀ နီးပါး ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေသည့် အကဖစစ်ကြောင်းထံ ယနေ့ (စက်တင်ဘာ ၁၄ ရက်) မွန်းလွဲ ၁ နာရီမှစ၍ မိတ္ထီလာ ရှမ်းတဲလေတပ်မှ Y-8 ထောက်ပို့လေယာဉ်ဖြင့် ရိက္ခာထုပ် ၁၀၀ ဝန်းကျင်ကို (၄) ကြိမ်မြောက်အဖြစ် လေကြောင်းမှ ၁ နာရီကြာ ထပ်မံချပေးခဲ့ရကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တဲကြီးရွာ၌ ပိတ်မိနေသည့် ကာလအတွင်း Y-8 နှင့် Y-12 လေယာဉ်များဖြင့် ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ ၎င်းစစ်ကြောင်းတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၅၀ ထက်မနည်း ရှိနေပြီဖြစ်ကြောင်း "အညာတမာ" စစ်ဆင်ရေးက ဩဂုတ်လ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး လက်ရှိတွင် သေဆုံးသူဦးရေ ထို့ထက် ပိုမိုများပြားလာကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် တဲကြီးကျေးရွာအနီး ဝန်းကျင်ရှိ Well 2 ရေနံမြေအတွင်းက ဒေသခံများ၏ ဆီခပ်တဲများနှင့် ရေနံကျင်းများကို အင်အား ၂၀၀ ခန့်ဖြင့် လှည့်လည်ကာ မိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် ယနေ့ နံနက် ၈ နာရီခန့်ကလည်း ရေနံကျင်းများကို မီးရှို့ဖျက်ဆီးပြီး တဲကြီးရွာအတွင်းသို့ ပြန်လည်ဝင်ရောက် ခိုအောင်းနေကြောင်း သိရသည်။ ဓာတ်ပုံ - တဲကြီးရွာသို့ ရိက္ခာချပေးခဲ့သည့် Y-8 ထောက်ပို့လေယာဉ်။ - မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ
Открыть в Telegramမြိုင်မြို့နယ်အတွင်း စစ်အုပ်စုက မြေပြင်မှာသာမက ဝေဟင်မှာပါ လေကြောင်းမြောက်များစွာ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေ။ ပြည်သူ့အခြေခံ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးလျက်ရှိ။ ပြည်သူ့ရဲဘော်များက လေကြောင်းရန်ကြားထဲမှ ရွံ့ရွံ့ချွံ့ချွံ့ ပြန်လည်တိုက်ခိုက်လျက်ရှိ။ - မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ
Открыть в Telegramမြိုင်ပကဖက မင်းအောင်လှိုင်တပ်ကို တစ်ဦးချင်းပျံသန်းနိုင်စေရန် ကူညီဆောင်ရွက်ပေးထား ဩဂုတ်လ ၁၆ ရက်၊ မြိုင် မြိုင်မြို့နယ်၊ Well 2 ရေနံမှော်ကို တပ်,မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ရန်နှင့် နယ်မြေစိုးမိုးရေးဆောင်ရွက်နိုင်ရန် မြိုင်မြို့နယ် ပကဖနှင့် မဟာမိတ်များက "အညာတမာ"ခေါင်းစဉ်ဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် မြိုင်ပကဖမှ တီထွင်ထားသော မြေပေါ်မြေအောက်အပျောက်နည်းပညာကိုတပ်,မတော်မှ ရှေ့ပြေးတပ်စုတစ်စု လာရောက်စမ်းသပ်ရာ အောက်ပါအတိုင်း လေပေါ်တွင်ပျံဝဲနိုင်ခဲ့ကြောင်း၊ အောင်မြင်ခဲ့ကြောင်းနှင့် ယခုလို ပစ္စည်းများကို ထပ်မံ၍ အခမဲ့ ထောက်ပံ့ကူညီဖို့ အများအပြားရှိကြောင်း မြိုင်ပကဖမှ ပြောကြားခဲ့သည်။ - မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ
Открыть в TelegramСвязи
Похожие каналы
🌈ရောင်နီဦး🌈@youngnioo1Новости и СМИ1,79 тыс.
Ground Press@gpscoutnewsНовости и СМИ2,23 тыс.
ပခုက္ကူခရိုင် မြေပြင်၊ဝေဟင်နှင့် ရေပြင်သတင်းများ@https7starmyaingНовости и СМИ2,4 тыс.
Magway Scout Network@magwayscoutnetworkНовости и СМИ2,51 тыс.
ပင်မ သတင်းနှင့်ပြန်ကြားရေး@pinmapressНовости и СМИ2,8 тыс.
မန္တလေးပြင်ပ ကင်းထောက်ကွန်ယက်@mandalayscoutnetworkНовости и СМИ1,02 тыс.
Magway Division News@httpmdnНовости и СМИ3,35 тыс.
𝐏𝐃𝐂 𝐀𝐢𝐫 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧(𝒀𝒆𝒖)@airinformationyeuНовости и СМИ5,15 тыс.