Кабинет

Посты канала Magway Scout Network

сначала новые

#6546Текст

မကွေးကထွက်လာသည့်စစ်အုပ်စုယာဥ်တန်း ယမန်နေ့ညက လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ ကိုဝင်ရောက် ယနေ့လောင်းရှည်ကိုပြန်လာမည် နိုဝင်ဘာ ၂၆၊၂၀၂၆၊ လောင်းရှည် ယမန်နေ့နိုဂင်ဘာ ၂၅ ရက်နေ့၊ မကွေးမြို့မှထွက်လာသည့် ၁၆ စီးပါစစ်အုပ်စုယာဥ်တန်းသည် ယမန်နေ့ည ၈ နာရီခန့်က လောင်းရှည်မြို့ကိုဖြတ်ကာ ကပစ ၂၅ အတွင်းသို့ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ ထို ၁၆ စီးပါကားတန်းသည် မင်းဘူး-စကု-ပွင့်ဖြူ-စလင်း-စေတ္တုရာ ကားလမ်းမကြီးအတိုင်း ဖြတ်သန်းမောင်းနှင်လာတာဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ပါဝင်ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်းတွင် ကပစ ၂၅နှင့် လောင်းရှည်မြို့ကြားတွင် စစ်အုပ်စုဖက်မှ ကင်းပုန်းများချထားပြီး ကပစ ၂၅ မှအဆိုပါ ယာဥ်တန်း လောင်းရှည်မြို့ကိုပြန်ဝင်လာမည် ဖြစ်ကြောင်းသိရသည်။ ၎င်းစစ်အုပ်စုအင်အားများကို လောင်းရှည်မြို့မှတဆင့် စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးစစ်မျက်နှာသို့ ထပ်မံအင်အားဖြည့်တင်းရန်ဖြစ်နိုင် ကြောင်း သိရသည်။ စစ်အုပ်စုသည် ကျင်ဒွေးမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် ယခင်စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယနေ့နိုဝင်ဘာ ၂၆ ရက်နေ့အထိ ၂ လကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ ၂ လတာထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုက အထိနာကာ ယခုအ​ကြိမ်အပါ ၅ ကြိမ်ထက်မနည်း အင်အားဖြည့်တင်းနေတာရဖြစ်ကြောင်းသိရသည်။ ထိုးစစ်စဆင်သည့် စက်တင်ဘာလတွင် ၁ ကြိမ်၊ အောက်တိုဘာလတွင် ၂ ကြိမ်နှင့် ယခုနိုဝင်ဘာလ အတွင်းမှာ ၂ ကြိမ် စုစုပေါင်း ၅ ကြိမ် အင်အားဖြည့်တင်းနေရတာဖြစ်ကြောင်းသိရသည်။ လက်ရှိ စစ်အုပ်စုထိုးစစ် စစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အောက်ဖက် ၁၃ မိုင်ကျော်အကွာ လှိုင်ဒုတ်ရွာသစ်နှင့် အနီးဝန်းကျင်နေရာများမှာ ရောက်ရှိနေကြောင်းသိရပြီး ရှေ့တိုးလာလိုက် တပ်လန်ကျလိုက်ဖြစ်နေကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 26  , 9:39AM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры475−36%к среднему
Пересылки—
Реакции1
Комментарии—
#6545Текст

မကွေးမှလာသည့် ၁၆ စီးပါစစ်အုပ်စုယာဥ်တန်း ကံပြားတွင်ညအိပ်ရပ်နားနိုင်ပြီး လောင်းရှည်ကပစ ၂၅ သို့ဦးတည်လာနိုင် နိုဝင်ဘာ ၂၅၊၂၀၂၆၊ လောင်းရှည် မကွေးမြို့မှထွက်လာသည့် ကားကြီး ၁၅ စီးနှင့် ကားငယ် ၁ စီး စုစုပေါင်း ၁၆ ပါစစ်အုပ်စုယာဥ်တန်းသည် ယနေ့ညနေ ၃ နာရီခန့်မှာ မင်းဘူးမြို့မှတဆင့် စကုမြို့နယ်ဖက်ကိုမောင်းနှင်သွားခဲ့ကြောင်း သိရသည်။ ထိုကားတန်းသည် စကုနယ်မှတဆင့် ပွင့်ဖြူမြို့နယ် ရှောက်တောရွာကို ညနေ ၃ နာရီ  ၄၅ မိနစ်တွင်ရောက်ရှိလာပြီး စလင်းမြို့နယ် ကံပြားရွာလမ်းဆုံဖက်သို့ ဆက်လက်မောင်းနှင်သွားကြောင်းသိရသည်။ စစ်အုပ်စု၏ ၁၆ စီးပါယာဥ်တန်းသည် ကံပြားလမ်းဆုံတွင် ညအိပ်ရပ်နားနိုင်ပြီး နောက်နေ့တွင် ယောဒေသ၊ဆောမြို့နယ်၊လောင်းရှည် ကပစ ၂၅ ကိုသွားရောက်နိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ "မကွေးကနေ မင်းဘူးဖက်ကိုရောက်လာတာ ၁၆ စီးပါ၊ အိမ်စီးကားငယ် ၁ စီးပါတယ်၊ ကျန်ကားကြီး ၁၅ စီးမှာ စစ်သားတွေအပြည့်ပါတယ်၊ လောင်းရှည်ကပစ ၂၅ ကိုသွားမယ်လို့ ယူဆရပါတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။ ကားများတွင် စစ်အင်အားအပြည့်တင်ဆောင်ထားပြီး အင်အား ၃၀၀ ခန့်ပါနိုင်ကြောင်းနှင့် ၎င်းယာဥ်တန်းသည် လောင်းရှည်ကပစ ၂၅ ကိုသွားရောက်နိုင်ကြောင်းသိရသည်။ @မင်းဒဿ #MRSN Nov 25  , 7:56PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры334−55%к среднему
Пересылки—
Реакции4
Комментарии—
#6544Текст

စစ်အုပ်စု၏ဒရုန်းနှင့် မြေမြှပ်မိုင်းကြောင့် ကန်ပက်လက်နယ်ကပြည်သူ ၂ ဦးပြင်းထန်ဒဏ်ရာရရှိ နိုဝင်ဘာ ၂၄၊ ၂၀၂၆၊ ကန်ပက်လက် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့ညနေပိုင်းတွင် စစ်အုပ်စု၏ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုနှင့် မြေမြှပ်မိုင်း နင်းမိမှု့ကြောင့် အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသား ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဒဏ်ရာရရှိသူအမျိုးသား ၂ ဦးသည် ကန်ပက်လက်မြို့နယ်၊ကျောက်တောင်ရွာမှ အရပ်သားပြည်သူများဖြစ်ကြပြီး မိမိတို့၏ တောင်ယာလုပ်ငန်းခွင်သို့ သွားလာကြရာလမ်းခရီးတွင်ဖြစ်ပွားခဲ့ကြတာဖြစ်ကြောင်းသိရသည်။ အမျိုးသား ၁ ဦးက စစ်ရှောင်တဲမှ တောင်လုပ်ငန်းခွင်သို့ စပါးရိတ်သိမ်းရန် သွားရောက်စဥ် လမ်းခရီးတနေရာ၌ စစ်အုပ်စုဖက်မှထောင်ထားသည့် မြေမြှပ်မိုင်း ၁ လုံးကိုနင်းမိရာက ပေါက်ကွဲပြီး ညာဖက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခံတာဖြစ်ကြောင်းသိရသည်။ အလားတူ နောက်အမျိုးသား ၁ ဦးကလည်း မိမိ၏တောင်ယာအတွင်း စပါးရိတ်သိမ်းရန်သွားရောက်နေစဥ် လမ်းတနေရာမှာ စစ်အုပ်စုဖက်မှ ဒရုန်း ၁ စီးဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်းခံရပြီး ညာဖက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ ထိုအမျိုးးသား လူနာ ၂ ဦးကို ဒေသခံများက ဆေးခန်းတစ်ခုကို အချိန်မီပို့ဆောင်ခဲ့တာကြောင့် ဆေးကုသမှုခံယူလျက်ရှိပြီး ၂ ဦးလုံး၏ ညာဖက်​​ခြေထောက်များ၊ ဖြတ်တောက်ရဖွယ်ရှိကြောင်း သိရသည်။ စစ်အုပ်စုက မင်းတပ်မြို့ကို ထိုးစစ်ဆင်နိုင်ရေးအတွက် ကျောက်ထု-မင်းတပ် လမ်းပိုင်းရှိ ကန်ပက်လက်မြို့နယ် ကျောက်တောင်ရွာနှင့် အနီးဝန်းကျင်နေရာများတွင် ယာယီစခန်းချနေထိုင်လျက်ရှိနေကြပြီး ကျောက်တောင်ရွာပြည်သူများအားလုံး အိုးအိမ်စွန့်ခွာ ဘေးလွတ်ကာကို ထွက်ပြေးထိမ်းရှောင်နေကြရတာလည်းဖြစ်သည်။ "မနေ့ညနေက စစ်ရှောင်နေရာတဲတွေကနေ သူ့တောင်ယာကိုယ့်တောင်ယာ စပါးရိတ်ဖို့သွားကြတာပါ၊ လမ်းခရီးမှာ ခုလိုဖြစ်ကြတာ၊ တယောက်က နင်းမိုင်း၊တယောက်က ဒရုန်းနဲ့ဗုံးကြဲခံရတာပါ၊ လက်ရှိ ရွာထဲတွေမှာရော၊ ရွာအနီးဝန်းကျင်နေရာမှာတွေပါ စစ်သားတွေရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကျောက်တောင်ရွာနှင့် အနီးဝန်းကျင်နေရာများကို မြေမြှပ်မိုင်းများ၊တိုက်မိုင်းများ ထောင်ထားပြီး ဒရုန်းများဖြင့်ပါ ကင်းထောက်ပျံသန်း ဗုံးသီးချ တိုက်ခိုက်လေ့ရှိတာကြောင့် ပြည်သူများ သတိထားရန်လိုအပ်ကြောင်း ဒေသခံ တစ်ဦးက သတိပေးပြောဆိုသည်။ ပုံ-စစ်အုပ်စုဖက်မှ အသုံးပြုလေ့ရှိသည့် မြေမြှပ်မိုင်း #မြေမြှပ်မိုင်း #ဒရုန်း #ပြင်းထန်ဒဏ်ရာ #ဖြတ်တောက် @မင်းဒဿ #MRSN Nov 24  , 7:09PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры456−39%к среднему
Пересылки—
Реакции2
Комментарии—
#6543Текст

ရေမျက်နီရဲစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ခရီးသည်ကားများကိုအသုံးပြုကာ အလဲအပြောင်းပြုလုပ် တပ်ချိန်းပေးရန် ရေမျက်နီရဲစခန်းမှ ရဲတပ်သားတစ်ဦးက တစ်တော့ခ်လူမှုကွန်ယက်က တောင်းဆိုခဲ့ နိုဝင်ဘာ ၂၃၊၂၀၂၆၊ ဂန့်ဂေါ မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ်မြောက်ပိုင်း ရေမျက်နီကျေးရွာရဲစခန်းမှ ရဲတပ်သားများနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဂန့်ဂေါခလရ ၅၀တပ်က ခရီးသည်ယာဥ်များကိုအသုံးပြုကာ အလဲအပြောင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် တပ်ဖွဲ့ဝင် ၂၀ ဦးကို ၂ သုတ်ခွဲကာ အသွားအပြန် ဂန့်ဂေါမြို့ကနေ မန္တလေးမြို့ကိုပြေးဆွဲနေသည့် (---)ခရီးသည်တင်မှန်လုံအိစ်ပတ်စ်(Express Bus) ကားများတွင် အခြားခရီးသည်များဖြင့် ရောနှောတင်ဆောင်စေပြီး ရေမျက်နီရဲစခန်းမှာအပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။ (လိုင်းကားအမည်ကို လုံခြုံရေးအရ ချန်လပ်ထားသည်) "ကားသမားကတော့ စစ်သားမှန်းသိရင်လဲ တင်ရမှာပဲဗျ၊ စစ်အုပ်စုနဲ့ကင်းလို့မှမရတာ၊ လမ်းမှာရှိတဲ့ တော်လှန်ရေးဂိတ်တွေက ပေါ့ဆကြတာလို့ပဲ ပြောလို့ရပါတယ်၊ ကျန်တာသိပ်မဝေဖန်ရဲဘူး "ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။ ဂန့်ဂေါမြို့နှင့် ထီးလင်းနယ်ရေမျက်နီရွာကြား ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် ၂ ခုထက်မနည်းရှိနေပြီး ယခုကဲသို့ စစ်အုပ်စုက လွယ်လင့်တကူ အသုံးပြုနေနိုင်ခြင်းသည် တာဝန်ရှိသူများ၏ ပေါ့ဆခြင်း သို့မဟုတ် တစုံတရာအကြောင်းများ ရှိနေနိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြကြောင်း သတင်းရင်းမြစ်က ပြောသည်။ ထိုနောက် တပ်ချိန်းပေးရန်ကို ရေမျက်နီရဲစခန်းမှ ရဲတပ်သားတစ်ဦးက ၎င်း၏ TikTok တစ်တော့ခ်လူမှုကွန်ယက်မှတဆင့် တာဝန်ရှိသူများထံသို့ ယခုနိုဝင်ဘာလ လဆန်းပိုင်းကတဆင့် တောင်းဆိုမျှဝေထားခဲ့တာရှိကြောင်း လေ့လာတွေ့ရှိရသည်။ @မင်းဒဿ #MRSN Nov 23  , 4:21PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры537−28%к среднему
Пересылки—
Реакции3
Комментарии—
#6542Текст

သီးကုန်းရွာက ဆောစစ်ကြောင်း လောင်းရှည်မြို့ကိုဝင်ရောက်၊ တပ်အင်အားအလဲအပြောင်းပြုလုပ်တာဖြစ် နိုဝင်ဘာ ၂၃၊၂၀၂၆၊ ဆော ယမန်နေ့ညက ဆောမြို့နယ် သီးကုန်းရွာမှာ ညအိပ်ရပ်နားနေသည့် ဆောစစ်ကြောင်းသည် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ လောင်းရှည်မြို့တွင်းကို ဝင်ရောက်လာကြကြောင်း သိရသည်။ ယမန်နေ့ကလည်း လောင်းရှည်မြို့ကနေ ယောချောင်း(ကာက)တံတားဖက်ကို စစ်အင်အား ၁၅၀ ခန့်ထွက်ထားကြောင်းသိရပြီး စစ်အုပ်စုတပ်အင်အား အလဲအပြောင်းပြုလုပ်တာဖြစ်ကြောင်း သိရသည်။ "ကြည့်ရတာ စစ်အုပ်စုဖက်က ဖွဲ့စည်းပုံပျက်နေတဲ့အနေအထားရှိတယ်၊ကျင်ဒွေးစစ်မျက်နှာမှာလဲ အထိနာနေသလို၊ထွက်ပြေးတာတွေ အလင်းဝင်လာတာတွေ ဆက်တိုက်ဖြစ်နေတယ်၊အခုလို စစ်အင်အားတွေ ဟိုကနေဒီပို့၊ဒီကနေ ဟိုပြောင်းဖြစ်နေတာကိုကြည့်ချင်းအားဖြင့် ပျက်နေတဲ့ဖွဲ့စည်းပုံကို ပြန်တည်ဆောက်နေတာလို့ယူဆပါတယ်" ဟု ယောဒေသစစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။ စစ်အုပ်စုက လက်ရှိတွင် ယောဒေသ ဆောမြို့နယ်ကိုခြေကုပ်ယူက ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နယ်နှင့် မင်းတပ်နယ်တွေမှာ စစ်မျက်နှာ ၄ ခုဖွင့်ကာ စစ်ရေးလှုပ်ရှား၊တိုက်ပွဲဖော်ဆောင်နေတာဖြစ်ကြောင်း သိရသည်။ စစ်မျက်နှာတစ်ခုဖြစ်သည့် ကန်ပက်လက်နယ် ကျင်ဒွေးဒေသ တိုက်ပွဲများမှာလည်း စစ်အုပ်စုဖက်မှ အထိနာနေပြီး ထိခိုက်ကျဆုံးမှု၊ထွက်ပြေး၊အလင်းဝင်မှုများဖြင့်ရင်ဆိုင်နေရကာ ဖွဲ့စည်းပုံပျက်လုနီးပါး ဖြစ်နေကြောင်း သတင်းရင်းမြစ်ကပြောသည်။ ထို့ကြောင့် စစ်အုပ်စုက ဆောနယ်တွင်း စစ်စခန်းရှိရာ ကျောက်ထုဒေသ၊ဆောဒေသ၊လောင်းရှည်ဒေသရှိ စစ်အင်အားများကို ယခုကဲ့သို့ အပြောင်းအလဲများပြုလုပ်ကာ တပ်ဖွဲ့စည်းပုံကိုပြန်လည်တည်ဆောက်နေတာဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။ ဆောနယ်ပိုင်းတွင် စစ်အုပ်စုက အင်အားပြန်လည်တည်ဆောက်မှုများပြုလုပ်နေပြီး လောင်းရှည်လမ်းပိုင်းကိုထိန်းချုပ်ထားတာကြောင့် ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 23  , 2:20PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры477−36%к среднему
Пересылки—
Реакции4
Комментарии—
#6541Текст

ဂန်ဂေါတွင် ရဟတ်ယာဥ်များဖြင့်ပို့ဆောင်ထားသည့် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို မွမ်းမံသင်တန်းပြန်ပေးနေ နိုဝင်ဘာ ၂၃၊၂၀၂၆၊ ဂန့်ဂေါ မကွေးတိုင်း၊ယောဒေသ ဂန့်ဂေါမြို့ကို ရဟတ်ယာဥ်များဖြင့် ပို့ဆောင်ထားသည့် ပြည်သူ့စစ်မှုထမ်း (ပစ)များကို ယနေ့နိုဝင်ဘာ ၂၃ ရက်နေ့မှာ ခလရ ၅၀ တပ်တွင် မွမ်းမံသတင်တန်းပြန်ပေးနေကြောင်း သိရသည်။ ယခုနိုဝင်ဘာ ၁၁ ရက်နေ့၊ မန္တလေးတိုင်း၊ညောင်ဦးလေဆိပ်မှ. Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ် ၃ စီးဖြင့် ဂန့်ဂေါမြို့ ပြည့်ဝ (ပြစ်မ) ၃၇၁ အမြောက်တပ်ကိုပို့ဆောင်ပေးခဲ့ပြီး အပတ်စဥ်ဆင်း ပြည်သူ့စစ်မှုထမ်းတပ်သားသစ် ၆၇ ဦးပါဝင်ကြောင်း သိရသည်။ ထိုပြည်သူ့စစ်မှုထမ်းတပ်သားသစ် ၆၇ ဦးနှင့်အတူ ဂန့်ဂေါမြို့ပေါ်က ရဲတပ်သားအချို့ကို ဂန့်ဂေါမြို့ ခလရ ၅၀ တပ်တွင် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မှု စစ်ရေးသင်တန်းများကို လက်တွေ့ပို့ချသင်တန်းပေးမှာဖြစ်ကြောင်း သိရသည်။ "သင်တန်းက ယနေ့စတယ်၊ ခလရ ၅၀ တပ်ထဲမှာပါ၊ စစ်ဆင်ရေးမှာ လက်နက်ကြီး လက်နက်ငယ်ပစ်တာတွေကို လက်တွေ့သင်ကြားပေးမှာလို့သိရတယ်၊ သင်တန်းဆင်းပြီးရင်တော့ မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုတွေရှိလာနိုင်တယ်" လို့ သတင်းရင်းမြစ်က ပြောသည်။ မွမ်းမံစစ်ရေးသင်တန်းကို ဂန့်ဂေါ ခလရ ၅၀ တပ်မှာယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစတင်ပို့ချပေးနေပြီး သင်တန်းကာလမည်မျှကြာမြင့်မည်ကိုမသိရသေးကြောင်းနှင့် သင်တန်းပြီးဆုံးပါက ဂန့်ဂေါမြို့နယ်အတွင်းကို စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာနိုင်ကြောင်း သိရသည်။ လက်ရှိ စစ်အုပ်စုက ဂန့်ဂေါမြို့မှာ မြို့ဝင်ဂိတ် ၄ ခု၊ အပြင်ကာကင်းစခန်း (ရှောက်ပင်/အောင်မြင်ရွာ) ၁ ခုနှင့် အရံတပ်ဖြစ်တဲ့ ပြည့်ဝအမြောက်တပ် ၃၇၁ တပ်တို့ရှိနေပြီး စုစုပေါင်းခန့်မှန်းအင်အား ၅၀၀ ကျော်ရှိနေကြောင်းသိရသည်။ ဂန့်ဂေါမြို့နယ်တွင်းနှင့် ယောဒေသရှိ စစ်အုပ်စုတပ်ဖွဲ့များအားလုံးကို အနောက်မြောက်ပိုင်းစစ်ဌာနချုပ် (နမခ)မုံရွာကနေ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်တာလည်း ဖြစ်သည်။ @မင်းဒဿ #MRSN Nov 23  , 1:35PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры448−40%к среднему
Пересылки—
Реакции5
Комментарии—
#6540Текст

ဆောစစ်ကြောင်း သီးကုန်းရွာမှာဝင်ရောက် ညအိပ်​ရပ်နားနေ ညနေပိုင်းမှာ လောင်းရှည်ဖက်မှ ကာကတံတားဖက်ကို စစ်ကားတစ်စီးရောက်လာခဲ့ နိုဝင်ဘာ ၂၂၊၂၀၂၆၊ ဆော ဆောမြို့ဦးဖိုးလှိုင်ခန်းမကနေ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ထွက်လာသည့် ဖောကား ၂ စီး၊စစ်အင်အား ၁၆၀ ခန့်ပါစစ်အုပ်စုစစ်ကြောင်းသည် ညနေအစောပိုင်း ၃ နာရီကျော်ခန့်က သီးကုန်းရွာကို ဝင်ရောက်လာကြကြောင်း သိရသည်။ အလားတူ ညနေ ၃. ကျော်ခန့်၊ လောင်းရှည်မြို့ကနေ စစ်ကား ၁ စီး၊ ယောချောင်း (ကာက)တံတားဖက်ကို မောင်းနှင်သွားတာတွေ့ရကြောင်း သတင်းရင်းမြစ်ကပြောသည်။ "ဆောဖက်ကလဲ ဖောကား ၂ စီးပါလာတယ်၊ လောင်းရှည်ဖက်ကလဲ ကား ၁ စီးအကြိုလွှတ်တာတွေ့ရတယ်၊ ဆောဖက်ကနေ လောင်းရှည်ဖက်ကို စစ်တပ်ဖက်က လူနာလာပို့တာလို့ ယူဆတာပေါ့နော်၊ ဆောကလာတဲ့စစ်ကြောင်းက သီးကုန်းမှာ ညအိပ်စခန်းချနေကြတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။ ယောအလင်းတန်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဒေသတွင်းသတင်းရင်းမြစ်အဆိုအရ ဆောစစ်ကြောင်းသည် စစ်အုပ်စုတပ်ဖွဲ့ဝင် (လူနာ)အချို့ကို သီးကုန်း-တောင်ဘို့ကြီးရွာမှတဆင့် ယောချောင်းကိုဖြတ်ကာ လောင်းရှည်ဖက်ကို ပို့ဆောင်ပေးတာဖြစ်နိုင်ကြောင်းသိရသည်။ ယနေ့ထွက်လာသည့် ဆောစစ်ကြောင်းသည် သီးကုန်းရွာမှာ ယနေ့ည ညအိပ်စခန်းချနေကြောင်းသိရပြီး ၎င်းတို့၏လှုပ်ရှားမှုကို စောင့်ကြည့်ရန်လိုအပ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။ @မင်းဒဿ #MRSN Nov 22   , 8:13PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры492−34%к среднему
Пересылки—
Реакции4
Комментарии—
#6539Текст

စစ်အုပ်စုစစ်ကြောင်း ဆောမြို့အရှေ့ဖက်တံတားကိုဖြတ်ကာ ကားလမ်းမကြီးအတိုင်း တောင်အရပ်ကိုလာနေ နိုဝင်ဘာ ၂၂၊၂၀၂၆၊ ဆော ဆောမြို့ ဦးဖိုးလှိုင်ခန်းမကနေ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က စစ်အုပ်စုတပ်ဖွဲ့ဝင်အင်အား ၁၆၀ နှင့် ကားကြီး ၂ စီးပါစစ်ကြောင်းသည် မြို့အရှေ့ဖက်တံတားကိုဖြတ်ကာ ကားလမ်းမကြီးအတိုင်း တောင်ဖက်အရပ်ကိုလာနေကြောင်းသိရသည်။ ယခုနေ့လည် ၁၂ နာရီခန့်တွင် ရင်းခေါ်ရွာကိုဖြတ်သန်းပြီး မင်းလယ်ရွာဖက်သို့ ဦးတည်လာနေကြောင်းသိရသည်။ ထိုစစ်ကြောင်းသည် ဘယ်ကိုဦးတည်နေသည်မသိရဘေးဘဲ သီးကုန်းရွာအထိ ရောက်လာနိုင်ကြောင်း သိရသည်။ ထိုနောက် ကျောက်ထုဒေသ ကံချောင်းရွာကနေ စစ်အုပ်စုတပ်ဖွဲ့အင်အားအချို့ ကားလမ်းမကြီးအတိုင်း လယ်ကြီးအိုင်ရွာဖက်ကို ပြန်ဆုတ်နေကြောင်းသိရပြီး ကျောက်ထုမြို့အထိပြန်ဆုတ်နိုင်ကြောင်း သိရသည်။ ဆောနယ်အတွင်း စစ်အုပ်စုဖက်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေခြင်းကြောင့် ဒေသတွင်းပြည်သူများ ကြိုတင်သတိထားနေထိုင်သွားလာနိုင်ကြရန် လိုအပ်ကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 22   , 1:14PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры1 000+35%к среднему
Пересылки—
Реакции2
Комментарии—
#6538Текст

ကန်ပက်လက်စစ်မျက်နှာအတွက်စစ်အုပ်စုစစ်ကြောင်းမှူးတစ်ဦးနှင့် အင်အား ၁၀၀ ကျောက်ထုကနေ ဆောမြို့ကိုပို့ဆောင် ကျန်အင်အားများ ကံချောင်းကိုပြန်ဆုတ် နိုဝင်ဘာ ၂၂၊၂၀၂၆၊ ဆော ယမန်နေ့နံနက်ပိုင်း၊ ကျောက်ထုဒေသ ကံကြီးရွာကနေ ဆောမြို့ဖက်ကို အင်အား ၃၀၀ ဖြင့်ထွက်လာသည့် စစ်ကြောင်းသည် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်စစ်မျက်နှာအတွက်တာဝန်ကျသည့် စစ်အုပ်စုစစ်ကြောင်းမှူးတစ်ဦးနှင့် အင်အား ၁၀၀ ကိုလိုက်ပါပို့ဆောင်ပေးတာဖြစ်ကြောင်း သိရသည်။ စစ်ကြောင်းရှေ့ပွိုင့်နှင့် တာဝန်ကျစစ်ကြောင်းမှူးတို့သည် ယမန်နေ့ညက ဆောမြို့နယ် အကြည်ကတင်းရွာအထိဝင်ရောက်ခဲ့ပြီး နောက်ချန်အင်အားများအဖြစ် ကြိမ်ချောင်းလမ်းဆုံနှင့် ခူးချောင်းရွာများတွင် ညအိပ်ချန်ထားခဲ့ကြောင်း သိရသည်။ အကြည်ကတင်းရွာတွင်ရောက်ရှိနေသည့် ကန်ပက်လက်စစ်မျက်နှာတာဝန်ကျအရာရှိနှင့် စစ်အင်အား ၅၀ ခန့်သည် ယနေ့နိုဝင်ဘာ ၂၂ ရက်နေ့နံနက် ၈ နာရီ ၄၁ မိနစ်ခန့်မှာ ဆောမြို့ကိုဝင်ရောက်လာကြကြောင်းသိရသည်။ ကြိမ်းချောင်းလမ်းဆုံဖက်တွင် ညအိပ်ရပ်နားခဲ့သည့် နောက်ချန်အင်အား ၅၀ ခန့်သည် ယနေ့နံနက်ပိုင်းမှာပင် အညာကတင်းရွာနှင့် အကြည်ကတင်းရွာကြား၊ ကားလမ်းမကြီးအနောက်ဖက် ဒေသအခေါ် ဝက်ချောင်းဖက်ကိုတက်သွားကြောင်း သိရသည်။ထိုအင်အား ၅၀ ပါစစ်ကြောင်းသည် ဆောမြို့ရဲစခန်းကို မြို့ပတ်လမ်းမှ ဝင်ရောက်လာနိုင်ကြောင်းသိရသည်။ ယမန်နေ့ညက နောက်ချန်အင်အားများအဖြစ်ချန်ထားခဲ့သည့် ဇိမ်စားသောက်ဆိုင်ဟောင်းနှင့် ခူးချောင်းရွာမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များအားလုံး ယနေ့နံနက်မှာ ကံချောင်းရွာသို့ ပြန်ဆုတ်လာခဲ့ကြပြီးဖြစ်ကြောင်းသိရသည်။ နောက်ဆုံးအတည်ပြုချက်အရ အကြည်ကတင်း၊အညာကတင်း၊ကြိမ်ချောင်းလမ်းဆုံနှင့် ခူးချောင်းရွာတို့တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ မရှိတော့ကြောင်း သိရသည်။ ယမန်နေ့ ကျောက်ထုဒေသ ကံကြီးရွာမှထွက်လာသည့် အင်အား ၃၀၀ ပါစစ်ကြောင်းသည် ကန်ပက်လက်စစ်မျက်နှာတွင်တာဝန်ထမ်းဆောင်ရန် အသစ်ရောက်ရှိလာသည့် စစ်ကြောင်းမှူးကို ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှနေ၍ ဆောမြို့ကို အဆိုပါခရီးစဥ်အတိုင်းလိုက်ပါပို့ဆောင်ပေးခဲ့တာဖြစ်ပြီး တာဝန်ကျစစ်ကြောင်းနှင့် စစ်အင်အား ၅၀ သည် ဆောမြို့တွင်းကိုယနေ့နံနက် ၈ နာရီ ၄၁ မိနစ်တွင်ဝင်ရောက်ခဲ့ကြောင်း၊ အင်အား ၅၀ စစ်ကြောင်းတစ်ကြောင်းက ဝက်ချောင်းဖက်မှ မြို့ပတ်လမ်းကိုတက်ကာ ဆောမြို့ရဲစခန်းကုန်းကို ဝင်ရောက်ရန်ရှိနေတာဖြစ်ကြောင်းသိရသည်။ ကျန်အင်အား ၂၀၀ ခန့်သည် ယနေ့နံနက်ပိုင်းက ကျောက်ထုဒေသဖက်သို့ အာူလုံးပြန်ဆုတ်လာခဲ့ကြပြီး ၉ နာရီ ၃၀ မိနစ်ခန့်မှာ ကံချောင်းရွာကို ရောက်ရှိလာပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိဆောမြို့တွင် ကန်ပက်လက်စစ်မျက်နှာအတွက် စစ်ကြောင်းမှူးအသစ် အရာရှိတစ်ဦးနှင့်အတူ အင်အား ၃၀၀ ခန့်ရောက်ရှိထားပြီးဖြစ်တာကြောင့် မကြာမီကာလအတွင်း ဆော-ကန်ပက်လက်လမ်းပိုင်းတွင် စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုများ ပြန်လည်စတင်လာနိုင်ကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 22   , 11:22AM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры1 050+41%к среднему
Пересылки—
Реакции3
Комментарии—
#6537Текст
Просмотры478−36%к среднему
Пересылки—
Реакции—
Комментарии—
#6536Текст

ဆောမြို့ကိုဦးတည်ကာ ကံကြီးရွာကထွက်လာတဲ့စစ်အုပ်စုစစ်ကြောင်း ကြိမ်ချောင်းလမ်းဆုံမှာ ညအိပ်စခန်းချ နိုဝင်ဘာ ၂၁၊၂၀၂၆၊ ဆော ဆောမြို့ကိုဦးတည်ကာ ကျောက်ထုဒေသ ကံကြီးရွာကနေထွက်လာသည့် အင်အား ၃၀၀ ပါစစ်ကြောင်းသည် ယနေ့ညနေ ၅ နာရီခန့်က ကြိမ်ချောင်းလမ်းဆုံကိုရောက်ရှိလာခဲ့ကြကြောင်းသိရသည်။ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကြိမ်ချောင်းလမ်းဆုံတွင် ချက်ပြုတ်စားသောက်နေကြပြီး ညအိပ်စခန်းချနိုင်ကြောင်းသိရသည်။ "ညနေ ၅ နာရီလောက်က လမ်းဆုံမှာရောက်လာကြပြီး ထမင်းတွေချက်နေကြတယ်၊အဲမှာပဲ ညအိပ်မယ်ထင်ပါတယ်၊မနက်မှ ဆောဖက်ကိုဆက်ထွက်လောက်တယ်၊ စစ်ကြောင်းက အရာရှိကတော့ အရပ်သားဆိုင်ကယ်တစ်စီးနဲ့ အကြည်ကတင်းရွာကို လိုက်သွားတယ်၊ စစ်သားတချို့ကလဲ ဆိုင်ကယ်တွေနဲ့ လိုက်သွားကြတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။ စစ်အုပ်စုစစ်ကြောင်းသည် ရှေ့ပွိုင့်အဖြစ် အကြည်ကတင်းရွာအထိရောက်ရှိထားပြီး ခူးချောင်းရွာမှာလည်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကျန်နေခဲ့ကြောင်းသိရသည်။ ကြိမ်ချောင်းရွာနှင့် ဆောမြို့ ၆ မိုင်ခန့်သာကွာဝေးတော့ကြောင်း၊ လက်ရှိစစ်အုပ်စုသည် ကြိမ်ချောင်းလမ်းဆုံမှ မြောက်ဖက် ဇိမ်စားသောက်ဆိုင်ဟောင်းအထိ တပ်ဖြန့်ချထားကြောင်းသိရသည်။ လမ်းဆုံကနေ စစ်ကြောင်းပါအရာရှိက အရပ်သားဆိုင်ကယ်တစ်စီးကိုခေါ်ယူကာ အ​ကြည်ကတင်းရွာအထိ လိုက်ပို့ခိုင်းပြီး စစ်ကြောင်းပါတပ်ဖွဲ့ဝင်အချို့ကလည်း ကံချောင်းရွာမှ ယူလာသည့်အရပ်သားဆိုင်ကယ်များဖြင့် နောက်မှလိုက်ပါသွားကြောင်း သိရသည်။ စစ်ကြောင်းတွင် လက်နက် (သေနတ်)အပို အလက် ၁၀၀ နှင့် ဒရုန်းအကြီး (၆ လက်ဒရုန်း) ၂ စီးပါရှိပြီး နောက်နေ့မနက်ဖြန်တွင် ဆောမြို့သို့ဝင်ရောက်နိုင်ကြောင်းသိရသည်။ ဆောမြို့ကို လောင်းရှည်မြို့ကနေ ယခုနိုဝင်ဘာ ၁၆ ရက်နေ့ကလည်း စစ်အင်အား ၂၀၀ ပို့ဆောင်ခဲ့ပြီး ယခုတဖန် ကျောက်ထုမြို့ကနေ လက်နက် ၁၀၀ ၊အင်အား ၃၀၀ ထပ်မံရောက်ရှိလာလျှင် စုစုပေါင်း ထပ်တိုးအင်အား ၅၀၀ ရှိနေပြီး မူလအင်အားသည် ၁၅၀ ခန့်ရှိကြောင်းလည်း သိရသည်။ စစ်အုပ်စုက ဆောမြို့ကို ယခုကဲ့သို့ အင်အားများ၊လက်နက်များဖြည့်တင်းနေခြင်းသည် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ​ပြန်လည်ထိုးစစ်ဆင်ရန်ဖြစ်နိုင်ကြောင်း၊ထို့အပြင် ဆောနယ်တောင်ပိုင်းနေရာများကိုပါ စိုးမိုးနယ်ချဲ့ထွင်ရန် စစ်ရေးလှုပ်ရှားမှုပြုလုပ်ရန်အတွက်ဖြစ်နိုင်ကြောင်း စစ်သတင်းရင်မြစ်က ပြောသည်။ ထိုနောက် ကျောက်ထုဒေသ ကံချောင်းရွာရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းက တပ်သားအလဲအပြောင်းပြုလုပ်ခဲ့ပြီး ယောမြို့ရွာကိုဖြတ်ကာ ကျောက်ထုတပ်တွင်းကို နေ့လည်ပိုင်းမှာ ဝင်ရောက်လာကြကြောင်း သိရသည်။ လက်ရှိစစ်အုပ်စုက ဆောမြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာနေတာကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိနေကြရန် လိုအပ်ကြောင်း သတင်းရင်းမြစ်က သတိပေးပြောဆိုသည်။ @မင်းဒဿ #MRSN Nov 21  ,  8:08PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры568−23%к среднему
Пересылки—
Реакции3
Комментарии—
#6535Текст

ကံကြီးကျေးရွာမှထွက်လာတဲ့ စစ်ကြောင်း ကံချောင်းကျေးရွာရောက်ရှိကာ တောင်ဘက်သို့ဆက်လက်ထွက်ခွာနေ ၂၀၂၆ ခုနှစ် နို၀င်ဘာလ ၂၁ ရက် ကံကြီးကျေးရွာမှ ကား(၂)စီးနဲ့အတူ ထွက်လာတဲ့ စခအင်အား (၃၀၀)ခန့်ပါ ပူးပေါင်းစစ်ကြောင်းဟာ ကံချောင်းကျေးရွာသို့ နေ့လည် (၀၁:၁၅)နာရီခန့်မှာ ရောက်ရှိတယ်လို့ သိရှိရပါတယ်။ ပါလာတဲ့ ကား (၂)စီးကတော့ လယ်ကြီးအိုင့်ကျေးရွာမှာ စခနှင့်လက်နက်ခဲယမ်းတစ်ချို့ချကာ ကံကြီးကျေးရွာဘက်ပြန်ဆုတ်သွားကြောင်းသိရှိရပါတယ်။ လက်ရှိမှာ ကံချောင်းကျေးရွာမှ ရောက်ရှိနေတဲ့ စခစစ်ကြောင်းဟာ (၀၂:၁၅)နာရီ အချိန်ခန့်မှာ ကံချောင်းကျေးရွာမှ တောင်ဘက်သို့ ဆက်လက်ထွက်ခွာနေပြီလို့ စစ်ရေး သတင်းရင်းမြစ်အရသိရှိရပါတယ်။ စစ်ကြောင်းနှင့်အတူ ဒရုန်းအကြီး(၆)လက် (၂)စင်းပါရှိကာ လက်ရှိအချိန် စစ်ကြောင်းဟာ ကံချောင်းတံတား‌ပေါ် ရောက်ရှိနေကာ ကတ္တရာလမ်းအတိုင်း ဆောမြို့ဘက်သို့ ဦးတည်ရွေ့လျားမယ်လို့ ယူဆရပါတယ်။ ကံချောင်းကျေးရွာ နှင့် ဆောမြို့ကြားရှိ သွားလာနေကြတဲ့ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊စစ်ရေးသတိရှိကြပါရန် တိုက်တွန်းအပ်ပါတယ်။ အောင်ကြီး ယောအလင်း တန်း #MRSN Nov 21  ,  3:33PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры934+26%к среднему
Пересылки—
Реакции2
Комментарии—
#6534Текст

စစ်အုပ်စုစစ်ကြောင်း ကံကြီးရွာကနေ ကံချောင်းရွာဖက်ကိုဦးတည်ထွက်ခွာလာနေ နယ်မြေစိုးမိုးရန်နှင့် ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် ကြိုတင်ပြင်ဆင်နေ နိုဝင်ဘာ ၂၁၊၂၀၂၆၊ ကျောက်ထု ယနေ့နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းက ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှထွက်လာသည့် အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် နံနက် ၉ နာရီခန့်က ကြန်တောရွာကိုရောက်ရှိလာကြပြီး ကံကြီးရွာကထွက်လာသည့် အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းဖြင့်ပူးပေါင်းကာ ကံကြီးလမ်းဆုံမှတဆင့် အင်အား ၃၀၀ ခန့်နှင့် ကံချောင်းရွာဖက်သို့ဦးတည်ကာ ကားလမ်းမကြီးအတိုင်း ထွက်ခွာလာနေကြောင်း သိရသည်။ ထိုစစ်ကြောင်းတွင် ကား (စီစစ်ဆဲ)ပါလာပြီး ကံချောင်းရွာမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များကို အလဲအပြောင်းပြုလုပ်ရန်နှင့် အင်အားထပ်ဖြည့်ရန်ဖြစ်ကြောင်းသိရသည်။ မူလလက်ရှိ ကံချောင်းရွာစစ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်ထု ၃၆၈ တပ်မှစစ်အုပ်စုတပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့ကိုမိခင်တပ်ရင်း ကျောက်ထုတပ်သို့ ပြန်လည်လူစားထိုးခေါ်ယူတာဖြစ်ကြောင်း သိရသည်။ ကံချောင်းတွင် အင်အား ၂၀၀ ခန့်ဖြင့် ယခုနှစ် ဇွန်လပိုင်းက အထိုင်ချတပ်စွဲနေထိုင်နေတာဖြစ်ပြီး ယခုတဖန် တပ်သားအလဲအပြောင်းပြုလုပ်ကာ အင်အားထပ်ဖြည့်တာဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ကျောက်ထု-ဆော လမ်းပိုင်းရှိ ကံချောင်းစစ်အုပ်စုစခန်းကို အင်အားထပ်ဖြည့်နေတာကြောင့် စစ်အုပ်စုသည် ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်စစ်မျက်နှာအတွက် တကြော့ပြန် ထိုးစစ်ဆင်ရန်ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်ကပြောသည်။ စစ်အုပ်စုက ဆောမြို့ကို နိုဝင်ဘာ ၁၆ ရက်နေ့က စစ်အင်အား ၂၀၀ ထပ်ပို့ထားသကဲ့သို ယခုကံချောင်းကိုပါ စစ်အင်အားထပ်ဖြည့်နေပြီး ယမန်နေ့ကလည်း ဆောနယ်တောင်ပိုင်းကို လောင်းရှည်ကပစ ၂၅ ကနေ ယမ်းရွာဖက်အထိ စစ်ရေးပြင်ဆင်နေတာကြောင့် ဆောနယ်အရှေ့ခြမ်း၊ကျောက်ထုတောင်ပိုင်းနှင့်ထိစပ်နယ် ကန်ပက်လက်စစ်မျက်နှာများတွင် စစ်ရေးလှုပ်ရှားမှုများ မကြာမီကာလအတွင်းပြုလုပ်လာနိုင်ကြောင်း သိရသည်။ "စစ်အုပ်စုဖက်ကတော့ ယခုရက်ပိုင်းတွေမှာ သိသိသာသာ နကြော့ပြန် လှုပ်ရှားနေတာကိုတွေ့ရတယ်၊ လောင်းရှည်၊ဆော၊ကျောက်ထုတို့မှာ သူတို့နယ်မြေစိုးမိုးမှုပိုရရှိနေတာကိုလဲ တွေ့ရတယ်၊တချက်ခုတ် နှစ်ချက်ပြတ်ပေါ့လေ၊ ဆောနယ်မှာလဲစိုးမိုးနယ်ပြန်ရ၊ အခုလို တွင်တွင်ကျယ်ကျယ်စစ်ရေးလှုပ်ရှားခြေကုပ်အခိုင်အမာယူပြီး ကန်ပက်လက်နဲ့ မင်းတပ်ဖက်ကို ထိုးစစ်ပြန်စတော့မယ့်အရိပ်အယောင်ပဲ " ဟု ယောဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ လက်ရှိစစ်အုပ်စုက ယခု ၂၀၂၆ ဇွန်လပိုင်းမှစ၍ တောင်ယောနယ်ဟုလူသိများသည့် ဆောမြို့နယ်တွင် ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေကျေးရွာများကို ပြန်လည်ရယူစိုးမိုးထားနေနိုင်ပြီး နယ်မြေတွင်း စစ်ရေးလှုပ်ရှားမှုများကို ခပ်စိပ်စိပ်လုပ်နေကာ ဆောနယ်အားလုံးထိန်းချုပ်နိုင်ရေး နှင့် ချင်းပြည်နယ်တောင်ပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန် ကျင်ဒွေး၊ကန်ပက်လက်၊မင်းတပ် စစ်မျက်နှာများအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေအထားဖြင့် တကြော့ပြန်ထိုးစစ်ကို တပြိုင်နက်ဖော်ဆောင်နိုင်ရန် ကြိုးစားနေတာဖြစ်ကြောင်းသိရသည်။ @မင်းဒဿ #MRSN Nov 21  ,  12:11PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры999+35%к среднему
Пересылки—
Реакции4
Комментарии—
#6533Текст

စစ်အုပ်စုစစ်ကြောင်း ယမ်းရွာအနီးမှာရောက်နေပြီး ဆောလမ်းပိုင်းကိုပိတ်ထား မကြာမီကာလအတွင်း ဆောနယ်အရှေ့ခြမ်းကို စစ်ရေးလှုပ်ရှားနိုင် နိုဝင်ဘာ ၂၀၊၂၀၂၆၊ ဆော ဆောမြို့နယ်၊လောင်းရှည်ဒေသ၊ယမ်းကျေးရွာအနီးကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က စစ်အုပ်စုစစ်ကြောင်း ရောက်ရှိနေပြီး ဆောလမ်းပိုင်းကို ပိတ်ထားကြောင်းသိရသည်။ "လောင်းရှည်ကပစ ၂၅ ကနေထွက်လာတဲ့စစ်ကြောင်းဖြစ်တယ်၊ ယမ်းရွာနားမှာရောက်နေကြတယ်၊အနားကိုဘယ်သူမှမကပ်ရဲဘူး၊ လောလောဆယ် ဆောလမ်းကိုပိတ်ထားတယ်၊ဆောမြို့ဖက်ကို ဝင်ဖို့လားမသိဘူး" ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့က လောင်းရှည်မြိ​ကြနေ ကပစ ၂၅ ကို စစ်အုပ်စုတပ်ဖွဲ့အချို့ သွားရောက်ခဲ့တာရှိကြောင်း၊ဆောမြို့ကလည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ ဖောကား ၁ စီး၊ဆိုင်ကယ် ၅ စီးဖြင့် လောင်းရှည်မြို့ဖက်ကို ယမန်နေ့နံနက် ၈ နာရီခန့်ကထွက်ထားတာရှိကြောင်းနှင့် ယခု ယမ်းရွာအနီးရောက်ရှိနေသည့် စစ်ကြောင်းသည် ကပစ ၂၅ မှထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။ ယမ်းရွာဖက်တွင် ရောက်ရှိနေသည့်စစ်ကြောင်း (အင်အားစီစစ်ဆဲ)သည် ဆောမြို့ဖက်သို့လာရောက်နိုင်ပြီး ဆောမြို့ကပါ စစ်အင်အားအချို့ထွက်ထားတာကြောင့်၊ လက်ရှိအနေအထားများအရ ဆောမြို့နယ်တွင်း ကျေးရွာဖက်များကို စစ်အုပ်စုဖက်က စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ လက်ရှိတွင် စစ်အုပ်စုက လောင်းရှည်ဒေသအပါဝင် လောင်းရှည်- ဆော ကားလမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်ထားပြီး ဒေသတွင်းတကြော့ပြန် ထိုးစစ်ဆင် စိုးမိုးနယ်ချဲ့ထွင်ရန် ကြိုးစားနေတာဖြစ်ကြောင်းသိရသည်။ ဆောနယ်တွင် စစ်အုပ်စုက စိုးမိုးနယ်ပြန်လည်ရရှိလာနေတာကြောင့် ဒေသတွင်းရှိ စစ်တပ်အမာခံများပြန်လည်ခေါင်းထောင်လာနေပြီး နယ်မြေအတွင်း အရပ်သားပြည်သူများကို အိမ်ထောင်စုစာရင်းကောက်ခြင်း၊ပြည်သူအချို့ကိုဖမ်းဆီး ငွေတောင်းခံခြင်းစသည်တို့ကို စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့်အတူ ပူပေါင်းကျူးလွန်နေကြောင်း သိရသည်။ စစ်သတင်းရင်းမြစ်တစ်ခုအရ မကြာမီကာလအတွင်း ဆောမြို့နယ် အရှေ့ခြမ်းကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ရန်ရှိကြောင်း အတည်ပြုဆဲသတင်းရရှိထားတာကြောင့် သက်ဆိုင်ရာပြည်သူများ ကြိုတင်သတိထားရန် လိုအပ်သည်။ @မင်းဒဿ #MRSN Nov 20  ,  12:24PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры1 080+46%к среднему
Пересылки—
Реакции2
Комментарии—
#6532Текст

ကျောက်ထုစစ်ကြောင်း ပြန်ဝင်ပြီး ကား ၃ စီးဖြင့်ပြန်ထွက် ထီးလင်းနယ်တိုက်ပွဲတွင်းမှ ဒဏ်ရာရ ဗိုလ်မှူးဇော်မျိုးထွန်းနှင့် အခြားစစ်သည်များကို ကျောက်ထုမြို့သို့သယ်ယူတာဖြစ် နိုဝင်ဘာ ၂၀၊၂၀၂၆၊ ကျောက်ထု ယမန်နေ့နံနက်ပိုင်းက ယောချောင်းတံတားလမ်းကို ကားသွားလာနိုင်ရန်ပြုပြင်ပြီး ပန်ဆန်ရွာမှတဆင့် မိအယ်၊လယ်ဆောရွာတွေအထိ သွားရောက်ခဲ့သည့် ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကစစ်ကြောင်းသည် ယမန်နေ့ည ၁၁ နာရီခန့်က ကျောက်ထုတပ်ကိုပြန်လည်ဝင်ရောက်ခဲ့ပြီး ခဏအကြာတွင် ကားကြီး ၃ စီး၊စစ်အုပ်စုအင်အားအပြည့်တင်ဆောင်လျက် မြောက်ဖက်အရပ်ကိုထွက်သွားကြောင်းသိရသည်။ ထိုအင်အား ၁၀၀ ခန့်ပါကျောက်ထုစစ်ကြောင်းသည် ယမန်နေ့ နေ့လည်ပိုင်းက လယ်ဆောရွာအထိရောက်ရှိခဲ့ပြီး ရွှေအောင်သာရွာမှတဆင့် ကြီးရွာစစ်စခန်းမှ ပို့ဆောင်လာသည့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို လာရောက်သယ်ဆောင်တာဖြစ်ကြောင်းသိရသည်။ ထိုဒဏ်ရတပ်ဖွဲ့ဝင်များတွင်ယခုနိုဝင်ဘာ ၁၆ ရက်နေ့၊ ထီးလင်းမြို့နယ်တောင်ပိုင်း ဒေသအခေါ်ဖောက်တောင်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မ ၉၉ လက်အောက်ခံဗိုလ်မှူးဇော်မျိုးထွန်းနှင့် အခြားစစ်သည် ၁၅ ဦးထက်မနည်းပါဝင်ကြောင်းသိရသည်။ (ထို ၄ ရက်တာတိုက်ပွဲအတွင်း တပ်မ ၉၉ လက်အောက်ခံ၊ခမရ ၃၁၅ တပ်မှ ဗိုလ်မှူးမျိုးမြင့်အောင် ကျဆုံးခဲ့သည်) ဗိုလ်မှူးဇော်မျိုးထွန်းသည် မိတ္ထီလာအခြေစိုက် တပ်မ ၉၉ တပ်ရင်းမှအရာရှိတစ်ဦးဖြစ်ပြီး မကွေးတိုင်း၊ပေါက်မြို့နယ် ကပစ ၂၄ မှ၊ယခုနိုဝင်ဘာ ၂ ရက်နေ့ကပို့လိုက်ပြီး ၅ ရက်နေ့တွင် ကျောက်ထုဒေသသို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်းသိရသည်။ ကျောက်ထုဒေသ ကြီးရွာမှ ရွှေအောင်သာရွာကို ဆက်လက်ဝင်ရောက်ခဲ့ပြီး ထီးလင်းမြို့အထိ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းဖြင့်သွားရောက်ခဲ့ကာ ရွှေအောင်သာဖက်သို့ပြန်အလာ ထီးလင်းနယ်တောင်ပိုင်းတွင် ဒေသခံပြည့်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှု ၄ ရက်တာတိုက်ပွဲအတွင်း ၎င်းစစ်ကြောင်းမှူး ဗိုလ်မှူးဇော်မျိုးထွန်းအပါ အခြားတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ကြောင်းသိရသည်။ ထီးလင်းမြို့မှ နိုဝင်ဘာ ၁၄ ရက်နေ့နံနက်ကစတင်ဆုတ်ခွာလာပြီး ၁၈ ရက်နေ့မှသာ ရွှေအောင်သာရွာကိုပြန်လည်ရောက်ရှိလာတာဖြစ်ကြောင်းသိရသည်။ ယင်းနိုဝင်ဘာ ၁၈ ရက်နေ့ညပိုင်း တွင် ကြီးရွာရှိစစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ရွှေအောင်သာရွာမှ ကြီးရွာကို ကားငယ် ၂ စီးဖြင့် ခေါက်တုံ့ခေါက်ပြန် ၃ ကြိမ်ထက်မနည်း ထိခိုက်ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို သယ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရသည်။ ကြီးရွာရောက် ဒဏ်ရာရစစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဗိုလ်မှူးဇော်မျိုးထွန်းကို ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် လယ်ဆောရွာအထိ ထပ်မံပို့ဆောင်ပေးကြပြီး ကျောက်ထု ၃၆၈ တပ်ကလွှဲပြောင်းသယ်ဆောင်ကာ ယမန်နေ့ည ၁၁ နာရီခန့်တွင် ကျောက်ထုမြို့ကိုပြန်လည်ရောက်ရှိလာတာဖြစ်ကြောင်း သိရသည်။ ပြန်လည်ဝင်ရောက်လာစဥ် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ထွန်စက်ကြီး ၁ စီးအပါ၊အသွားတုန်းက ချောဆွဲခေါ်ယူသွားသည့် ဖောကား ၂ စီးပါ ဂုံဘိုရပ်ကွက်မှတဆင့် ကျောက်ထုမြို့တွင်းကို ဂင်ရောက်လာတာဖြစ်ကြောင်းသိရသည်။ "ပြန်ဝင်လာတော့ ထွန်စက်အကြီး ၁ စီးထပ်ပါတယ်၊ ဘယ်ကထွန်စက်လဲတော့မသိဘူး၊ထွန်စက်ကို စစ်ယူနီဖောင်းဝတ်ထားတဲ့သူတစ်ဦးကမောင်းပြီး အခြားစစ်သား ၇ ယောက်လောက်ကထွန်စက်ပေါ်မှာလိုက်ပါစီးနင်းလာကြတယ်၊ သူတို့ပါးစပ်တွေကလဲ မကြားဝံ့မနာသာစကားလုံးတွေနဲ့ မိုးမွှန်အောင် လမ်းတောက်လျှောက်ဆဲပြီးမှ ဝင်လာကြတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ညပိုင်း ကျောက်ထုအမြောက်တပ်မှ ကား ၃ စီး၊အင်အား ၈၀ ကျော်ခန့်ဖြင် မြောက်ဖက်အရပ်ကိုပြန်ထွက်လာသည့် စစ်အုပ်စုသည် ကြီးနှင့် ရွှေအောင်သာရွာများကို ပြန်လည်ဝင်ရောက်လာနိုင်ကြောင်းသိရပြီး ယခုအခါ မိအယ်ရွာနှင့် လယ်ဆောရွာများတွင် ရှိနေနိုင်သေးကြောင်းသိရသည်။ အတည်ပြုဆဲသတင်းအရ ရွှေအောင်သာရွာတွင်ရောက်ရှိနေသည့် စစ်အုပ်စုဒရုန်းတပ်ဖွဲ့နှင့် ကျောက်ထုဒေသမှ စစ်အင်အားအချို့ပူးပေါင်းကာ ထီးလင်းမြို့ကို စစ်ကြောင်းတစ်ကြောင်း ပြန်လည်လာရောက်နိုင်ကြောင်း သိရသည်။ ပုံ- အဟောင်း @မင်းဒဿ #MRSN Nov 20 ,  11:27AM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры1 060+43%к среднему
Пересылки—
Реакции3
Комментарии—
#6531Текст

ရိက္ခာနှင့်တပ်ဖွဲ့ဝင်အင်အားအပြည့်တင်ဆောင်ထားသည့် စစ်အုပ်စုဖောကား ၂ စီး၊ပန်းဆန်ကနေ မြောက်အရပ်ကိုမောင်းနှင်လာနေ နိုဝင်ဘာ ၁၉၊၂၀၂၆၊ ကျောက်ထု ရိက္ခာနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များအပြည့်တင်ဆောင်ထားသည့် ဖောကားအပြာ ၁ စီး၊အဝါ ၁ စီး၊ပေါင်း ၂ စီးသည် ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ပန်းဆန်ရွာမှ မြောက်ဖက်အရပ်ကို မောင်းနှင်သွားကြောင်းသိရသည်။ ယနေ့နံနက် ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှထွက်လာသည့် အင်အား ၁၀၀ ခန့်ပါစစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယောချောင်းတံတားအနီး လမ်းပိုင်းအချို့ကို ခဏ ပြုပြင်ခဲ့ပြီးမှ ပန်းဆန်ရွာတွင်းရှိ ဖောကား ၂ စီးကိုချောဆွဲခေါ်ယူကာ ရိက္ခာပစ္စည်းများကိုတင်ဆောင် မောင်းနှင်သွားတာဖြစ်ကြောင်းသိရသည်။ ထိုကား ၂ စီးသည် ပန်းဆန်-မိအယ်-ကြီး-ရွှေအောင်သာ ကားလမ်းမကြီးအတိုင်း မြောက်အရပ်ကို မောင်းနှင်လာနေတာဖြစ်ပြီး ကြီးရွာနှင့် ရွှေအောင်သာရွာ စစ်စခန်းများအတွက် ရိက္ခာနှင့် အင်အားအလဲအပြောင်းပြုလုပ်ရန်ဖြစ်ကြောင်း သိရသည်။ ယခုအခါ စစ်အုပ်စုက ကျောက်ထု- ရွှေအောင်သာ ကားလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ထားတာကြောင့် ဒေသခံပြည်သူများ၊ခရီးသွားပြည်သူများ သတိထားသွားလာရန် လိုအပ်နေကြောင်း သိရသည်။ ဓာတ်ပုံ-အဟောင်း @မင်းဒဿ #MRSN Nov 19 ,  12:40PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры632−15%к среднему
Пересылки—
Реакции1
Комментарии—
#6530Текст

ကျောက်ထုတပ်ကစစ်အုပ်စုတပ်ဖွဲ့ဝင်များ ပန်းဆန်ရွာကိုရောက်လာ နိုဝင်ဘာ ၁၉၊၂၀၂၆၊ ကျောက်ထု ယျန့နိုဝင်ဘာ ၁၉ ရက်နေ့နံနက်၊ ဆောမြို့နယ်၊ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှထွက်လာသည့် အင်အား ၁၀၀ ခန့်ပါစစ်အုပ်စုစစ်ကြောင်း နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပန်းဆန်ရွာကိုရောက်ရှိလာကြကြောင်းသိရသည်။ စစ်ကြောင်းသည် ပန်းဆန်ရွာနှင့် ကျောက်ထုမြို့ (ဂုံဘိုရပ်ကွက်) ကိုဆက်သွယ်ထားသည့် ယောချောင်း(ပန်းဆန်)တံတားကို ပြန်လည်ပြုပြင်ရန် လာရောက်ကြတာဖြစ်ကြောင်းသိရသည်။ ယောချောင်း (ပန်းဆန်)တံတားသည် မိုးသည်ူထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယခု ၂၀၂၆ ခုနှစ်သြဂုတ်လ ၈ ရက်နေ့က ကျိုးကျပျက်စီးသွားခဲ့တာဖြစ်ကြောင်းသိရသည်။ ထိုတံတားသည် ကျောက်ထုတိုက်နယ်လမ်းပန်းဆက်သွယ်ရေးအတွက်အလွန်အရေးပါသည့် တံတားလည်းဖြစ်ပြီး စစ်အုပ်စုက စစ်ရေးအတွက်အသုံးပြုနိုင်ရန် ယခုကဲ့သို့ပြန်လည်ပြုပြင်တာဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ-သြဂုတ်လ ၈ ရက်နေ့ကကျိုးချခဲ့သည့် ယောချောင်းပန်းဆန်တံတား @မင်းဒဿ #MRSN Nov 19 ,  10:03AM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры1 170+58%к среднему
Пересылки—
Реакции—
Комментарии—
#6529Текст

ထီးလင်းကထွက်လာသည့် စစ်အုပ်စုစစ်ကြောင်း ရွှေအောင်သာရွာအနီးသို့ရောက်ရှိ လမ်းခရီးထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုက လေယာဥ် ၁၀ စီးဖြင့်ခုခံခဲ့ရ နိုဝင်ဘာ ၁၈၊၂၀၂၆၊ ထီးလင်း ယခုနိုဝင်ဘာ ၁၄ ရက်ရက်နေ့နံနက်ပိုင်း၊ထီးလင်းမြို့ကနေထွက်လာသည့် အင်အား ၁၈၀ ပါစစ်ကြောင်းသည် ယနေ့နံနက်ပိုင်းက အောင်းရွာသို့ဝင်ရောက်လာပြီး နံနက် ၁၀ နာရီခန့်တွင် ရွာတောင်ဖက်အတိုင်း ရွှေအောင်သာရွာဖက်သို့ ဦးတည်လာနေပြီး မကြာမီ ရွှေအောင်သာရွာကိုရောက်လာမည်ဖြစ်ကြောင်းသိရသည်။ ထိုစစ်ကြောင်းသည် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်၊ရွှေအောင်သာရွာနေ တပ်သားအလဲအပြောင်းပြုလုပ်ရန် ထွက်လာပြီး၁၁ ရက်နေ့ညနေပိုင်းတွင် ထီးလင်းမြို့ကိုဝင်ရောက်ခဲ့သည့် တပ်မ ၉၉ (မိတ္ထီလာ)လက်အောက်ခံတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကြောင်းဖြစ်ကြောင်းသိရသည်။ ယင်းစစ်ကြောင်း ရွှေအောင်သာသို့ထွက်ရန်အတွက် နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်အုပ်စုက လမ်းကြောင်းရှင်းသည့်အနေဖြင့် ထီးလင်း-ရွှေအောင်သာ ကားလမ်းမကြီးအရှေ့ဖက်၊ ဒေသအခေါ် ဂျီချောင်း အနီးဝန်းကျင်နေရာများကို ဂျက်ဖိုက်တာ ၄ စီးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ကြောင်းသည် အင်အား ၁၈၀ ဖြင့် နိုဝင်ဘာ ၁၄ ရက်နေ့က ထီးလင်းမြို့မှစတင်ထွက်ခွာလာပြီး သရခါရွာတွင်ယာယီအခြေပြုကာ လာရာလမ်းအတိုင်း ရွာတောင်ဖက် ဂျီချောင်းမှတဆင့် ဖောက်တောင်ဖက်ကို ထပ်မံရွေ့လျားခဲ့တာဖြစ်ကြောင်းသိရသည်။ ရွှေအောင်သာဖက်သို့ ပြန်ဆုတ်လာစဥ်လမ်းခရီး၌ စစ်အုပ်စုစစ်ကြောင်းကို ​ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်က အသင့်စောင့်ကြိုတိုက်ခိုက်ရာ နိုဝင်ဘာ ၁၄ ရက်နေ့မှ ယမန်နေ့ ၁၇ ရက်နေ့အထိ ၄ ရက်ကြာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။ ထိတွေ့တိုက်ပွဲများအတွင်း ၂ ဖက်ထိခိုက်ကျဆုံးများဖြစ်ပေါ်ခဲ့ပြီး စစ်အုပ်စုဖက်မှအရာရှိကြီး (ဗိုလ်မှူး) များအပါ ထိခိုက်ကျဆုံးရှိခဲ့တာကြောင့် စစ်အုပ်စုက တိုက်လေယာဥ် ၅ စီးပစ်ကူဖြင့် ခုခံခဲ့ရပြီး တိုက်ပွဲတွင်း လိုအပ်သည့် လက်နက်ခဲယမ်း၊ရိက္ခာများကို Y- 12 စစ်ထောက်ပို့ဘက်စုံသုံး လေယာဥ် ၁ စီးဖြင့် ဖြည့်တင်းပေးခဲ့ရကြောင်းနှင့် ထို Y -12 ဘက်စုံသုံးလေယာဥ်ဖြင့် စစ်မြေပြင် ပစ်မှတ် ၉ နေရာကို မြေပြင်စစ်ကြောင်းဖြင့် ချိတ်ဆက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။ စစ်အုပ်စုဖက်က တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ယနေ့နံနက်ပိုင်း မိုးသည်းထန်နေသည့်ရာသီဥတုကို အခွင့်ယူကာ ဖရွှအောင်သာရွာသို့ ပြန်လည်ဆုတ်ခွာလာခဲ့တာဖြစ်ကြောင်း သိရသည်။ (မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်စဥ်များနှင့် ၂ ဖက်ထိခိုက်ကျဆုံးမှုများကို သက်ဆိုင်ရာကသာ ထုတ်ပြန်ပါလိမ့်မည်) @မင်းဒဿ #MRSN Nov 18 ,  12:05PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры1 200+62%к среднему
Пересылки—
Реакции2
Комментарии—
#6528Текст

Переслано из မန္တလေးပြင်ပ ကင်းထောက်ကွန်ယက်

17/11/2026 -❗️❗️ ကျောက်ပန်းတောင်းမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများသို့ နက်မောက်ဘက်မှဆင်းလာတော အင်အား (150ကျော်) စစ်ကြောင်းသည် ရေလာကျေးရွာ (နှင့် )ဂွေးပင်ကျေးရွာ ဘုန်ကြီးကျောင်းသို့ရောက်ရှိနေကြောင်သိရသည်။ စစ်ကောင်စီစစ်ကြောင်သည် ကျေးရွာများအတွင်း ရောက်ရှိနေခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် ဒရူန်းရန်၊လေကြောင်းရန်၊ လက်နက်ကြီးအန္တရာယ်နှင့် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အန္တရာယ်များကို အထူးဂရုပြု သတိထားကြရန် နှိုးဆော်ထားသည်။ ထို့အပြင် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားရာလမ်းကြောင်းများနှင့် ဝေးရာနေရာများတွင်သာ ရှောင်တိမ်းနေထိုင်ကြပါရန် မြေပြင်သတင်းရင်းမြစ်များက တိုက်တွန်းနှိုးဆော်ထားပါသည်။ 10:00 Am ထိုစစ်ကြောင်းသည် မနက် ၁၀ နာရီတွင် ဘုရားကြီးကုန်းရွာသို့ ရောက်ရှိနေပြီး 1:20 Pm နောက်ဆုံးရသတင်းများအရ အမြောင်ကန်ရွာသို့ စစ်ကြောင်းက ရောက်ရှိနေပြီး ကျောင်းစုရွာခံ အမျိုးသား နှစ်ဦးကိုပါ စစ်တပ်က လမ်းပြအဖြစ် ဖမ်းဆီးသွားကြောင်းသိရှိရသည်။ #kpgupdatenews #MdySN Nov 17 ,  9:17PM 📫သတင်းပို့ရန် @SagaingSNetworkbot

Открыть в Telegram
Просмотры719−3%к среднему
Пересылки—
Реакции1
Комментарии—
#6527Текст

ထီးလင်းနယ်တောင်ခြမ်းကို ၁ ရက်အတွင်း ၂ ကြိမ်မြောက် စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲ နိုဝင်ဘာ ၁၇၊၂၀၂၆၊ ထီးလင်း စစ်အုပ်စုက ယခုရက်ပိုင်းတွေမှာ မကွေးတိုင်း၊ယောဒေသ ထီးလင်းမြို့နယ်တောင်ခြမ်းကို လေယာဥ်များဖြင့် ဖိအားပေးဗုံးကြဲတိုက်ခိုက်နေကြောင်းသိရသည်။ ယနေ့ညနေ ၃ နာရီ ၅၀ မိနစ်ခန့်ကလည်း ထီးလင်းနယ်တောင်ခြမ်းရှိ နေရာ ၂ နေရာကို မိတ္ထီလာရှမ်းတဲလေးလေတပ်မှပျံသန်းလာသည့် ဂျက်ဖိုက်တာလေယာဥ် ၁ စီးဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂျက်ဖိုက်တာဖြင့် ကြဲချငည့် ဗုံး ၂ လုံးအနက် ၁ လုံးက စစ်အုပ်စုစစ်ကြောင်းရှိရာ နေရာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးက ကျေးရွာ ၁ ရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။ (နောက်ဆက်တွဲ သတင်းများကိုစုံစမ်းအတည်ပြုဆဲ ဖြစ်ပါသည်) စစ်အုပ်စုက အဆိုပါထီးလင်းတောင်ခြမ်းကို လေယာဥ်များဖြင့် ယနေ့ ၁ ရက်အတွင်း ၂ ကြိမ်မြောက်လာရောက် ဗုံးကြဲတာဖြစ်ပြီး ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်ကလည်း မကွေးလေတပ်မှမျံသန်းလာသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယခုနိုဝင်ဘာ ၁၄ ရက်နေ့က ထီးလင်းမြို့ကနေ ထွက်လာသည့် အင်အား ၂၀၀ ပါစစ်ကြောင်းသည် ယခုအခါ ဒေသအခေါ် ညောင်ဟောင်း လမ်းကွဲ မြောက်ဖက်နားတွင်ရှိနေသေးကြောင်း သိရပြီး ဒေသခံပြည်သူများအနေဖြင့် ရွှေအောင်သာ-ထီးလင်း လမ်းပိုင်းကို အသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန်နှင့် လေကြောင်းရန်ကို အထူးသတိထားကြရန် လိုအပ်ကြောင်း သိရသည်။ @မင်းဒဿ #MRSN Nov 17,  6:08PM သတင်းပို့ရန်@MagwayScoutBot

Открыть в Telegram
Просмотры733−1%к среднему
Пересылки—
Реакции1
Комментарии—