Посты канала People's Spring
အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ဖိုရမ် CRPH တက်ရောက်၊ SCEF နဲ့လက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ တိုက်တွန်း နိုဝင်ဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပတဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR)ရဲ့ ဖိုရမ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေ အကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း CRPHက ထုတ်ပြန်ပါတယ်။ APHR ရဲ့ (၈) ကြိမ်မြောက် နှစ်ပတ်လည်အဖွဲ့ဝင်ဖိုရမ်ကို နိုဝင်ဘာ ၂၂ရက်က ကျင်းပခဲ့တာပါ။ အဲဒီဖိုရမ်မှာ CRPH ကိုယ်စားလှယ်အဖွဲ့ က CRPH ရဲ့ လက်ရှိလွှတ်တော်ဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုများ၊ ပြည်နယ်၊ ဖက်ဒရယ်ယူနစ်အဆင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့သလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ ဖွဲ့စည်းမှု၊ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ မူဝါဒတွေ အကြောင်း တင်ပြကာ SCEF နဲ့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ CRPH ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့နဲ့အတူ ပူးပေါင်းပြီး ၂၀၂၆ မတ်လမှာ SCEF ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ဟာ SCEF အဖွဲ့ဝင်တွေ အနေနဲ့ စစ်ရေး နိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျအောင် တိုက်ခိုက်သွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ CRPH ရဲ့ အခုထုတ်ပြန်ချက်မှာ အာဆီယံဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေး၊ မြန်မာပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်စွာရောက်ရှိရေးနဲ့ အာဆီယံနိုင်ငံများအနေဖြင့် ပိုမိုထိရောက်စွာ ပါဝင်ဆောင်ရွက်ပေးရေးတို့ကိုလည်း ဆွေးနွေးတင်ပြခဲ့ဟု ဖော်ပြထားပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား မတရားဖမ်းဆီးခံထားရသူများအား ချက်ချင်းပြန်လည်လွှတ်ပေးရေးအတွက် APHR အနေဖြင့် ဆက်လက်တိုက်တွန်းပေးရန် တောင်းဆိုခဲ့ကြောင်း အသိပေးထားပါတယ်။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က CRPH ကို မြန်မာနိုင်ငံအတွက် အဓိက ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုထားမှုကို မျှဝေခဲ့ပြီး အာဆီယံပါလီမန်များညီလာခံ (AIPA)၊ ဒေသတွင်းလွှတ်တော်များနဲ့ ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေး APHR က ကူညီပေးဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။ CRPH ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းလင်းတင်ပြမှုမှာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးနဲ့ အကာအကွယ်ပေးရေး၊ နေရပ်စွန့်ခွာအမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ အခြေအနေ၊ မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရတဲ့ ကလေးသူငယ်များရဲ့ ပညာရေးအခွင့်အရေး စတာတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုအစီရင်ခံစာတွေကို အနှစ်ချုပ်တင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအား ဖြေရှင်းနိုင်ရေးအပါအဝင် အကူအညီလိုအပ်နေသည့် ပြည်သူလူထုအတွက် အကူအညီများရရှိနိုင်ရေးကို လွှတ်တော်ရေးရာသံမတန်လမ်းကြောင်းမှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 243 |
| 3 ч | 1 230 |
- Через 1 час243
- Всего сейчас1 230
ICJ ရဲ့ စီရင်ချက်ကြိုဆိုကြောင်းနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒထုတ်ဖော် နိုဝင်ဘာ ၂၆၊၂၀၂၆။သုည/Peoples Spring ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန (FCDO) ရှေ့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ICJ ရဲ့ စီရင်ချက်ကြိုဆိုကြောင်းနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ပါတယ်။ ယင်းဆန္ဒပြပွဲကို Myanmar Unity Movement (M.U.M) မှ ဦးဆောင်ပြီး လန်ဒန်ရောက် တော်လှန်ပြည်သူတွေနဲ့ တိုင်းရင်းသားညီအစ်ကိုတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်နဲ့ စပ်လျဉ်းပြီး ဗြိတိန်အစိုးရက မြန်မာစစ်သံမှူးအား နိုင်ငံအတွင်းမှ ထွက်ခွာစေဖို့ ဆုံးဖြတ်ခဲ့ခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခဲ့ခြင်းတို့ကို ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် တရားမျှတမှုရရှိရေး၊ ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူနိုင်ရေး၊ စစ်အုပ်စုန ၎င်းရဲ့ အထောက်အပံ့ကွန်ရက်တွေအပေါ် ပိတ်ဆို့အရေးယူမှုတိုးမြှင့်ရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဆက်လက်တိုးမြှင့်ပေးအပ်ရေးတို့ကို ဗြိတိန်အစိုးရထံ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအတွက် မြန်မာပြည်သူတစ်ရပ်လုံးကို အပြစ်တင်ခြင်း၊ အပြစ်ပေးခြင်းမျိုး မဖြစ်စေဘဲ အမိန့်ပေးစေခိုင်းသူတွေနဲ့ အမှန်တကယ် ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ကိုလည်း ဗြိတိန်ရောက်မြန်မာတွေက အထူးအလေးထား တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးရေး Free Her ကမ်ပိန်းကိုလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 259 |
| 3 ч | 1 220 |
- Через 1 час259
- Всего сейчас1 220
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 419 |
| 3 ч | 1 040 |
- Через 1 час419
- Всего сейчас1 040
နမခထွက်လာတဲ့စစ်ကြောင်း ဘုတလင်မြို့လာနိုင်လို့ ဒေသခံတွေ လုံခြုံရေး သတိပေး နိုဝင်ဘာ-၂၆၊၂၀၂၆။ အိမ်သွင်/People's Spring အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ထွက်လာတဲ့ စစ်ကြောင်းက ဘုတလင်မြို့က စစ်ကြောင်းနဲ့ တပ်ချိန်းနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံရေး ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။ အင်အား ၂၀၀ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နမခ ကနေ နိုဝင်ဘာလယ်ခန့်မှာ ထွက်လာပြီး လက်ရှိမှာ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာကိုရောက်နေပါတယ်။ " ဘုတလင်မြို့ပေါ်မှာလည်း အင်အား၂၀၀ခန့်ရှိတယ်။ ဒါကြောင့် ဒီစစ်ကြောင်းက ဘုတလင်မြို့ထဲအထိ ဝင်လာနိုင်ပြီး အချိန်းအပြောင်းလုပ်နိုင်တယ်။ ဒါကို မျက်ခြေမပြတ်အောင် ကြည့်ပြီး ဒေသခံတွေကို သတိပေးနေတယ်"လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ဇီးတောကျေးရွာဟာ ဘုတလင်မြို့ပေါ်နဲ့ ၁၅မိုင် ခန့် ဝေးပါတယ်။ ဘုတလင်မြို့ဘက်ကို ဝင်လာမယ်ဆိုရင် ကျေးရွာ ၁၀ရွာထက်မနည်း တိမ်းရှောင်ဖို့ လိုအပ်နေတာပါ။ ယခင်ရက်ကတော့ နမခနဲ့ ၅ မိုင်ခန့်အကွာက ထနောင်းကုန်းနဲ့နှောကုန်းကျေးရွာအပါအဝင် စစ်ကြောင်းနဲ့နီးတဲ့ ကျေးရွာတွေဟာ တိမ်းရှောင်ခဲ့ရပါတယ်။ စစ်တပ်စစ်ကြောင်းမှာ ပွိုင့်ဖိုက်တင်ထားတဲ့ကားအပြင် ဒရုန်းတွေလည်း ပါတယ်လို့ သိရပါတယ်။ ကျေးရွာတွေမှာလည်း ကင်းပုန်းတွေထားခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ ဒီနေ့ နိုဝင်ဘာ၂၆ရက်အခြေအနေအရတော့ အဲ့ဒီစစ်ကြောင်းဟာ ဒီပဲယင်းနဲ့ စိုင်ပြင်မြို့ဘက် လည်း ဦးတည်နိုင်သလို ဘုတလင်မြို့ဘက်ကို လာနိုင်ခြေအများဆုံးဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။ စစ်တပ်က မုံရွာမြို့နယ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ ဖျော်ဖြေရေးလုပ်ဖို့ စီစဉ်ထားပြီး ဘုတလင်မြို့နယ်အပြင် မုံရွာမြို့နယ်က ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးနေတယ်လို့သတင်းရရှိပါတယ်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 430 |
| 3 ч | 1 090 |
- Через 1 час430
- Всего сейчас1 090
စစ်မှုထမ်းသင်တန်းကျောင်းရောက် အဓမ္မစစ်မှုထမ်းခံရတော့မည့် လူငယ်အချို့အား တွေ့ရစဥ်။ ။ဓါတ်ပုံ-ပသစ
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 2 ч | 1 160 |
| 5 ч | 1 490 |
- Через 6 часов1 490
- Всего сейчас1 490
ရေဦးမှာပေါ်တာဆွဲခံထားရတဲ့ လူငယ် ၁၀ ဦး အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက် နိုဝင်ဘာ-၂၆၊၂၀၂၆။ဟာနာဆန်/People's Spring စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ် ၁၀ ဦးဟာ အချုပ်ခန်းဖောက်ကာထွက်ပြေးလွတ်မြောက်လာကြောင်း ရေ ဦးပကဖရဲ့ တာဝန်ရှိသူက ပြောပါတယ်။ မနေ့က( နိုဝင်ဘာ ၂၅ ရက်)မွန်းလွဲ ၂ နာရီခွဲခန့်က ရေဦးမြို့၊ အထက၂ စာသင်ကျောင်းထဲက ဆောက်ထားတဲ့ အချုပ်ခန်းထဲမှာ စစ်မှု ထမ်းခိုင်းဖို့ မတရားဖမ်းဆီးခံထားရတဲ့ လူ ငယ် (၁၀)ဦးဟာ အဲဒီအချုပ်ခန်းကို ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ "စာသင်ဆောင်ကိုအချုပ်ခန်းအဖြစ်အသုံးပြုထားတာ။ကျောင်းဆင်းချိန်အချုပ်ဖောက်ပြီး ကျောင်းသားတွေအကြားမှာရောပြီး ထွက် ပြေးလာကြတာ"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာ ရေဦးမြို့နယ်ထဲကတင်မကဘဲ စစ်ကိုင်း တိုင်းထဲက ကလေးမြို့နယ်၊ တန့်ဆည်မြို့ နယ်၊ခင်ဦးမြို့နယ်နဲ့ မကွေးတိုင်းက ရေစကြိုမြို့နယ်ကအထိပါ ပါဝင်ကြောင်း စုံစမ်းသိရပါတယ်။ လွတ်မြောက်လာသူတွေကို လွတ်မြောက်နယ် မြေမှာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ရေဦးမြို့ပေါ် အထက်တန်းကျောင်းမှာစစ်မှုထမ်း ဖို့ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၁၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။ အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ဒီဇင်ဘာ လမှာစစ်မှုထမ်းအပတ်စဥ်(၃၁)ကို စတင်ဖို့ ကြိုးစားနေပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာတွေကို ဆက်တိုက် လုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်မျက်နှာအသီးသီးမှာလည်း အာဏာသိမ်းစစ်ကောင်စီဘက်က သေဆုံးထိခိုက်တာတွေ များနေပြီး တပ်သားလိုအပ်ချက်များနေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 2 ч | 1 140 |
| 5 ч | 1 470 |
- Через 6 часов1 470
- Всего сейчас1 470
၁၉၆၀ ကာလတွေကစလို့ အခု ၂၀၂၆ အထိ စစ်တပ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တိုင်းအတွက် စစ်တပ်ဟာ တရားမျှတမှုကို မလိုလားခဲ့သလို ဘယ်တုန်းကမှ စစ်တပ်ကို ပြစ်ဒဏ်တွေ မပေးနိုင်ခဲ့ကြောင်းနဲ့ အခု ICJ က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကသာလျှင် တရားမျှတမှုရဲ့ အစ ကနဦးသာလျှင် ဖြစ်တယ်လို့ Cornell University ဥပဒေပညာဌာန ဧည့်ပါမောက္ခ ဒေါက်တာစုယဥ်ထွန်းက ပြောပါတယ်။ “ရှေ့လျှောက် တရားမျှတမှုတွေ ရလာနိုင်အောင်၊ လက်လှမ်းမီလာနိုင်အောင် ဆက်လုပ်သွားနိုင်မယ်ဆိုရင်တော့ စစ်တပ် ကျူးလွန်နေတဲ့ အစဥ်အဆက် အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေက ရပ်တန်းက ရပ်တန့်သွားနိုင်မယ်ဆိုတာမျိုးအထိ မျှော်လင့်လို့ ရတာဖြစ်တဲ့အ တွက် ကျွန်မတို့ ပြည်သူတွေ တရားမျှတမှုအတွက် တိုက်ပွဲဝင်စေချင်ပါတယ်။ လမ်းတကမ်းမှာ ဒီပြစ်မှုကျူးလွန်သူတွေကို အပြစ် ပေးအရေးယူနိုင်တဲ့အထိ အပြောင်းအလဲတွေရောက်လာနိုင်တယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။ အဲဒီလို အရွေ့မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုတွေကို ရနိုင်ဖို့အတွက် ကျွန်မတို့ အားလုံးက အင် တိုက်အားတိုက်နဲ့ ဆက်ပြီး ကြိုးစားမယ်ဆိုရင်တော့ အဆိုးကျော့သံသရာမလည်တော့ပါဘူး။ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအ ရေးယူနိုင်မယ်”လို့ ဒေါက်တာစုယဥ်ထွန်းက ယုံကြည်နေပါတယ်။ https://youtu.be/ehmzUQSTJ28?si=ZUI_5NMmtHAGRpXj
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 1 080 |
| 5 ч | 1 400 |
- Через 6 часов1 400
- Всего сейчас1 400
● ပြစ်ဒဏ်ကင်းလွတ်ခွင့်အမြဲရခဲ့တဲ့ စစ်တပ်အတွက် အရေးယူမှုအစ ICJရဲ့ ဆုံးဖြတ်ချက် အမိန့်ဟာ အပြီးအပြတ်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအပေါ် ဥပဒေအရ စည်းနှောင်မှုရှိကာ အမိန့်ကို သက်ဆိုင်ရာ နိုင်ငံတွေက လိုက်နာရန် တာဝန်ရှိကြောင်း အမေရိကန်ပြည်ထောင်စု Cornell University ဥပဒေပညာဌာန ဧည့်ပါမောက္ခ ဒေါက်တာစုယဥ်ထွန်းက ပြောပါတယ်။ “အခု ICJ ကနေ ဆုံးဖြတ်လိုက်တာက၊ ဆုံး ဖြတ်ချက်က ကမ္ဘာကြီးတစ်ခုလုံးကို နှစ်ပေါင်းများစွာကြာတဲ့အထိဒီစီရင်ထုံးက လွှမ်း မိုးနေမယ်”လို့ ဒေါက်တာစုယဥ်ထွန်းက မှတ် ချက်ပြုပါတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်အမိန့်တွေကြောင့် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးအပေါ် ကြီးမားတဲ့ သက်ရောက်မှု ဆိုးကျိုးတွေ ဖြစ်လာမှာ ပြည်သူတွေက စိုး ရိမ်ကြပြီး နိုင်ငံရဲ့ဥပတိရုပ်၊ ဂုဏ်သိက္ခာ ထိ ပါးကျဆင်းတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးကတော့ ICJ ချမှတ်လိုက်တဲ့အမိန့်ရဲ့ အကျိုးဆက်ကို မြန်မာလူထု ကိုယ်တိုင် ရင်ဆိုင်ရမှာဖြစ်နေတော့ မင်းအောင်လှိုင်အနေနဲ့ သူ့ စစ်တပ်က လုပ်ခဲ့တဲ့ ကိစ္စကို တာဝန်ယူမှု တာဝန်ခံမှုရှိရှိ တိုင်းပြည်ကို တောင်းပန်ဖို့လိုကြောင်း တိုက်တွန်းပါတယ်။ တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ ရုံးတော်ဆုံး ဖြတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်မှုရှိလာရင် ဂမ်ဘီယာအနေနဲ့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီကို တင်ပြပြီး လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ခွင့်ရှိပါတယ်။ ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့မှုကို ပြန်ကြည့်ရင် ဂမ်ဘီယာနိုင်ငံအတူ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့အပြင် မော်လ်ဒိုက်၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ ဆလိုဗေးနီးယား၊ ဒီမိုကရက်တစ်ကွန်ဂို၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန် နိုင်ငံတို့လည်း တရားဝင် ပါဝင်ခဲ့ပါတယ်။ သဘောကတော့ တရားလိုဂမ်ဘီယာနိုင်ငံနဲ့အတူ ကြားဝင်တရားစွဲဆိုတဲ့ နိုင်ငံ ၁၁ နိုင်ငံအထိ ရှိခဲ့ပြီး မြန်မာနိုင်ငံနဲ့အတူ ရပ်တည်တဲ့ နိုင်ငံတနိုင်ငံမှ မရှိခဲ့ပါဘူး။ နိုင်ငံ နိုင်ငံချင်းစွဲဆိုတဲ့ အမှုကနေ ဖြစ်လာတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ဒီနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးက တာဝန်ယူ၊ တာဝန်ခံရမယ့် ကိစ္စမျိုးလို့ မရှုမြင်စေချင်ဘဲ အခုဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ အဓိက တာဝန်ရှိတာက မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ဖြစ်တယ်လို့ စာရေး ဆရာမ မသီတာ(စမ်းချောင်း)က မှတ်ချက်ပြုပါတယ်။ “တကယ့်တကယ် ဂုဏ်သိက္ခာကို ညှိုနွမ်းစေခဲ့တာက ICJ ရဲ့ အပြီးသတ် ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကျွန်မက ပြောချင်တယ်။ တကယ့်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တာက ဘယ်မှာရှိသလဲလို့ မေးရင် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအပါအဝင် ကျွန်မတို့နိုင်ငံဟာ လူတစ်ယောက်ချင်းစီကို ဖြစ်စေ၊ လူ့အစုအဖွဲ့အပေါ်မှာ ဖြစ်စေ၊ တရားမျှတမှုကို ဖော်ဆောင် မပေးနိုင်ခဲ့ဘူးဆိုတဲ့၊ ဖော်ဆောင်ပေးဖို့ အတွက် လိုအပ်တဲ့အခင်းအကျင်းတွေ၊ ဥပဒေတွေ၊ မဖော်ဆောင်နိုင်ခဲ့ဘူး။ ရှိတဲ့ ဥပဒေတွေကလည်း အဲဒီ တရားမျှတမှုကို ပြန်လည် ရအောင်လို့ မလုပ်ပေးနိုင်ခဲ့ဘူး။ အာဏာကို အလွန်အကျွံ သုံးတဲ့ စစ်တပ်ကြောင့် ဒီိလို မတရားပြုကျင့်ခံရမှုတွေ ရှိနေတဲ့အပေါ်မှာလည်း လုံလောက်တဲ့ အကာအ ကွယ်ပေးနိုင်မှုကို ဒီနိုင်ငံထဲမှာ ရှိတဲ့ လူ့အဖွဲ့အ စည်းကိုယ်နှိုက်က မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါတွေကသာလျှင် ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တဲ့ ဖြစ်ရပ်၊ ဒီအမိန့်ကြောင့်တော့ ကျွန်မတို့ ဂုဏ်သိက္ခာထပ်ပြီး ညှိုးနွမ်းသွားတယ်လို့ ကျွန်မတော့မမြင်ဘူး”လို့ ဆရာမ မသီတာ (စမ်းချောင်း)က ပြောပါတယ်။ နောက်ပြီး ဒီနိုင်ငံမှာ နောက်ထပ် တရားမျှတမှုမဲ့တဲ့ကိစ္စတွေ ဘယ်တော့မှ ပြန်မပေါ်ပေါက်ဖို့အတွက် ကျန်တဲ့လူမျိုးစုတွေ၊ အစုအဖွဲ့တွေအားလုံးနဲ့အတူ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်နိုင်တယ်၊ လုပ်ဖို့ အခွင့်အရေးပေးတဲ့ ကိစ္စတွေကို ဆောင်ရွက်ကြမယ်ဆိုတဲ့ ဒီနိုင်ငံရဲ့ ဂုဏ်သိက္ခာပြန်ကောင်းလာဖို့၊ ဒီနိုင်ငံ ကမ္ဘာ့အလယ်မှာ ဒီထက် နစ်နာတဲ့ ဆုံးရှုံးမှုတွေ အရှက်မရမှုတွေအတွက် အားလုံးတစ်ယောက်ချင်းစီ နိုင်ငံရဲ့အစိတ်အပိုင်းအနေနဲ့ တာဝန်ရှိပါတယ်ဆိုတဲ့ စိတ်တွေနဲ့ အားလုံးပြန်ကြိုးစားဖို့ အခွင့်အ ရေးရှိတယ်လို့ မြင်ကြောင်းလည်း ဆရာမ မသီတာ(စမ်းချာင်း)က ပြောပါတယ်။ “မြန်မာနိုင်ငံကို လူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် မတရားပြုကျင့်နေတဲ့ စစ်တပ်ဟာ ပုပ်သိုးပြီးတော့ နံဟောင်နေတဲ့ အင်္ဂါအစိတ် အပိုင်းတစ်ခုပဲ။ ဒါကြီးက ကြီးထွားနေသရွေ့ မြန်မာနိုင်ငံက အနံ့ထွက်နေမှာပဲ။ အဲဒီလို အနံ့ထွက်နေတာကို မြန်မာနိုင်ငံကို ပြစ်တင်ကြမယ့်အစား အနံ့ထွက်နေတဲ့ မြန်မာနိုင်ငံဆိုတဲ့ ကိုယ်ခန္ဓာကြီးအတွက် အသုံးမတည့်တဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်လိုက်ဖို့၊ ဖယ်ထုတ်လိုက်ဖို့ အထူးသဖြင့် မြန်မာ့နိုင်ငံရေးကနေ ဖယ်ထုတ်လိုက်ဖို့ ၊ ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိအောင် ပြန်လုပ်ဖို့အတွက် နိုင်ငံတကာက ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါ ဆိုတာမျိုး ကျွန်မတို့က တောင်းဆိုနိုင်ရမယ်။ တောင်းဆိုဖို့ အရေးကြီးတယ်”လို့ ဆရာမ မသီတာ (စမ်းချောင်း)က ဆက်ပြောပါတယ်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 910 |
| 5 ч | 1 190 |
- Через 6 часов1 190
- Всего сейчас1 190
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 728 |
| 5 ч | 973 |
- Через 6 часов973
- Всего сейчас973
ပဲခူးမြို့မီးပုံးပျံပွဲ လူနေရပ်ကွက်အတွင်းကျပြီး မီးလောင် နိုဝင်ဘာ ၂၆၊ ၂၀၂၆။ ဟာနာဆန်/People's Spring ပဲခူးမြို့မှာ တန်ဆောင်တိုင်မီးပုံးပွဲတော်က မီးပုံးတွေ လူနေရပ်ကွက်တွေအတွင်းပြုတ်ကျ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မနေ့က နိုဝင်ဘာ ၂၅ ရက် တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ညက ပဲခူးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပွဲက မီးပုံးပျံတွေဟာ လူနေရပ်ကွက်တွေအတွင်း ကျပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပထမတစ်လုံးကတော့ ပဲခူးမြို့လယ်၊ နာရီစင်ဘေးနားက လောကနတ်လက်ဖက်ရည်ဆိုင်ပေါ်ကျကာ မီးလောင်ကျွမ်းမှူ ဖြစ်ပွားခဲ့ပြီး ပြည်သူတွေ အမြန်ငြှိမ်းသတ်နိုင်လို့ ကြီးကြီးမားမားဆုံးရှုံးမှုမရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ အလားတူ နောက်ထပ်တစ်လုံးကလည်း ညသန်းခေါင်မှာ အခြားလူနေရပ်ကွက်တစ်ခုထဲ ထပ်မံကျရောက်ကာ မီးလောင်ခဲ့ပြီး အမြန်ငြှိမ်းသတ်လိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ "အိပ်နေတဲ့အချိန် လေသံကြီးတဝေါဝေါနဲ့ လေတိုက်တယ်ပဲထင်တာ။ အိမ်နောက်ဖေးမှာ လောင်နေပြီမီးက။ ရေတွေအသည်းအသန်ဝိုင်းပတ်ကြလို့ ငြိမ်းသွားတာ"လို့ လူမှုကွန်ရက်မှာ ရုပ်သံနဲ့တကွတင်ထားသူက ရှင်းပြထားပါတယ်။ ယခုနှစ် သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလမှာ မီးပုံးပျံပွဲတွေ ယခင်နှစ်တွေကထက် ပိုမိုများပြားလာပြီး မီးပုံးပျံ ပျက်ကျလို့ မီးလောင်ကျွမ်းမှူတွေလည်း ရှိခဲ့ပါတယ်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 799 |
| 5 ч | 1 090 |
- Через 6 часов1 090
- Всего сейчас1 090
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 848 |
| 5 ч | 1 090 |
- Через 6 часов1 090
- Всего сейчас1 090
သူတို့ဟာ နိုင်ငံတော်ရဲ့ သဘောတူညီမှုနဲ့ နိုင်ငံ့အရာရှိတွေကို တရားစွဲဆိုရာမှာ ပေးထားတဲ့ ကင်းလွတ်ခွင့်တွေကို လေးစားဖို့ အရေးကြီးတယ်ဆိုတဲ့ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီစကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်က တော့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) နဲ့ အလားတူ တရားရုံးတွေဟာ သူတို့ဒါမှမဟုတ် သူတို့ရဲ့ အရာရှိတွေကို တရားစွဲဆိုတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ သဘောပါပဲ။ ပူတင်ဟာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးစစ်ပွဲကိုစတင်ခဲ့တာကြောင့်ကျူးကျော် စစ်ဆင်နွှဲမှုဆိုင်ရာ ရာဇဝတ်မှုကိုကျူးလွန်ခဲ့ တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီစစ်ပွဲကြောင့် ၂၀၂၂ ခုနှစ်ကစပြီး ရုရှားစစ်သား ၅ သိန်းနီးပါး သေဆုံးခဲ့တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ထရမ့်ကလည်း အီရန်နိုင်ငံကို တရားမဝင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ပထမဆုံးနေ့မှာတင် အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်နဲ့ က လေးငယ် ၁၂၀ ကို သတ်ဖြတ်ခဲ့တယ်လို့ ဆောင်းပါးရှင်က စွပ်စွဲရေးသားထားပါတယ်။ ရှီကျင့်ဖျင်ကတော့ ဝီဂါမွတ်စလင်လူမျိုးတွေကို ဖိနှိပ်ညှဉ်းပန်းမှုတွေအတွက် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုကို ရင်ဆိုင်ရနိုင်သလို ထိုင်ဝမ်ကို ကျူးကျော်ဖို့လည်း ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။ ဒီခေါင်းဆောင်သုံးဦးဟာ နိုင်ငံတကာတရားမျှတမှုစနစ်ကို လက်ခံလိုစိတ်မရှိတဲ့ ခေါင်း ဆောင်တွေဖြစ်တယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။ ထရမ့်အစိုးရဟာလည်း မာကို ရူဘီယိုရဲ့ စကားအရ နိုင်ငံတကာရာဇဝတ်တရားရုံးကို အားနည်းအောင် လုပ်ဆောင်နေပြီး တရား သူကြီးတွေနဲ့ ဝန်ထမ်းတွေကိုပါ ကျယ်ကျယ် ပြန့်ပြန့် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံ တကာသဘောတူညီချက်ကိုတော့ထရမ့်အနေနဲ့ ဖျက်သိမ်းဖို့ ခက်ခဲပါလိမ့်မယ်။ အကြောင်းကတော့ အမေရိကန်နိုင်ငံက အဲဒီသဘောတူညီချက်ကိုလက်ခံအတည်ပြုခဲ့တာဟာသမ္မတရော်နယ်ရေဂင် လက်ထက်က ဖြစ်လို့ပါပဲ။ တကယ်တော့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း ပိုမိုကျယ်ပြန့်အောင် ပြန်လည်သတ်မှတ်သင့်ပါတယ်။ လူမျိုးရေးအတွက်သာမက နိုင်ငံရေးနဲ့ ယဉ် ကျေးမှုဆိုင်ရာ အကြောင်းပြချက်တွေနဲ့ လူအုပ်စုတစ်စုကို ဖျက်ဆီးတာမျိုးတွေကိုလည်း ထည့်သွင်းသတ်မှတ်သင့်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ အခုလို နိုင်ငံတကာတရားမျှတမှုစနစ်အတွက် ခက်ခဲတဲ့ကာလမှာတောင် လက်ရှိ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ဟာ နိုင်ငံတွေကို အခြားနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေနိုင်တဲ့ အရေးကြီးတဲ့ ဥပဒေတစ်ခု ဖြစ်နေဆဲပါပဲ။ နိုင်ငံတကာတရားရုံးက အစ္စရေးနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်မလားဆိုတာကိုတော့ ၂၀၂၈ ခုနှစ်လောက်မှာ သိရနိုင်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်ထွက်လာခဲ့ရင်တောင် ထရမ့်သာ အမေရိကန်သမ္မတအဖြစ် ဆက်ရှိနေသေးရင် အမေရိကန်ကကုလသမဂ္ဂလုံခြုံ ရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး အရေး ယူမှုတွေကို တားဆီးနိုင်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်မှုစနစ်မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာနဲ့ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အကျိုးမရှိဘူးလို့တော့ မဆိုလိုပါဘူး။ နိုင်ငံတကာတရားရုံးဟာ နိုင်ငံတကာဥပဒေမှာ ဘယ်အရာက တရားဝင်တယ်၊ဘယ်အရာက တရားနဲ့ဆန့်ကျင်တယ်ဆိုတာကိုသတ် မှတ်ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အာဏာရှင် အစိုးရတွေ၊ ခေါင်းဆောင်တွေက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ကြလို့ ဘယ်လောက်ပဲ ဆန့်ကျင် ငြင်းပယ်နေပါစေ၊ အာဏာနဲ့ အမှန်တရားကို ဖျောက်ဖျက်လို့မရသလို တရားမျှတမှုကိုလည်း အနိုင်ယူလို့မရဘူးဆိုတာ၊ လက်နက်အင်အားနဲ့ အာဏာကို လက်ကိုင်ထားပြီး လူသားတွေအပေါ် ရက် စက်ခဲ့သမျှတွေကို ကမ္ဘာကြီးက ကြည့်နေရုံနဲ့ ပြီးသွားမှာ မဟုတ်ဘဲ တရားဥပဒေရဲ့ ပြင်း ထန်တဲ့ တရားစီရင်မှုနဲ့အတူ သမိုင်းရဲ့ တရား ခံအဖြစ် ထာဝရ အမည်းစက်ထင်ကျန်ရစ်ခဲ့လိမ့်မယ်ဆိုတာကို ဒီဆုံးဖြတ်ချက်က ထင်ထင်ရှားရှား သက်သေပြလိုက်တာပါပဲ။ ။ ကိုးကား – ကုလသမဂ္ဂ အယူခံတရားသူကြီးဟောင်းဖြစ်ပြီး World of War Crimes – Eyeless in Gaza and Beyond စာအုပ်ကို ရေးသားသူ Geoffrey Robertson ရဲ့ The Guardian မှ ဆောင်းပါးကို ကိုးကားခြင်း ဖြစ်ပါတယ်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 852 |
| 5 ч | 1 100 |
- Через 6 часов1 100
- Всего сейчас1 100
တရားသူကြီးတစ်ဦးဖြစ်တဲ့ ပါမောက္ခ Hilary Charlesworth ကလည်း အရေးကြီးတဲ့ အ ချက်တစ်ခုကို ပြောထားပါတယ်။ အထောက် အထားအားလုံးကို ခြုံကြည့်လိုက်တဲ့အခါ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ကောက်ချက်တစ်ခုတည်းကသာ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက်ဖြစ်နေသလားဆိုတာဟာ အဓိ ကစံနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံအပေါ် စွပ်စွဲထားတဲ့ အထောက် အထားတွေထဲမှာ ဂါဇာဒေသရဲ့ အခြေခံအ ဆောက်အအုံ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားခဲ့တာနဲ့ သေဆုံးသူဦးရေ ၇၅,၀၀၀ လောက်အထိ ရှိလာခဲ့တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီအရေအတွက်ဟာ ရခိုင်ပြည်နယ်မှာ သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားတဲ့ လူ ၁၀,၀၀၀ လောက်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ Blitz ကာလက သေဆုံးသူ ၄၃,၀၀၀ လောက်ထက်လည်း ပိုများနေပါတယ်။ ဒီလို အချိုးအစားမညီမျှတဲ့ အခြေအနေတွေကြောင့်ပဲ အစ္စရေးနိုင်ငံဟာ တရားရုံးမှာ ဖြေရှင်းရမယ့် ကိစ္စတစ်ခုရှိနေပြီလို့ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအမှုမှာ တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုကို ဘယ်လို အထောက်အထားတွေနဲ့ သုံးသပ်ခဲ့သလဲဆိုတာကလည်း အစ္စ ရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ကောက်ချက်ကို ပိုမိုခိုင်မာစေဖို့ တရားရုံးက ကလေးငယ်တွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေကို အထူးအာ ရုံစိုက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ က လေးတွေကို သတ်ဖြတ်တာဟာ လူမျိုးတစ်မျိုးရဲ့ နောင်လာနောက်သားတွေ ဆက်လက်ရှင်သန်ပေါက်ဖွားလာနိုင်မှုကိုတားဆီးဖို့ ရည် ရွယ်ချက်ရှိကြောင်း ပြသနိုင်တဲ့ အချက်တစ်ခု ဖြစ်လို့ပါ။ အလားတူလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ၊ လက်နက်ချပြီး ထွက်ပြေးနေတဲ့ စစ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်တာတွေကိုလည်း တရားရုံးက ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေက သူတို့ဟာ အကြမ်းဖက် သမားတွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးတစ်ခုကိုသာ လုပ်ဆောင်နေခဲ့တာ မဟုတ်ဘူးဆိုတာကို ပြသနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက်တစ်ခုကတော့ နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ရပ်တစ်ခုမှာ ရည်ရွယ်ချက်အမျိုးမျိုး ရှိနေနိုင်တယ်ဆိုတာပါပဲ။အဲဒီရည်ရွယ်ချက်တွေထဲမှာ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးမုန်းတီးမှုအပေါ် အ ခြေခံတဲ့ ရည်ရွယ်ချက်လည်း ပါဝင်နေတယ်ဆိုရင် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရား စွဲဆိုနိုင်တယ်လို့ တရားရုံးက အလေးပေးပြောကြားခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ သတ်မှတ်နိုင်ခြင်းရဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ အဲဒီနိုင်ငံကို လျော်ကြေးပေးဖို့၊ ပျက်စီးသွားတဲ့ နေရာတွေကို ပြန်လည်တည်ဆောက်ပေးဖို့နဲ့ ထွက်ပြေးသွားရတဲ့ လူမျိုးစုတွေကို မိမိတို့ရဲ့ နေရပ်ဒေသတွေကို ပြန်လာခွင့်ပေးဖို့ အမိန့်ချမှတ်နိုင်တာပါပဲ။ ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုကို ကိုယ်တိုင် အမိန့်ပေးခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ စစ်တပ်အရာရှိကြီးတွေကိုလည်း နိုင်ငံတော်အနေနဲ့ တရားစွဲဆိုအရေးယူဖို့ အမိန့်ပေးနိုင်ပါတယ်။ ဒီအချက်က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ တစ်ဦးချင်းစီကို တရားစွဲတဲ့အချိန်မှာ အဲဒီလူတွေဟာ အာဏာမရှိတော့တဲ့အပြင် ငွေကြေးအင်အားလည်း မရှိတော့တာ များပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို နိုင်ငံတစ်နိုင်ငံ၊ အထူး သဖြင့် အစ္စရေးလို နိုင်ငံတစ်နိုင်ငံမှာတော့ နိုင်ငံတော်အနေနဲ့ အရင်းအမြစ်နဲ့ ငွေကြေးအင်အားတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါဆိုရင် တရားရုံးရဲ့ အမိန့်တွေကို တကယ် အကောင်အထည်ဖော်နိုင်ပါ့မလား။ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ ၁၅၄ နိုင်ငံမှာအဲဒီအမိန့်တွေကိုအကောင်အထည် ဖော်ရာမှာ ကူညီပေးဖို့ တာဝန်ရှိပါတယ်။ ဗြိတိန်နိုင်ငံကတော့ မြန်မာစစ်တပ်ရဲ့ စစ်သံမှူးကို နိုင်ငံမှ နှင်ထုတ်တာမျိုး ချက်ချင်း လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ အဲဒီထက် အများကြီး ပိုလုပ်ဖို့ စေလိုကြောင်း ဆောင်း ပါးမှာတိုက်တွန်းထားပါတယ်။ ဥပမာ စီးပွား ရေးပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် ချမှတ်ဖို့၊ စစ်အာဏာရှင်အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်တဲ့ ဘဏ်စာရင်းတွေ၊ ငွေကြေးပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာတရားရုံးမှာတော့ ကိုယ်ပိုင်ရဲ တပ်ဖွဲ့ မရှိပါဘူး။သူ့ရဲ့ စီရင်ချက်တွေကို အ ကောင်အထည်ဖော်ပေးရမှာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီဟာ အခုအချိန်မှာတော့ အင်အားမရှိတဲ့ အဖွဲ့အစည်းတစ်ခုလို ဖြစ်နေပါတယ်။ အကြောင်းကတော့ အမြဲ တမ်းအဖွဲ့ဝင်နိုင်ငံတွေက မိမိတို့ရဲ့ အကျိုးစီး ပွားအတွက် ဗီတိုအာဏာကို အသုံးပြုနေကြလို့ပါပဲ။ ရုရှားနဲ့ တရုတ်ကလည်း သူတို့ရဲ့ အ ကျိုးစီးပွားအတွက် အသုံးပြုသလို အမေရိကန်ကလည်း အစ္စရေးကို ကာကွယ်ဖို့ ဗီတို အာဏာကို အသုံးပြုနေပါတယ်။ နောက်ထပ် အံ့ဩစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ထွက်ပေါ် လာတဲ့ နေ့မှာပဲ လူသားမျိုးနွယ်အပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ပူတင်၊ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့သုံးဦးဟာ တရုတ် နိုင်ငံ ရှန်ကျန်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 776 |
| 5 ч | 1 060 |
- Через 6 часов1 060
- Всего сейчас1 060
■ဆောင်းပါး မြန်မာ့လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်က အစ္စရေးအပေါ် ဘယ်လို ဂယက်ရိုက်မလဲ -ဥဂ္ဂါ ရေးသားသည်။ "နိုင်ငံတော်အာဏာဟာ ရာဇဝတ်မှုကျူးလွန်ဖို့ လိုင်စင်မဟုတ်သလို၊တရားစီရင်မှုကနေလွတ်မြောက်ဖို့ အခွင့်အရေးလည်း မဟုတ်ပါဘူး" လူတစ်ဦးချင်းစီအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သက်သေပြဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ဒါပေမဲ့နိုင်ငံတစ်နိုင်ငံလုံးကိုလူမျိုးတုံးသတ်ဖြတ်မှုအတွက်တာဝန် ရှိတယ်လို့ သတ်မှတ်နိုင်တဲ့ လမ်းကြောင်းကို နိုင်ငံတကာတရားရုံးက ဖွင့်ပေးလိုက်ပါပြီ။ အဲဒီအတွက် နောက်တစ်နိုင်ငံအနေနဲ့ အစ္စရေးလည်း ရင်ဆိုင်ရနိုင်ပါတယ်။ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်နိုင်ငံတစ် နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာတရားရုံး (ICJ) က ဆုံး ဖြတ်လိုက်ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေအရ အလွန်ပြင်းထန်တဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ပြီး ကျူးလွန်ခံရသူတွေကို လျော်ကြေးပေးဖို့၊ ပြစ်မှုကျူးလွန်သူတွေကိုတရားစွဲဆိုပြီး အ ပြစ်ပေးဖို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမှုဖြစ်ပါတယ်။၂၀၁၇ ခုနှစ်တုန်းက ရခိုင် ပြည်နယ်မြောက်ပိုင်းမှာရိုဟင်ဂျာလူမျိုးတွေကို သတ်ဖြတ်ခဲ့တာ၊ နေရပ်ကနေ အတင်း အကျပ် မောင်းထုတ်ခဲ့တာတွေအတွက် မြန် မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုရဲ့ အဓိ ပ္ပာယ်ဖွင့်ဆိုချက်ကို အသစ်ပြောင်းလဲခဲ့တာတော့ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အရ လူမျိုးတစ်မျိုး၊ ဘာသာရေးအုပ်စုတစ်စုကို အဲဒီအုပ်စုဖြစ်တဲ့အတွက်ကြောင့်ပဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိရင် လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ စီရင်ချက်က အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုကို ဖြစ်စေပါတယ်။ လူတစ်ဦးချင်းစီရဲ့ ရည်ရွယ်ချက်ကို သက်သေ ပြရတာထက် နိုင်ငံတစ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို သက်သေပြဖို့ ပိုပြီး လွယ်ကူလာစေတဲ့ စံနမူနာတစ်ခုကို ဖန်တီးပေးလိုက်တာပါ။ အခု ဒီစံနမူနာဟာ တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံအပေါ် တင်သွင်းထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုအတွက်လည်း အရေးကြီးလာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ သက်သေပြဖို့ အလွန်ခက်ခဲတဲ့ ရာဇဝတ်မှုပါ။ ဥပမာ ဘင်ဂျမင် နေတန်ယာဟုကို တစ်ဦးချင်း တရားစွဲဆိုမယ်ဆိုရင် ပါလက်စတိုင်းတွေကို လူမျိုးတစ်မျိုးအနေနဲ့ ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ သက်သေပြဖို့ ခက်ခဲနိုင်ပါတယ်။ အကြောင်းကတော့ သူဟာ ဟားမတ်စ်အဖွဲ့ကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ အမြစ်ဖြတ်ဖို့ ရည် ရွယ်တာဖြစ်ကြောင်း မကြာခဏ ပြောဆိုထားလို့ပါ။ ဒီကွာခြားချက်ဟာ ဥပဒေအရအသေးစိတ် ကိစ္စတစ်ခုလို ထင်ရနိုင်ပေမဲ့ လူမျိုးတုံးသတ် ဖြတ်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဥပမာ ကမ္ဘောဒီးယားမှာ ပေါလ်ပေါ့ရဲ့ လက် အောက်ခံတွေဟာ ပြည်သူ ၁၇ သိန်းလောက်ကို သတ်ဖြတ်ခဲ့ပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံကို အစကနေ ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ အစွန်းရောက်နိုင်ငံရေးအယူအဆဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီသတ်ဖြတ်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားစွဲဆိုဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ အဲဒီလို နိုင်ငံရေးအကြောင်း ပြချက်နဲ့ လူအုပ်စုတစ်စုကို ဖျက်ဆီးတာကို “နိုင်ငံရေးအုပ်စုဖျက်ဆီးမှု” လို့ ခေါ်နိုင်ပေမဲ့ လက်ရှိ နိုင်ငံတကာဥပဒေမှာတော့ အဲဒီအ မည်နဲ့ သီးခြားရာဇဝတ်မှု မရှိသေးပါဘူး။ မြန်မာနိုင်ငံကလည်း သူတို့ရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်သမားတွေကိုနှိမ်နင်းတဲ့စစ်ဆင် ရေးသာဖြစ်တယ်လို့ ခုခံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက ပဋိပက္ခရဲ့ နောက်ခံသ မိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ပြီး ကိုယ် တိုင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကနေ ဒီသတ်ဖြတ်မှုတွေဟာ လူ မျိုးရေးနဲ့ ဘာသာရေးအခြေခံတွေ ရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ လူတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ဘာရည်ရွယ် ချက်ရှိခဲ့သလဲဆိုတာ သိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ရည်ရွယ်ချက်ကို ဆုံး ဖြတ်တဲ့အခါမှာတော့တရားရုံးဟာ အထောက် အထားအမျိုးမျိုးကို ခြုံငုံကြည့်ရှုနိုင်ပါတယ်။ ဥပမာ အဲဒီနိုင်ငံရဲ့ အတိတ်သမိုင်း၊ အစိုးရရဲ့ အရင်က လုပ်ဆောင်ခဲ့မှုတွေ၊ ပစ်မှတ်ထားခံရတဲ့ လူမျိုးစုအပေါ် ဖိနှိပ်ခွဲခြားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့သလား၊ လူမျိုးရေးမုန်းတီးမှုကို လှုံ့ ဆော်တဲ့ စကားတွေကို အစိုးရအဖွဲ့ဝင်တွေ ပြောဆိုခဲ့သလားဆိုတာတွေကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ ဒီအချက်တွေကြောင့် အစ္စရေးနိုင်ငံအတွက်လည်း ဥပဒေရေးရာအရ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ တရားရုံးက နိုင်ငံတစ်နိုင်ငံမှာလူမျိုးတုံးသတ် ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ဖို့ အ ထောက်အထားတွေဟာ အပြည့်အဝ ခိုင်လုံရမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီလို ဆုံးဖြတ်ရာမှာ တိုက်ရိုက်သက်သေတစ်ခုတည်းကို အားကိုးတာထက် အထောက်အ ထားအားလုံးကို ခြုံငုံပြီး ကောက်ချက်ချရတာ ဖြစ်ပါတယ်။
Открыть в Telegram