Кабинет

Посты канала 𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

сначала новые

#588638Текст

ပေါင်းတည်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသော ပေါက်တောရွာ ရာအိမ်မှူး သိန်းစံ ပစ်ခတ်ခံရပြီး သေဆုံး နိုဝင်ဘာလ ၂၆ ရက် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေပြီး စစ်ကောင်စီတပ်အတွက် ထောက်ပို့လုပ်ငန်းများ လုပ်ကိုင်ပေးနေသူ ပေါက်တောကျေးရွာ ရာအိမ်မှူး သိန်းစံကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်အချိန် ပေါင်းတည်မြို့နယ်၊ ပေါက်တောကျေးရွာ ရာအိမ်မှူး သိန်းစံသည် နေအိမ်မှ ထွက်လာစဉ် ခမရ ၁၀ တပ်ရင်းအနီး၌ တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော သိန်းစံသည် စစ်ကောင်စီတပ်အတွက် အဓိကထောက်ပို့လုပ်ငန်းများ လုပ်ကိုင်ပေးနေသူတစ်ဦးဖြစ်သကဲ့သို့ ဒေသအတွင်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌လည်း ဦးဆောင်ပါဝင်နေသူဖြစ်ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ က ပြောဆိုသည်။ ထို့ပြင် သိန်းစံ၏ သတင်းပေးတိုင်ကြားမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရပြီး သတ်ဖြတ်ခံရသူများလည်း ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စိုးရိမ်သဖြင့် ခမရ ၁၀ တပ်ရင်းအတွင်း သွားရောက်နေထိုင်ခဲ့ပြီး ကျေးရွာအတွင်း ပြန်လည်ရောက်ရှိလာသည်မှာ မကြာသေးကြောင်းလည်း ပြည်ခရိုင်တပ်ရင်း ၁ က ပြောဆိုသည်။ “အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်ပို့အမာခံတစ်ဦးလည်းဖြစ်တယ်။ ရာအိမ်မှူးတစ်ဦးလည်းဖြစ်သူ သိန်းစံကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီကောင်က ခမရ ၁၀ တပ်ထဲမှာ သွားနေနေတာ ကြာပြီ။ သူ့ကြောင့် ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်။ စစ်မှုထမ်းနေရတဲ့သူတွေလည်းရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း သူသတင်းပေးလို့ ဖမ်းဆီးခံရတဲ့သူတွေရှိပါတယ်။ သတ်ခံရတဲ့သူတွေလည်းရှိပါတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။ ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသူများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ က အသိပေးပြောဆိုထားသည်။ ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ #KTM

Открыть в Telegram
Просмотры178−31%к среднему
Пересылки—
Реакции4
Комментарии—
#588636Текст

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်ကို CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမှု ရုပ်သိမ်းပေးရန် ဗီယက်နမ်သမ္မတထံသို့ တရားဝင် အကြောင်းကြား နိုဝင်ဘာလ ၂၆ ရက် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်ကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားထားမှု ရုပ်သိမ်းပေးရန် အာရကန်ရိုဟင်ဂျာအမျိုးသားကွန်ဂရက် (ARNC) ဥက္ကဋ္ဌ ဦးရွှေမောင်က ဗီယက်နမ်သမ္မတ တိုလမ်ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ တရား၀င် အကြောင်းကြား တောင်းဆိုလိုက်သည်။ လာမည့်နိုဝင်ဘာ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများသို့ မင်းအောင်လှိုင် တက်ရောက်ရန် ဖိတ်ကြားထားမှုကို ပြန်လည်စဉ်းစားပြီး ဖိတ်ကြားချက် ရုပ်သိမ်းပေးရန် ARNC က တောင်းဆိုထားသည်။ အဆိုပါအိတ်ဖွင့်ပေးစာတွင် နိုဝင်ဘာ ၁၉ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း သမိုင်းဝင်စီရင်ချက် ချမှတ်ခဲ့ကြောင်း သတိပေးထားသည်။ ထိုစဉ်က မြန်မာစစ်တပ်ကို မင်းအောင်လှိုင်က ဦးဆောင်ကွပ်ကဲခဲ့သူဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွင် ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်၍ တာဝန်ခံမှုရှိ၊ မရှိ မေးခွန်းထုတ်စရာများ ရှိနေကြောင်း ARNC က ထောက်ပြထားသည်။ ထို့ပြင် မြန်မာစစ်တပ်ဦးဆောင်သည့် အစိုးရက ICJ ၏ စီရင်ချက်ကို မမျှတကြောင်း လူသိရှင်ကြား ပယ်ချခဲ့ပြီး မင်းအောင်လှိုင်ကလည်း ၎င်းတို့အနေဖြင့် သင့်လျော်သည်ဟု ယူဆသည့် အစိတ်အပိုင်းများကိုသာ လိုက်နာမည်ဟု ပြောဆိုခဲ့ကြောင်း တုံ့ပြန်ထားသည်။ ယင်းကဲ့သို့ စီရင်ချက်ကို ရွေးချယ်လိုက်နာမည့် သဘောထားသည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် စည်းနှောင်မှုရှိသော တာဝန်များကို ငြင်းဆန်ခြင်းဖြစ်ကြောင်း ARNC က ဆိုသည်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်ချမှတ်ပြီး ၉ ရက်အကြာတွင် မင်းအောင်လှိုင်ကို သံတမန်ရေးရာ ဂုဏ်ပြုမှုများဖြင့် ကြိုဆိုခြင်းသည် ရိုဟင်ဂျာအသက်ရှင်ကျန်ရစ်သူများအတွက် စိုးရိမ်ဖွယ်ရာ သတင်းစကားတစ်ရပ် ဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာတရားမျှတမှုကို ဖီဆန်ခြင်းအား တရားဝင်သဖွယ် ဖြစ်စေနိုင်ကြောင်းလည်း ARNC က သတိပေးထားသည်။ ARNC က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် တာဝန်ခံမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို စွန့်လွှတ်ပြီး ဆောင်ရွက်ရမည့်အရာ မဟုတ်ကြောင်း ထောက်ပြထားသည်။ ထို့ကြောင့် ဗီယက်နမ်အစိုးရအနေဖြင့် မင်းအောင်လှိုင်ကို ဖိတ်ကြားထားမှု ရုပ်သိမ်းရန်၊ သံတမန်ရေးရာ ဂုဏ်ပြုမှုများ မပြုလုပ်ရန်နှင့် နိုင်ငံတကာတရားရုံး၏ စည်းနှောင်မှုရှိသော စီရင်ချက်များကို လိုက်နာခြင်းသည် ရွေးချယ်နိုင်သည့်အရာမဟုတ်ကြောင်း သဘောထားကို ထိန်းသိမ်းရန် ARNC က တောင်းဆိုထားသည်။ အဆိုပါအိတ်ဖွင့်ပေးစာမှာ ရိုဟင်ဂျာများနှင့် မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှ်အတွက် ဖြစ်ကြောင်း၊  ခွဲခြား၍မရကြောင်းလည်း ARNC က ဆိုသည်။ ARNC ဥက္ကဋ္ဌ ဦးရွှေမောင်က  ICJ ၏ စီရင်ချက်နှင့်ပတ်သက်၍ နိုင်ငံတကာတာဝန်ခံမှုနှင့် ရိုဟင်ဂျာများအတွက် တရားမျှတမှု ရရှိရေးသည် အရေးကြီးကြောင်း ပြောကြားထားသည်။ “ICJ က စီရင်ချက်ချမှတ်ပြီးပြီ။ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အကျိုးဆက်များ ရှိရမည်၊ သံတမန်ရေးရာ အခွင့်ထူးများ မရှိသင့်ပါ” ဟု ဦးရွှေမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အီးမေးလ်ဖြင့် ပြောဆိုထားသည်။ ဦးရွှေမောင်က အဆိုပါအိတ်ဖွင့်ပေးစာကို ဗီယက်နမ်သမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံလွှတ်တော်အမတ်ဟောင်းဖြစ်ကာ ASEAN Parliamentarians for Human Rights (APHR) ၏ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။ #KTM

Открыть в Telegram
Просмотры156−40%к среднему
Пересылки—
Реакции3
Комментарии—
#588634Текст

နယ်စပ်ကျားဖြန့်ဂိုဏ်းတွေမြန်မာနိုင်ငံအတွင်းပိုင်း ရွှေ့ကုန်ပြီလို့ စောင့်ကြည့်သူသတိပေး နိုဝင်ဘာလ ၂၆ ရက် နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ ရွှေ့ပြောင်းသွားပြီး တခြားလုပ်ငန်းတွေ ပုံစံမျိုး အသွင်ယူ လည်ပတ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ အမေရိကန် ဥပဒေ ပညာရှင် တစ်ဦးက သတိပေးခဲ့ပါတယ်။ အမေရိကန် အစိုးရ ရှေ့နေဟောင်းလည်းဖြစ်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို စောင့်ကြည့်တဲ့ Operation Shamrockကို ထူထောင်ထားသူ အီရင်ဝက်စ်က ထိုင်း-မြန်မာ နယ်စပ်တလျှောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့် ခြံဝင်းတွေ ဖြိုချခံလိုက်ရပေမယ့် အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ နေရာရွေ့သွားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ကျားဖြန့် အန္တရာယ်ဟာ ဆက်လက် ကြီးမားနေဆဲ ဖြစ်သလို သိကျွမ်းခြင်း မရှိသူတွေရဲ့ အွန်လိုင်းကနေ ဆက်သွယ် အယုံသွင်းမှုတွေ၊ ပြည်ပ အလုပ်အကိုင် ကမ်းလှမ်းမှုတွေနဲ့ ပတ်သက်ရင် အထူးသတိထားဖို့ လိုအပ်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။ ပြီးတော့ ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်ရေးအတွက် ဒေသတွင်း နိုင်ငံတွေကြား ချိတ်ဆက် ဆောင်ရွက်မှု အခုထက် အားကောင်းဖို့ လိုလာနေပြီလို့လည်း သူက အကြံပြုခဲ့ပါတယ်။ ဆိုက်ဘာရာဇဝတ်မှုတွေ၊ နယ်စပ်ဖြတ်ကျော် ဂိုဏ်းဂဏဖွဲ့ ရာဇဝတ်မှုတွေကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးသူ ဥပဒေ ပညာရှင်လည်းဖြစ်တဲ့ ဝက်စ်ဟာ မကြာသေးခင်တုန်းက ထိုင်း-မြန်မာ နယ်စပ်ကို သွားရောက်ပြီး မြဝတီ မြို့နယ်ထဲက KK Park ကျားဖြန့်ဝင်းကို ဖောက်ခွဲ ဖျက်ဆီးမှု အခြေအနေတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ KK Parkကို ဖြိုချလိုက်ရုံနဲ့ ကျားဖြန့် လုပ်ငန်းတွေ အဆုံးသတ်သွားပြီလို့ အဓိပ္ပါယ် မှားယွင်း ကောက်ယူလို့ မရကြောင်း ဝက်စ်က သတိပေးခဲ့ပါတယ်။ ထိုင်းနဲ့ နယ်စပ်နားမှာ အဆောက်အအုံ အကြီးကြီးတွေနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတွေဟာ အရမ်း ထင်သာမြင်သာ ရှိနေတဲ့အတွက် အခုဆိုရင် ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းက လူသူသိရှိမှု နည်းပါးတဲ့ နေရာတွေဆီ ရွှေ့ပြောင်းကုန်ပြီလို့ ဝက်စ်က ဆိုပါတယ်။ ကျားဖြန့် လုပ်ငန်းတွေဟာ တောတောင် ဧရိယာတွေကနေတောင် အခြေစိုက် လည်ပတ်နိုင်တဲ့ အနေအထားမျိုး ရှိနေတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် တစ်ဦးလို့ လူသိများတဲ့ ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းရှင် ချန်ကျိကို အမေရိကန်က တရားစွဲခဲ့တဲ့နောက် ကမ္ဘောဒီးယား အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေပါ မြန်မာဖက်ကို ရွှေ့ပြောင်းလာတယ်လို့ ဝက်စ်က ပြောပါတယ်။ အာဏာပိုင်တွေက အနေနဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုစီကို ပစ်မှတ်ထား နှိမ်နင်းနေရုံနဲ့ မလုံလောက်ဘဲ နောက်ကွယ်က အဓိက ထောက်တိုင် တွန်းအားဖြစ်စေတဲ့ ကွန်ရက် တစ်ခုလုံးကို ခြေရာခံ ဖြိုချဖို့ လိုကြောင်းလည်း သူက သတိပေးသွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ ပိုင်နက်ထဲက ကွဲပြားတဲ့ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြန့်ကျက် အခြေစိုက်ထားတာ၊ မြန်မာနိုင်ငံအနှံ့ ပြည်တွင်းစစ်မီး တောက်လောင်နေတာတွေကြောင့် အဲဒီ ရာဇဝတ် ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ရေးဟာ ပိုပြီး ရှုပ်ထွေး ခက်ခဲလာနေတယ်လို့ ဝက်စ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။ ကိုးကား -Nation ၊ ဓာတ်ပုံ - FBI #LNO

Открыть в Telegram
Просмотры145−44%к среднему
Пересылки—
Реакции4
Комментарии—
#588632Текст

ဟိုပင်မြို့ နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ်တစ်ဦးသေဆုံး၊ ▪️မိုးမိတ်-တွင်းငယ်လမ်းတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦး ဒဏ်ရာရ နိုဝင်ဘာလ ၂၆ ရက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကား ၃ စီး၊ အင်အား ၄၀ ခန့်ဖြင့် နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ တပ်ရင်းနှင့် SNA ပူးပေါင်းတပ်ဖွဲ့များကို KPDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း နယ်ထိန်းရဲ ဒုရဲအုပ် ထက်လွမ်းဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ စစ်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့များမှာ နန့်ရင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ KPDF တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ဘက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နန့်ရင်းချောင်းတံတားဘက်မှာ ဖြစ်တာ။ နယ်ထိန်းရဲ ဒုရဲအုပ် ထက်လွမ်းဦးဆိုတဲ့တစ်ယောက် သေတယ်။ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိတယ်။ တိုက်ပွဲဖြစ်တော့ ဖြတ်သန်းသွားတဲ့ ပြည်သူတွေ ကြောက်လန့်တကြားဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိတယ်။ ပြည်သူတစ်ယောက် ဒဏ်ရာရတယ်” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဟိုပင်-နန့်ရင်း ရထားလမ်းတစ်လျှောက်နှင့် ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများကို မကြာခဏ ဖမ်းဆီးပြီး စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း စစ်ရေးတင်းမာနေကြောင်း သိရသည်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နှင့် တွင်းငယ်ကြား ကားလမ်းပေါ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက်တွင် မိုးမိတ်မြို့နှင့် တွင်းငယ်သို့ သွားသည့် ကားလမ်းပေါ်ရှိ KIA ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားသော ကရင်ချောင်းတံတားဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတိအကျ မသိရကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ “သေဆုံးမှုလည်းရှိပါတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ KIA ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ဘက်ကို စကစက ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မိုးမိတ်မြို့မှ ကချင်ပြည်နယ်ဘက်သို့ သွားသည့် လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ #KTM

Открыть в Telegram
Просмотры271+5%к среднему
Пересылки—
Реакции5
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
2 ч144
4 ч271
  1. Через 1 час144
  2. Через 6 часов271
  3. Всего сейчас271
#588631Фото
Просмотры240−7%к среднему
Пересылки—
Реакции2
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
2 ч125
4 ч240
  1. Через 1 час125
  2. Через 6 часов240
  3. Всего сейчас240
#588630Текст

မိုးမိတ်နဲ့တွင်းငယ်ကြား တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်က သေဆုံးထိခိုက်မှုရှိဟု KIA ပြော ▪️ဟိုပင်အနီး စစ်တပ်နဲ့ SNA ယာဉ်တန်း KIA တိုက်ခိုက်မှု စစ်တပ်အထိနာ နိုဝင်ဘာလ ၂၆ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကြားမှာ တိုက်ပွဲဆက်ဖြစ်ပြီး စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၄ရက်က မိုးမိတ်နဲ့ တွင်းငယ်ကျေးရွာကြားရှိ ကရင်ချောင်းတံတားအနီး KIA တပ်ဖွဲ့များ ရှိရာ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၇ဦး ဒဏ်ရာရရှိကာ သေဆုံးသူများရှိခဲ့ကြောင်း အသိပေးထားပါတယ်။ စစ်တပ်ဟာ မိုးမိတ်ဒေသဘက်မှ ကချင်ပြည်နယ်ဘက်သွားတဲ့ လမ်းကြောင်းများကနေ ထိုးစစ်ဆင်တိုက်ခိုက်နေလို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာလိုလည်းဖော်ပြပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့အနီးမှာလည်း နိုဝင်ဘာ ၂၄ရက်မနက် ၇နာရီခွဲဝန်းကျင်က  တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ SNA ပူးပေါင်းပြီး ကား ၃စီး အင်အား ၄၀ခန့်နဲ့ တက်လာလို့ ဟိုပင်-နန့်ရင်းကျေးရွာကြားမှာ  KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ  စစ်တပ်က အထိနာ ကျဆုံးမှုများခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ အဲဒါကြောင့် စစ်တပ်ဟာ ပြန်ဆုတ်ခွာသွားတယ်လို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း အရပ်သား ပြည်သူ ၁ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီဒေသက ရထားလမ်းတလျှောက်နဲ့ ဟိုပင်-နန့်ရင်းလမ်းဘက် အာဏာသိမ်းစစ်တပ်ရော KIA ပူးပေါင်းတပ် စစ်ကြောင်းတွေရော စစ်ရေးလှုပ်ရှားနေကြောင်း အသိပေးထားပါတယ်။ KIA ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ မိုးမိတ်ဒေသမှာ စက်တင်ဘာလကုန်ပိုင်းကတည်းက လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို မိုးညှင်းမြို့နယ်အတွင်း ဒေသတွေမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။ (ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar) #LNO

Открыть в Telegram
Просмотры297+15%к среднему
Пересылки—
Реакции4
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч110
3 ч220
6 ч297
  1. Через 1 час110
  2. Через 6 часов297
  3. Всего сейчас297
#588629Фото
Просмотры256−1%к среднему
Пересылки—
Реакции2
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч92
3 ч182
6 ч256
  1. Через 1 час92
  2. Через 6 часов256
  3. Всего сейчас256
#588628Текст

နိုဝင်ဘာ ၂၉ ရက်တွင် ICJ၊ ICC နှင့် OIC ကိုကန့်ကွက်သည့် ဆန္ဒပြပွဲများ မန္တလေးနှင့် ပဲခူးတွင် ပြုလုပ်မည်ဟု ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ပြော နိုဝင်ဘာလ ၂၆ ရက် အမျိုးသားရေးအစွန်းရောက်များက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) နှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က ၎င်း၏ TikTok လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုထားသည်။ အဆိုပါဆန္ဒပြပွဲများကို နိုဝင်ဘာ ၂၉ ရက်တွင် မန္တလေးနှင့် ပဲခူးမြို့တို့၌ ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။ ပေါက်ကိုယ်တော်၏ ပြောဆိုချက်အရ မန္တလေးမြို့တွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပြီး ကျုံးထောင့်၌ ပြုလုပ်ရန် စီစဉ်ထားကာ လူဦးရေ ၂၀၀ ခန့် ပါဝင်လာမည်ဟု ဆိုသည်။ ထိုနေ့တွင်ပင် ပဲခူးမြို့၌ လည်း အလားတူ ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။ “ဒီလိုဆန္ဒပြပွဲတွေ လုပ်တာဟာ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဘယ်လိုမြင်သလဲဆိုတာကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ နိုင်ငံတကာတရားရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ လူစုလူဝေးလုပ်ပြတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပုံရိပ်နဲ့ နိုင်ငံတကာဆက်ဆံရေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ အခုလိုအချိန်မှာ ပြည်သူတွေအနေနဲ့ နိုင်ငံတကာရဲ့ အမြင်မှာ မြန်မာနိုင်ငံရဲ့ သိက္ခာကျမသွားအောင် စဉ်းစားလုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ ထို့ပြင် ရန်ကုန်မြို့တွင်လည်း ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်နေသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပေါက်ကိုယ်တော်ကဆိုထားပြီး အဖွဲ့အစည်းတစ်ခုတည်းက ဦးဆောင်ပြုလုပ်ခြင်းထက် ပြည်သူလူထုတစ်ရပ်လုံးနှင့် တစ်သားတည်း ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုအားကောင်းမည်ဟုလည်း ၎င်းက အကြံပြုပြောဆိုခဲ့သည်။ ပေါက်ကိုယ်တော်က ICJ၊ ICC နှင့် OIC တို့ကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့သလို အဆိုပါအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို မြန်မာပြည်သူများအနေဖြင့် ဂရုမစိုက်ကြောင်း ဆန္ဒပြပွဲများမှတစ်ဆင့် ပြသသွားမည်ဟုလည်း ဆိုသည်။ သို့သော် ICJ သည် ကုလသမဂ္ဂ၏ အဓိကတရားရေးအဖွဲ့အစည်းဖြစ်ပြီး ICC သည် နိုင်ငံတကာရာဇဝတ်မှုများကို စစ်ဆေးသည့် သီးခြားတရားရုံးဖြစ်ကာ OIC မှာ အဖွဲ့ဝင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။ အဖွဲ့အစည်းသုံးခုသည် တစ်ဖွဲ့တည်းမဟုတ်ဘဲ လုပ်ပိုင်ခွင့်နှင့် ရည်ရွယ်ချက်များလည်း မတူညီကြသော်လည်း ပျူခေါင်းဆောင်ပေါက်ကိုယ်တော်က တစ်ပေါင်းတည်းပြောဆိုခဲ့သည်။ #MPA

Открыть в Telegram
Просмотры2590%к среднему
Пересылки—
Реакции4
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч91
3 ч184
6 ч259
  1. Через 1 час91
  2. Через 6 часов259
  3. Всего сейчас259
#588627Фото
Просмотры210−19%к среднему
Пересылки—
Реакции2
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч67
3 ч146
6 ч210
  1. Через 1 час67
  2. Через 6 часов210
  3. Всего сейчас210
#588626Текст

အာဏာရှင်နှစ်နိုင်ငံဖြစ်သည့် ရုရှားနှင့် မြန်မာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် နိုဝင်ဘာလ ၂၆ ရက် ရုရှားနှင့် မြန်မာရေတပ်တို့ ပူးတွဲပြုလုပ်မည့် “Marumex-2026” ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ရုရှားပစိဖိတ်ရေတပ်မှ စစ်ရေယာဉ်သုံးစင်းသည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောက်ရှိလာသည့် ရေယာဉ်များမှာ ဖရီးဂိတ်စစ်သင်္ဘော Marshal Shaposhnikov၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်ကြီး Admiral Tributs နှင့် ရေယာဉ်ဆီဖြည့်တင်ပို့ရေးသင်္ဘော Pechenga တို့ဖြစ်သည်။ အဆိုပါစစ်ရေယာဉ်အုပ်စုသည် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်နှင့် လေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ရောက်ရှိပြီးနောက် ရက်အနည်းငယ်အတွင်း လေ့ကျင့်ခန်းအဆင့်ဆင့်အတွက် စီမံချက်ရေးဆွဲခြင်း၊ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်မှုအဆင့်တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့နောက် ကပ္ပလီပင်လယ်ပြင်အတွင်း ရုရှားရေတပ်နှင့် မြန်မာရေတပ်တို့ ပူးပေါင်းကာ စစ်ရေယာဉ်များ ဖြန့်ကြက်နေရာယူခြင်း၊ ရေကြောင်းစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို လေ့ကျင့်မည်ဖြစ်သည်။ ထို့အပြင် လေကြောင်းရန်ကာကွယ်ရေး၊ ရေကြောင်းမိုင်းရန်ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများနှင့် အကြမ်းဖက်သမားများက သိမ်းပိုက်ထားသည်ဟု သတ်မှတ်ထားသော သင်္ဘောတစ်စင်းကို ပြန်လည်ကယ်တင်သည့် လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခိုင်မာစေရန်နှင့် အရှေ့တောင်အာရှပင်လယ်ရေပြင်အတွင်း အရပ်ဘက်သင်္ဘောသွားလာရေးနှင့် ရေကြောင်းစီးပွားရေးလုပ်ငန်းများ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လေ့ကျင့်ရန်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရုရှားရေတပ်နှင့် ပူးတွဲရေကြောင်းလုံခြုံရေးစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းသည် ယခုအကြိမ်အပါအဝင် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း မြန်မာအစိုးရသတင်းစာက ဖော်ပြထားသည်။ #MPA

Открыть в Telegram
Просмотры251−3%к среднему
Пересылки—
Реакции5
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч123
4 ч194
6 ч251
  1. Через 1 час123
  2. Через 6 часов251
  3. Всего сейчас251
#588625Фото
Просмотры228−12%к среднему
Пересылки—
Реакции1
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч109
4 ч171
6 ч228
  1. Через 1 час109
  2. Через 6 часов228
  3. Всего сейчас228
#588624Текст

တံတားဦးလေတပ်အနီး ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုအတွင်း စစ်တပ် လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် အသက် ၅၇ နှစ်အရွယ် သိန်းဆွေ သေဆုံး နိုဝင်ဘာလ ၂၅ ရက် မန္တလေးတိုင်း၊ တံတားဦးမြို့နယ် အမှတ် ၃ ရပ်ကွက်တွင် မသင်္ကာဖွယ်ကျောပိုးအိတ်တစ်လုံးကို စစ်ဆေးရှင်းလင်းနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက် အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် အသက် ၅၇ နှစ်အရွယ် သိန်းဆွေ သေဆုံးခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ နိုဝင်ဘာ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်တွင် တံတားဦးလေဆိပ်အနီး အမှတ် ၃ ရပ်ကွက်၌ မသင်္ကာဖွယ် အနက်ရောင်ကျောပိုးအိတ်တစ်လုံး တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့သဖြင့် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးစဉ် ကျောပိုးအိတ်အတွင်း ထောင်ထားသည့် ဗုံးပေါက်ကွဲခဲ့ရာ တံတားဦးမြို့မရဲစခန်းမှူးအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူ ၇ ဦးအနက် စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်း ၆ ဦး၊ ပြည်သူတစ်ဦး ပါဝင်ပြီး မန္တလေးဆေးရုံ OPD တွင် ဆေးကုသမှုခဲ့ကြောင်း၊ ထို့ကြောင့် ရရှိသော ဒဏ်ရာဖြင့် အသက် ၅၇ နှစ်အရွယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် သိန်းဆွေမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။ "သေသွားတဲ့သူက  ဗုံးကို တွေ့ပြီး အကြောင်းကြားတဲ့သူပါ။ သူက အနီးကပ် စစ်ဆေးနေတုန်း ပေါက် ကွဲသွားတာ။ ရဲတွေလည်း ထိတယ်။ စစ်သားတွေလည်းထိတယ်။ အခြားထိတဲ့သူတွေလည်း ဒဏ်ရာပြင်းထန်တယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။  ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့များက ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် တံတားဦးမြို့နယ် အမှတ် ၃ ရပ်ကွက်နှင့် ကျေးရွာများတွင် လူစိမ်းများ ဝင်ရောက်လာပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ထံ အသိပေးရန် ဒေသခံများကို စစ်တပ်က ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။ #KTM

Открыть в Telegram
Просмотры244−5%к среднему
Пересылки—
Реакции5
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч108
4 ч179
7 ч244
  1. Через 1 час108
  2. Через 6 часов244
  3. Всего сейчас244
#588623Фото
Просмотры200−22%к среднему
Пересылки—
Реакции2
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч90
4 ч148
7 ч200
  1. Через 1 час90
  2. Через 6 часов200
  3. Всего сейчас200
#588622Текст

Переслано из Magway Scout Network

မကွေးကထွက်လာသည့်စစ်အုပ်စုယာဥ်တန်း ယမန်နေ့ညက လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ ကိုဝင်ရောက် ယနေ့လောင်းရှည်ကိုပြန်လာမည် နိုဝင်ဘာ ၂၆၊၂၀၂၆၊ လောင်းရှည် ယမန်နေ့နိုဂင်ဘာ ၂၅ ရက်နေ့၊ မကွေးမြို့မှထွက်လာသည့် ၁၆ စီးပါစစ်အုပ်စုယာဥ်တန်းသည် ယမန်နေ့ည ၈ နာရီခန့်က လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ အတွင်းသို့ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ ထို ၁၆ စီးပါကားတန်းသည် မင်းဘူး-စကု-ပွင့်ဖြူ-စလင်း-စေတ္တုရာ ကားလမ်းမကြီးအတိုင်း ဖြတ်သန်းမောင်းနှင်လာတာဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ပါဝင်ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်းတွင် ကပစ ၂၅နှင့် လောင်းရှည်မြို့ကြားတွင် စစ်အုပ်စုဖက်မှ ကင်းပုန်းများချထားပြီး ကပစ ၂၅ မှအဆိုပါ ယာဥ်တန်း လောင်းရှည်မြို့ကိုပြန်ဝင်လာမည် ဖြစ်ကြောင်းသိရသည်။ ၎င်းစစ်အုပ်စုအင်အားများကို လောင်းရှည်မြို့မှတဆင့် စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစစ်မျက်နှာသို့ ထပ်မံအင်အားဖြည့်တင်းရန်ဖြစ်နိုင် ကြောင်း သိရသည်။ စစ်အုပ်စုသည် ကျင်ဒွေးမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် ယခင်စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယနေ့နိုဝင်ဘာ ၂၆ ရက်နေ့အထိ ၂ လကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ ၂ လတာထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုက အထိနာကာ ယခုအ​ကြိမ်အပါ ၅ ကြိမ်ထက်မနည်း အင်အားဖြည့်တင်းနေတာရဖြစ်ကြောင်းသိရသည်။ ထိုးစစ်စဆင်သည့် စက်တင်ဘာလတွင် ၁ ကြိမ်၊ အောက်တိုဘာလတွင် ၂ ကြိမ်နှင့် ယခုနိုဝင်ဘာလ အတွင်းမှာ ၂ ကြိမ် စုစုပေါင်း ၅ ကြိမ် အင်အားဖြည့်တင်းနေရတာဖြစ်ကြောင်းသိရသည်။ လက်ရှိ စစ်အုပ်စုထိုးစစ် စစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အောက်ဖက် ၁၃ မိုင်ကျော်အကွာ လှိုင်ဒုတ်ရွာသစ်နှင့် အနီးဝန်းကျင်နေရာများမှာ ရောက်ရှိနေကြောင်းသိရပြီး ရှေ့တိုးလာလိုက် တပ်လန်ကျလိုက်ဖြစ်နေကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 26  , 9:39AM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры232−10%к среднему
Пересылки—
Реакции2
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч100
4 ч165
7 ч232
  1. Через 1 час100
  2. Через 6 часов232
  3. Всего сейчас232
#588621Текст

သရုပ်ဆောင်ဒေါင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် “The Room” ဇာတ်လမ်းတို ဆိုးလ်လွတ်လပ်သောရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရ နိုဝင်ဘာလ ၂၆ ရက် သရုပ်ဆောင်ဒေါင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် “The Room” ရုပ်ရှင်ဇာတ်လမ်းတိုကို တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် ၅၂ ကြိမ်မြောက် ဆိုးလ်လွတ်လပ်သောရုပ်ရှင်ပွဲတော် (Seoul Independent Film Festival – SIFF 2026) တွင် ပြသခွင့်ရရှိခဲ့ကြောင်း ဒေါင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့(နိုဝင်ဘာ ၂၅ ရက်တွင်) အသိပေးမျှဝေထားသည်။ “The Room” ဇာတ်လမ်းတိုတွင် ဒေါင်းက ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးထားသည့်အပြင် ကိုသူ (Ko Thu) ဇာတ်ကောင်အဖြစ်လည်း ပါဝင်သရုပ်ဆောင်ထားပြီး Wendy က မြ (Mya) ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ဇာတ်ကားသည် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးနှင့် နိုင်ငံရေးအခြေအနေများ၏ ရိုက်ခတ်မှုကြောင့် နေရပ်စွန့်ခွာကာ ပြည်ပနိုင်ငံတစ်ခုတွင် ဘဝသစ်ပြန်လည်တည်ဆောက်ရန် ကြိုးစားနေရသည့် လူငယ်တစ်ဦး၏ အကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။ ထိုလူငယ်၏ ရုန်းကန်ရှင်သန်ရမှု၊ အထီးကျန်မှု၊ မရေရာသည့် အနာဂတ်နှင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို အခန်းကျဉ်းလေးတစ်ခန်းအတွင်းမှတစ်ဆင့် ရုပ်ရှင်အနုပညာဖြင့် ပုံဖော်တင်ဆက်ထားကြောင်း ဒေါင်းက ပြောသည်။ ဇာတ်လမ်းသည် လူငယ်တစ်ဦး၏ အတွေ့အကြုံကို အခြေခံထားသော်လည်း လက်ရှိအချိန်တွင် အလားတူအခြေအနေများကို ရင်ဆိုင်ဖြတ်သန်းနေရသည့် မြန်မာလူငယ်များစွာ၏ ဘဝအခြေအနေများကိုလည်း ကိုယ်စားပြုဖော်ပြထားကြောင်း သိရသည်။ “The Room” ဇာတ်လမ်းတိုကို နိုဝင်ဘာ ၂၈ ရက်တွင် ဆိုးလ်မြို့၌ ပြသမည်ဖြစ်ပြီး ဒေါင်းကိုယ်တိုင်လည်း ရုပ်ရှင်ပြသချိန်တွင် ဆိုးလ်မြို့၌ ရှိနေမည်ဖြစ်ကြောင်း ၎င်းက အသိပေးထားသည်။ ထို့အပြင် ဇာတ်ကားဖြစ်မြောက်လာစေရန် အတူတကွ ကြိုးစားပေးခဲ့ကြသည့် အနုပညာရှင်များ၊ ရုပ်ရှင်ဖန်တီးသူများနှင့် ကူညီပံ့ပိုးပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဒေါင်းက ဖော်ပြထားသည်။ ရုပ်ရှင်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Seoul Independent Film Festival ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ #MPA

Открыть в Telegram
Просмотры380+47%к среднему
Пересылки—
Реакции14
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
5 ч348
7 ч380
  1. Через 6 часов380
  2. Всего сейчас380
#588620Фото
Просмотры350+36%к среднему
Пересылки—
Реакции5
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
5 ч322
7 ч350
  1. Через 6 часов350
  2. Всего сейчас350
#588619Текст

ICJ စီရင်ချက်က ဂုဏ်သိက္ခာထိခိုက်စေပြီး လက်ခံမည်မဟုတ်ဘဲ လိုက်နာရန်မသင့်သည်များကို မလိုက်နာဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော နိုဝင်ဘာလ ၂၆ ရက် မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်သည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ နိုင်ငံတော်ကို ထိပါးလာသည့် ကိစ္စရပ်များကို လက်ခံမည်မဟုတ်ဘဲ လိုက်နာရန်မသင့်သည်များကို လိုက်နာမည်မဟုတ်ကြောင်း စစ်ကောင်စီခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ မင်းအောင်လှိုင်က နိုဝင်ဘာ ၂၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး၌ လက်ရှိနိုင်ငံ့အခြေအနေများနှင့် ICJ အမှုအကြောင်း ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တင်သွင်းထားသည့် အမှုတွင် ICJ က စီရင်ချက်ချမှတ်ခဲ့ကြောင်း၊ ယင်းအမှုသည် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ အမှုတင်သွင်းခဲ့သည့် ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံးလုပ် ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခဲ့ပြီး အချက်အလက်များကို ခိုင်မာစွာ တင်ပြခဲ့ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည့် အသုံးအနှုန်းသည် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်းလည်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ လျှောက်လဲချက်များ တင်သွင်းရာတွင် သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို ပြည့်စုံစွာ တင်ပြခဲ့ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။ ၎င်းအနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ကိစ္စရပ်များအပေါ် အဓိကတာဝန်ရှိသည်ဟု ခံယူထားကြောင်း၊ နိုင်ငံတော်ကို ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်းလည်း ပြောသည်။ ICJ ၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်မည်ဖြစ်သော်လည်း လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း မင်းအောင်လှိုင်က ထပ်မံပြောဆိုသည်။ ယင်းအပြင် မင်းအောင်လှိုင်က အာဆီယံနှင့်ပတ်သက်၍လည်း အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်း ဆောင်များက လက်မှတ်ရေးထိုးသဘောတူထားသည့် အာဆီယံပဋိညာဉ်နှင့် မူဝါဒများ အသက်ဝင်နေသရွေ့ ယင်းတို့ကို အခြေခံ၍ လိုက်နာဆောင်ရွက်သွားမည်ဟု ပြော ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးကို အလေးထားကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံပဋိညာဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ဆက်ဆံသွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားရန်လိုကြောင်း ၎င်းက ပြောဆိုခဲ့သည်။ #KTM

Открыть в Telegram
Просмотры398+54%к среднему
Пересылки—
Реакции4
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
5 ч359
7 ч398
  1. Через 6 часов359
  2. Всего сейчас398
#588618Фото
Просмотры322+25%к среднему
Пересылки—
Реакции4
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
5 ч286
7 ч322
  1. Через 6 часов286
  2. Всего сейчас322
#588617Фото

ICJ စီရင်ချက်ပြည်သူအားလုံးအတွက် တရားမျှတမှု ယူဆောင်လာနိုင်မယ့်လမ်းစလို့ ဒေါ်ဇင်မာအောင် နဲ့ ဦးကျော်မိုးထွန်းတို့ပြောကြား ■စစ်အုပ်စုကပြည်သူတွေကိုအမှုတွဲဖို့ ကြိုးစားနေတာလက်မခံဘဲ တရားမျှတမှု၊ လူသားဆန်မှုအပေါ် ရပ်တည်ကြရန် တိုက်တွန်း နိုဝင်ဘာ ၂၅၊ ၂၀၂၆ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ရဲ့ ရိုဟင်ဂျာအရေးစီရင်ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာ မက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများ ရင်ဆိုင်နေရတဲ့ ပြည်သူတရပ်လုံးအတွက် တရားမျှမှု ယူဆောင်လာနိုင်မယ့် လမ်းစဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကပြောကြားပါတယ်။ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရား စွဲဆိုထားတဲ့ အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ်စီရင်ချက် ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ICJ စီရင် ချက် ဘာတွေဆက်ဖြစ်မလဲ စကား၀ိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ရက်က ပြုလုပ်ခဲ့ရာ သံအမတ်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က အခုလို ရှင်းပြခဲ့တာပါ။ ဆက်လက်ဖတ်ရှုရန် 👇👇

Открыть в Telegram
Просмотры497+93%к среднему
Пересылки—
Реакции18
Комментарии—
#588616Фото

ထားဝယ်မြို့ပေါ်ရှိ ကညနရုံး အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် နိုဝင်ဘာ ၂၅၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ကညနရုံး အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့ပေါ်ရှိ ကညနရုံး အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မြို့ပေါ်တွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် 👇👇

Открыть в Telegram
Просмотры454+76%к среднему
Пересылки—
Реакции7
Комментарии—
#588610Фото

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ဖိုရမ်၌ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးရေး ဆက်လက်တိုက်တွန်းရန် CRPH တောင်းဆို နိုဝင်ဘာ ၂၅၊ ၂၀၂၆ ၈ ကြိမ်မြောက် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ - APHR နှစ်ပတ်လည်အဖွဲ့ဝင်ဖိုရမ်သို့ CRPH ကိုယ် စားလှယ်အဖွဲ့တက်ရောက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူများအားလုံးချက်ချင်းပြန်လွှတ်ရေးပေး ဆက်လက် တိုက်တွန်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) ၏ ၈ ကြိမ်မြောက် နှစ်ပတ်လည်အဖွဲ့ဝင်ဖိုရမ် (ဒုတိယနေ့) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီ (CRPH) ၏ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် 👇👇

Открыть в Telegram
Просмотры386+50%к среднему
Пересылки—
Реакции6
Комментарии—