ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုအတွင်း အရပ်သားပြည်သူ ၃၀ ထက်မနည်းသေဆုံး

Khit Thit MediaПодтверждён, @khitthitnews

Открыть в Telegram
#273384Текст

ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုအတွင်း အရပ်သားပြည်သူ ၃၀ ထက်မနည်းသေဆုံး ရန်ကုန်၊ စက်တင်ဘာ ၂၈ ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့ကို ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်ခန့်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် ၁ စီးက ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါနေရာများအနီးရှိ အရပ်သားပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် ဈေးရောင်းဈေးဝယ်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ ရှိခဲ့ကြောင်း၊ လတ်တ လော ကနဦးသတင်းများအရ သေဆုံးသူ ၃၀ ဦးကျော်ရှိကြောင်း သိရှိရသည်။ စစ်တပ်၏ လေယာဉ်ဗုံးများက ကျောက်တော်မြို့ရှိ ပိုက်သည်ရပ်ကွက်နှင့် အိန္ဒိယဈေးအနီးဝန်းကျင်သို့ ဗုံးများ ကျရောက်ခဲ့ပြီး မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကျောက်တော်မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်ရှိ ဒေသခံများမှာ နေအိမ်များမှ အပြင်မထွက်ရဲဘဲ ဘေးလွတ်ရာများတွင် ပုန်းခိုနေကြရကြောင်း၊ ထို့အပြင် ကျောက်တော်မြို့အပေါ်တွင် စစ်တပ်၏ လေယာဉ်များ ဆက်လက်ပျံဝဲနေကြောင်း ဒေသခံများက ပြောသည်။ "အခုသိရသလောက်ကတော့ သေဆုံးတာက အရပ်သား ၃၀ ကျော်နေပြီ။ အလောင်းတွေ ကောက်တော့ ကောက်တယ်။ လေယာဉ်တွေက ထပ်ဝဲနေတုန်းပဲ။ သေဆုံးတာက အရပ်သားပြည်သူတွေပါ။ သွားလာနေရင်း သေဆုံးကြတာ။ သေဆုံးတာတွေ ထပ်များနိုင်ပါတယ်။ ဒဏ်ရာရတာတွေလည်း များတယ်။ စာရင်းအတိအကျရဖို့ စောင့်ရမယ်" ဟု ရခိုင်ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။ အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် သံတွဲမြို့နယ်၊ ငပလီကမ်းခြေနှင့် အနီးဝန်းကျင်ကို စစ်တပ်၏ ဂျက်တိုက်လေယာဉ် ၁ စီးက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ငပလီကမ်းခြေရှိ လူနေရပ်ကွက်များကို ယနေ့ နေ့လယ် ၁၂ နာရီကျော်မှ မွန်းလွဲ ၁ နာရီနီးပါးအထိ ဂျက်တိုက်လေယာဉ်တစ်စီးက လှည့်ပတ်ပျံသန်း၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာအပါအဝင် ကျေးရွာများနှင့် နေရာအချို့ကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နေရာအချို့ကိုလည်း ယနေ့ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ဓာတ်ပုံ- One Nation News နှင့် ရခိုင်သတင်းဌာနများ။

Открыть в Telegram
Просмотры11 216+8%к среднему
Пересылки5
Реакции30
Комментарии—

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч1 097
6 ч8 348
16 ч9 731
27 ч11 216
  1. Через 1 час1 097
  2. Через 6 часов8 348
  3. Через 24 часа11 216
  4. Всего сейчас11 216

Реакции

  • 😢21
  • 🤬4
  • 👏2
  • ❤1
  • 👎1
  • 💔1

Ещё посты канала Khit Thit Media

  1. 01
    Просмотры15,6 тыс.
    Пересылки1
    Реакции21
    Комментарии—
  2. 02

    မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး ရန်ကုန်၊ စက်တင်ဘာ ၂၄ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၄ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

    Текст
    Просмотры15,4 тыс.
    Пересылки1
    Реакции—
    Комментарии0
  3. 03

    Без текста

    Фотоальбом
    Просмотры14,7 тыс.
    Пересылки3
    Реакции3
    Комментарии0
  4. 04

    နွားထိုးကြီးတွင် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ လက်လုပ်ပစ္စတို ၁ လက် သိမ်းဆည်းရရှိ၊ ကနီတွင်လည်း စစ်သား ၃ ဦးအလင်းဝင် ရန်ကုန်၊ စက်တင်ဘာ ၂၅ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး လက်လုပ်ပစ္စတို ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ စက်တင်ဘာလ ၂၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က နွားထိုးကြီးမြို့နယ် အတွင်းရှိ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း၏ စစ်ရေးလှုပ်ရှားရာနယ်မြေအတွင်းသို့ ကျူးကျော်ဝင် ရောက်လာသော သီတာယုမွန်၏ လက်အောက်ခံ ပျူစောထီး ၃ ဦးကို ပစ်ခတ်တားဆီးပြီး လက်နက်ချ အဖမ်းခံရန်အကြိမ်ကြိမ်တားဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ တားဆီးသော်လည်း လက်နက်ချအညံ့ခံခြင်းမရှိပဲ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ မြင်းခြံမြို့ပျူစောထီး ခေါင်းဆောင် သီတာယုမွန်၏ တပည့် ဝဏ္ဏစိုးကို လက်လုပ်ပစ္စတိုတစ်လက်နှင့် အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ “ဘာကိစ္စထွက်လာတယ်ဆိုတာတော့ မသိဘူး။ သူတို့ထွက်လာတာကို ကျနော်တို့ရဲဘော်တွေနဲ့ တည့် တွေ့တာ၊ လက်နက်ချခိုင်းတာ မချဘူး။ နှစ်ယောက်က လွတ်သွားတာ၊ အဲဒီတစ်ယောက်ပဲ ဒဏ်ရာနဲ့ ဖမ်းမိခဲ့တာ၊ ဆေးတော့ကုပေးသေးတယ်။ သွေးထွက်လွန်နေတော့ သေသွားတာ။” ဟု Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူငယ်များကို မတရား ပေါ်တာဆွဲ ဖမ်းဆီးကာ ရှေ့ တန်း စစ်မျက်နှာပြင်သို့ ပို့ဆောင်ပြီး အသေခံခိုင်းနေပြီဖြစ်သောကြောင့် မြိုပြနေလူငယ်များအနေဖြင့် ရုန်းထွက်ပြီး တော်လှန်ရေးဘက်တော်သားများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတွင် ပူးပေါင်းပါဝင်ကြပါရန် အထူး မေတ္တာရပ်ခံတိုက်တွန်းထားသည်။ “ဒီအချိန်မှာ ကြားနေဆိုတာ မရှိတော့ပါဘူး။ မြို့ပေါ်မှာပဲနေနေ ကျေးရွာမှာပဲနေနေ ၊ စကစအနေနဲ့ အ ပျော်အပါးတွေကို အယောင်ပြလုပ်ပြီးတော့ ပေါ်တာဆွဲနေတာ၊တစ်တိုင်းပြည်လုံးအသိပဲ။ အဲဒါကြောင့် စကစပေါ်တာဆွဲခံပြီးတော့ ကိုယ့်ဘဝကို အဆုံးသတ်မလား၊ ရှေ့တန်းစစ်မျက်နှာပြင်မှာ အသေခံမလား။ ဒါမှမဟုတ်ရင် စကစကို အန်တုပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းပြီး အာဏာရှင်စနစ် ကို အမြစ်ဖြတ်မလား ၊ မြို့ပြရှိနေတဲ့ လူငယ်တွေရော၊ မိဘတွေရော ဒီအချိန်မှာ စဉ်းစားရမယ့် အချိန်ကို ရောက်ပါပြီ။ နိုင်ငံ့အရေးနဲ့ ဘာမှမဆိုင်ဘူးလို့နေတဲ့သူတွေ ကိုယ့်ရှေ့တံခါးကိုရောက်လာပြီဖြစ်တဲ့အ တွက် ရဲရဲကြီးရင်ဆိုင်ရမယ့်အချိန်ရောက်လာပြီလို့ ပြောချင်ပါတယ်။” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း စစ်သား ၃ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကနီမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၃ ဦးသည် လက်နက်များယူဆောင်ကာ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ကာ ၎င်းတို့ ဆန္ဒအတိုင်း သွားလိုသည့် နေရာများကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    Текст
    Просмотры14,6 тыс.
    Пересылки7
    Реакции5
    Комментарии0
  5. 05

    Без текста

    Фотоальбом
    Просмотры14,5 тыс.
    Пересылки3
    Реакции—
    Комментарии—

Все посты канала Khit Thit Media