Кабинет
Shwe Phee Myay News Agency

Shwe Phee Myay News Agency

Подтверждён

News Company

Юзернейм
@spmnewsagency2019
Категория
Новости и СМИ
Страна
МьянмаМьянма
Создан
, 3 года
Подписчики37 029
Просмотров на пост, 7 дн.1 142за 7 дней
ERR3,08 %за 7 дней

Средние просмотры поста по дням

По дню публикации

Показать таблицей
ДатаПросмотров на пост
25 нояб. 2026 г.1 591
26 нояб. 2026 г.569

Самые просматриваемые за месяц

  1. 01

    Без текста

    Фотоальбом
    Просмотры1,79 тыс.
    Пересылки0
    Реакции—
    Комментарии—
  2. 02

    Без текста

    Фотоальбом
    Просмотры1,94 тыс.
    Пересылки0
    Реакции15
    Комментарии—
  3. 03

    Без текста

    Фотоальбом
    Просмотры1,77 тыс.
    Пересылки0
    Реакции—
    Комментарии—
  4. 04

    Без текста

    Фотоальбом
    Просмотры1,76 тыс.
    Пересылки0
    Реакции—
    Комментарии—

Новые посты

#30215Фото
Просмотры814−29%к среднему
Пересылки—
Реакции7
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч324
4 ч814
  1. Через 1 час324
  2. Всего сейчас814
#30214Текст

🟢မူဆယ်မှာ တရုတ်ယွမ် ၁၀၀ ကို ကျပ် ၈ သောင်းအထိ ဆက်လက်မြှင့်တက်လာနေ၊ ကျပ်ငွေ တန်ဖိုး ဆက်တိုက် ကျဆင်းနေ ရွှေဖီမြေ၊ နိုဝင်ဘာ ၂၆ ရက်၊ မူဆယ် တရုတ်- မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၈ သောင်းအထိ ဆက်လက်မြှင့်တက်လာနေပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၆ ရက် မနက် ၁၀ နာရီခွဲမှာ ဝယ်စျေး တရုတ်ယွမ် ၁၀၀ မှာ ကျပ် ၈ သောင်း ရှိပြီး ရောင်းစျေး ယွမ် ၁၀၀ ကို ကျပ် ၈၀၅၀၀ အထိ ပေါက်စျေး ရှိနေပါတယ်။ “ဒီနေ့ မနက်မှ ငွေစျေးထပ်တက်လာတာ။ ဆက်တ်ိုက်တက်နေတာ။ ငွေစျေး ထပ်တက်ဖို့ပဲ ဖြစ်နိုင်ချေများတယ်”လို့ မူဆယ်မြို့ခံ တစ်ဦးက ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၂၅ ရက်မှာတော့ ဝယ်စျေး တရုတ်ယွမ် ၁၀၀ မှာ ကျပ် ၇၈၅၀၀ ရှိပြီး ရောင်းစျေး ယွမ် ၁၀၀ ကို ကျပ် ၇၉၀၀၀ အထိ ပေါက်ဈေး ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာတော့ တရုတ်‌ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၇ သောင်းခွဲကျော် (၇၅,၅၀၀ ကျပ်)အထိသာ မြှင့်တက်ခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၂၆ ရက်မှာတော့ ယွမ် ၁၀၀ ကို ကျပ် ၈ သောင်းအထိ မြှင့်တက်ခဲ့ပါတယ်။ ငွေစျေးမြင့်တက်လာတာကြောင့် တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ် မြင့်တက်လာနိုင်ပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Открыть в Telegram
Просмотры810−29%к среднему
Пересылки—
Реакции7
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч325
4 ч810
  1. Через 1 час325
  2. Всего сейчас810
#30213Текст

🟢 နျူကလီးယားလက်နက် ထုတ်လုပ်မှု တိုးချဲ့မယ်လို့ မြောက်ကိုရီးယား ပြော ရွှေဖီမြေ၊ နိုဝင်ဘာလ ၂၆ ရက် ဘာသာပြန် - MZH   နယ်ပယ်စုံနဲ့ မတူညီတဲ့ စစ်ဆင်ရေးတွေအတွက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ချထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်းလိုက်ပါတယ်။   နျူကလီးယားပစ္စည်း ထုတ်လုပ်နိုင်စွမ်းကို စနစ်တကျ တိုးချဲ့နေတယ်လို့ နိုဝင်ဘာ ၂၆ ရက်မှာ ကင်က ပြောကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။ နျူကလီးယားပစ္စည်း ထုတ်လုပ်ရေးနဲ့ လက်နက်သုတေသန စက်ရုံတွေကို စစ်ဆေးစဉ်မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်မှု အဆင့်အတန်းဟာ လုံးဝထိပါးလို့မရဘူးလို့ သူက ပြောပါတယ်။   အခြေအနေပြောင်းလဲမှုကို မသိကျိုးကျွန်ပြုတဲ့ နျူကလီးယားဖျက်သိမ်းရေး ပြောဆိုချက်တွေကြောင့် နိုင်ငံရဲ့ အဆင့်အတန်း ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ကင်ဂျုံအန်က ဆိုပါတယ်။ နျူကလီးယားစွမ်းရည်ဟာ လက်တွေ့ဖြစ်နေပြီဖြစ်ပြီး ထုတ်လုပ်မှု အောင်မြင်မှုတွေဟာ မူဝါဒအောင်မြင်မှုကြီးပဲလို့ သူက မှတ်ချက်ပေးပါတယ်။   ၂၀၂၃ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းထားတဲ့ နျူကလီးယားအဆင့်အတန်းကို ငြင်းဆိုဖို့ ကြိုးစားမှုဟာ ပြောင်ကျကျ စစ်ကြေညာတာပဲလို့ သူက သတိပေးပါတယ်။ ခေတ်သစ်စစ်ပွဲမှာ နည်းဗျူဟာမြောက် နျူလက်နက်တွေရဲ့ တန်ဖိုးနဲ့ အန္တရာယ်အရှိဆုံး ရန်သူနိုင်ငံနဲ့ နယ်စပ်အခြေအနေတွေကြောင့် ဒီလက်နက်တွေကို စုံလင်စွာ အသုံးပြုဖို့ လိုအပ်နေတယ်လို့ ကင်က ပြောပါတယ်။   စက်တင်ဘာ ၂၁ ရက်က DMZ နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး တောင်ကိုရီးယားစစ်သား သုံးဦး ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တင်းမာမှုတွေ တိုးနေချိန်မှာ ဒီပြောဆိုချက် ထွက်ပေါ်လာတာပါ။ မိုင်းထောင်ခဲ့တာဟာ မြောက်ကိုရီးယားဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ တောင်ကိုရီးယားက တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။   မြောက်ကိုရီးယားက မိုင်းကိစ္စ လုပ်ကြံတယ်လို့ စွပ်စွဲပြီး ကုလလုံခြုံရေးကောင်စီကို စာပို့ခဲ့သလို တစ်ပတ်မပြည့်ခင်မှာပဲ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၀ စင်းခန့် ပစ်လွှတ်ခဲ့ပါတယ်။ News & Photo: Al Jazeera #SPM #မြောက်ကိုရီးယား #ကင်ဂျုံအန် #နျူကလီးယား #တောင်ကိုရီးယား #နိုင်ငံတကာသတင်း ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Открыть в Telegram
Просмотры733−36%к среднему
Пересылки—
Реакции7
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч329
4 ч733
  1. Через 1 час329
  2. Всего сейчас733
#30212Фото
Просмотры762−33%к среднему
Пересылки—
Реакции3
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч456
4 ч762
  1. Через 1 час456
  2. Через 6 часов762
  3. Всего сейчас762
#30211Текст

🟢မိုင်းရှူး ဟိုက်ပါရေတံခွန်အနီးရွာမှာ အရက်ကြောင်နေတဲ့ ဖခင်က ၂ နှစ်အရွယ် သမီးအရင်းကို သတ်ဖြတ်ပြီး နေအိမ်မီးရှို့၊ ဖမ်းဆီးချိန် ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်း SSF ၊ နိုဝင်ဘာ ၂၆ ရက်၊ မိုင်းရှူး ရှမ်းတောင်၊ မိုင်းရှူးမြို့နယ်မှာ အရက်ကြောင်နေတဲ့ ဖခင်ဖြစ်သူက အသက် ၂ နှစ်အရွယ် သမီးအရင်းကို သတ်ဖြတ်ပြီး နေအိမ်ကိုပါ မီးရှို့ထွက်ပြေးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ အဲ့ဒီထွက်ပြေးသွားတဲ့ တရားခံကို ဒီကနေ့မနက်မှာ ဖမ်းဆီးခဲ့ရာ ဖမ်းဆီးတဲ့အချိန် ပြန်ခုခံလို့ စစ်သားတွေက အသေပစ်ခတ်ရှင်းလင်းလိုက်တယ်လို့လည်း ဖြစ်စဉ်ကို သိရှိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက်က မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာမှာ အဲ့ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် စိုင်းပီးဟာ ဇနီးဖြစ်သူ နန်းဖိတ် ဈေးသွားရောင်းနေချိန် နေအိမ်မှာ ရှိတဲ့ သမီးငယ်ကို ဓားနဲ့ လည်ပင်းလှီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ “သူကအရက်ကြောင်တာဗျ။ မိန်းမက ဟိုက်ပါဈေးသွားရောင်းတဲ့အချိန် ဖြစ်သွားတာဗျ။ သူ့သမီးအိပ်နေတာကို လည်ပင်းလှီးလိုက်တာဗျ။ လည်ပင်းမှာ ဓားနဲ့လှီးထားတဲ့ ဒဏ်ရာတွေ ရှိတယ်ဗျ။ သူက အရင်ကလည်း ခဏခဏ မိန်းမနဲ့ ရန်ဖြစ်တယ်။ အခု မဖြစ်ခင်တရက်မှာလည်း သူ့မိန်းမနဲ့ အကြီးအကျယ် ရန်ဖြစ်သေးတယ်ဗျ” လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ သမီးဖြစ်သူကို သတ်ဖြတ်ပြီးနောက် စိုင်းပီးဟာ နေအိမ်ကို ဒီဇယ်လောင်းပြီး မီးရှို့ထွက်ပြေးခဲ့ပေမယ့် ရွာသူ ရွာသားတွေက အချိန်မီ မီးဝိုင်းငြိမ်းလို့ နေအိမ်ကိုတော့ မီးမလောင်သွားခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဒေသခံတွေက ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPတပ်ဖွဲ့ကို တိုင်ကြားခဲ့တဲ့အတွက် SSPP တပ်ဖွဲ့က စိုင်းပြီးကို လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ “အစိမ်းတပ်ဖွဲ့ (SSPP)က ဒီမနက် လိုက်ဖမ်းတာ တွေ့တဲ့အချိန် ပြန်ခုခံလို့ သေနတ်နဲ့ ပစ်ခတ်လိုက်တာ သူလည်း သေသွားပြီဗျ။ အခု ဒီလိုမဖြစ်ဖူးတဲ့ဟာတွေ ဖြစ်နေတော့ စိတ်ထဲမှာ တမျိုးဖြစ်နေတယ်ဗျ”လို့ ဟိုက်ပါ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ အခုဖြစ်စဉ်မှာ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အပြင် မိသားစုအတွင်း အကြမ်းဖက်မှုမှတစ်ဆင့် လူသတ်မှုအထိ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေအကြား စိတ်မကောင်းဖြစ်တာ ထိတ်လန့်တာတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Открыть в Telegram
Просмотры793−31%к среднему
Пересылки—
Реакции8
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч506
4 ч793
  1. Через 1 час506
  2. Через 6 часов793
  3. Всего сейчас793
#30208Фотоальбом
Просмотры1 110−3%к среднему
Пересылки0
Реакции6
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч473
4 ч934
7 ч1 110
  1. Через 1 час473
  2. Через 6 часов1 110
  3. Всего сейчас1 110
#30207Превью ссылки

🟢မြန်မာနိုင်ငံက The Manhattan FISH MARKET ဆိုင်ခွဲအားလုံးနဲ့ Pezzo Pizza ဆိုင်ခွဲတချို့ အပြီးတိုင် ပိတ်သိမ်းသွား မိရိုး၊ နိုဝင်ဘာ ၂၆၊ မြန်မာ မလေးရှားအခြေစိုက် နာမည်ကြီး ပင်လယ်စာစားသောက်ဆိုင်လုပ်ငန်းဖြစ်တဲ့ The Manhattan FISH MARKET (MFM) က မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ သူတို့ရဲ့ ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မယ်လို့ မနေ့က နိုဝင်ဘာ ၂၅ ရက်မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့က Myanmar Plaza ဆိုင်ခွဲကို ဒီနေ့ နိုဝင်ဘာ ၂၆ ရက်ကစပြီး အပြီးတိုင် ပိတ်သိမ်းသွားမှာဖြစ်သလို ကျန်နေသေးတဲ့ ဆိုင်ခွဲအားလုံးကိုလည်း အပြီးတိုင် ပိတ်သွားမယ်လို့ အသိပေးထားပါတယ်။ အလားတူပဲ စင်ကာပူအခြေစိုက် ပီဇာလုပ်ငန်းတစ်ခုဖြစ်တဲ့ Pezzo Pizza Myanmar ကလည်း ဒီနေ့ နိုဝင်ဘာ ၂၆ ရက်ကစပြီး ရန်ကုန်မြို့က သူတို့ရဲ့ ဆိုင်ခွဲနှစ်ခုဖြစ်တဲ့ သာကေတ Capital ဆိုင်ခွဲ (Tarkayta Capital Branch) နဲ့ မြေနီကုန်း City Mart ဆိုင်ခွဲ (Myaynigone City Mart Branch) တို့ကို အပြီးတိုင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် အသိပေးကြေညာပါတယ်။ ဒါပေမဲ့ မြန်မာ့ဈေးကွက်ထဲကနေ အခုလို ဆိုင်ခွဲတွေ ပိတ်သိမ်းထွက်ခွာရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ကုမ္ပဏီနှစ်ခုစလုံးရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ထည့်ပြောမထားဘူးလို့ သိရပါတယ်။ The Manhattan FISH MARKET ဟာ အမေရိကန်စတိုင် ပင်လယ်စာဟင်းလျာတွေကို အဓိကရောင်းချတဲ့ မလေးရှားအခြေစိုက် နိုင်ငံတကာစားသောက်ဆိုင် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ မြန်မာ့ဈေးကွက်ထဲကိုတော့ ၂၀၁၄ ခုနှစ်က စဝင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းက MMG Tower မှာ ပထမဆုံးဆိုင်ခွဲကို စဖွင့်ခဲ့တာ အခုဆိုရင် ၁၂ နှစ်တောင် ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့ဖူးပြီး အခုနောက်ဆုံး ကျန်နေတဲ့ Myanmar Plaza ဆိုင်ခွဲကိုပါ ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ Pezzo Pizza ကတော့ ၂၀၁၂ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ စတင်တည်ထောင်ခဲ့တဲ့ ပီဇာလုပ်ငန်းဖြစ်ပြီး ပီဇာတစ်ချပ်လုံးမဟုတ်ဘဲ တစ်စိတ်ချင်းစီ ဝယ်ယူစားသုံးနိုင်တဲ့ (Pizza by the slice) ပုံစံနဲ့ လူသိများပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ်ဝန်းကျင်က စတင်ဝင်ရောက်လာခဲ့ပြီး ရန်ကုန်မြို့က ဈေးဝယ်စင်တာကြီးတွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာ စားသောက်ဆိုင်လုပ်ငန်းကြီးတွေ (Franchise Brands) မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ခဲ့တာဟာ ပြည်တွင်းက လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့သလို နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုနဲ့ စားသောက်ဆိုင် စီမံခန့်ခွဲမှု အတွေ့အကြုံတွေကိုပါ ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းစီးပွားရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ယုံကြည်မှုတည်ဆောက်ပေးတဲ့ နေရာမှာလည်း တစ်ထောင့်တစ်နေရာကနေ အရေးပါခဲ့တာပါ။ အခုလို ဆိုင်ခွဲတွေ ဆက်တိုက်ပိတ်သိမ်းလာတာကြောင့် အဲဒီဆိုင်တွေမှာ မှီခိုလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်လာနိုင်သလို မြန်မာ့စီးပွားရေးဈေးကွက်အပေါ် နိုင်ငံတကာလုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှု ပိုမိုကျဆင်းသွားစေနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ လက်ရှိ ပြည်တွင်းမှာတော့ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး နိုင်ငံခြားငွေလဲနှုန်းတွေ မတည်မငြိမ် ဖြစ်နေတာကြောင့် ပြည်ပထုတ်ကုန်နဲ့ နိုင်ငံတကာအမှတ်တံဆိပ် လုပ်ငန်းရှင်တွေ တော်တော်လေး အခက်တွေ့နေကြပါတယ်။ အောက်တိုဘာလကစလို့ နိုင်ငံခြားငွေဈေးတွေ နေ့တိုင်းလိုလို တက်နေပြီး တစ်လအတွင်းမှာပဲ အမေရိကန်တစ်ဒေါ်လာကို ၁၂ ရာခိုင်နှုန်းဝန်းကျင်နဲ့ ထိုင်းဘတ်ဈေး ၁၅ ရာခိုင်နှုန်းဝန်းကျင်အထိ တက်လာတယ်လို့ ငွေလဲလှယ်သူတွေက ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း ပေါက်ဈေးအရ တစ်ဒေါ်လာကို ကျပ် ၅,၃၀၀ ဝန်းကျင်အထိ ရှိနေပြီး ပြီးခဲ့တဲ့တစ်လကထက် စာရင် တစ်ဒေါ်လာကို ၆၃၀ ကျပ်ဝန်းကျင်လောက် ဈေးတက်လာတာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ ပြည်ပထုတ်အလှကုန် ရောင်းချသူတစ်ဦးကလည်း "ကျပ်ဈေးက တစ်ရက်တည်း သုံးမျိုးလောက် ပြောင်းနေတော့ ရောင်းမယ့်ဈေးကို တသမတ်တည်း ထားလို့ မရတော့ဘူး" လို့ လက်ရှိ ကြုံနေရတဲ့ အခက်အခဲကို ပြောပြပါတယ်။ ငွေကြေးဖောင်းပွမှု၊ ဘဏ္ဍာရေးမူဝါဒတွေနဲ့ ကျပ်ငွေအပေါ် ယုံကြည်မှုနည်းလာတာတွေအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအပေါ် စီးပွားရေးအရ ပိုမှီခိုလာရလို့ ဘတ်ငွေဝယ်လိုအား တက်နေတာဟာ ကျပ်ငွေတန်ဖိုး ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ #ဓာတ်ပုံ - Facebook ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Открыть в Telegram
Просмотры1 130−1%к среднему
Пересылки0
Реакции9
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч481
4 ч936
7 ч1 130
  1. Через 1 час481
  2. Через 6 часов1 130
  3. Всего сейчас1 130
#30206Фото
Просмотры1 1400%к среднему
Пересылки0
Реакции4
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
3 ч747
9 ч1 140
  1. Всего сейчас1 140

Все посты

Связи