အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်း လမ်းဆုံဂိတ်စခန်းကို PDF တပ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိ ရန်ကုန်၊ စက်တင်ဘာ ၂၈ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ဂုံညင်းတန်းလမ်းဆုံ စစ်အုပ်စု ဂိတ်စခန်းကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဂုံညင်းတန်းလမ်းဆုံဂိတ်တွင် ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်များထံမှ ဆက်ကြေးတောင်းခံနေသည့် စစ်တပ်ဂိတ်ကို ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးခဲ့ကာ G-3 ကျည်ဘောက် ၁ ခု၊ ၇.၆၂ G-3 ကျည် ၄၅၀ တောင့်နှင့် အခြားစစ်သုံးဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် PDF တပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ကျဆုံးမှု မရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။
Открыть в Telegram
အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်း လမ်းဆုံဂိတ်စခန်းကို PDF တပ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅…
Просмотры8 762−13%к среднему
Пересылки2
Реакции22
Комментарии—
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 760 |
| 4 ч | 6 280 |
| 14 ч | 8 762 |
- Всего сейчас8 762
Реакции
- ❤14
- 👏4
- 👍2
- 🙏1
- 🤣1
Ещё посты канала Khit Thit Media
- 01Просмотры15,6 тыс.Пересылки1Реакции21Комментарии—
- 02Просмотры15,4 тыс.Пересылки1Реакции—Комментарии0
- 03Просмотры14,7 тыс.Пересылки3Реакции3Комментарии0
- 04Просмотры14,6 тыс.Пересылки7Реакции5Комментарии0
- 05Просмотры14,5 тыс.Пересылки3Реакции—Комментарии—