အကြမ်းဖက် စစ်တပ်ပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့ကို ပေးအပ်ချီးမြှင့်ထားသည့် အရည်အသွေးဆုများကို Monde Selection က ပြန်လည်ရုပ်သိမ်း ရန်ကုန်၊ စက်တင်ဘာ ၂၉ ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးအကဲဖြတ်သည့် Monde Selection က မြန်မာစစ်တပ်ပိုင် Dagon Beverages နှင့် Myanmar Brewery တို့၏ ထုတ်ကုန်များကို ယခင်က ပေးအပ်ထားသည့် အရည်အသွေးဆုများနှင့် အသိအမှတ်ပြုမှုများကို ပြန်လည်ရုပ်သိမ်းပြီး အဆိုပါကုမ္ပဏီများနှင့် ပတ်သက်သည့် အချက်အလက်များကို ၎င်း၏ဝက်ဘ်ဆိုက်မှ ဖယ်ရှားလိုက်ကြောင်း Info Birmanie နှင့် Justice For Myanmar တို့က သတင်းထုတ်ပြန်သည်။ အဆိုပါ လုပ်ဆောင်ချက်အပေါ် Info Birmanie နှင့် Justice For Myanmar တို့က ကြိုဆိုခဲ့ပြီး မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ဥရောပသမဂ္ဂ (EU) နှင့် အဖွဲ့ဝင်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများကို ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်ရန်နှင့် ထပ်မံတိုးချဲ့ချမှတ်ရန် တောင်းဆိုထားသည်။ ပါရီမြို့ရှိ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ် Quai d’Orsay တွင် ကျင်းပခဲ့သည့် Monde Selection ၏ ၂၀၂၆ ခုနှစ် ဆုပေးပွဲအခမ်းအနားတွင် Dagon Beverages Company Limited က ဆုအများအပြား ရရှိခဲ့ပြီးနောက် အဆိုပါဆုများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း Info Birmanie နှင့် Justice For Myanmar တို့က ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် Dagon Beverages နှင့် Myanmar Brewery တို့အား ချီးမြှင့်ထားသည့် ဆုများကို ပြန်လည်ရုပ်သိမ်းပေးရန် Monde Selection ထံ စာရေးသားတောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုတောင်းဆိုမှုများနောက်ပိုင်း Dagon Beverages နှင့် Myanmar Brewery တို့အား ချီးမြှင့်ထားသည့် ဆုများနှင့် အသိအမှတ်ပြုမှုများကို ပြန်လည်ရုပ်သိမ်းပြီး ၎င်းတို့ကို ဖောက်သည်စာရင်းမှ ဖယ်ရှားထားကြောင်း၊ ကုမ္ပဏီနှစ်ခုနှင့် ပတ်သက်သည့် ရည်ညွှန်းဖော်ပြချက်များကိုလည်း ဝက်ဘ်ဆိုက်မှ ဖယ်ရှားထားကြောင်း Monde Selection ကိုယ်စားလှယ်တစ်ဦးက အတည်ပြုထားသည်ဟု ဆိုသည်။ ထို့အပြင် Monde Selection က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ Dagon Beverages နှင့် Myanmar Brewery တို့ထံ စာပေးပို့ပြီး Monde Selection Quality Award လိုဂိုကို ဆက်လက်အသုံးပြုခွင့်မရှိတော့ကြောင်း အသိပေးခဲ့သည်ဟု သိရသည်။ Dagon Beverages သည် Dagon Lager Beer၊ Dagon Extra Strong၊ Dagon Royal Rum၊ Dagon Malta Fresh နှင့် Dagon Fresh Lemon Sparkling စသည့် အမှတ်တံဆိပ်များကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုဖြစ်သည့် MEC ၏ ရာနှုန်းပြည့်ပိုင် လက်အောက်ခံကုမ္ပဏီဖြစ်ကြောင်း Justice For Myanmar နှင့် Info Birmanie တို့က ဖော်ပြထားသည်။ Myanmar Brewery သည် Myanmar Beer၊ Black Shield နှင့် Andaman Gold စသည့် အမှတ်တံဆိပ်များကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး စစ်တပ်ပိုင် MEHL ၏ ရာနှုန်းပြည့်ပိုင် လက်အောက်ခံကုမ္ပဏီဖြစ်ကြောင်း အဆိုပါအဖွဲ့များက ဆိုသည်။ Myanmar Brewery သည် Monde Selection ထံမှ နောက်ဆုံးအကြိမ် ဆုများကို ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ MEC နှင့် MEHL တို့ကို ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားကြောင်းလည်း ဖော်ပြထားသည်။ Info Birmanie နှင့် Justice For Myanmar တို့က အဆိုပါ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိသည့် ဘဏ္ဍာငွေများသည် စစ်တပ်အတွက် ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး စစ်တပ်၏ လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်ရန် အထောက်အပံ့ဖြစ်စေသည်ဟု ပြောဆိုထားသည်။ Dagon Beverages နှင့် Myanmar Brewery တို့၏ အမည်များကို ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (UN IIFFM) ၏ အစီရင်ခံစာအပါအဝင် အစီရင်ခံစာများတွင် ဖော်ပြထားကြောင်းလည်း ၎င်းတို့က ဆိုသည်။ Monde Selection က အဆိုပါကုမ္ပဏီများနှင့် စစ်တပ်ကြား ဆက်နွှယ်မှုကို သိရှိထားခြင်းမရှိခဲ့ဘဲ သိရှိပြီးနောက် လျင်မြန်စွာ အရေးယူခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်ဟု Info Birmanie နှင့် Justice For Myanmar တို့က ဖော်ပြထားသည်။ သို့သော် အဖွဲ့နှစ်ဖွဲ့က Monde Selection အနေဖြင့် Dagon Beverages နှင့် Myanmar Brewery တို့နှင့် နှစ်ရှည်လများ ဆက်ဆံရေးရှိခဲ့ခြင်းကြောင့် ကုမ္ပဏီများကို တင်ကြိုစိစစ်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာရှိကြောင်း ပြောဆိုထားသည်။ ထို့အပြင် Dagon Beverages နှင့် Myanmar Brewery တို့သည် Monde Selection ၏ ပြိုင်ပွဲတွင် ပါဝင်ရန် အခကြေးငွေများ ပေးချေခဲ့ပြီး ဆုများရရှိခြင်းကို ဈေးကွက်မြှင့်တင်ရေးအတွက် အသုံးပြုခဲ့ကြောင်း အဖွဲ့နှစ်ဖွဲ့က ဆိုသည်။
Открыть в Telegram
အကြမ်းဖက် စစ်တပ်ပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့ကို ပေးအပ်ချီးမြှင့်ထားသည့်…
Просмотры11 005+5%к среднему
Пересылки6
Реакции11
Комментарии—
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 487 |
| 9 ч | 8 624 |
| 58 ч | 11 005 |
- Всего сейчас11 005
Реакции
- 👏9
- ❤2
Ещё посты канала Khit Thit Media
- 01Просмотры15,6 тыс.Пересылки1Реакции21Комментарии—
- 02Просмотры15,4 тыс.Пересылки1Реакции—Комментарии0
- 03Просмотры14,7 тыс.Пересылки3Реакции3Комментарии0
- 04Просмотры14,6 тыс.Пересылки7Реакции5Комментарии0
- 05Просмотры14,5 тыс.Пересылки3Реакции—Комментарии—