ကျရှုံးခြင်းဆိုတဲ့အရာကို နှလုံးသားမှာပိုက်ပြီး ကိုယ့်မျက်ရည်နဲ့ကိုယ်အောင်ပွဲခံနေရတဲ့ အကယ်ဒမီအလွမ်းမင်းသားတစ်ယောက်ဟာငါပါ #ခန့်ထည်
Открыть в TelegramПосты канала ကဗျာကဖေး
ကိုယ့်ကိုယ်ကိုယ် အလောင်ကျွမ်းခံတဲ့ ပိုးဖလံလိုကောင်မို့ မင်းဆိုတဲ့ မီးတောက်လေးကို ကိုယ်တိုင်တိုးဝင်ခဲ့မိတာပါ ကောင်မလေးရယ်...။ #ခန့်ထည်
Открыть в Telegramပုံပြင် ခင်များရဲ့ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်ရသည်အထိ ပျော်ရွှင်ခဲ့ရဖူးတယ် အခုတော့ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သိုသိုသိပ်သိပ် ငိုနေခဲ့ရတယ် #ခန့်ထည်
Открыть в Telegramချမ်းတော့ အနွေးထည်လေး ဝတ်မှာပေါ့ အခုက လွမ်းနေတာဆိုတော့ ဘာနဲ့ဖြေဖြေ မရနေတာမျိုးကွဲ့ #ခန့်ထည်
Открыть в Telegram"ဆောင်းအချစ်" တိုးလို့သာချစ်မယ် ရိုးမသွားဘူးချစ်သူရယ်။ ခေါင်းအုံးလည်းအတူတူ ခြုံစောင်လည်းအတူတူ ကောင်းမှုလည်းအတူတူ နိဗ္ဗန်ဆုလည်းအတူယူမယ်။ ဆောင်းလေကိုအံတုဖို့ မင်းပါးချိုင့်လေးအကူလိုတယ် မေတ္တာနဲ့ဖိုမှနွေးမဲ့မီးလင်းဖိုအတွက် မင်းနဲ့နီးမှဖြစ်မယ်ကွယ် အချစ်ရယ် အနွေးဓာတ်လိုတဲ့ဆောင်းမို့ ပြေးမသွားနဲ့ဖတ်ထားမယ်။ - နေညို
Открыть в Telegramမေတ္တာရေးရာမှာ ဘက်စုံ ကျရှုံးနေရတဲ့သူမို့ မရူ့မလှ ပျော်နေရတဲ့ ရေခဲတုံးလေးလို #ခန့်ထည်
Открыть в Telegramဆောင်း နာကျင်မှုကို လှုံကာ အလွမ်းကို ခြုံရင်း မျက်ရည်နဲ့နွေးနေရပါတယ် #ခန့်ထည်
Открыть в Telegramကျွန်တော်ဟာ အချစ်ရေးကံမကောင်းဘူး… ငါ့ရင်ဘတ်ထဲကို သံသယအလင်းနဲ့ တိတ်တဆိတ်ထိုးလာတဲ့ မီးမွှားသေးသေးတစ်လုံးလိုပဲ။ အချစ်ဆိုတာက မြင်သာတဲ့လမင်းလားထင်ရပေမဲ့ အနောက်ဖျားက အရိပ်မဘ်းကြီးတစ်ခုလို မပြတ်လိုက်လျှောက်နေတယ်။ ဘာကြောင့်လဲ… အိတိတ်ဆိုတဲ့ ကံက ငါ့ကို နောက်ယောင်ခံလိုက်ရင်း ငါပဲ အကြိမ်ကြိမ် အသည်းကွဲခဲ့ တခါတုန်းက ကိုယ့်ရင်ခုန်သံတွေ တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ အမြဲညှိလိုက်ရတဲ့အချိန်တွေမှာ အလင်းတွေက နူးညံ့တယ်ထင်ခဲ့ပေမဲ့ အဆုံးမှာတော့ အလင်းညှိချိန်က ငါ့အကောင်းဆုံးအရာတွေကိုပဲ ငြိမ်သွားအောင်လုပ်ခဲ့တယ်။ ကျွန်တော်ဟာ အချစ်ရေးကံမကောင်းဘူး… မင်းလား မည်သူ့လား မပြောနိုင်ပေမဲ့ စကားလုံးတစ်လုံးတောင် ဝမ်းနည်းသံမပါဘဲပြန်လာတတ်တဲ့ သူတို့ရဲ့အပြုံးတွေကြား ငါတစ်ယောက်သာ ချော်လဲနေတာပဲထင်တယ်။ လွမ်းခွင့်ပဲ ရှိတယ် ပိုင်ဆိုင်ခွင့်မရှိတော့တာမို့ ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းကို ရင်ဘတ်ထဲမှာပဲ သိမ်းထားခဲ့ ငါ့ကို သတိရရဲ့လားလို့တွေးထင်တာနဲ့ ငါ့အမည်လေးတောင် မင်းက အရိပ်လိုပျောက်နေတယ်လို့ ထင်မိပါတယ် မတိုင်မှီက နွေရာသီရဲ့အပူလို အချစ်နဲ့အေးချမ်းစရာရှိခဲ့ပေမဲ့ အခုတော့ မိုးရာသီရဲ့မိုးအေးအေးဒဏ်တွေက ရင်ထဲကို မျက်ရည်နဲ့ဖုန်ထစေခဲ့တယ် ကျွန်တော်ဟာ အချစ်ရေးကံမကောင်းဘူး… ဒါပေမဲ့ ငါ့ရင်ထဲက မီးအနံသေးသေးတစ်ခုကတော့ အခုထိ မသေသေးဘူး တစ်နေ့တစ်ချိန် အမှောင်ထဲကို လမ်းပြမယ့် မီးအိမ်တိုင်တစ်ခုလို ငါ့အလင်းတွေကို မပြတ်တောက်လောင်နေတုန်း ကိုယ့်နာကျင်မှု ကိုယ်တိုင်ရှို့လို့ အချစ်က ယုံကြည်ရခက်ပေမဲ့ ယုံကြည်ချက်ကို စုဆောင်းပေးနိုင်တဲ့ တစ်ယောက်ရှိသေးနိုင်တယ်— တကယ်တော့ ချစ်ခြင်းမေတ္တာဟာ ကျောသားရင်သား ငါ့ကိုဆို အဲမြဲခွဲခြားခံရတယ် အဲ့ဒီလိုနဲ့ပဲ မရောက်ခင်က နှင်လွှတ်ခံရတဲ့ အေးစက်စက် ပူနွေးမှုရဲ့ မေတ္တာတွေ ကျွန်တော်အတွက် ကံကောင်းခြင်းဆိုတာကလည်း ငါ့အတွက် ဘဝခြားပြန်တယ် အဲ့ဒီလိုနဲ့ ငါ့ရင်ထဲမှာ နှလုံးသားကို ထွန်ထိုးရုန်းကန်ရင်း နာကျင်မှု အရောင်တွေသစ်လွင်လာရင်း အနွမ်းပန်းအကြိမ်ကြိမ် ပွင့်ခဲ့ ဝေခဲ့ကြွေခဲ့ မပြိုင်ခင်က အမြဲတမ်း ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် ကျရှုံးခဲ့ရတဲ့ စစ်သရဲအိုတစ်ယောက်ပါ တစ်စုံတစ်ယောက်ကိုပဲ ထိထိခိုက်ခိုက် လွမ်းတက်ခဲ့တာဟာလည်း ဝဋ်လို မမြင်ပဲ အချစ်လို့မြင်ရင်း ကျွန်တော်ဟာ အချစ်ရေးကံမကောင်းခဲ့ဘူး #ခန့်ထည်
Открыть в Telegramမင်းမှာ စိတ်ညစ်စရာ စိတ်ထိခိုက်စရာကြုံလာခဲ့ရင် ခေါင်းထိုးဝင်စရာ ရင်ခွင်တစ်စုံရှိတယ် ကိုယ့်မှာက တစ်ယောက်တည်းပါကွယ် မင်းတို့က နှစ်ယောက်အားနဲ့ပဲလေ ကိုယ်က အရှုံးကြီး ရှုံးရပါတယ် ချစ်မိတာထပ် ပိုခဲ့လို့သာ အဝေးချစ်လေးနဲ့ ချစ်နေခဲ့ရတာ ချမပြခဲ့သာ မင်းမမြင်ခဲ့တာ နာကျင်စရာတွေမှ တစ်ပုံကြီး နှုတ်ခမ်းကပြုံးတဲ့အခါ မျက်ဝန်းနဲ့ ငိုနေရတဲ့ဘဝကိုလည်း မုန်းလှတယ် ကိုယ့်အတွက်မဟုတ်တဲ့ အပြုံးတွေလည်း လိုတာထပ်ပို၍ လှလာတယ် #ခန့်ထည်
Открыть в Telegramအသည်းကွဲတယ်ဆိုတာလဲ သတိရလွန်းရင်ဖြစ်တက်တယ်လေ ဒီလိုပါပဲ ကျွန်တော်ကတော့ အသည်းအကြိမ်ကြိမ်ကွဲခဲ့ရတယ် ဝေးကွာခြင်းကို ဘာပရောဂကြောင့်လို့ မပြောလိုပါဘူး ကံကပေးလို့ ဆုံရပြီး ကုန်သွားတဲ့ ကံကြောင့်ဝေးရတယ်လို့ပဲတွေးပါတယ် #ခန့်ထည်
Открыть в Telegramကျွန်တော် အရူးအမူးဖြစ်ရသည့် မျက်မှန်အောက်က မျက်ဝန်းလေးကို နှံရိုးတွေကြားက နှလုံးသားဟာ သူမ ကိုချစ်ဖို့ဂျီကျလာခဲ့ရတယ် ကျွန်တော်မလွန်ဆန်နိုင်ဘူး မျက်မှန်အောက်က မျက်ရစ်လေးရဲ့ လိပ်စာက နှလုံးသားဆီကိုတည့်တည့်ရောက်လာတယ် တနည်းအားဖြင့် ချစ်တယ် ချစ်သွားတယ် ချစ်မိသွားတယ် ဖွင့်တော့မပြောတော့ဘူး အခုတိုင်းလေးပဲ နေသာထိုင်သာရှိပါတယ် မင်းဆီက ချစ်ကြည့်လို့မရဘူး မချစ်နိုင်ဘူးဆိုတဲ့စကား မကြားရဲလို့ပါ မိန်းကလေးရေ... #ခန့်ထည်
Открыть в Telegramအတိတ်မှာဘဲ ထင်ကျန်မယ့် ချစ်တယ်စကား ဆိုမယ်ဆို အနာဂတ်လှမ်းလည်း ပါစေချင်တယ် ပစ္စုပ္ပန်မှာ မပါလာဘူးဆိုရင်တော့ တကယ်မလိုချင်တော့ဘူး #ခန့်ထည်
Открыть в Telegramကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင် မနက်ဖြန်တိုင်း မင်းကိုသိပ်ချစ်တဲ့အကြောင်းတွေပြောပြမယ် ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင် နှလုံးသားရဲ အဘိဓာန်မှာ တစ်ဦးတည်းသာရှိတဲ့ မင်းနာမည်လေးထိုးတဲ့အကြောင်းပြောပြချင်တယ် ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင် မင်းဆိုင်သူထပ် သဲသဲလှုပ် ရူးရူးမူးမူး ဖြစ်နေတဲ့အကြောင်းပြောပြချင်မိတယ် ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင်ပေါ့လေ နေ့စဥ်အဆင်မပြေခြင်း ကြောင်းတရားတွေ ဖွဲ့စည်းထားတဲ့ ငါ့ကမ္ဘာကြီးအကြောင်းရင်ဖွင့်ချင်တယ် ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင်ပေါ့လေ နာကျင်မှု့ကြဲကြဲ ချရေးထားတဲ့ ငါ့ကဗျာတွေကို ငိုရင်းပြုံးရင်း မင်းကိုရွတ်ပြချင်မိတယ်... ကံကြမ္မာမျက်နာသာပေးလို့ မင်းနဲ့ဆုံဖြစ်ခဲ့ရင် ကိုယ့်ထိခိုက်မှာမမြင်ပဲ မင်းကိုတစ်ခုခုဖြစ်မှာ သိပ်စိုးရိမ်ခဲ့ရတဲ့ နေ့ရက်တစ်ချို့ကိုပြောပြချင်မိတယ်... မျက်နာသာပေးမဲ့ ကံကြမ္မာကြီးရေ ဆုံဆည်းရမဲ့တစ်နေ့မှာ အလွမ်းတို့ဖွဲ့သီ နာကျင်မှုကို ချရေး ဒဏ်ရာစာလွှာထက်က နှလုံးသားနဲ့ချုပ်သီထားတဲ့ ငါ့ကဗျာအင်္ကျီလေး မင်းကိုဝတ်ပေးချင်ပါသေးတယ် အ ချစ် ရယ် #ခန့်ထည်
Открыть в Telegramသတိရတယ် လွမ်းတယ် အရင်ကထပ်ပို၍ ချစ်တယ် ဒီလောက်ပါပဲ ငါတို့ဟာ မနီးခင်က ဝေးခဲ့ရတော့ ခပ်ဝေးဝေးက ငေး ခပ်ဆွေးဆွေးလေး ချစ်နေရတယ်... #ခန့်ထည်
Открыть в Telegramမေတ္တာငတ်သူ ပွင့်မလာတဲ့ တံခါးကိုမှ အကြိမ်ကြိမ်ခေါက်ပြီး စိတ်အသည်းမာတက်ခဲ့သူပါ ကိုယ့်အပေါ် အလေးမထားတဲ့သူကို အကြင်နာပိုရင်း နာကျင်စရာရတဲ့သူပါ ကိုယ့်မျက်ရည်နဲ့ကိုယ် ချော့သိပ်ရတဲ့ အဖြစ်မျိုးတွေဆိုတော့ ကိုယ့်မေတ္တာနဲ့ကိုယ် သိမ်ငယ်နေရပါတယ် အချစ်ရေးကံမကောင်းသူမို့ ဘယ်ယတြာချေချေမတိုးတဲ့ ဇာတာခွင်ဆိုတော့ မေတ္တာတရားနဲ့ကြုံရတိုင်း ပါပဂြိုလ်ပဲမြူးနေရတယ် #ခန့်ထည်
Открыть в Telegramတကယ်တမ်းဝေးသွားတဲ့အခါ ခင်များပြောခဲ့ဖူးတဲ့ ချစ်တယ်ဆိုတဲ့စကားလေးကို ပုံပြင်တွေအဖြစ်မှတ်ယူထားရုံပေါ့ တကယ်တမ်းဝေးသွားတဲ့အခါ ပေးခဲ့တဲ့ကတိတွေက ညကမက်တဲ့အိမ်မက်တွေလိုပဲ မနက်လဲရောက်တကယ်မရှိခဲ့ဘူးပေါ့ တကယ်တမ်းဝေးသွားတဲ့အခါ ပုံပြင်တွေထဲ ချစ်၍ဝေးကြတဲ့အကြောင်း ဒီပုံပြင်တွေတကယ်ရှိခဲ့တာနှောင်းလူတွေကိုပြောပြရမယ် တကယ်တမ်းဝေးသွားတဲ့အခါ ပြဿနာကြီးကြီးမားမားမရှိပဲ စကားလုံးလှလှလေးတွေသုံးပြီး ဝေးသွားကြတယ် တကယ်တမ်းဝေးသွားတဲ့ခါ ငါးစိမ်းမြင်ငါးကင်ပစ်တာလည်းပါမယ် သစ္စာမဲ့မှုတွေပါမယ် ဒွိဟဖြစ်မှုတွေလည်းပါမယ် ဘယ်လိုဖြစ်ဖြစ် ဝေးသွားကြတာပဲ.... တကယ်တမ်းဝေးသွားတဲ့အခါ ချစ်ခဲ့ဖူးတာစိတ်ထဲမှာမှတ် ပြုံးပျော်ခဲ့ဖူးတာစိတ်ထဲမှာမှတ် အသံဖိုင်တွေ vd call နဲ့ အမှတ်တရလက်ဆောင်တွေလဲစိတ်ထားမှာမှတ် ချစ်ခဲ့ဖူးတာကိုပဲ ကျေးဇူးတင်လိုက် လွမ်းပါဆွေးပါသတိရပါ တကယ်ဝေးသွားတဲ့အခါ ပြီးရင် အဲစာမျက်နာကိုကျော်လိုက်ပါ နောက်စာမျက်နာအသစ်စက်စက်မှာ စိတ်သစ်လူသစ်နဲ့ ပြုံးပစ်လိုက်ပါ တကယ်တမ်းဝေးသွားတဲ့အခါ တကယ်တမ်းဝေးသွားတဲ့အခါ ♡ ခန့်ထည် ♡ #တကယ်တမ်းဝေးသွားတဲ့အခါ နာကျင်ခြင်းအနုပညာ
Открыть в Telegramအင်းဝတံတား တသသလွမ်းခွင့်ပဲရှိတော့မယ် တမ်းတမ်းတတဖြစ်ခွင့်ပဲရှိတော့မယ် ဒီမြင်ကွင်းမျိုး နောက်ထပ် ဒီနေရာမှာမမြင်ရတော့ဘူး #ခန့်ထည်
Открыть в Telegramကိုယ်စပြောမှ ပြန်ပြောတဲ့ ဆက်ဆံရေးဟာ တကယ်ရှိတယ် စိတ်ကူးပေါက်မှ လာပေးပေး ပေးချင်လို့ပဲ ပေးပေး မင်းပေးတာဆို တန်ဖိုးထားပါတယ် စကားတွေတောင် လာမပြောဘူးလို့ မထင်လိုက်နဲ့နော် အလိုက်သိစွာနေလိုက်တာပါ မင်းလဲ မင်းဆိုင်သူနဲ့ မင်း ဝင်လာပါလို့လဲ မခေါ်တော့ဘူး လာမလားလို့လည်း မမျှော်တော့ဘူး မင်းနဲ့ပတ်သက်ရင်ဘာဆိုဘာမှ မမျှော်တော့ဘူး ခပ်ဝေးဝေးကငေး ခပ်ဆွေးဆွေးလေးပဲ ချစ်နေတော့မယ် #ခန့်ထည်
Открыть в Telegramကိုယ်တိုင်စီးပေးတဲ့ ဖိနပ်လေးတစ်စုံနဲ့ ကိုယ်မဟုတ်တဲ့ တခြားအမျိုးသားနဲ့ မင်းက အချစ်ခရီးတွေလွန်သွားတယ် ~ ခန့်ထည် ~
Открыть в Telegram