Account

Posts of ကဗျာကဖေး

newest first

#6822Text
Views395−39%vs avg
Forwards—
Reactions13
Comments—
#6820Text
Views578−11%vs avg
Forwards—
Reactions10
Comments—
#6817Text

ကျွန်တော်ဟာ ‎အချစ်ရေးကံမကောင်းဘူး… ‎ ‎ငါ့ရင်ဘတ်ထဲကို ‎သံသယအလင်းနဲ့ ‎တိတ်တဆိတ်ထိုးလာတဲ့ ‎မီးမွှားသေးသေးတစ်လုံးလိုပဲ။ ‎ ‎အချစ်ဆိုတာက ‎မြင်သာတဲ့လမင်းလားထင်ရပေမဲ့ ‎အနောက်ဖျားက ‎အရိပ်မဘ်းကြီးတစ်ခုလို ‎မပြတ်လိုက်လျှောက်နေတယ်။ ‎ ‎ဘာကြောင့်လဲ… ‎အိတိတ်ဆိုတဲ့ ကံက ‎ငါ့ကို နောက်ယောင်ခံလိုက်ရင်း ‎ငါပဲ အကြိမ်ကြိမ် အသည်းကွဲခဲ့ ‎ ‎တခါတုန်းက ‎ကိုယ့်ရင်ခုန်သံတွေ ‎တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ ‎အမြဲညှိလိုက်ရတဲ့အချိန်တွေမှာ ‎အလင်းတွေက နူးညံ့တယ်ထင်ခဲ့ပေမဲ့ ‎ ‎အဆုံးမှာတော့ ‎အလင်းညှိချိန်က ‎ငါ့အကောင်းဆုံးအရာတွေကိုပဲ ‎ငြိမ်သွားအောင်လုပ်ခဲ့တယ်။ ‎ ‎ကျွန်တော်ဟာ ‎အချစ်ရေးကံမကောင်းဘူး… ‎မင်းလား မည်သူ့လား မပြောနိုင်ပေမဲ့ ‎စကားလုံးတစ်လုံးတောင် ‎ဝမ်းနည်းသံမပါဘဲပြန်လာတတ်တဲ့ ‎သူတို့ရဲ့အပြုံးတွေကြား ‎ငါတစ်ယောက်သာ ချော်လဲနေတာပဲထင်တယ်။ ‎ ‎လွမ်းခွင့်ပဲ ရှိတယ် ‎ပိုင်ဆိုင်ခွင့်မရှိတော့တာမို့ ‎ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းကို ‎ရင်ဘတ်ထဲမှာပဲ သိမ်းထားခဲ့ ‎ ‎ငါ့ကို သတိရရဲ့လားလို့တွေးထင်တာနဲ့ ‎ငါ့အမည်လေးတောင် မင်းက ‎အရိပ်လိုပျောက်နေတယ်လို့ ထင်မိပါတယ် ‎ ‎မတိုင်မှီက ‎နွေရာသီရဲ့အပူလို ‎အချစ်နဲ့အေးချမ်းစရာရှိခဲ့ပေမဲ့ ‎အခုတော့ ‎မိုးရာသီရဲ့မိုးအေးအေးဒဏ်တွေက ‎ရင်ထဲကို မျက်ရည်နဲ့ဖုန်ထစေခဲ့တယ် ‎ ‎ကျွန်တော်ဟာ ‎အချစ်ရေးကံမကောင်းဘူး… ‎ဒါပေမဲ့ ငါ့ရင်ထဲက ‎မီးအနံသေးသေးတစ်ခုကတော့ ‎အခုထိ မသေသေးဘူး ‎ ‎တစ်နေ့တစ်ချိန် ‎အမှောင်ထဲကို လမ်းပြမယ့် ‎မီးအိမ်တိုင်တစ်ခုလို ‎ငါ့အလင်းတွေကို မပြတ်တောက်လောင်နေတုန်း ‎ကိုယ့်နာကျင်မှု ကိုယ်တိုင်ရှို့လို့ ‎ ‎အချစ်က ယုံကြည်ရခက်ပေမဲ့ ‎ယုံကြည်ချက်ကို စုဆောင်းပေးနိုင်တဲ့ ‎တစ်ယောက်ရှိသေးနိုင်တယ်— ‎ ‎တကယ်တော့ ချစ်ခြင်းမေတ္တာဟာ ‎ကျောသားရင်သား ငါ့ကိုဆို ‎အဲမြဲခွဲခြားခံရတယ် ‎ ‎အဲ့ဒီလိုနဲ့ပဲ ‎မရောက်ခင်က နှင်လွှတ်ခံရတဲ့ ‎အေးစက်စက် ပူနွေးမှုရဲ့ မေတ္တာတွေ ‎ ‎ကျွန်တော်အတွက် ‎ကံကောင်းခြင်းဆိုတာကလည်း ‎ငါ့အတွက် ဘဝခြားပြန်တယ် ‎ ‎အဲ့ဒီလိုနဲ့ ငါ့ရင်ထဲမှာ ‎နှလုံးသားကို ထွန်ထိုးရုန်းကန်ရင်း ‎နာကျင်မှု အရောင်တွေသစ်လွင်လာရင်း ‎အနွမ်းပန်းအကြိမ်ကြိမ် ပွင့်ခဲ့ ဝေခဲ့ကြွေခဲ့ ‎ ‎မပြိုင်ခင်က အမြဲတမ်း ‎ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် ‎ကျရှုံးခဲ့ရတဲ့ စစ်သရဲအိုတစ်ယောက်ပါ ‎ ‎ ‎တစ်စုံတစ်ယောက်ကိုပဲ ‎ထိထိခိုက်ခိုက် လွမ်းတက်ခဲ့တာဟာလည်း ‎ဝဋ်လို မမြင်ပဲ အချစ်လို့မြင်ရင်း ‎ ‎ကျွန်တော်ဟာ အချစ်ရေးကံမကောင်းခဲ့ဘူး ‎ ‎ ‎#ခန့်ထည် ‎

Open in Telegram
Views585−10%vs avg
Forwards—
Reactions3
Comments—
#6816Text
Views617−5%vs avg
Forwards—
Reactions13
Comments—
#6815Text
Views614−6%vs avg
Forwards—
Reactions9
Comments—
#6814Text
Views6510%vs avg
Forwards—
Reactions15
Comments—
#6813Text
Views722+11%vs avg
Forwards—
Reactions14
Comments—
#6812Text

ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင် မနက်ဖြန်တိုင်း မင်းကိုသိပ်ချစ်တဲ့အကြောင်းတွေပြောပြမယ် ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင် နှလုံးသားရဲ အဘိဓာန်မှာ တစ်ဦးတည်းသာရှိတဲ့ မင်းနာမည်လေးထိုးတဲ့အကြောင်းပြောပြချင်တယ် ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင် မင်းဆိုင်သူထပ် သဲသဲလှုပ် ရူးရူးမူးမူး ဖြစ်နေတဲ့အကြောင်းပြောပြချင်မိတယ် ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင်ပေါ့လေ နေ့စဥ်အဆင်မပြေခြင်း ကြောင်းတရားတွေ ဖွဲ့စည်းထားတဲ့ ငါ့ကမ္ဘာကြီးအကြောင်းရင်ဖွင့်ချင်တယ် ကံကြမ္မာမျက်နာသာ​ပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင်ပေါ့လေ နာကျင်မှု့ကြဲကြဲ ချရေးထားတဲ့ ငါ့ကဗျာတွေကို ငိုရင်းပြုံးရင်း မင်းကိုရွတ်ပြချင်မိတယ်... ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင် ကိုယ့်ထိခိုက်မှာမမြင်ပဲ မင်းကိုတစ်ခုခုဖြစ်မှာ သိပ်စိုးရိမ်ခဲ့ရတဲ့ နေ့ရက်တစ်ချို့ကိုပြောပြချင်မိတယ်... မျက်နာသာပေးမဲ့ ကံကြမ္မာကြီးရေ ဆုံဆည်းရမဲ့တစ်နေ့မှာ အလွမ်းတို့ဖွဲ့သီ နာကျင်မှုကို ချရေး ဒဏ်ရာစာလွှာထက်က နှလုံးသားနဲ့ချုပ်သီထားတဲ့ ငါ့ကဗျာအင်္ကျီလေး မင်းကိုဝတ်ပေးချင်​ပါသေးတယ်                           အ ချစ် ရယ် #ခန့်ထည်

Open in Telegram
Views776+19%vs avg
Forwards—
Reactions7
Comments—
#6810Text
Views897+38%vs avg
Forwards—
Reactions20
Comments—
#6809Text

တကယ်တမ်းဝေးသွားတဲ့အခါ ခင်များပြောခဲ့ဖူးတဲ့ ချစ်တယ်ဆိုတဲ့စကားလေးကို ပုံပြင်တွေအဖြစ်မှတ်ယူထားရုံပေါ့ တကယ်တမ်းဝေးသွားတဲ့အခါ ပေးခဲ့တဲ့ကတိတွေက ညကမက်တဲ့အိမ်မက်တွေလိုပဲ မနက်လဲရောက်တကယ်မရှိခဲ့ဘူးပေါ့ တကယ်တမ်းဝေးသွားတဲ့အခါ ပုံပြင်တွေထဲ ချစ်၍ဝေးကြတဲ့အကြောင်း ဒီပုံပြင်တွေတကယ်ရှိခဲ့တာနှောင်းလူတွေကိုပြောပြရမယ် တကယ်တမ်းဝေးသွားတဲ့အခါ ပြဿနာကြီးကြီးမားမားမရှိပဲ စကားလုံးလှလှလေးတွေသုံးပြီး ဝေးသွားကြတယ် တကယ်တမ်းဝေးသွားတဲ့ခါ ငါးစိမ်းမြင်ငါးကင်ပစ်တာလည်းပါမယ် သစ္စာမဲ့မှုတွေပါမယ် ဒွိဟဖြစ်မှုတွေလည်းပါမယ် ဘယ်လိုဖြစ်ဖြစ် ဝေးသွားကြတာပဲ.... တကယ်တမ်းဝေးသွားတဲ့အခါ ချစ်ခဲ့ဖူးတာစိတ်ထဲမှာမှတ် ပြုံးပျော်ခဲ့ဖူးတာစိတ်ထဲမှာမှတ် အသံဖိုင်တွေ vd call နဲ့ အမှတ်တရလက်ဆောင်တွေလဲစိတ်ထားမှာမှတ် ချစ်ခဲ့ဖူးတာကိုပဲ ကျေးဇူးတင်လိုက် လွမ်းပါဆွေးပါသတိရပါ တကယ်ဝေးသွားတဲ့အခါ ပြီးရင် အဲစာမျက်နာကိုကျော်လိုက်ပါ နောက်စာမျက်နာအသစ်စက်စက်မှာ စိတ်သစ်လူသစ်နဲ့ ပြုံးပစ်လိုက်ပါ တကယ်တမ်းဝေးသွားတဲ့အခါ တကယ်တမ်းဝေးသွားတဲ့အခါ ♡ ခန့်ထည် ♡ #တကယ်တမ်းဝေးသွားတဲ့အခါ နာကျင်ခြင်းအနုပညာ

Open in Telegram
Views875+34%vs avg
Forwards—
Reactions9
Comments—
#6806Text
Views924+42%vs avg
Forwards—
Reactions13
Comments—