Account
Shwe Moe

Shwe Moe

Shwe Moe— https://www.facebook.com/mashwemoe.2017?mibextid=LQQJ4d မရွှေမိုး( ကိုရီးယား )— https://www.facebook.com/mashwemoekorea

Username
@mashwemoe
Category
Blogs
Country
MyanmarMyanmar
Created
, 5 years
Subscribers50,643
Avg views per post, 7d3,607−19.6% vs prev 7d
ERR7.12%last 7 days

Average views per post by day

By publication day

Show as table
DateAvg views per post
Nov 11, 20266,522
Nov 14, 20265,042
Nov 16, 20264,193
Nov 17, 20264,447
Nov 18, 20264,714
Nov 19, 20264,157
Nov 21, 20263,863
Nov 22, 20263,277
Nov 25, 20262,361

Most viewed this month

  1. 01
    Views6.52K
    Forwards1
    Reactions182
    Comments—
  2. 02

    ❝လူက မရောက်ဘူး။ နင့် ပိုစတာက ရောက် နှင့်နေပြီ 😆 ❞ မင်းအောင်လှိုင်ရေ… ဖိလစ်ပိုင်မှာတော့ နင် နာမည်ကြီးနေပြီနော်။ အကောင်ပဲ 😆 ကြိုဆိုပါတယ်ဆိုတဲ့ ဆိုင်းဘုတ်နဲ့တော့ မဟုတ်ဘူး။ ဖမ်းဆီးပေးပါဆိုတဲ့ ပိုစတာအကြီးကြီးနဲ့။ ဖိလစ်ပိုင်က ကျောင်းသားတွေနဲ့ မြန်မာ့ အရေး လှုပ်ရှားသူတွေက မင်းအောင်လှိုင်ကို ဖမ်းပြီး တာဝန်ခံခိုင်းဖို့ တောင်းဆိုခဲ့ကြတယ်။ နိုင်ငံတကာမှာ နင့်ပုံရိပ်မြှင့်ချင်တာဆိုတော့ ပုံတော့ မြင့်မြင့်မှာ ချိတ်ပေးလိုက်ကြပြီ။ ပိုထိတာက မင်းအောင်လှိုင်ကို အစည်းအဝေးမဖိတ်တာ ကောင်းတယ်၊ ဒါပေမဲ့ အဲဒီလောက်နဲ့ မလုံလောက်ဘူးလို့ ပွဲစီစဉ်သူတွေက ပြောထားတာပါ။ သူတို့တောင်းဆိုတာ ဖိတ်စာပိတ်ဖို့တင် မဟုတ်ဘူး။ ကျူးလွန်မှုတွေအတွက် တာဝန်ခံဖို့ ( အဖမ်းခံဖို့ .. ) ဒီလှုပ်ရှားမှုဟာ အာဆီယံထိပ်သီးအစည်းအဝေးကာလနဲ့ တိုက်ဆိုင်နေတယ် (Burma Solidarity Philippines က စီစဉ်တယ်လို့ DVB သတင်းထဲမှာဖတ်ရတယ်) MPA က ပိုစတာမှာတော့ မင်းအောင်လှိုင်ကို ရဲတွေက ဖမ်းခေါ်နေတဲ့ပုံစံ ပုံဖော်ထားတယ်။ အာဆီယံလူကြီးမင်းတို့ရေ… ကျောင်းသားတွေ နားလည်တဲ့စကားက ရှင်းရှင်းလေးနော်။ ပြည်သူတွေ တရားမျှတမှုတောင်းနေချိန်မှာ ဘယ်သူ့ကို ဘယ်ခုံပေးထိုင်ရမလဲဆိုတာ သေချာတွေးကြဦး..။ ကျမတို့က နိုင်ငံတကာပွဲတွေမှာ သူ့ကို မတွေ့ချင်ရုံတင် မဟုတ်ဘူး။ ပြည်သူတွေ ခံခဲ့ရတာတွေအတွက် အဖြေရတာကို မြင်ချင်တာ။ ဖိလစ်ပိုင်ကျောင်းသားတွေနဲ့ လှုပ်ရှားသူတွေကို ကျမတို့ ကျေးဇူးတင်ပါတယ်။ #MaShweMoreKorea November 16,2026.

    Text
    Views5.42K
    Forwards2
    Reactions199
    Comments—
  3. 03
    Views5.26K
    Forwards1
    Reactions99
    Comments—
  4. 04
    Views5.04K
    Forwards6
    Reactions202
    Comments—

Latest posts

#22252Photo
Views3,277−23%vs avg
Forwards1
Reactions96
Comments—
#22251Textedited

သတင်းကောင်းပါ။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုရလာဖို့ ဂျပန်နဲ့ ILO တို့ ပူးပေါင်းကူညီတော့မယ်တဲ့..။ နှစ်နှစ်ကြာမယ့် စီမံကိန်းမှာ ဒုက္ခသည်တွေနဲ့ မိသားစုဝင် စုစုပေါင်း ၄,၅၀၀ ဦးကို အလုပ်မဝင်ခင် သင်တန်းပေးမယ်။ အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးပြီး အလုပ်သမားအခွင့်အရေး ကာကွယ်ရေးကိုလည်း ပံ့ပိုးမယ်လို့ ဖတ်ရတယ်။ ဒါဟာ ဂျပန်ကို ပို့မယ့်အစီအစဉ် မဟုတ်ပါဘူးနော်။ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နိုင်ဖို့ ကူညီတာပါ။ ၄,၅၀၀ ဦးလုံး အလုပ်ရပြီးပြီဆိုတာလည်း မဟုတ်ဘဲ သင်တန်းပေးဖို့ ရည်မှန်းထားတဲ့ လူဦးရေပါ။ စခန်းထဲမှာ အကူအညီကိုပဲ စောင့်နေရတဲ့ဘဝကနေ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နိုင်ဖို့ အခွင့်အလမ်းတစ်ခုပါပဲ။ #MaShweMoreKorea

Open in Telegram
Views4,687+10%vs avg
Forwards2
Reactions197
Comments—
#22250Text

Credit - Zin Thaw Naing Genocide ဖြစ်လို့ ပြည်သူတွေ မျက်နှာငယ်ရကြေးဆို ဂျူး ၆ သန်းလောက်ကို သတ်ခဲ့တဲ့ နာဇီတွေကြောင့် ဂျာမနီ နိုင်ငံသားတွေ ခုချိန်ထိ နေစရာတောင် ရှိမှာမဟုတ်ဘူး။ ဒါတောင် နာဇီပါတီဆိုတာ မင်းအောင်လှိုင် စစ်တပ်လို အာဏာလုပြီး တက်လာတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပြီး ဂျာမန်ပြည်သူအများအပြားရဲ့ ထောက်ခံမဲနဲ့ လွှတ်တော်မှာ အကြီးဆုံးပါတီ ဖြစ်ခဲ့တာ။ အဲဒီနောက်မှ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး အာဏာရှင်စနစ် တည်ထောင်ခဲ့တာ။ နာဇီပါတီဟာ ရွေးကောက်ပွဲကနေ နိုင်ငံရေးအင်အား ရရှိခဲ့ပေမဲ့ ဒီနေ့ ဂျာမန် မျိုးဆက်သစ်တွေကို နာဇီတွေရဲ့ ရာဇဝတ်မှုအတွက် ကိုယ်တိုင် အပြစ်ရှိသူတွေအဖြစ် မသတ်မှတ်ကြပါဘူး။ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုအတွက် မြန်မာပြည်သူအားလုံးကို လူမျိုးတုံး သတ်ဖြတ်သူတွေအဖြစ် သတ်မှတ်ဖို့ဆိုတာ ပိုပြီးတောင် အကြောင်းမရှိဘူး။ ဒါဟာ နိုင်ငံတော် အာဏာရယူ ထားသူတွေကို နိုင်ငံတကာ ဥပဒေဆိုင်ရာ အရေးယူတာ ဖြစ်ပြီး မြန်မာနိုင်ငံသား တစ်ဦးချင်းစီကို ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် စီရင်ချက် ချလိုက်တာ မဟုတ်ဘူး။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေ တုန်းက ရွေးကောက်ခံ အရပ်သားအစိုးရ ရှိခဲ့ပေမဲ့ စစ်တပ်ကို အုပ်ချုပ် ကွပ်ကဲနိုင်တဲ့ အာဏာ မရှိခဲ့ဘူး ဆိုတာလည်း အားလုံး အသိပဲ။ ဒီနေ့ ဂျာမနီဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတဲ့ နိုင်ငံ မဟုတ်တာ ဘာကြောင့်လဲ။ သူတို့ဟာ သမိုင်းကို ဖုံးကွယ်မထားဘူး။ ရာဇဝတ်မှုတွေကို အသိအမှတ်ပြုတယ်။ ကျူးလွန်ခံရသူတွေကို လျော်ကြေးပေးတယ်။ နာဇီတွေရဲ့ ရာဇဝတ်မှုကို မျိုးဆက်သစ်တွေ သိရှိအောင် သင်ကြားပေးတယ်။ နောက်ထပ် မဖြစ်ပွားအောင် ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ ဥပဒေစနစ်တွေကို တည်ဆောက်ခဲ့တယ်။ အရေးအကြီးဆုံးက သူတို့ဟာ ကျုးလွန်သူတွေနဲ့ တစ်ဘက်တည်း မဟုတ်ကြောင်း ကမ္ဘာသိအောင် ပြနိုင်ခဲ့တယ်။ ဒီနေ့ ဂျာမနီမှာ နာဇီဝါဒကို ချီးကျူးဂုဏ်ပြုတာ၊ နာဇီသင်္ကေတကို ဝါဒဖြန့်ဖို့ အသုံးပြုတာတွေကို ဥပဒေအရ အရေးယူနိုင်တယ်။ နာဇီဝါဲဒဟာ ဂျာမန်တွေ အတွက် ဂုဏ်ယူစရာ တစ်ခု မဟုတ်သလို နာဇီလို့ သတ်မှတ် ခံရမှာကို ရှက်စရာ၊ လက်မခံနိုင်စရာ အဖြစ် ဂျာမန်လူငယ်တွေက ယူဆကြတယ်။ အလားတူပဲ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုးတုံး သတ်ဖြတ်တဲ့ စစ်တပ်ဟာ ကျွန်တော်တို့နဲ့ တစ်ဘက်တည်း မဟုတ်ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်ကြောင်း နိုင်ငံသား အားလုံးက ကျယ်ကျယ်ပြန့်ပြန့် ပြသနိုင်ကြမယ် ဆိုရင် ဂျီနိုဆိုဒ် ပြစ်မှုဟာ ကျွန်တော်တို့ အတွက် ရှက်စရာ၊ မျက်နှာငယ်စရာ ကိစ္စ မဟုတ်ဘူး။ စစ်တပ်နဲ့ သူတို့ အပေါင်းပါ ထောက်ခံသူတွေပဲ ထိခိုက်စေမယ့် ကိစ္စ ဖြစ်တယ်။ စစ်တပ်တစ်ခုရဲ့ ရာဇဝတ်မှုဟာ လူမျိုးတစ်မျိုးလုံးရဲ့ ထာဝရအပြစ် ဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ အဲဒီရာဇဝတ်မှုကို ဖုံးကွယ်ပေးတာ၊ တရားမျှတမှု မရှာပေးနိုင်တာ၊ ကျူးလွန်သူတွေကို သူရဲကောင်းအဖြစ် ထောက်ခံ ဂုဏ်ပြုတာတွေ ကတော့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်။

Open in Telegram
Views4,255−1%vs avg
Forwards3
Reactions147
Comments—
#22249Text

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုရလာဖို့ ဂျပန်နဲ့ ILO တို့ ပူးပေါင်းကူညီတော့မယ်တဲ့..။ နှစ်နှစ်ကြာမယ့် စီမံကိန်းမှာ ဒုက္ခသည်တွေနဲ့ မိသားစုဝင် စုစုပေါင်း ၄,၅၀၀ ဦးကို အလုပ်မဝင်ခင် သင်တန်းပေးမယ်။ အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးပြီး အလုပ်သမားအခွင့်အရေး ကာကွယ်ရေးကိုလည်း ပံ့ပိုးမယ်လို့ ဖတ်ရတယ်။ ဒါဟာ ဂျပန်ကို ပို့မယ့်အစီအစဉ် မဟုတ်ပါဘူးနော်။ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နိုင်ဖို့ ကူညီတာပါ။ ၄,၅၀၀ ဦးလုံး အလုပ်ရပြီးပြီဆိုတာလည်း မဟုတ်ဘဲ သင်တန်းပေးဖို့ ရည်မှန်းထားတဲ့ လူဦးရေပါ။ စခန်းထဲမှာ အကူအညီကိုပဲ စောင့်နေရတဲ့ဘဝကနေ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နိုင်ဖို့ အခွင့်အလမ်းတစ်ခုပါပဲ။ #MaShweMoreKorea

Open in Telegram
Views3,278−23%vs avg
Forwards0
Reactions129
Comments—
#22246Photo
Views4,157−3%vs avg
Forwards1
Reactions104
Comments—
#22243Photo

❝ ခရီးသွားတာချင်းတူတယ်။ ကိုယ်စားပြုတာချင်း မတူဘူး ❞ ဒေါ်ဇင်မာအောင်က မြန်မာပြည်သူတွေရဲ့ ဒုက္ခကို ကမ္ဘာက မမေ့ဖို့ ထောက်ခံမှုလိုက်ရှာနေတယ်။ မင်းအောင်လှိုင်ကတော့ သူ့လုပ်ရပ်တွေကို ကမ္ဘာက မေ့ပြီး သူ့ကို လက်ခံပေးဖို့ မျှော်နေတယ်။ ဒေါ်ဇင်မာအောင် “ပြည်သူတွေကို ကြည့်ပေး ပါ”။ မအလက “ကျွန်တော့်ကို ကြည့်ပေးပါ”။ အဲတာ ကွာခြားချက်ပဲ..။ ———- ပြည်သူတွေ ပြောရင် ပါးစပ်လိုက်ပိတ်တယ်။ သူပြောရင်တော့ တစ်ကမ္ဘာလုံး နားထောင်ပေးအောင် ပြုံးပြုံး ပြုံးပြုံးပဲ..။ ကိုယ့်ပြည်သူရဲ့အသံကိုတောင် နားမထောင်တဲ့မအလက “ပြည်သူကို ကိုယ်စားပြုပါတယ်” ဆိုတော့— ဘယ်ကပြည်သူလဲ။ အိမ်ထဲက မိသားစုနဲ့ အနားက လက်ခုပ်တီးအဖွဲ့လား။ #MaShweMoreKorea

Open in Telegram
Views4,245−1%vs avg
Forwards3
Reactions218
Comments—

All posts

Connections