Переслано из စစ်နိုင် News 🇲🇲
မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် ကန့်ဘလူမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ် ထိန်တောကျေးရွာနေ ကိုအေးချမ်းအောင် (၂၃) နှစ်နှင့် ဇနီးဖြစ်သူ မမေသူ (၁၇) နှစ်တို့သည် ထန်းကုန်းကျေးရွာသို့ သွားရောက်စဉ် PDF အမည်ခံအဖွဲ့ ထောင်ထားသည့် တိုက်မိုင်းကို တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့သည်။ အလားတူ ရွှေကျင်မြို့နယ် သံဆိပ်ရွာမကျေးရွာနေ ဦးဝင်းစိုး (၅၁) နှစ်သည် လယ်ကွင်းသို့ စက်ဘီးဖြင့် သွားရောက်စဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်းကို နင်းမိပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ #SittNaing
Открыть в Telegram







