Кабинет

Посты канала 🌈ရောင်နီဦး🌈

сначала новые

#5807Текст
Просмотры267−15%к среднему
Пересылки—
Реакции1
Комментарии—
#5805Превью ссылки

အင်းတော်မှာ စစ်တပ် စစ်ကြောင်းထိုးမီးရှို့၊ လုယက်မှုများကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာတွေမှာ ပအဖ ကူညီထောက်ပံ့ 🛑Z Fighter Nov 20 🛑 စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ လုယက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာ ၆ ရွာမှ ပြည်သူတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဦးဆောင်ပြီး အရေးပေါ်ကူညီထောက်ပံ့မှုတွေလုပ်ဆောင်ခဲ့သလို ရေရှည်အစီအစဉ်တွေလည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ မဲဇာဒေသဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်မှာ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် ပစ္စည်းတွေ အတင်းအဓမ္မယူဆောင်သွားတာနဲ့ မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။[The Voice Of Spring][Z-F]

Открыть в Telegram
Просмотры385+23%к среднему
Пересылки—
Реакции2
Комментарии—
#5804Текст

MPA ည ၇ နာရီသတင်း (၂၀ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆) - နိုင်ငံတကာက ICJ စီရင်ချက် အကောင်အထည်ဖော်ရေး AA နဲ့ချိတ်ဆက်ဆောင်ရွက်ဖို့ KNU တိုက်တွန်း - အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ DKBA စစ်ဦးစီးချုပ်နဲ့ ခေါင်းဆောင်တစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ - ICJ စီရင်ချက်ကို ပြတ်ပြတ်သားသား ထောက်ခံခြင်းမရှိဘဲ သုံးသပ်နေဆဲလို့သာ အမေရိကန်ဆို - တရုတ်၊ ရုရှားအကူနဲ့ လုံခြုံရေးကောင်စီကိုတောင် စစ်ကောင်စီ အာခံနိုင် - မွန်၊ ပဲခူးနယ်စပ်ရှိ တော်လှန်ရေးစခန်း ၂၈ ခု သိမ်းပိုက်နိုင်တယ်လို့ စစ်ကောင်စီ ထပ်မံဝါဒဖြန့် - ဆိုမာလီယာက UAE သံအမတ်ကို ၇၂ နာရီအတွင်း နိုင်ငံကထွက်ခွာဖို့ အမိန့်ပေး အဲဒီလို ညပိုင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/twohwkkGe1c

Открыть в Telegram
Просмотры3140%к среднему
Пересылки—
Реакции2
Комментарии—
#5803Превью ссылки

MPA နေ့လယ် ၁၂ နာရီသတင်း(၂၀ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆) - ICJ ဆုံးဖြတ်ချက်ကို “ဂရုစိုက်စရာမလို” ဟု စစ်တပ် ပေါ့ပေါ့တန်တန် တုံ့ပြန် - ICJ စီရင်ချက်နောက်ဆက်တွဲအဖြစ် ရိုဟင်ဂျာနေရပ်ပြန်ရေး AA ကိုပါ နိုင်ငံတကာဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း - ICJ ဆုံးဖြတ်ချက်ကို အရပ်ဘက်အဖွဲ့ ၂၀၀ ကျော် ကြိုဆိုလိုက်ပြီး စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ တောင်းဆို - နိုင်ငံအလိုက် NUG ရုံးတွေ ဖွင့်ပေးဖို့ ထိုင်းရောက်လုပ်သား ၃ သန်းကျော်ကိုယ်စား MMWRCCT တောင်းဆို - မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ICJ ဆုံးဖြတ်တဲ့နေ့မှာပဲ ထရမ့်၊ ရှီနဲ့ ပူတင်တို့ ICC ကို ကန့်ကွက် အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/2oMSkWeuoT0

Открыть в Telegram
Просмотры288−8%к среднему
Пересылки—
Реакции1
Комментарии—
#5802Текст

ICJ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာစစ်တပ်ခန့်စစ်သံမှူးကို ဗြိတိန်နှင်ထုတ် နိုဝင်ဘာ-၁၉၊၂၀၂၆။People's Spring ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုမှာ မြန်မာက ပြစ်မှုထင်ရှားကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က အမိန့်ချပြီးတဲ့နောက် မြန်မာစစ်တပ်ခန့် စစ်သံမှူးကို နှင် ထုတ်မယ်လို့ ဗြိတိန် အစိုးရက ကြေညာပါတယ်။ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJက ဒီနေ့ ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ နိုင်ငံတကာ တရားရေးကဏ္ဍမှာ နိုင်ငံတစ်ခုအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်အတွက် ပြစ်မှုထင်ရှားကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်မှု ဖြစ်လာပါတယ်။ ICJ ဆုံးဖြတ်ချက်ကို ကြေညာပြီး နာရီပိုင်း အကြာမှာပဲ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး အက်ဒ်မီလီဘန်းက ICJနဲ့ နိုင်ငံတကာ တရားစီ ရင်ရေး ကဏ္ဍကိုအပြည့်အဝထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ မြန်မာ စစ်သံမှူးကို နှင်ထုတ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဆိုးရွားရက်စက်တဲ့ ပြုမူ ဆက်ဆံမှုတွေကိုလည်း ဗြိတိန်က ပြစ်တင်ရှုတ်ချကြောင်း မီလီဘန်းက ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ ICJရဲ့ သမိုင်းဝင်စီရင်ချက်အပြီးမှာတော့ ရာ ဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် တာဝန်ခံမှု ရှိစေဖို့ ဗြိတိန်က လက် တွေ့ကျကျ အရေးယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားကြောင်းလည်း မီလီဘန်းက ဆိုပါတယ်။ ICJရဲ့ ဆုံးဖြတ်ချက်ကို လေးစားထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဗြိတိန် အစိုးရဟာ အရေးယူ ဆောင်ရွက်မှုတွေကို ချက်ချင်း စတင်နေပြီ ဖြစ်ကြောင်း၊ မြန်မာစစ်သံမှူးကို နှင်ထုတ်ဖို့လည်း အမိန့်ပေးထားသလို ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)မှာ ICJ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အစည်းအဝေးတစ်ရပ် အမြန်ဆုံး ကျင်းပပေးဖို့ ဗြိတိန်က တောင်းဆိုထားကြောင်း မီလီဘန်းက အ တည်ပြုခဲ့ပါတယ်။ အခုလို ရာဇဝတ်မှုတွေ ကျူးလွန်သူတွေဟာ အပြစ်ပေး အရေးယူခြင်း မခံရဘဲ လွတ် မြောက်သွားခွင့် မရစေရဘူးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားကို ပေးပို့နိုင်ဖို့ ဗြိတိန်ကအာရုံစိုက်ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက မှတ်ချက်ပေးထားပါတယ်။ ရိုဟင်ဂျာတွေဟာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို နှစ်ရှည်လများ ခံစားခဲ့ရသလို ဖိနှိပ်မှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အခုအခါမှာတော့ မြန်မာဟာ ICJရဲ့ စီရင်ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာရမှာဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တရားရုံး ဆုံးဖြတ် ချက် အကောင်အထည် ပေါ်လာစေရေး ဝန်း ရံကြဖို့ လိုကြောင်း၊ကျူးလွန်သူတွေ တာဝန်ခံ စေဖို့နဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိစေဖို့ ပါဝင်ကူညီကြရမှာဖြစ်ကြောင်း မီလီဘန်းက ပြောကြားသွားပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့သံရုံး ယာယီတာဝန်ခံကိုလည်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ထားသလို လာမယ့်ရက်ပိုင်းအတွင်း မြန်မာအပေါ် နောက်ထပ် ဖိအားပေး အရေးယူမှုတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ ရိုဟင်ဂျာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ဖို့၊ငြိမ်းချမ်းပြီးဒီမိုကရေစီ ထွန်းကား သလို ပြည်သူအားလုံး ပါဝင်နိုင်မယ့် မြန်မာ့ အနာဂတ်တစ်ခု ပေါ်ထွန်းလာဖို့လည်း ဗြိတိန်က အခိုင်အမာဆက်လက်ထောက်ခံ အားပေးသွားမယ်လို့ မီလီဘန်းက ကြေညာခဲ့ပါတယ်။ ကိုးကား- Foreign Secretary UK

Открыть в Telegram
Просмотры251−20%к среднему
Пересылки—
Реакции4
Комментарии—
#5801Превью ссылки

MPA ည ၇ နာရီသတင်း (၁၉ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆) - မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ICJ ဆုံးဖြတ်ခဲ့ - ရာသီဥတုဘေးအန္တရာယ်ကြောင့် နှစ် ၃၀ အတွင်း ကမ္ဘာ့ဒုတိယအဆိုးရွားဆုံး ထိခိုက်ခဲ့သည့်နိုင်ငံအဖြစ် မြန်မာရပ်တည် - ထိုင်းရောက် မြန်မာဒုက္ခသည်တွေ အလုပ်အကိုင်ရရှိရေး ဂျပန်နဲ့ ILO သဘောတူစာချုပ်ချုပ် - ဖက်ဒရယ်ပြည်ထောင်စုမှာ တန်းတူပါဝင်ရေး ချင်းတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းမယ် - တရုတ်နိုင်ငံသားတွေကို မြန်မာဘက်ပို့မယ့် လူမှောင်ခိုကွန်ရက်ကို မဲဆောက်ရဲတွေ စီးနင်းရှာဖွေနေ - အမေရိကန်မှာ Waymo မောင်းသူမဲ့တက္ကစီတွေ အဝေးပြေးလမ်းမတွေမှာ ပြေးဆွဲမှု ယာယီရပ်ဆိုင်း အဲဒီလို ညပိုင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/3jUXDf_tmQo

Открыть в Telegram
Просмотры225−28%к среднему
Пересылки—
Реакции1
Комментарии—
#5800Текст

ရိုဟင်ဂျာ​တွေအ​ပေါ်   မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ICJ အမိန့်ချ ■နိုင်ငံတစ်ခုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက်အပြစ်ရှိကြောင်းအပြည်ပြည်ဆိုင်ရာ ခုံရုံးတစ်ခုရဲ့ ပထမဆုံးစီရင်ချက်ဖြစ်လာ နိုဝင်ဘာ-၁၉၊၂၀၂၆။People's Spring ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံကလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကအမိန့်ချလိုက် ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ တရားခွင်မှာ ICJက မြန်မာအပေါ် ဂမ်ဘီယာက စွပ်စွဲထားတဲ့ အမှုကိုအပြီးသတ် စီရင်ချက်ကို ဖတ်ကြားကြေ ညာခဲ့ရာမှာ တရားသူကြီး ၁၅ ဦးထဲက ၉ ဦးက လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် မြန်မာမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ၆ ဦးကတော့ စွဲချက်ကို ကန့်ကွက်မဲ ပေးခဲ့ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် မြန်မာက ပြစ်မှုထင် ရှားတယ်လို့ ဂမ်ဘီယာ က တရားစွဲဆိုပြီး ၇ နှစ်အကြာမှာ ICJက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတစ်ခုအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက်အပြစ်ရှိကြောင်း အပြည် ပြည်ဆိုင်ရာ ခုံရုံးတစ်ခုရဲ့ ပထမဆုံးအကြိမ် စီရင်ချက် ချမှတ်မှု အနေနဲ့လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။ တရားရုံးက စီရင်ချက်ကို ဖတ်ကြားပြချိန်မှာတော့ မြန်မာစစ်တပ်နဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးဖို့ ရည်ရွယ် ချက်ရှိရှိ ကျူးလွန်ခဲ့တယ်ဆိုတာ အထောက် အထား ထင်ရှားတယ်လို့ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်​မှာ စစ် တပ်ကလုပ်ဆောင်ခဲ့တဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေမှာ ခန့်မှန်းခြေ ရိုဟင်ဂျာ အရပ်သား ၁၀,၀၀၀ လောက်ကို မြန်မာ လုံ ခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ကလေးငယ်တွေအပေါ် အလွန်အမင်း ရက်စက်ကြမ်း ကြုတ်မှုတွေ ကျူးလွန်ခဲ့သလို ပြင်းထန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နစ်နာမှုတွေ ကြုံ တွေ့စေခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ICJမှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိတာကြောင့် စီရင် ချက်နောက်ပိုင်း ပြစ်ဒဏ်ကျူးလွန်သူတွေကို ဖမ်းဆီးတာမျိုး လုပ်လို့မရပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂ (UN) ပဋိညာဉ် စာတမ်းအရ စီရင်ချက် နောက်ဆက်တွဲ ညွှန်ကြားချက်တွေကို မြန်မာက မဖြစ်မနေ လိုက်နာရမယ့် ဥပဒေကြောင်းဆိုင်ရာ စည်းနှောင်မှုမျိုး ရှိပါတယ်။ တစ်နည်းအားဖြင့်မြန်မာဖက်ကICJရဲ့ စီရင် ချက်ကို လိုက်နာဖို့ ပျက်ကွက်ရင် တရားလိုဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ဆီကို တင်ပြပြီး အရေးယူ ဆောင်ရွက်မှုတွေအတွက် တောင်းဆိုပိုင်ခွင့် ရှိလာပါတယ်။ နောက်ထပ် သွယ်ဝိုက် သက်ရောက်မှု တစ်ခုကတော့ အခုအမှုဟာ နိုင်ငံတော်အဆင့် တာ ဝန်ယူ၊ တာဝန်ခံမှုအတွက် ဆုံးဖြတ်စေတာ ဖြစ်ပေမယ့်လည်း အာဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင်နဲ့ အလိုတူ အလိုပါ စစ်ဗိုလ်ချုပ်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အ ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတ ကာ တရားရုံးတွေမှာ စွဲချက်တင်ထားတဲ့ ကိစ္စတွေမှာ အရမ်းခိုင်မာ အားကောင်းတဲ့ သက် သေ အထောက်အထားမျိုးကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) ကတော့ ICJရဲ့ အပြီးသတ် စီရင်ချက်ဟာ မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာတွေ ထိခိုက်နစ်နာခံစားခဲ့ရတဲ့ အမှန်တရားကို အချိန်တွေ အကြာကြီးနေမှ အသိအမှတ်ပြုမှု ရလာတာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ HRWက မြန်မာအနေနဲ့ တရားရုံးရဲ့ စီရင်ချက်နဲ့ နောက်ဆက်တွဲ လမ်းညွှန်မှုတွေကို အမြန်ဆုံး လိုက်နာပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဆီ ဆန္ဒအလျောက် ဘေးကင်းကင်း ပြန်ခွင့်ရရေးအတွက် သေချာခိုင်မာအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ကိုးကား- ICJ ၊BBC ၊ The Guardian

Открыть в Telegram
Просмотры278−11%к среднему
Пересылки—
Реакции2
Комментарии—
#5799Текст

မြန်မာနိုင်ငံတွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း ICJ တရားရုံးက အပြီးသတ်အမိန့်ချမှတ်၊ ▪️ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး၊ ပြန်လည်ထူထောင်ရေး၊ ကန့်သတ်ချက်များ ပယ်ဖျက်ရေး၊ လျော်ကြေးပေးရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် အမိန့်ချမှတ် နိုဝင်ဘာလ ၁၉ ရက် မြန်မာနိုင်ငံတွင် မင်းအောင်လှိုင်ဦးဆောင်သော မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အပြီးသတ်စီရင်ချက်ချမှတ်လိုက်သည်။ ICJ တရားရုံးက မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးဥက္ကဋ္ဌ ယူဂျီ အီဝါဆာဝါက အပြီးသတ်စီရင်ချက်ကို ဖတ်ကြားရာတွင် သက်သေအထောက်အထားအားလုံးကို ခြုံငုံသုံးသပ်ပြီးနောက် မြန်မာနိုင်ငံ၏ လုပ်ရပ်များကို ရှင်းပြနိုင်သည့် တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် ကောက်ချက်မှာ ရိုဟင်ဂျာလူမျိုးစု၏ အစိတ်အပိုင်းအများအပြားကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ တရားရုံးက “မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာအရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ကြောင်း၊ ကလေးငယ်များအပေါ် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးရန် ကြိုးပမ်းနေသည့် ရိုဟင်ဂျာများကိုလည်း တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရသည်” ဟု တရားရုံးဥက္ကဋ္ဌက ပြောကြားသည်။ ထို့ပြင် ၂၀၁၇ ခုနှစ် စစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၁ သောင်းခန့် သတ်ဖြတ်ခံခဲ့ရကြောင်းလည်း တရားရုံး၏ စီရင်ချက်တွင် ဖော်ပြထားသည်။ တရားရုံးက မြန်မာနိုင်ငံ၏ လုပ်ရပ်များသည် ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းမှုများအပေါ် အဟန့်အတားများ ဖန်တီးခဲ့ကြောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူများကို အပြစ်ပေးရန် ပျက်ကွက်ခဲ့ကြောင်းလည်း ထောက်ပြခဲ့သည်။ တရားရုံး၏ အပြီးသတ်ကောက်ချက်တွင် မြန်မာနိုင်ငံ၏ လုပ်ရပ်များသည် ရိုဟင်ဂျာလူမျိုးစု၏ အစိတ်အပိုင်းတစ်ရပ်ကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အထောက်အထားများက ပြသနေသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် စစ်တပ်က ပြောဆိုခဲ့သည့် သောင်းကျန်းသူနှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေးဆိုသည့် အကြောင်းပြချက်များသည် မြေပြင်တွင် ကျူးလွန်ခဲ့သည့် လုပ်ရပ်များနှင့် ကိုက်ညီမှုမရှိကြောင်း တရားရုံး၏ စီရင်ချက်တွင် ထင်ရှားလာသည်။ အဆိုပါအမှုကို အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဂမ်ဘီယာက မြန်မာနိုင်ငံသည် ရိုဟင်ဂျာလူမျိုးစုကို ဖျက်ဆီးရန် ရည်ရွယ်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲကာ တရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဂမ်ဘီယာက ရိုဟင်ဂျာများအပေါ် ကျူးလွန်နေသည့် တရားမဝင်လုပ်ရပ်များကို ရပ်တန့်ရန်၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူများကို အရေးယူအပြစ်ပေးရန်၊ နစ်နာသူများအတွက် လျော်ကြေးနှင့် ပြန်လည်ကုစားမှုများ ပေးအပ်ရန်၊ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ရန်တို့ကို တောင်းဆိုခဲ့သည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

Открыть в Telegram
Просмотры292−7%к среднему
Пересылки—
Реакции1
Комментарии—
#5798Превью ссылки

မင်းအောင်လှိုင်နှင့် စစ်ကောင်စီအဖွဲ့ဝင် ၉ ဦးကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှုကို ဖိလစ်ပိုင်အယူခံတရားရုံးက တရားဝင်မှတ်ပုံတင် လက်ခံ 🛑Z Fighter Nov 3 🛑 ဖိလစ်ပိုင်နိုင်ငံ အယူခံတရားရုံးက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီအဖွဲ့ဝင် ၉ ဦးတို့ကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုထားသည့် အမှုကို တရားဝင်မှတ်ပုံတင်လက်ခံလိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်သည်။ အဆိုပါအမှုသည် ချင်းပြည်နယ်အတွင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ကြုံတွေ့ခဲ့ရသူများက လွန်ခဲ့သည့် ၃ နှစ်က ဖိလစ်ပိုင်တရားရေးဌာနထံ တင်သွင်းခဲ့သည့် တိုင်ကြားချက်ကို တရားရေးဌာနက လက်ခံဆောင်ရွက်ရန် ငြင်းပယ်ခဲ့ပြီးနောက် အယူခံတရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။[Khit Thit Media][Z_F] https://telegra.ph/Z-Fighter-11-03-108 #Adm_2 #KTM #z_fighter

Открыть в Telegram
Просмотры647+107%к среднему
Пересылки—
Реакции7
Комментарии—
#5797Превью ссылки

စစ်ကိုင်းတွင် အရှင်ဖမ်းမိခဲ့သော ဗိုလ်မှူးကြီး ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွား 22 Oct 2026 By MPA စစ်ကိုင်းမြို့၊ ကန်တလူတိုးဂိတ်အနီးတွင် ဖမ်းဆီးမိခဲ့သော ဗိုလ်မှူးကြီး‌ဇော်မျိုးတင့်သည် လက်နက် လုပြီး ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာပွဲချင်းပြီး သေဆုံးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ယနေ့(အောက်တိုဘာ၂၂ရက်)သတင်းထုတ်ပြန်သည်။ တပ်တွင်းဖရဲသီးများနှင့် လက်နက်ချတော်လှန်ရေးသမားများ၏ သတင်းပေးမှုအရ အောက်တိုဘာ ၁၈ ရက်၊ ညနေ၄နာရီခန့်တွင် ဗိုလ်မှူးကြီးဇော်မျိုးတင့်(ကြည်း-၂၉၄၅၈)ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13857/

Открыть в Telegram
Просмотры887+184%к среднему
Пересылки—
Реакции7
Комментарии—
#5796Текст

III စစ်တွေ - ဒကစ အထိ AA တပ်တွေရောက်လာလို့၊ ရဲဝင်းဦးရဲ့ ၄၉၂၆ စစ်ဆင်ရေးကြီး အရှက်ကွဲတော့မယ် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အ ကြ မ်း ဖ က် စ စ် တပ် က အ ပြ င်း အ ထ န် ထိုး စ စ် ဆင် ခဲ့ပေမယ့်၊ အာရက္ခတပ်တော်ရဲ့ တန်ပြန် ထိုး စ စ် ကြောင့် မြို့တော် စစ်တွေမြို့ကို အသည်းအသန် ခုခံနေရတဲ့ အခြေအနေကို ရောက်ရှိသွားပြီလို့ စ စ် ရေး သတင်းရင်းမြစ်တွေ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က စစ်တွေနဲ့ အလွန်နီးကပ်တဲ့ ရေချမ်းပြင် ကာကင်း စခန်းနဲ့ ကျက်တောပြင် စခန်းတို့ကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး၊ အမြင့်ကျွန်း၊ မင်းချောင်း၊ ဝါဘို နဲ့ ပေါက်တော အစပ်တွေမှာ တို က် ပွဲ တွေ ဆက်လက် ပြ င်း ထ န် နေတာ ဖြစ်ပါတယ်။ ရေချမ်းပြင်နဲ့ ဝါဘိုရွာဘက်က ထိုး စ စ် ဆင် လာတဲ့ AA စ စ် ကြော င်း တွေဟာ ဗန္ဓုလလမ်းဆုံအနီးက ဒေသကွပ်ကဲမှူ စစ်ဌာနချုပ် (ဒကစ-စစ်တွေ)အနီးကို ရောက်လာတာကြောင့် မြို့ပေါ်က ငွေကြေးတက်နိုင်သူတွေနဲ့ စ စ် ကောင်စီ အရာရှိ တချို့ပါ ထွက်ပြေးတိမ်းရှောင် နေကြပါတယ်။ လက်ရှိလည်း စ စ် ကောင်စီတပ် ဟာ မြေပြင်စခန်းတွေကို ဆက်တိုက် လက်လွှတ်နေရတဲ့အတွက် သက္ကယ်ပြင် ဒကစ ကနေ လ က် န က် ကြီး တွေ ပစ်ကူပေးနေသလို စ စ် ရေး ပစ်မှတ် မဟုတ်တဲ့ အရပ်ဘက်နေရာတွေကိုပါ လေကြောင်း၊ ရေကြောင်းနဲ့ လ က် န က် ကြီးတွေသုံးပြီး အ ပြ င်း အ ထ န် ဗုံးကြဲနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ထဲက စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကို စ စ် ကြော င်း ၃ ကြော င်း ခွဲ ပြီး ထိုး စ စ် ဆင်ခဲ့တဲ့ စ စ် ကောင်စီတပ် ဟာ လက်ရှိမှာတော့ ပြည်နယ်မြို့တော် စစ်တွေ မကျရေးကိုသာ အဓိကထား ခုခံနေရတယ်လို့ သိရှိရပါတယ်။ ဆိုတော့ ရှေ့ဖြစ်စဉ်တွေကြည့်လိုက်ရင် တိုင်း စ စ် ဌာနချုပ် တည်ရှိရာ အမ်းမြို့ အပါအဝင် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားတဲ့ AA ရဲ့ စ စ် ရေး စွမ်းရည်ကို တွက်ဆမိကြမယ်ထင်ပါတယ်။ ဒါဆိုရင် ဝိုင်းပတ် ပိတ်ဆို့ခံထားရတဲ့ စစ်တွေမြို့နယ်အနေနဲ့လည်း အချိန်မရွေး AA ထံ လက်လွှတ်ရနိုင်ပါတယ်။ အဆိုပါ စစ်တွေမြို့ကိုသာ အာရက္ခတပ်တော် (AA)က ထိန်းလိုက်ပြီး၊ ဒကစ တခုလုံးကို ထိန်းချုပ်ပြီးတာနဲ့တပြိုင်နက်၊ တ ရု တ် လက်ထဲက ကျောက်ဖြူလောက်ပဲ ကျန်တာမို့၊ စ စ် ကောင်စီ ဟာ ရခိုင်ဒေသကို လုံးဝ လက်လွှတ်ရပြီလို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေဖြစ်သွားမှာကို စ စ် တပ် က ဗိုလ်ချုပ်ဆိုသူတွေ ဂုဏ်သိက္ခာအရ အင်မတန် ကြော က် နေကြပါတယ်။ ဒါ့ကြောင့် မြေပြင်မှာ ကြည်း‌၊ ရေ၊ လေ တပ်တွေ ထောင်နဲ့ချီ အကုန်သုံးပြီး အသဲအသန် ခုခံနေကြရပါတယ်။ ဒါပေမယ့်လည်း လက်ရှိတော့ တို က် ပွဲ အတွင်း ဖမ်းဆီးခံရတဲ့ စ စ် သား တွေ၊ သိမ်းဆည်းခံလိုက်ရတဲ့ ရာနဲ့ချီတဲ့ လ က် န က် ကြီး လ က် န က် ငယ် တွေကို ရုပ်သံနဲ့တကွ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် စ စ် တပ် ရဲ့ ၄၉၂၆ စ စ် ဆင် ရေး ဆိုတာ ရခိုင်ဒေသကို တမြို့မှ ပြန်မသိမ်းနိုင်တဲ့ စ စ် ဆင် ရေး ဖြစ်တဲ့အပြင်၊ စစ်တွေ-ဒကစ ကိုပါ လက်လွှတ်ရမယ့် အခြေအနေကြောင့် စ စ် ဗိုလ်ချုပ်တွေရဲ့ ရခိုင်အိပ်မက်ဟာ လုံးဝ ပျောက်ဆုံးရတော့မှာပဲ ဖြစ်တယ်။ ဒီချိန်မှာ‌တော့၊ ၄၉၂၆ စ စ် ဆင်‌ ရေး ဆိုပြီး Tiktok နဲ့ Facebook မှာ လေကျယ်နေကြတဲ့ စ စ် ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ တပ်မိသားစုဝင်တွေလည်း ကိုယ်တိုင် ကြုံရမှ မျက်ရည်နဲ့ မျက်ခွက် ဖြစ်မှာ အသေအချာပါပဲ။ ခင်ပွန်းသည်ဖြစ်စေ၊ သားဖြစ်စေ ဆုံးရှုံးရချိန်မှ ကိုယ်တိုင် တပ် ထော က် ခံ မိတာ မှားမှန်း သိကြမယ်ထင်ပါတယ်။ ဘာလို့ခု‌လိုပြောလဲဆိုတော့ စစ်တွေမှာရှိနေတဲ့ ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ အမိန့်ပေးသူကစလို့၊ ‌ဗိုလ်မှူး အဆင့်လောက် အထိက AA တပ်တွေ လက်လှမ်းမမှီနိုင်တဲ့နေရာအထိ ရှောင်ထွက်သွားကြပြီ ဖြစ်တယ်။ လက်ရှိက ရှေ့မှာ အ သေ ခံ ချနေကြတာ လက်ကျန် သန္ဓေစစ်သားတွေနဲ့ ပစ အချို့ပဲ ရှိပါတယ်။ ခေါ င်း ပေါင်း(ဗိုလ်မှူးချုပ်) ကျော်ဇော ဆိုသူကတော့ ဆက်သွယ်ရေးစက်ကနေ အမိန့်ပေးတာ၊ လူအင်အားတောင်းခံတာနဲ့ ပစ်ကူတောင်းတာလောက်ပဲ သူတို့ တတ်နိုင်ပါတော့တယ်။ စစ်တွေမြို့ဟာ နေ့လား ၊ ညလား ဆိုတဲ့ အချိန်တခုအတွင်း အလုံးစုံ လက်လွှတ်ရဖို့ နီးနေပါပြီ။ ဒါဆိုရင်တော့ ဘော မ တွေ ပြောပြောနေတဲ့ ကြ မ်း ပါတယ်ဆိုတဲ့ တပ်ချုပ်အသစ် ရဲဝင်းဦးရဲ့ ဂုဏ်သိက္ခာက မြောင်းထဲ ရောက်ဖို့နီးနေပါပြီ။ ထို့အတူ စ စ်‌ အုပ်စုရဲ့ ရခိုင်အိပ်မက်လည်း ဒီမှာ တခန်းရပ်ပြီလို့ ဆိုရပါမယ်။ #wiper

Открыть в Telegram
Просмотры936+200%к среднему
Пересылки—
Реакции6
Комментарии—
#5795Текст

ကွမ်းတောင်မှ အမြင့်ကျွန်းဘက်သို့ ဆုတ်ခွာလာသည့် စစ်ခွေးတပ်၏ တပ်များမှာလည်း ကာကင်းများကို ဆက်တိုက် လက်လွှတ်နေရပြီး ထိုးစစ်အခြေအနေမှ ခံစစ်အနေအထားသို့ လုံးဝ ကူးပြောင်းသွားရပြီဖြစ်ကာ မင်းချောင်းတံတား ပတ်ဝန်းကျင်တွင်လည်း AA တပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားလျက် ရှိသည်။ ‎ စစ်တွေတပ်နယ် တစ်ခုလုံးတွင် တပ်ပျက်ကာ ဆုတ်ခွာလာရသည့် နပခ အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၂၀ ခန့် ရှိနေပြီး ၂၀၂၅ ခုနှစ်အထိ ရရှိထားသည့် စာရင်းများအရ နပခ ကို ချန်လှပ်ထားပါက ကျန်တပ်ရင်း ၁၉ ခုတွင် စစ်ခွေးအင်အား အကောင် ၂,၅၀၀ ကျော် ရှိနေသည်။ ‎ ယခု ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် ထိုးစစ်များအတွက် စစ်ခွေးတပ်က စစ်ကြောင်းသုံးခုဖြင့် အင်အား အကောင် ၁,၅၀၀ ထပ်မံဖြည့်တင်း သုံးစွဲခဲ့သော်လည်း စက်တင်ဘာ ၄ ရက်မှ စက်တင်ဘာ ၁၇ ရက်အတွင်း AA ၏ ဖမ်းဆီးရမိမှုကြောင့် သုံ့ပန်းဖြစ်ခဲ့ရသူများနှင့် သေဆုံးပျောက်ဆုံးမှုများကြောင့် အင်အားများ အလွန်အမင်း ပြုန်းတီးနေပြီဖြစ်ကြောင်း သိရသည်။ ပုံ/see the date.

Открыть в Telegram
Просмотры649+108%к среднему
Пересылки—
Реакции4
Комментарии—
#5794Текст

နပခ ရုံးစိုက်ရာ စစ်တွေ ဒကစ အနီးအထိ AA တပ် ၏ ထိုးစစ်ရောက်ရှိလာပြီး စစ်ခွေးတပ် ကာကင်းများ ဆက်တိုက် လက်လွှတ်နေရ ‎ ရခိုင်ပြည်၊ စစ်တွေမြို့မှ ပုဏ္ဏားကျွန်းဘက်သို့ ထိုးစစ်ဆင်နေသည့်စစ်ခွေးတပ်သည် အာရက္ခတပ်တော် (AA) ၏ အပြန်အလှန် တန်ပြန်ထိုးစစ်ကြောင့် မြို့တော်စစ်တွေရှိ စစ်ခွေးတပ်စခန်းများကို အသည်းအသန် ခုခံကာကွယ်နေရကြောင်း သိရှိရသည်။ ‎ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရုံးစိုက်ရာ ဒေသကွပ်ကဲမှုစစ်ဌာချုပ် (ဒကစ) နှင့် အနီးဆုံး ဖြစ်သည့် ရေချမ်းပြင်အထိ AA တပ်က ထိုးစစ်ဆင်လာရာ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့အထိ နှစ်ဖက် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ရေချမ်းပြင်ဒေသတွင် စစ်ခွေးတပ် ခလရ ၂၇၀ တပ်စွဲထားပြီး၊ မြေပြင်သတင်းများအရ ပုဏ္ဏားကျွန်း ထိုးစစ်အတွက် တပ်အင်အားများ ထပ်မံဖြည့်တင်းထားကာ တပ်ရင်းများအရှေ့တွင် ဘန်ကာများနှင့် ကတုတ်ကျင်းများကိုပါ တူးဖော်ပြင်ဆင်ထားကြောင်း သိရှိရသည်။ ဒကစအနီးရှိ ကံ့ကော်ကျွန်းကိုလည်း AA က ထိုးစစ်ဆင်ရန် ဝိုင်းပတ်ပိတ်ဆို့ထားသည့် အနေအထားတွင် ရှိနေပြီး၊ ရွှေမင်းဂံ ရေတပ်စခန်းဘက်မှလည်း ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်သံများကို စစ်တွေမြို့တွင်းအထိ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

Открыть в Telegram
Просмотры604+93%к среднему
Пересылки—
Реакции3
Комментарии—
#5793Текст

🔺သာသနိကနယ်မြေများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်စေရန် စစ်ကောင်စီကို ဆုံးမ ဩဝါဒပေးရေး နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင် ဆရာတော်များထံ စစ်ကိုင်းသပိတ်အင်အားစုက လျှောက်ထား🔺   စစ်ကောင်စီက သာသနိက အဆောက်အအုံများနှင့် ဘုန်းတော်ကြီးကျောင်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်စေရေးအတွက် စစ်ကောင်စီကို ဆုံးမ ဩဝါဒပေးတော်မူကြရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင် ဆရာတော်များထံ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက လျှောက်ထားတောင်းဆိုလိုက်ပါတယ်။   စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုဟာ အောက်တိုဘာ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်သည့် လျှောက်ထားစာတွင် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ် မဟုတ်သည့် ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးနေပြီး ယင်းလုပ်ရပ်များကြောင့် သံဃာတော်များ၊ သာမဏေများ၊ တရားစခန်းဝင် ယောဂီများနှင့် ဒေသခံပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်နေရကြောင်း ဖော်ပြထားပါတယ်။   အောက်တိုဘာ ၁၁ ရက်၊ တော်သလင်းလကွယ်နေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ အင်ကြင်းတောတိုက်၊ မူလမဟာစည်ကျောင်းတော်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သပိတ်အင်အားစုက ထောက်ပြထားပါတယ်။   အဆိုပါကျောင်းဟာ ကမ္ဘာ့သာသနာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီး ဝိပဿနာတရားများ ပြသတော်မူခဲ့သည့် သမိုင်းဝင် ကျောင်းတော်ဖြစ်ကြောင်း၊ မဟာစည်ဆရာတော်ဘုရားကြီးဟာ ကောဇာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်မှစတင်၍ တရားပြသတော်မူခဲ့ပြီး တရားမပြသမီ ကျောင်းရှိ စည်တော်ကြီးကို တီးခတ်လေ့ရှိသည့်အတွက် မဟာစည်ဆရာတော်ဟု အမည်တွင်ခဲ့ကြောင်း လျှောက်ထားစာတွင် ဖော်ပြထားပါတယ်။   ထို့ပြင် ဆိပ်ခွန်မဟာစည်ကျောင်းဟာ ဝိပဿနာ တရားအားထုတ်မှုဆိုင်ရာ ပဋိပတ္တိဌာနတစ်ခုအဖြစ် ဂုဏ်သိက္ခာကြီးမားစွာ ရပ်တည်ခဲ့သည့်ကျောင်းဖြစ်ပြီး လက်ရှိ မဟာစည်နာယကအဖွဲ့ ဥက္ကဋ္ဌ ဆိပ်ခွန်ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်လည်းဖြစ်ကြောင်း သိရပါတယ်။   ယင်းကျောင်းတိုက်ဟာ နိုင်ငံရေးနှင့် တော်လှန်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ ဝိပဿနာဓုရကိုသာ အဓိကထား၍ သာသနာ့တာဝန် ထမ်းဆောင်နေသည့် ကျောင်းတိုက်ဖြစ်ကြောင်း သပိတ်အင်အားစုက ဖော်ပြထားပြီး ယခုကဲ့သို့ ဗုံးကြဲ ဖျက်ဆီးခံရမှုအပေါ် ဆရာတော်ကြီးများက အဘယ်ကြောင့် နှုတ်ဆိတ်နေကြသနည်းဟုလည်း မေးခွန်းထုတ်ထားပါတယ်။   စစ်ကောင်စီတပ်ဟာ ဆိပ်ခွန် မဟာစည်ကျောင်းကဲ့သို့ ထင်ရှားသည့် ကျောင်းတိုက်များသာမက ကျေးလက်ဒေသများရှိ ဘုန်းတော်ကြီးကျောင်းများကိုလည်း လေကြောင်းမှ မကြာခဏ ဗုံးကြဲ တိုက်ခိုက်နေကြောင်း လျှောက်ထားစာတွင် ဆက်လက်ဖော်ပြထားပါတယ်။   ဥပမာအားဖြင့် မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာရှိ ဇေဋ္ဌဝါဒီ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် ၇ ရက်ကြာ တရားစခန်း၊ ချောင်းဦးမြို့နယ်၊ ပန်းလှတောရကျောင်းနှင့် ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ကိုလည်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။   ယင်းတိုက်ခိုက်မှုများကြောင့် ဘုန်းတော်ကြီးများ၊ ရဟန်းသာမဏေများ၊ တရားစခန်းဝင် ယောဂီများနှင့် ဥပုသ်သီလ ဆောက်တည်နေသူများ ပျံလွန်တော်မူခြင်း၊ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားခဲ့ကြောင်း သပိတ်အင်အားစုက အသိပေးထားပါတယ်။   ဘုန်းတော်ကြီးကျောင်းများဟာ ဗုဒ္ဓဘာသာဝင်များအတွက် တရားဘာဝနာပွားများရာ၊ သီလဆောက်တည်ရာ၊ အလှူဒါနပြုရာနှင့် ငြိမ်းချမ်းအေးချမ်းမှုကို ရှာဖွေရာ နေရာများဖြစ်သည့်အပြင် ကျေးရွာပြည်သူများအတွက် လူမှုဘဝနှင့် သာသနာရေးဆိုင်ရာ ဆုံးမပဲ့ပြင်မှုများ ရရှိရာနေရာများလည်းဖြစ်ကြောင်း လျှောက်ထားစာတွင် ဖော်ပြထားပါတယ်။   ထိုသို့သော သာသနိကအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးခြင်းဟာ ရဟန်းသာမဏေများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသာမက ဗုဒ္ဓဘာသာဝင်များ၏ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ပြုလုပ်မှုများကိုပါ ထိခိုက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဝေဖန်ထားပါတယ်။   ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များ အနေဖြင့် သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည့် သာသနိကနယ်မြေများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်စေရေးအတွက် စစ်ကောင်စီကို ဆုံးမဩဝါဒ ပေးတော်မူကြရန် လျှောက်ထား တောင်းဆိုထားပါတယ်။   ထို့အပြင် သာသနာ့နယ်မြေများနှင့် ဥပုသ်သီလ ဆောက်တည်နေသူများ၏ လုံခြုံရေးအတွက် ထိရောက်သည့် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပေးရန်နှင့် ဘုရား၊ ကျောင်းကန်ကဲ့သို့သော သာသနိကနယ်မြေများကို စစ်ပွဲအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရေးအတွက် လိုအပ်သည့် မေတ္တာရပ်ခံတားဆီးမှုများကို ဆောင်ရွက်ပေးကြရန်လည်း ဆရာတော်ကြီးများထံ ဆက်လက် လျှောက်ထားပါတယ်။   #4C_TruthNews

Открыть в Telegram
Просмотры486+56%к среднему
Пересылки—
Реакции1
Комментарии—
#5791Текст
Просмотры653+109%к среднему
Пересылки—
Реакции—
Комментарии—
#5789Превью ссылки
Просмотры629+101%к среднему
Пересылки—
Реакции1
Комментарии—