မော်တော်ကားတွေရဲ့ဂြိုဟ်ပတ်လမ်းထဲ ခြေချော်ကျတဲ့ ဗုံးတစ်လုံး ဂရောက်ဂယက်နဲ့ ပျောက်ပျက်ခဲ့တဲ့ မြူခိုးငယ် လပေါ်မှာ ဆေးခြယ်ထားတာ ပုန်းရည်ကြီးတွေပဲကို နွဲ့နွဲ့နောင်းနောင်း ငါးတစ်ကောင်ဟာ ဝေဟင်မှာကူးခတ်သွားတယ် ငါ့အဆုတ်ပေါ်ဖြတ်လျှောက်တဲ့ ဗိုင်းရပ်စ်တစ်ကောင်ရယ် လည်ပြွန်ထဲက မျက်ရည်တစ်ပေါက်ရယ် မိတ်ဆွေဖွဲ့ကြတယ် ငါ့ရဲ့ ဈေးကြီးကြီး skincareတွေဟာ စိတ်အနာရွတ်ကိုဖုံးဖို့တော့ အရည်အသွေးမမီခဲ့ ကြယ်တွေကိုညွှန်းတဲ့ သံလိုက်အိမ်မြှောင်ဟာ ခုတော့ ကန့်လန့်တိုက်တတ်နေပြီ အပြာရောင်အပိုင်းအစတွေကို ထုပ်ပိုးပြီး လှည်းတစ်စီးကို မောင်းနှင်ခဲ့ အနောက်တောင်အရပ်ဆီ ဦးတည်မယ် မြူခိုးတွေ မသေတဲ့မြေ ဆူဖြိုးနေတဲ့ အသေကြွက်တွေ လှောင်ရယ်သံတစ်ခုဟာ ငါ့ကိုကျောခိုင်းခဲ့တဲ့နောက် ထန်းလက်သီတဲ့ငွေခက်တွေ စရွာပါလေရော ရွာချတဲ့ ငွေစတွေ ပါးပေါ်စင်တဲ့အခါ ငါဟာ အစကနေအသစ်ပြန်ငိုရတယ် -မြတ်နွယ် -စေတိသိက် မြူ
Открыть в TelegramПосты канала ကဗျာဂယ်လာရီ-Poetry Gallery
အချစ်ကို အချစ်လို့ မမြင်နိုင်တဲ့ မျက်လုံးတွေအကြား တို့တစ်တွေဟာ ရာဇဝတ်သားတွေ ဖြစ်ခဲ့ကြ။ -မြတ်နွယ်
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 6 ч | 125 |
| 8 ч | 156 |
- Через 6 часов125
- Всего сейчас156
ငါ့ဘဝမှာ ညနေဆည်းဆာလေးကို ယူသွားပေးချင်သူရှိခဲ့… ဖျက်ခနဲမြင်လိုက်ရတဲ့ မြက်ခင်းစိမ်းလေးကို ယူသွားပေးချင်သူရှိခဲ့… ဒီလူဟာ ဒီတစ်ဘဝလုံး ငါ့နှလုံးသားရဲ့ အိပ်ကပ်လေးထဲ အမြဲထည့်ထားချင်သူဖြစ်ခဲ့…။ -နွေအိမ်မောင်ဝင်း
Открыть в Telegramငါဟာ ရောက်ပြီးသားတွေ ပြန်ပြန်ရောက်နေတယ် ငါဟာ ဖြစ်ပြီးသားတွေ ပြန်ပြန်ဖြစ်နေတယ် ငါဟာ တိုင်ပတ်နေတယ် ငါဟာ ရွှာလည်နေတယ်။ ဒါဟာ ကမ္ဘာကြီး လိမ္မော်သီးကဲ့သို့ လုံးဝန်းနေကြောင်း လုံးကြောင်း သေချာ ရေရာအောင် ငါ ပြောနိုင်ခဲ့တာဘဲ။ -အောင်ချိမ့်
Открыть в Telegramကဗျာတွေ စ ရေးတတ်တဲ့ ညက ကဗျာတွေ စ ရေးတတ်တဲ့ညက မင်းကို ကိုယ်ချစ်ခဲ့တယ်။ ဘယ်ဘက်ရင်အုံထဲတလှိမ့်ချင်းဝင်သွားတဲ့ ရောဂါဟာ မင်းပြုံးတိုင်း ကြွကြွလာခဲ့။ အချစ်ဆိုတာကို မတတ်မြောက်သေးခင် မင်းဆိုတာကို အရင်သင်ယူခဲ့တယ်။ ကမ္ဘာကိုနားမလည်တတ်တဲ့ လူသား ကမ္ဘာကိုအပိုင် စလိုချင်ခဲ့တဲ့ ပြဿဒါးမှာ ပြောစကားပျောက်တဲ့ဘာသာဟာ အချစ်ရဲ့ ဒြပ်ဆွဲအားအောက် ပိနေတာပဲ။ ယုတ္တိမတန်တာတွေကို ဒိုင်ယာရီထဲ ထည့်မှတ်တတ်တဲ့ရာသီမှာ မိုးတိမ်ဟာ မြေထုကို နမ်းတယ်။ ဟုတ်ပ ! မတိုက်ဘဲ ရှုံးရတဲ့ စစ်ဆိုတာ အချစ်ကိုမှ ခေါ်တာ။ -မြတ်နွယ်
Открыть в Telegramလဟာ တစ်ခါသာခဲ့ပြန်ပေါ့ အချစ်ရယ်။ ဘာမှမဆိုင်ပေမယ့် သတိရပါတယ်။ မင်းလည်း ကိုယ့်ကို လွမ်းနေဦးမလား။ -မြတ်နွယ်
Открыть в Telegramနောက်ဆုံး ပေးစာပါ မာဏဝီ ဣန္ဒြေရရ ကျလာတဲ့မျက်ရည်တွေကို အားနာသောအားဖြင့် ငါ့နှလုံးသားကို သော့ခတ်ခဲ့ပါပြီ။ -မြတ်နွယ်
Открыть в Telegramအချစ်ဟာအချစ်ပါပဲ သူကပြုံးပြီး ကိုယ့်ပါးပြင်ဟာနွေးရတယ်။ ဒါဟာ ဘုရားမဟောထားတဲ့ ကမ္ဘာဦးကျမ်းပေါ့။ -မြတ်နွယ်
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 64 ч | 611 |
| 67 ч | 624 |
- Всего сейчас624
"အချစ်က ဘာအရောင်ရှိလဲ မမ"တဲ့ အင်္ဂါဂြိုဟ်ရဲ့ မျက်တောင်ပေါ်ကိုလှမ်းကြည့်ရင် တားမြစ်လမ်းတွေထဲ ခြေစုံပစ်ဝင်နေတဲ့ ကလေးမငယ်တစ်ယောက်ကို မောင်မြင်မယ်။ အမိုက်တရားတွေဆိုတာ သူခံယူထားတဲ့ စိန်ခေါ်မှုတစ်မျိုး ။ အာကာပြင်တစ်ခုဟာ သူ့မျက်ဝန်းထဲမှာတော့ ခပ်ကျဉ်းကျဉ်းရယ်။ အချစ်ရဲ့အရောင်ဆိုတာကို မောင် အဲ့လိုမှတ်လို့ရတယ်။ -မြတ်နွယ် -မောင့် မမဏီ
Открыть в Telegramအချစ်ရဲ့မျက်မှန်ကိုင်းပေါ်မှာ ငှက်ကလေး သွားဖြစ်ဖို့ ကိုယ် ဘယ်နှဘဝ ပါရမီဖြည့်ရမလဲ။ -မြတ်နွယ်
Открыть в Telegramအတွေ့နောက်ကျတဲ့ အချစ်တိုင်းဟာ နာကျင်ရပါတယ်တဲ့.... ကျွန်တော်တို့ အသက်ကို ခိုးရှူခဲ့ရပါတယ်....။ -စိုင်းဝင်းမြင့်
Открыть в Telegramတာဝန်တွေကို ပုခုံးပြောင်းယူရင်း အမာရွတ်တွေကိုပါ ရရှိခဲ့တယ် ကျွန်တော် ခေတ်မီသွားပြီ အဖေ -မြတ်နွယ်
Открыть в Telegramပြီးခဲ့တဲ့ နှစ်တွေမှာ နိုင်ခဲ့တာတွေလဲ ရှိသလို မှိုင်ခဲ့တာတွေလဲ အများသားပေါ့ နိုဝင်ဘာ။ - အိုနီ
Открыть в Telegram"မမှားတာဟာ မမှန်တာမဟုတ်ဘူး" မမှားတာဟာ အမှန် မဟုတ်ဘူး သိပ် အူမြူးမနေနဲ့ မမှားတာဟာ အမှန် မဟုတ်ဘူး သိပ် စိတ်ကူးယဉ်မနေနဲ့ မမှားတာဟာ အမှန် မဟုတ်ပါဘူး ဇာတ်ပေါင်းသော် အားလုံးဟာ ဇာတ်ရူးတွေ။ ။ -လှသန်း
Открыть в Telegramမျှမျှတတပါပဲ ကျယ်ကျယ်လောင်လောင်ချစ်ပြခဲ့ရပြီး တိတ်တဆိတ်ကြေကွဲရတယ်။ မျှမျှတတပါပဲ။ -မြတ်နွယ်
Открыть в Telegramကြိုက် တော့ အ ပြာ ရောင် ချစ် တော့ အ ဖြူ ရောင် ရ တော့ အ ဝါ ရောင် လောင် ကျွမ်း ခြင်း ရေ မင်း ကို လည်း ငါ မ ငြင်း ပါ ဘူး -သုခမိန်လှိုင်
Открыть в Telegramဆုံးရှုံးမှုတိုင်းကတော့ နာကျင်စရာကောင်းတာချည်းပါပဲ၊ တစ်ခါမှမပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုကို ဆုံးရှုံးလိုက်ရတာမို့ ပိုလို့နာကျင်ရပါတယ်... -မိုးနေ့ (အပိုင်းအစများ)
Открыть в Telegram