အချစ်ကို အချစ်လို့ မမြင်နိုင်တဲ့ မျက်လုံးတွေအကြား တို့တစ်တွေဟာ ရာဇဝတ်သားတွေ ဖြစ်ခဲ့ကြ။ -မြတ်နွယ်
Open in TelegramPosts of ကဗျာဂယ်လာရီ-Poetry Gallery
ငါ့ဘဝမှာ ညနေဆည်းဆာလေးကို ယူသွားပေးချင်သူရှိခဲ့… ဖျက်ခနဲမြင်လိုက်ရတဲ့ မြက်ခင်းစိမ်းလေးကို ယူသွားပေးချင်သူရှိခဲ့… ဒီလူဟာ ဒီတစ်ဘဝလုံး ငါ့နှလုံးသားရဲ့ အိပ်ကပ်လေးထဲ အမြဲထည့်ထားချင်သူဖြစ်ခဲ့…။ -နွေအိမ်မောင်ဝင်း
Open in Telegramငါဟာ ရောက်ပြီးသားတွေ ပြန်ပြန်ရောက်နေတယ် ငါဟာ ဖြစ်ပြီးသားတွေ ပြန်ပြန်ဖြစ်နေတယ် ငါဟာ တိုင်ပတ်နေတယ် ငါဟာ ရွှာလည်နေတယ်။ ဒါဟာ ကမ္ဘာကြီး လိမ္မော်သီးကဲ့သို့ လုံးဝန်းနေကြောင်း လုံးကြောင်း သေချာ ရေရာအောင် ငါ ပြောနိုင်ခဲ့တာဘဲ။ -အောင်ချိမ့်
Open in Telegramကဗျာတွေ စ ရေးတတ်တဲ့ ညက ကဗျာတွေ စ ရေးတတ်တဲ့ညက မင်းကို ကိုယ်ချစ်ခဲ့တယ်။ ဘယ်ဘက်ရင်အုံထဲတလှိမ့်ချင်းဝင်သွားတဲ့ ရောဂါဟာ မင်းပြုံးတိုင်း ကြွကြွလာခဲ့။ အချစ်ဆိုတာကို မတတ်မြောက်သေးခင် မင်းဆိုတာကို အရင်သင်ယူခဲ့တယ်။ ကမ္ဘာကိုနားမလည်တတ်တဲ့ လူသား ကမ္ဘာကိုအပိုင် စလိုချင်ခဲ့တဲ့ ပြဿဒါးမှာ ပြောစကားပျောက်တဲ့ဘာသာဟာ အချစ်ရဲ့ ဒြပ်ဆွဲအားအောက် ပိနေတာပဲ။ ယုတ္တိမတန်တာတွေကို ဒိုင်ယာရီထဲ ထည့်မှတ်တတ်တဲ့ရာသီမှာ မိုးတိမ်ဟာ မြေထုကို နမ်းတယ်။ ဟုတ်ပ ! မတိုက်ဘဲ ရှုံးရတဲ့ စစ်ဆိုတာ အချစ်ကိုမှ ခေါ်တာ။ -မြတ်နွယ်
Open in Telegramလဟာ တစ်ခါသာခဲ့ပြန်ပေါ့ အချစ်ရယ်။ ဘာမှမဆိုင်ပေမယ့် သတိရပါတယ်။ မင်းလည်း ကိုယ့်ကို လွမ်းနေဦးမလား။ -မြတ်နွယ်
Open in Telegramနောက်ဆုံး ပေးစာပါ မာဏဝီ ဣန္ဒြေရရ ကျလာတဲ့မျက်ရည်တွေကို အားနာသောအားဖြင့် ငါ့နှလုံးသားကို သော့ခတ်ခဲ့ပါပြီ။ -မြတ်နွယ်
Open in Telegramအချစ်ဟာအချစ်ပါပဲ သူကပြုံးပြီး ကိုယ့်ပါးပြင်ဟာနွေးရတယ်။ ဒါဟာ ဘုရားမဟောထားတဲ့ ကမ္ဘာဦးကျမ်းပေါ့။ -မြတ်နွယ်
Open in Telegram"အချစ်က ဘာအရောင်ရှိလဲ မမ"တဲ့ အင်္ဂါဂြိုဟ်ရဲ့ မျက်တောင်ပေါ်ကိုလှမ်းကြည့်ရင် တားမြစ်လမ်းတွေထဲ ခြေစုံပစ်ဝင်နေတဲ့ ကလေးမငယ်တစ်ယောက်ကို မောင်မြင်မယ်။ အမိုက်တရားတွေဆိုတာ သူခံယူထားတဲ့ စိန်ခေါ်မှုတစ်မျိုး ။ အာကာပြင်တစ်ခုဟာ သူ့မျက်ဝန်းထဲမှာတော့ ခပ်ကျဉ်းကျဉ်းရယ်။ အချစ်ရဲ့အရောင်ဆိုတာကို မောင် အဲ့လိုမှတ်လို့ရတယ်။ -မြတ်နွယ် -မောင့် မမဏီ
Open in Telegramအချစ်ရဲ့မျက်မှန်ကိုင်းပေါ်မှာ ငှက်ကလေး သွားဖြစ်ဖို့ ကိုယ် ဘယ်နှဘဝ ပါရမီဖြည့်ရမလဲ။ -မြတ်နွယ်
Open in Telegramအတွေ့နောက်ကျတဲ့ အချစ်တိုင်းဟာ နာကျင်ရပါတယ်တဲ့.... ကျွန်တော်တို့ အသက်ကို ခိုးရှူခဲ့ရပါတယ်....။ -စိုင်းဝင်းမြင့်
Open in Telegramတာဝန်တွေကို ပုခုံးပြောင်းယူရင်း အမာရွတ်တွေကိုပါ ရရှိခဲ့တယ် ကျွန်တော် ခေတ်မီသွားပြီ အဖေ -မြတ်နွယ်
Open in Telegramပြီးခဲ့တဲ့ နှစ်တွေမှာ နိုင်ခဲ့တာတွေလဲ ရှိသလို မှိုင်ခဲ့တာတွေလဲ အများသားပေါ့ နိုဝင်ဘာ။ - အိုနီ
Open in Telegram"မမှားတာဟာ မမှန်တာမဟုတ်ဘူး" မမှားတာဟာ အမှန် မဟုတ်ဘူး သိပ် အူမြူးမနေနဲ့ မမှားတာဟာ အမှန် မဟုတ်ဘူး သိပ် စိတ်ကူးယဉ်မနေနဲ့ မမှားတာဟာ အမှန် မဟုတ်ပါဘူး ဇာတ်ပေါင်းသော် အားလုံးဟာ ဇာတ်ရူးတွေ။ ။ -လှသန်း
Open in Telegramမျှမျှတတပါပဲ ကျယ်ကျယ်လောင်လောင်ချစ်ပြခဲ့ရပြီး တိတ်တဆိတ်ကြေကွဲရတယ်။ မျှမျှတတပါပဲ။ -မြတ်နွယ်
Open in Telegramကြိုက် တော့ အ ပြာ ရောင် ချစ် တော့ အ ဖြူ ရောင် ရ တော့ အ ဝါ ရောင် လောင် ကျွမ်း ခြင်း ရေ မင်း ကို လည်း ငါ မ ငြင်း ပါ ဘူး -သုခမိန်လှိုင်
Open in Telegramဆုံးရှုံးမှုတိုင်းကတော့ နာကျင်စရာကောင်းတာချည်းပါပဲ၊ တစ်ခါမှမပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုကို ဆုံးရှုံးလိုက်ရတာမို့ ပိုလို့နာကျင်ရပါတယ်... -မိုးနေ့ (အပိုင်းအစများ)
Open in Telegram