Кабинет

Посты канала Hlaing Info

сначала новые

#167261Фото

ရန်ကုန်မြို့လယ်တွင် ဒေါ်လာရောင်းဝယ်သူ ရာဂျား(ခ)အောင်ချိုထွန်း ကို ဖမ်းဆီးရရှိသည်ဆိုသော သတင်းနှင့်ဓာတ်ပုံမှာ ကမာရွတ်မြို့နယ်တွင် ငွေသိန်း ၆၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခံခဲ့ရသော ဇော်လတ် (ခ) အောင်ဇော်လတ်၏ ဓာတ်ပုံကို ကွန်ပျူတာဖြင့် ပြုပြင်ပြီး စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်၊ ▪️ဒေါ်လာဝယ်ရောင်းဖမ်းမိသည် ဆိုသော သတင်းနှင့်ဓာတ်ပုံများအားလုံး ကွန်ပျူတာဖြင့် ပြုပြင်ထားသော ဓာတ်ပုံအတုများဖြစ်နေသည်ကို စိစစ်တွေ့ရှိရ နိုဝင်ဘာလ ၂၆ ရက် ရန်ကုန်တိုင်းကမာရွတ်မြို့နယ်တွင် ယခုနှစ်ဩဂုတ်လ ၁၃ ရက်နေ့ ငွေကျပ်သိန်း ၆၀၀ ခိုးယူခဲ့သူကို ဖမ်းမိသည့် သတင်းဓာတ်ပုံကို ကွန်ပျူတာဖြင့် ပြန်လည် ပြုပြင်ပြီး ရန်ကုန်မြို့တွင် ဒေါ်လာရောင်းဝယ်သူတစ်ဦးကို ဖမ်းဆီးသည်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်လာကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စိစစ်တွေ့ရှိရသည်။ ယနေ့တွင် စစ်ကောင်စီက ဒေါ်လာဝယ်ရောင်းလုပ်သူများကို ဖမ်းဆီးရရှိနေကြောင်း သတင်းများ ထုတ်ပြန်ခဲ့ရာတွင် ရန်ကုန်မြို၊ ကျောက်တံတားမြိုနယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်းရှိ ဆူးလေကုန်းကျော် လူကူးတံတားအနီးတွင် ဒေါ်လာဝယ်ရောင်းလုပ်သူ ရာဂျား(ခ)အောင်ချိုထွန်းကို ဖမ်းဆီးရရှိကြောင်း ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဒေါ်လာဝယ်ရောင်း ဖမ်းဆီးရရှိသော သတင်းတွင် ဖော်ပြထားသော သတင်း ဓာတ်ပုံမှာ ယခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၌ ရပ်ထားသည့်မော်တော်ယာဉ်အတွင်းမှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူ ဇော်လတ် (ခ) အောင်ဇော်လတ်၏ ဓာတ်ပုံကို ကွန်ပျူတာဖြင့် ပြန်လည်ပြုပြင်ကာ ယခင် ဖမ်းဆီးရရှိထားသော ငွေစက္ကူများနေရာတွင် ဒေါ်လာနှင့်နိုင်ငံခြားငွေများကို ကွန်ပျူတာဖြင့် အစားထိုးကာ လိမ်လည် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။ ယနေ့ စစ်ကောင်စီက ဒေါ်လာ ဝယ်ရောင်း ဖမ်းဆီးရရှိသူအဖြစ် လိမ်လည် အသုံးပြုထားသော ဇော်လတ်(ခ) အောင်ဇော်လတ်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၌ ရပ်ထားသည့် မော်တော်ယာဉ်အတွင်းမှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူခဲ့ပြီး ဩဂုတ် ၉ ရက် ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ အဆိုပါဖြစ်စဉ်မှာ ယခုနှစ် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် လှိုင်မြို့နယ် အမှတ် (၁၀) ရပ်ကွက်နေ အမျိုးသမီးသည် ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ MAB Bank အနီးလမ်းဘေး၌ ၎င်းပိုင် YGN-8 2F-xxxx NISSAN MARCH ယာဉ်အား သော့ပိတ်ရပ်တန့်၍ MAB Bank အတွင်းသို့ ငွေအပ်နှံရန်အတွက် ၆ မိနစ်ခန့်သွားရောက် စုံစမ်းခဲ့ကြောင်း၊ ထို့နောက် ပြန်ရောက်လာပြီး ယာဉ်တံခါးဖွင့်၍ စစ်ဆေးစဉ် ယာဉ်၏ နောက်ခန်း၌ ထားရှိသော ငွေကျပ်သိန်း ၆၀၀ မှာ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား ဖော်ထုတ်အရေးယူပေးပါရန် ကမာရွတ်မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သည့်ဖြစ်စဉ်ဖြစ်သည်။ အဆိုပါသတင်းကို စစ်တပ်၏ သတင်းဌာနများဖြစ်သော မြ၀တီ၊ Myanmar Digital News ၊ ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများအားလုံးတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယနေ့ စစ်ကောင်စီက ဒေါ်လာဝယ်ရောင်းများကို ဖမ်းဆီးရရှိသည်ဆိုသော ဓာတ်ပုံများအားလုံးကို ဓာတ်ပုံကျွမ်းကျင်သူများ၊ AI များဖြင့် စစ်ဆေးရာတွင် ကွန်ပျူတာဖြင့် ပြုပြင် လိမ်လည်ထားသော ဓာတ်ပုံများဖြစ်နေကြောင်း စိစစ်တွေ့ရှိရသည်။ #KTM #HlaingInfo

Открыть в Telegram
Просмотры164−88%к среднему
Пересылки—
Реакции3
Комментарии—
#167260Фото

မန်တုံနဲ့ နမ့်ဆန်မြို့နယ် လဝကရုံးကို စစ်ကောင်စီက လားရှိုးမှာ ဖွင့်လှစ်ထားပြီး မှတ်ပုံတင်ရဖို့ ၁ သိန်းကျပ်ဝန်းကျင် ကုန်ကျ နိုဝင်ဘာလ ၂၆ ရက် တအာင်းဒေသ မန်တုံနဲ့ နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးကို စစ်ကောင်စီက ရှမ်းမြောက် လားရှိုးမြို့မှာ ဖွင့်လှစ်ထားပြီး မှတ်ပုံတင်ရဖို့ ၁ သိန်းကျပ်ဝန်းကျင်အထိ ပေးဆောင်ခဲ့ရတယ်လို့ ကိုယ်တိုင်သွားရောက်လုပ်ဆောင်ခဲ့သူတွေက ပြောပါတယ်။ မန်တုံနဲ့ နမ့်ဆန်မြို့နယ် လဝကရုံးကို လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားအနီးရှိ လားရှိုးမြို့ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ မှတ်ပုံတင်အသစ်ပြုလုပ်တာ၊ လဲလှယ်တာနဲ့ ပျောက်ဆုံးသွားတဲ့ မှတ်ပုံတင်တွေ ပြန်လည်ပြုလုပ်ဖို့အတွက် စစ်ကောင်စီရဲ့ မန်တုံမြို့နယ် အုပ်ချုပ်ရေးမှူးထောက်ခံစာတစ်စောင်အတွက် သုံးသောင်းကျပ်ပေးရပြီး လဝကရုံးမှာ ၆ သောင်းခွဲကျပ် ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ "ရဲစခန်းထောက်ခံစာတော့ သတ်မှတ်ထားတာမရှိဘူး။ စေတနာရှိသလောက်ပဲ ထည့်ရတာ။ မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာအတွက်ပဲ ရန်ပုံငွေဆိုပြီး ၃ သောင်းပေးရတယ်။ လဝကရုံးမှာ ၆ သောင်းပေးရတယ်" လို့ မှတ်ပုံတင်ကိုယ်တိုင်လုပ်ခဲ့သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန်တုံနဲ့ နမ့်ဆန်မြို့နယ်ကို တအာင်းတပ်မတော်- PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ရှမ်းတောင် တောင်ကြီးမြို့မှာ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ကစပြီး နမ့်ဆန်နဲ့ မန်တုံမြို့နယ် လဝကရုံးကို စစ်ကောင်စီက လားရှိုးမြို့ကို ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ဟိုပန်နဲ့ လောက်ကိုင်မြို့နယ် လဝကရုံးတွေကိုလည်း စစ်ကောင်စီက လားရှိုးမြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဓာတ်ပုံ - Local #SPM #HlaingInfo

Открыть в Telegram
Просмотры579−57%к среднему
Пересылки—
Реакции8
Комментарии—
#167259Фото

ပေါင်းတည်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသော ပေါက်တောရွာ ရာအိမ်မှူး သိန်းစံ ပစ်ခတ်ခံရပြီး သေဆုံး နိုဝင်ဘာလ ၂၆ ရက် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေပြီး စစ်ကောင်စီတပ်အတွက် ထောက်ပို့လုပ်ငန်းများ လုပ်ကိုင်ပေးနေသူ ပေါက်တောကျေးရွာ ရာအိမ်မှူး သိန်းစံကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်အချိန် ပေါင်းတည်မြို့နယ်၊ ပေါက်တောကျေးရွာ ရာအိမ်မှူး သိန်းစံသည် နေအိမ်မှ ထွက်လာစဉ် ခမရ ၁၀ တပ်ရင်းအနီး၌ တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော သိန်းစံသည် စစ်ကောင်စီတပ်အတွက် အဓိကထောက်ပို့လုပ်ငန်းများ လုပ်ကိုင်ပေးနေသူတစ်ဦးဖြစ်သကဲ့သို့ ဒေသအတွင်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌လည်း ဦးဆောင်ပါဝင်နေသူဖြစ်ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ က ပြောဆိုသည်။ ထို့ပြင် သိန်းစံ၏ သတင်းပေးတိုင်ကြားမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရပြီး သတ်ဖြတ်ခံရသူများလည်း ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စိုးရိမ်သဖြင့် ခမရ ၁၀ တပ်ရင်းအတွင်း သွားရောက်နေထိုင်ခဲ့ပြီး ကျေးရွာအတွင်း ပြန်လည်ရောက်ရှိလာသည်မှာ မကြာသေးကြောင်းလည်း ပြည်ခရိုင်တပ်ရင်း ၁ က ပြောဆိုသည်။ “အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်ပို့အမာခံတစ်ဦးလည်းဖြစ်တယ်။ ရာအိမ်မှူးတစ်ဦးလည်းဖြစ်သူ သိန်းစံကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီကောင်က ခမရ ၁၀ တပ်ထဲမှာ သွားနေနေတာ ကြာပြီ။ သူ့ကြောင့် ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်။ စစ်မှုထမ်းနေရတဲ့သူတွေလည်းရှိတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း သူသတင်းပေးလို့ ဖမ်းဆီးခံရတဲ့သူတွေရှိပါတယ်။ သတ်ခံရတဲ့သူတွေလည်းရှိပါတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။ ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသူများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ က အသိပေးပြောဆိုထားသည်။ ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ #KTM #HlaingInfo

Открыть в Telegram
Просмотры821−38%к среднему
Пересылки—
Реакции24
Комментарии—
#167258Фото

ICJ ဆုံးဖြတ်ချက်ကို မင်းအောင်လှိုင် အာခံပြီးနောက် ကျပ်ငွေတန်ဖိုး ငရဲသို့ ထပ်ဆင်း နိုဝင်ဘာလ ၂၆ ရက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၏ ဆုံးဖြတ်ချက်အားလုံးကို မလိုက်နာနိုင်ကြောင်း ရာဇဝတ် ကောင်မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ထပ်မံထိုးကျသွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၅ ရက်၊ နေပြည်တော်၌ ပြုလုပ်သည့် အစိုးရတုအစည်းအဝေးတွင် သမ္မတတု မင်းအောင် လှိုင်က ICJ စီရင်ချက်ကို အထက်ပါအတိုင်း အာခံလိုက်ပြီးနောက် ယနေ့(နိုဝင်ဘာ ၂၆ ရက်)နံနက်ပိုင်း ၌ တစ်ဒေါ်လာလျှင် ကျပ် ၅၄၀၀ ကျော်သို့ ရောက်ရှိသွားကြောင်း ငွေလဲဈေးကွက်မှ သိရသည်။ “မအလအတွက် သန်းခေါင်ထက် ညမနက်တော့ဘူးဆိုတော့ ကျပ်ငွေတန်ဖိုးက ထပ်ပြုတ်ကျဖို့ပဲ ရှိ တော့တယ်။ ဒီနေ့မနက် ဒေါ်လာဈေးက ၅၄၁၅ နဲ့ ၂၀(၅၄၂၀)ကြားရောက်လာတယ်။ မနေ့က ၅၃၀၀ ကျော်။ မနက်ဖြန်လည်း ကျပ်ငွေ ထပ်ပြုတ်ကျဦးမယ်ထင်တယ်။ ဘာမှမလုပ်နိုင်ဘူး။ မနက်မိုးလင်းရင် ကျပ်ငွေ ပြုတ်ကျတာ ထိုင်ကြည့်ပြီး ငုတ်တုတ်ရှုံးနေရတယ်”ဟု ရန်ကုန်အခြေစိုက် အီလက်ထရော နစ်လုပ်ငန်းရှင်တစ်ဦးက MPA သို့ပြောသည်။ ယနေ့နံနက်ပိုင်းတွင် ကျပ်တစ်သိန်းလျှင် ဘတ် ၆၄၀ ရှိရာမှ နေ့ခင်းပိုင်း၌ တစ်သိန်းလျှင် ဘတ် ၆၃၀ သာရတော့ကြောင်း ကျပ်နှင့်ဘတ် ဈေးကွက်မှ သိရသည်။ “အခု မအလက ကျားဖြန့်နဲ့ပတ်သက်ပြီး ရန်ကုန်နဲ့ မန္တလေးမှာ ဟန်ပြဖမ်းနေတာလောက်ပဲ ရှိတယ်။ ကျားဖြန့်ပြဿနာကို သေချာမကိုင်တွယ်ရင် FATF(နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေး ယူရေးအဖွဲ့)က ၂၀၂၇ ဖေဖေါ်ဝါရီမှာ ဆက်တင်းကျပ်သွားဦးမယ်။ ကျားဖြန့်ကို သေချာကိုင်တွယ်မယ် ဆိုရင်တောင် အချိန်ကမရှိတော့ FATF က ကိုင်မှာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။ ထို့အပြင် ဘီလီယံထောင်နှင့်ချီသော လိုငွေပြမှုကို အစိုရတု ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ ငွေစက္ကူ ရိုက်ထုတ်ခြင်းသာ ရှိသဖြင့် လာမည့် ၂၀၂၇ တိုင်းပြည်စီးပွားရေးမှာ မတွေးရဲစရာပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နိုဝင်ဘာလဆန်းပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၇၅၀ ဝန်းကျင်သာ ရှိခဲ့သည်။ #MPA #HlaingInfo

Открыть в Telegram
Просмотры764−43%к среднему
Пересылки—
Реакции16
Комментарии—
#167257Фото

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်ကို CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမှု ရုပ်သိမ်းပေးရန် ဗီယက်နမ်သမ္မတထံသို့ တရားဝင် အကြောင်းကြား နိုဝင်ဘာလ ၂၆ ရက် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်ကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားထားမှု ရုပ်သိမ်းပေးရန် အာရကန်ရိုဟင်ဂျာအမျိုးသားကွန်ဂရက် (ARNC) ဥက္ကဋ္ဌ ဦးရွှေမောင်က ဗီယက်နမ်သမ္မတ တိုလမ်ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ တရား၀င် အကြောင်းကြား တောင်းဆိုလိုက်သည်။ လာမည့်နိုဝင်ဘာ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများသို့ မင်းအောင်လှိုင် တက်ရောက်ရန် ဖိတ်ကြားထားမှုကို ပြန်လည်စဉ်းစားပြီး ဖိတ်ကြားချက် ရုပ်သိမ်းပေးရန် ARNC က တောင်းဆိုထားသည်။ အဆိုပါအိတ်ဖွင့်ပေးစာတွင် နိုဝင်ဘာ ၁၉ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း သမိုင်းဝင်စီရင်ချက် ချမှတ်ခဲ့ကြောင်း သတိပေးထားသည်။ ထိုစဉ်က မြန်မာစစ်တပ်ကို မင်းအောင်လှိုင်က ဦးဆောင်ကွပ်ကဲခဲ့သူဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွင် ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်၍ တာဝန်ခံမှုရှိ၊ မရှိ မေးခွန်းထုတ်စရာများ ရှိနေကြောင်း ARNC က ထောက်ပြထားသည်။ ထို့ပြင် မြန်မာစစ်တပ်ဦးဆောင်သည့် အစိုးရက ICJ ၏ စီရင်ချက်ကို မမျှတကြောင်း လူသိရှင်ကြား ပယ်ချခဲ့ပြီး မင်းအောင်လှိုင်ကလည်း ၎င်းတို့အနေဖြင့် သင့်လျော်သည်ဟု ယူဆသည့် အစိတ်အပိုင်းများကိုသာ လိုက်နာမည်ဟု ပြောဆိုခဲ့ကြောင်း တုံ့ပြန်ထားသည်။ ယင်းကဲ့သို့ စီရင်ချက်ကို ရွေးချယ်လိုက်နာမည့် သဘောထားသည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် စည်းနှောင်မှုရှိသော တာဝန်များကို ငြင်းဆန်ခြင်းဖြစ်ကြောင်း ARNC က ဆိုသည်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်ချမှတ်ပြီး ၉ ရက်အကြာတွင် မင်းအောင်လှိုင်ကို သံတမန်ရေးရာ ဂုဏ်ပြုမှုများဖြင့် ကြိုဆိုခြင်းသည် ရိုဟင်ဂျာအသက်ရှင်ကျန်ရစ်သူများအတွက် စိုးရိမ်ဖွယ်ရာ သတင်းစကားတစ်ရပ် ဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာတရားမျှတမှုကို ဖီဆန်ခြင်းအား တရားဝင်သဖွယ် ဖြစ်စေနိုင်ကြောင်းလည်း ARNC က သတိပေးထားသည်။ ARNC က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် တာဝန်ခံမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို စွန့်လွှတ်ပြီး ဆောင်ရွက်ရမည့်အရာ မဟုတ်ကြောင်း ထောက်ပြထားသည်။ ထို့ကြောင့် ဗီယက်နမ်အစိုးရအနေဖြင့် မင်းအောင်လှိုင်ကို ဖိတ်ကြားထားမှု ရုပ်သိမ်းရန်၊ သံတမန်ရေးရာ ဂုဏ်ပြုမှုများ မပြုလုပ်ရန်နှင့် နိုင်ငံတကာတရားရုံး၏ စည်းနှောင်မှုရှိသော စီရင်ချက်များကို လိုက်နာခြင်းသည် ရွေးချယ်နိုင်သည့်အရာမဟုတ်ကြောင်း သဘောထားကို ထိန်းသိမ်းရန် ARNC က တောင်းဆိုထားသည်။ အဆိုပါအိတ်ဖွင့်ပေးစာမှာ ရိုဟင်ဂျာများနှင့် မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှ်အတွက် ဖြစ်ကြောင်း၊  ခွဲခြား၍မရကြောင်းလည်း ARNC က ဆိုသည်။ ARNC ဥက္ကဋ္ဌ ဦးရွှေမောင်က  ICJ ၏ စီရင်ချက်နှင့်ပတ်သက်၍ နိုင်ငံတကာတာဝန်ခံမှုနှင့် ရိုဟင်ဂျာများအတွက် တရားမျှတမှု ရရှိရေးသည် အရေးကြီးကြောင်း ပြောကြားထားသည်။ “ICJ က စီရင်ချက်ချမှတ်ပြီးပြီ။ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အကျိုးဆက်များ ရှိရမည်၊ သံတမန်ရေးရာ အခွင့်ထူးများ မရှိသင့်ပါ” ဟု ဦးရွှေမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အီးမေးလ်ဖြင့် ပြောဆိုထားသည်။ ဦးရွှေမောင်က အဆိုပါအိတ်ဖွင့်ပေးစာကို ဗီယက်နမ်သမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံလွှတ်တော်အမတ်ဟောင်းဖြစ်ကာ ASEAN Parliamentarians for Human Rights (APHR) ၏ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။ #KTM #HlaingInfo

Открыть в Telegram
Просмотры885−34%к среднему
Пересылки—
Реакции26
Комментарии—
#167256Фото

နယ်စပ်ကျားဖြန့်ဂိုဏ်းတွေမြန်မာနိုင်ငံအတွင်းပိုင်း ရွှေ့ကုန်ပြီလို့ စောင့်ကြည့်သူသတိပေး နိုဝင်ဘာလ ၂၆ ရက် နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ ရွှေ့ပြောင်းသွားပြီး တခြားလုပ်ငန်းတွေ ပုံစံမျိုး အသွင်ယူ လည်ပတ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ အမေရိကန် ဥပဒေ ပညာရှင် တစ်ဦးက သတိပေးခဲ့ပါတယ်။ အမေရိကန် အစိုးရ ရှေ့နေဟောင်းလည်းဖြစ်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို စောင့်ကြည့်တဲ့ Operation Shamrockကို ထူထောင်ထားသူ အီရင်ဝက်စ်က ထိုင်း-မြန်မာ နယ်စပ်တလျှောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့် ခြံဝင်းတွေ ဖြိုချခံလိုက်ရပေမယ့် အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ နေရာရွေ့သွားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ကျားဖြန့် အန္တရာယ်ဟာ ဆက်လက် ကြီးမားနေဆဲ ဖြစ်သလို သိကျွမ်းခြင်း မရှိသူတွေရဲ့ အွန်လိုင်းကနေ ဆက်သွယ် အယုံသွင်းမှုတွေ၊ ပြည်ပ အလုပ်အကိုင် ကမ်းလှမ်းမှုတွေနဲ့ ပတ်သက်ရင် အထူးသတိထားဖို့ လိုအပ်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။ ပြီးတော့ ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်ရေးအတွက် ဒေသတွင်း နိုင်ငံတွေကြား ချိတ်ဆက် ဆောင်ရွက်မှု အခုထက် အားကောင်းဖို့ လိုလာနေပြီလို့လည်း သူက အကြံပြုခဲ့ပါတယ်။ ဆိုက်ဘာရာဇဝတ်မှုတွေ၊ နယ်စပ်ဖြတ်ကျော် ဂိုဏ်းဂဏဖွဲ့ ရာဇဝတ်မှုတွေကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးသူ ဥပဒေ ပညာရှင်လည်းဖြစ်တဲ့ ဝက်စ်ဟာ မကြာသေးခင်တုန်းက ထိုင်း-မြန်မာ နယ်စပ်ကို သွားရောက်ပြီး မြဝတီ မြို့နယ်ထဲက KK Park ကျားဖြန့်ဝင်းကို ဖောက်ခွဲ ဖျက်ဆီးမှု အခြေအနေတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ KK Parkကို ဖြိုချလိုက်ရုံနဲ့ ကျားဖြန့် လုပ်ငန်းတွေ အဆုံးသတ်သွားပြီလို့ အဓိပ္ပါယ် မှားယွင်း ကောက်ယူလို့ မရကြောင်း ဝက်စ်က သတိပေးခဲ့ပါတယ်။ ထိုင်းနဲ့ နယ်စပ်နားမှာ အဆောက်အအုံ အကြီးကြီးတွေနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတွေဟာ အရမ်း ထင်သာမြင်သာ ရှိနေတဲ့အတွက် အခုဆိုရင် ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းက လူသူသိရှိမှု နည်းပါးတဲ့ နေရာတွေဆီ ရွှေ့ပြောင်းကုန်ပြီလို့ ဝက်စ်က ဆိုပါတယ်။ ကျားဖြန့် လုပ်ငန်းတွေဟာ တောတောင် ဧရိယာတွေကနေတောင် အခြေစိုက် လည်ပတ်နိုင်တဲ့ အနေအထားမျိုး ရှိနေတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် တစ်ဦးလို့ လူသိများတဲ့ ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းရှင် ချန်ကျိကို အမေရိကန်က တရားစွဲခဲ့တဲ့နောက် ကမ္ဘောဒီးယား အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေပါ မြန်မာဖက်ကို ရွှေ့ပြောင်းလာတယ်လို့ ဝက်စ်က ပြောပါတယ်။ အာဏာပိုင်တွေက အနေနဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုစီကို ပစ်မှတ်ထား နှိမ်နင်းနေရုံနဲ့ မလုံလောက်ဘဲ နောက်ကွယ်က အဓိက ထောက်တိုင် တွန်းအားဖြစ်စေတဲ့ ကွန်ရက် တစ်ခုလုံးကို ခြေရာခံ ဖြိုချဖို့ လိုကြောင်းလည်း သူက သတိပေးသွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ ပိုင်နက်ထဲက ကွဲပြားတဲ့ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြန့်ကျက် အခြေစိုက်ထားတာ၊ မြန်မာနိုင်ငံအနှံ့ ပြည်တွင်းစစ်မီး တောက်လောင်နေတာတွေကြောင့် အဲဒီ ရာဇဝတ် ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ရေးဟာ ပိုပြီး ရှုပ်ထွေး ခက်ခဲလာနေတယ်လို့ ဝက်စ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။ ကိုးကား -Nation ၊ ဓာတ်ပုံ - FBI #LNO #HlaingInfo

Открыть в Telegram
Просмотры843−37%к среднему
Пересылки—
Реакции20
Комментарии—
#167255Фото

01- December- 2026  နေ့ ထွက်မယ့် ဘတ် ၆ သန်း ၊ ကျပ်သိန်းပေါင်းများစွာ ကံထူးရှင် ရွေးချယ်မည့်  ထိုင်းထီများကို ဝယ်ယူအားပေးလိုရပါပြီး                                                  🍀  ဘတ် ၆ သန်း ထီနံပါတ်များ  - ⤵️      049501 113802 351804 827808 946809 934110 696112 339115 220116 101117 776224 895225 985726 747728 682729 509730 271732 033734 248636 486738 605739 561246 323248 316153 435154 554155 673156 911158 731861 000865 026567 145568 502571 740573 978575 664478 069483 094084 213085 596995 239998 153410 282111 323812 090313 352515 581716 851418 706620 215022 632023 207225 504526 379228 338929 637530 349532 111433 087934 062935 688536 544338 462439 134440 932644 478445 521346 819947 194449 836150 189851 007752 381855 322656 356657 832358 100360 480862 942164 683666 418870 576571 260572 225175 947876 532880 ထီ 1 စောင်ကို မြန်မာငွေ 16,000- ကျပ်။ ထိုင်းဘတ် 100  ဖြင့် ရောင်းချပေးပါသည်။   ဆက်သွယ်ဝယ်ယူရန်   - 📥                         - https://t.me/pyithuaungpwel - https://t.me/hlaingtsp မိဘပြည်သူများအားလုံး ကံထူးအောင်ပွဲခံနိုင်ကြပါစေ။ 🙏"                                                         #ThaiLottery  #HlaingInfo

Открыть в Telegram
Просмотры899−33%к среднему
Пересылки—
Реакции21
Комментарии—
#167254Фото

ဟိုပင်မြို့ နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ်တစ်ဦးသေဆုံး၊ ▪️မိုးမိတ်-တွင်းငယ်လမ်းတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦး ဒဏ်ရာရ နိုဝင်ဘာလ ၂၆ ရက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကား ၃ စီး၊ အင်အား ၄၀ ခန့်ဖြင့် နန့်ရင်းချောင်းဘက်သို့ ထိုးစစ်ဆင်လာသည့် ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ တပ်ရင်းနှင့် SNA ပူးပေါင်းတပ်ဖွဲ့များကို KPDF တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း နယ်ထိန်းရဲ ဒုရဲအုပ် ထက်လွမ်းဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ စစ်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့များမှာ နန့်ရင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ KPDF တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ဘက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နန့်ရင်းချောင်းတံတားဘက်မှာ ဖြစ်တာ။ နယ်ထိန်းရဲ ဒုရဲအုပ် ထက်လွမ်းဦးဆိုတဲ့တစ်ယောက် သေတယ်။ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိတယ်။ တိုက်ပွဲဖြစ်တော့ ဖြတ်သန်းသွားတဲ့ ပြည်သူတွေ ကြောက်လန့်တကြားဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိတယ်။ ပြည်သူတစ်ယောက် ဒဏ်ရာရတယ်” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဟိုပင်-နန့်ရင်း ရထားလမ်းတစ်လျှောက်နှင့် ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများကို မကြာခဏ ဖမ်းဆီးပြီး စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း စစ်ရေးတင်းမာနေကြောင်း သိရသည်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နှင့် တွင်းငယ်ကြား ကားလမ်းပေါ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက်တွင် မိုးမိတ်မြို့နှင့် တွင်းငယ်သို့ သွားသည့် ကားလမ်းပေါ်ရှိ KIA ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားသော ကရင်ချောင်းတံတားဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတိအကျ မသိရကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။ “သေဆုံးမှုလည်းရှိပါတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ KIA ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ဘက်ကို စကစက ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မိုးမိတ်မြို့မှ ကချင်ပြည်နယ်ဘက်သို့ သွားသည့် လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ #KTM #HlaingInfo

Открыть в Telegram
Просмотры1 080−19%к среднему
Пересылки—
Реакции33
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч196
3 ч1 080
  1. Всего сейчас1 080
#167253Фото

ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦး ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်၍ ထွက်ပြေး လွတ်မြောက်လာ နိုဝင်ဘာလ ၂၆ ရက် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦး ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်၍ ထွက်ပြေး လွတ်မြောက်လာကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦးသည် ကျောင်းဆင်းချိန်၌ အချုပ်ခန်းဖောက်ကာ ကျောင်းသား၊ ကျောင်းသူများကြား ရောနှော၍ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။ စစ်တပ်သည် ရေဦးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-၂) ကို စာသင်ကြားရန် အတွက် ဖွင့်လှစ်ထားသကဲ့သို့ စာသင်ဆောင်တစ်ခုကိုလည်း အချုပ်ခန်းအဖြစ် အသုံးပြုကာ ၎င်းတို့ဖမ်းဆီးထားသူများကို ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် ၁၀ ဦးမှာ အသက် ၂၆ နှစ်မှ ၃၄ နှစ်အရွယ်ကြားရှိ လူငယ်များဖြစ်ပြီး လွန်ခဲ့သည့် နှစ်လခန့်က စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ ရေဦး၊ ကလေး၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များနှင့် မကွေးတိုင်း ရေစကြိုမြို့နယ်တို့မှ ဒေသခံပြည်သူများ ဖြစ်ကြောင်း သိရှိရသည်။ "လွန်ခဲ့သော ၂ လလောက်က ပေါ်တာအဆွဲခံရတာ အသက် ၂၆ နဲ့ ၃၄ နှစ်အကြားလူငယ်တွေပါ။ သူတို့က နေရာတွေမတူဘူး။ ရေဦးမြို့နယ် ၊ ကလေးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ခင်ဦးမြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တွေက လူငယ်တွေပါ။ အထက ၂ အချုပ်ထောင်မှာ ထိန်းသိမ်းထားတာ စစ်ခွေးတွေက စာသင်ဆောင်ကို အချုပ်ခန်းအဖြစ်အသုံးပြုနေတာ ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်ပြီး ကျောင်းသားတွေအကြားကနေ ရောပြီးထွက်ပြေးလာတာ ကျောင်းလည်းဖွင့်ထားတယ် အချုပ်ခန်းလဲ လုပ်ထားတာပေါ့" ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ပြောဆိုသည်။ လက်ရှိတွင် အဆိုပါ လွတ်မြောက်လာသူ ၁၀ ဦးလုံးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လွတ်မြောက်နယ်မြေတစ်နေရာသို့ ခေါ်ဆောင်၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။ ဓာတ်ပုံ - သထုံမြို့နယ်ရှိ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ပေါ်တာဆွဲအဓမ္မ ဖမ်းဆီးခံရပြီး စစ်မှု ထမ်းသင်တန်းအပတ်စဥ် ၂၃ အတင်းအကျပ် တက်ရောက်ခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းပို့ဆောင်ရန် ပြင်ဆင်နေစဉ် (ပုံအဟောင်းဖြစ်သည်) #KTM #HlaingInfo

Открыть в Telegram
Просмотры1 060−21%к среднему
Пересылки—
Реакции29
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч219
3 ч1 060
  1. Через 1 час219
  2. Всего сейчас1 060
#167252Фото

စစ်အာဏာသိမ်း (၂၁၂၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၇၁၄)ဦးထိရှိလာ နိုဝင်ဘာလ ၂၆ ရက် AAPP ရဲ့ နိုဝင်ဘာ ၂၅ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၁၂၄) ရက်အတွင်း ပြည်သူ (၈၇၁၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၄၂၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၄၅၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ကိုးကား - AAPP #TLT #HlaingInfo

Открыть в Telegram
Просмотры1 200−10%к среднему
Пересылки0
Реакции25
Комментарии0
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч373
3 ч1 200
  1. Через 1 час373
  2. Всего сейчас1 200
#167251Фото

မိုးမိတ်နဲ့တွင်းငယ်ကြား တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်က သေဆုံးထိခိုက်မှုရှိဟု KIA ပြော ▪️ဟိုပင်အနီး စစ်တပ်နဲ့ SNA ယာဉ်တန်း KIA တိုက်ခိုက်မှု စစ်တပ်အထိနာ နိုဝင်ဘာလ ၂၆ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကြားမှာ တိုက်ပွဲဆက်ဖြစ်ပြီး စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၄ရက်က မိုးမိတ်နဲ့ တွင်းငယ်ကျေးရွာကြားရှိ ကရင်ချောင်းတံတားအနီး KIA တပ်ဖွဲ့များ ရှိရာ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၇ဦး ဒဏ်ရာရရှိကာ သေဆုံးသူများရှိခဲ့ကြောင်း အသိပေးထားပါတယ်။ စစ်တပ်ဟာ မိုးမိတ်ဒေသဘက်မှ ကချင်ပြည်နယ်ဘက်သွားတဲ့ လမ်းကြောင်းများကနေ ထိုးစစ်ဆင်တိုက်ခိုက်နေလို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာလိုလည်းဖော်ပြပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့အနီးမှာလည်း နိုဝင်ဘာ ၂၄ရက်မနက် ၇နာရီခွဲဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ SNA ပူးပေါင်းပြီး ကား ၃စီး အင်အား ၄၀ခန့်နဲ့ တက်လာလို့ ဟိုပင်-နန့်ရင်းကျေးရွာကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်က အထိနာ ကျဆုံးမှုများခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ အဲဒါကြောင့် စစ်တပ်ဟာ ပြန်ဆုတ်ခွာသွားတယ်လို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း အရပ်သား ပြည်သူ ၁ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီဒေသက ရထားလမ်းတလျှောက်နဲ့ ဟိုပင်-နန့်ရင်းလမ်းဘက် အာဏာသိမ်းစစ်တပ်ရော KIA ပူးပေါင်းတပ် စစ်ကြောင်းတွေရော စစ်ရေးလှုပ်ရှားနေကြောင်း အသိပေးထားပါတယ်။ KIA ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ မိုးမိတ်ဒေသမှာ စက်တင်ဘာလကုန်ပိုင်းကတည်းက လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို မိုးညှင်းမြို့နယ်အတွင်း ဒေသတွေမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။ (ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar) #LNO #HlaingInfo

Открыть в Telegram
Просмотры1 400+5%к среднему
Пересылки3
Реакции32
Комментарии0
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч783
4 ч1 400
  1. Через 1 час783
  2. Через 6 часов1 400
  3. Всего сейчас1 400
#167250Фото

နိုဝင်ဘာ ၂၉ ရက်တွင် ICJ၊ ICC နှင့် OIC ကိုကန့်ကွက်သည့် ဆန္ဒပြပွဲများ မန္တလေးနှင့် ပဲခူးတွင် ပြုလုပ်မည်ဟု ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ပြော နိုဝင်ဘာလ ၂၆ ရက် အမျိုးသားရေးအစွန်းရောက်များက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) နှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က ၎င်း၏ TikTok လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုထားသည်။ အဆိုပါဆန္ဒပြပွဲများကို နိုဝင်ဘာ ၂၉ ရက်တွင် မန္တလေးနှင့် ပဲခူးမြို့တို့၌ ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။ ပေါက်ကိုယ်တော်၏ ပြောဆိုချက်အရ မန္တလေးမြို့တွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပြီး ကျုံးထောင့်၌ ပြုလုပ်ရန် စီစဉ်ထားကာ လူဦးရေ ၂၀၀ ခန့် ပါဝင်လာမည်ဟု ဆိုသည်။ ထိုနေ့တွင်ပင် ပဲခူးမြို့၌ လည်း အလားတူ ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။ “ဒီလိုဆန္ဒပြပွဲတွေ လုပ်တာဟာ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဘယ်လိုမြင်သလဲဆိုတာကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ နိုင်ငံတကာတရားရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ လူစုလူဝေးလုပ်ပြတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပုံရိပ်နဲ့ နိုင်ငံတကာဆက်ဆံရေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ အခုလိုအချိန်မှာ ပြည်သူတွေအနေနဲ့ နိုင်ငံတကာရဲ့ အမြင်မှာ မြန်မာနိုင်ငံရဲ့ သိက္ခာကျမသွားအောင် စဉ်းစားလုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ ထို့ပြင် ရန်ကုန်မြို့တွင်လည်း ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်နေသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပေါက်ကိုယ်တော်ကဆိုထားပြီး အဖွဲ့အစည်းတစ်ခုတည်းက ဦးဆောင်ပြုလုပ်ခြင်းထက် ပြည်သူလူထုတစ်ရပ်လုံးနှင့် တစ်သားတည်း ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုအားကောင်းမည်ဟုလည်း ၎င်းက အကြံပြုပြောဆိုခဲ့သည်။ ပေါက်ကိုယ်တော်က ICJ၊ ICC နှင့် OIC တို့ကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့သလို အဆိုပါအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို မြန်မာပြည်သူများအနေဖြင့် ဂရုမစိုက်ကြောင်း ဆန္ဒပြပွဲများမှတစ်ဆင့် ပြသသွားမည်ဟုလည်း ဆိုသည်။ သို့သော် ICJ သည် ကုလသမဂ္ဂ၏ အဓိကတရားရေးအဖွဲ့အစည်းဖြစ်ပြီး ICC သည် နိုင်ငံတကာရာဇဝတ်မှုများကို စစ်ဆေးသည့် သီးခြားတရားရုံးဖြစ်ကာ OIC မှာ အဖွဲ့ဝင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။ အဖွဲ့အစည်းသုံးခုသည် တစ်ဖွဲ့တည်းမဟုတ်ဘဲ လုပ်ပိုင်ခွင့်နှင့် ရည်ရွယ်ချက်များလည်း မတူညီကြသော်လည်း ပျူခေါင်းဆောင်ပေါက်ကိုယ်တော်က တစ်ပေါင်းတည်းပြောဆိုခဲ့သည်။ #MPA #HlaingInfo

Открыть в Telegram
Просмотры1 360+2%к среднему
Пересылки4
Реакции45
Комментарии1
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч790
4 ч1 360
  1. Через 1 час790
  2. Через 6 часов1 360
  3. Всего сейчас1 360
#167249Фото

ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦး ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်၍ ထွက်ပြေး လွတ်မြောက်လာ နိုဝင်ဘာ ၂၆ ရက် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦး ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်၍ ထွက်ပြေး လွတ်မြောက်လာကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ရေဦးမြို့ပေါ် အ.ထ.က ၂ စာသင်ကျောင်းတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော လူငယ် ၁၀ ဦးသည် ကျောင်းဆင်းချိန်၌ အချုပ်ခန်းဖောက်ကာ ကျောင်းသား၊ ကျောင်းသူများကြား ရောနှော၍ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။ စစ်တပ်သည် ရေဦးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-၂) ကို စာသင်ကြားရန် အတွက် ဖွင့်လှစ်ထားသကဲ့သို့ စာသင်ဆောင်တစ်ခုကိုလည်း အချုပ်ခန်းအဖြစ် အသုံးပြုကာ ၎င်းတို့ဖမ်းဆီးထားသူများကို ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် ၁၀ ဦးမှာ အသက် ၂၆ နှစ်မှ ၃၄ နှစ်အရွယ်ကြားရှိ လူငယ်များဖြစ်ပြီး လွန်ခဲ့သည့် နှစ်လခန့်က စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ ရေဦး၊ ကလေး၊ တန့်ဆည်၊ ခင်ဦးမြို့နယ်များနှင့် မကွေးတိုင်း ရေစကြိုမြို့နယ်တို့မှ ဒေသခံပြည်သူများ ဖြစ်ကြောင်း သိရှိရသည်။ "လွန်ခဲ့သော ၂ လလောက်က ပေါ်တာအဆွဲခံရတာ အသက် ၂၆ နဲ့ ၃၄ နှစ်အကြားလူငယ်တွေပါ။ သူတို့က နေရာတွေမတူဘူး။ ရေဦးမြို့နယ် ၊ ကလေးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ခင်ဦးမြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တွေက လူငယ်တွေပါ။ အထက ၂ အချုပ်ထောင်မှာ ထိန်းသိမ်းထားတာ စစ်ခွေးတွေက စာသင်ဆောင်ကို အချုပ်ခန်းအဖြစ်အသုံးပြုနေတာ ကျောင်းဆင်းချိန် အချုပ်ခန်းဖောက်ပြီး ကျောင်းသားတွေအကြားကနေ ရောပြီးထွက်ပြေးလာတာ ကျောင်းလည်းဖွင့်ထားတယ် အချုပ်ခန်းလဲ လုပ်ထားတာပေါ့" ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ပြောဆိုသည်။ လက်ရှိတွင် အဆိုပါ လွတ်မြောက်လာသူ ၁၀ ဦးလုံးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လွတ်မြောက်နယ်မြေတစ်နေရာသို့ ခေါ်ဆောင်၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။ ဓာတ်ပုံ - သထုံမြို့နယ်ရှိ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ပေါ်တာဆွဲအဓမ္မ ဖမ်းဆီးခံရပြီး စစ်မှု ထမ်းသင်တန်းအပတ်စဥ် ၂၃ အတင်းအကျပ် တက်ရောက်ခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းပို့ဆောင်ရန် ပြင်ဆင်နေစဉ် (ပုံအဟောင်းဖြစ်သည်) #KTM #HlaingInfo

Открыть в Telegram
Просмотры1 260−6%к среднему
Пересылки3
Реакции35
Комментарии0
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч713
4 ч1 260
  1. Через 1 час713
  2. Через 6 часов1 260
  3. Всего сейчас1 260
#167248Видео
Просмотры1 280−4%к среднему
Пересылки1
Реакции72
Комментарии0
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
1 ч730
4 ч1 280
  1. Через 1 час730
  2. Через 6 часов1 280
  3. Всего сейчас1 280
#167247Фото

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အမေရိကန်အစိုးရက ဆောင်ရွက်ပေးရန် မြန်မာအရေး ဆောင်ရွက်နေသော ဘာသာပေါင်းစုံအဖွဲ့နှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံစဉ် တောင်းဆို နိုဝင်ဘာ ၂၆ ရက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများနှင့် ဘာသာရေးယုံကြည်မှုကြောင့် အကျဉ်းချခံထားရသည့် ခရစ်ယာန်များကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရေး အမေရိကန်အစိုးရက ဆောင်ရွက်ပေးရန် မြန်မာ့အရေးဆောင်ရွက်နေသည့် ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့က အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Riley M. Barnes နှင့် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Julie Turner တို့နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြောင်း Burma Research Institute (BRI) က ပြောသည်။ ထိုတွေ့ဆုံမှုကို နိုဝင်ဘာ ၂၃ ရက်တွင် ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ၊ ခရစ်ယာန်များအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများ၊ ရိုဟင်ဂျာများ၏ အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများအရေးကို ဆွေးနွေးခဲ့ကြသည်။ BRI  ဦးဆောင်သည့် မြန်မာနိုင်ငံမှ ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့က ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ထံ ပေးပို့ခဲ့သော ဘာသာပေါင်းစုံ ပူးတွဲစာတွင် တောင်းဆိုထားသည့် အချက်များကိုလည်း တွေ့ဆုံပွဲ၌ အဓိကထား တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ အမေရိကန်သမ္မတ ထရမ့်အစိုးရအနေဖြင့် သင်းအုပ်ဆရာ Thian Lian Sang၊ သင်းအုပ်ဆရာ Salai Ayla Lone Wai နှင့် ဘာသာရေးယုံကြည်မှု သို့မဟုတ် လူမျိုးဘာသာဆိုင်ရာ အထောက်အထားကြောင့် အကျဉ်းချခံထားရသည့် ခရစ်ယာန်များအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွတ်မြောက်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားအားလုံးကိုလည်း ချက်ချင်း၊ ခြွင်းချက်မရှိ လွှတ်ပေးရေးကိုလည်း အမေရိကန်အစိုးရက ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။ ယင်းအပြင် ၁၉၉၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဥပဒေအရ မြန်မာနိုင်ငံကို “အထူးစိုးရိမ်ရသည့်နိုင်ငံ” (Country of Particular Concern – CPC) အဖြစ် ပြန်လည်သတ်မှတ်ရန်၊ မြန်မာစစ်တပ်က ခရစ်ယာန်များအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း သတ်မှတ်ရန်တို့ ပါဝင်သည်။ ထို့ပြင် မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ၊ အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့် ကန့်သတ်မှုများနှင့် အခြားရရှိနိုင်သည့် သံတမန်ရေးရာ အရေးယူမှုများ ပြုလုပ်ရန်လည်း အမေရိကန်အစိုးရကို တောင်းဆိုထားသည်။ အဆိုပါတွေ့ဆုံပွဲတွင် ကိုယ်စားလှယ်များက ကရင်နီ (ကယား)၊ ကချင်နှင့် ချင်းပြည်နယ်များရှိ ခရစ်ယာန်များအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများနှင့် ဖြစ်ရပ်များကို တင်ပြခဲ့ကြပြီး ရိုဟင်ဂျာများ၏ အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ဆွေးနွေးခဲ့ကြသည်။ Baptist World Alliance ၏ အထွေထွေအတွင်းရေးမှူးနှင့် အမှုဆောင်အရာရှိချုပ် Rev. Dr. Elijah Brown က သင်းအုပ်ဆရာ Sang နှင့် သင်းအုပ်ဆရာ Wai အပါအဝင် အကျဉ်းချခံထားရသည့် သင်းအုပ်ဆရာများနှင့် မြန်မာနိုင်ငံရှိ ဘာသာရေးယုံကြည်သူများအတွက် အလွန်စိုးရိမ်ကြောင်း တွေ့ဆုံပွဲတွင် ပြောကြားသည်။ .ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

Открыть в Telegram
Просмотры1 480+11%к среднему
Пересылки3
Реакции56
Комментарии1
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
2 ч985
5 ч1 480
  1. Через 6 часов1 480
  2. Всего сейчас1 480
#167246Фото

"စစ်အုပ်စုကြောင့် ကျသွားတဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ကျွန်မတို့ ဒီနွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုရဲ့ ရုန်းကန်မှုတွေ၊ သဘောထားတွေ၊ တရားမျှတမှုကို မြတ်နိုးမှုတွေ၊ လူသားဆန်မှုတွေနဲ့သာလျှင် ပြန်ပြီး ဆွဲတင်နိုင်လိမ့်မယ်။ ပြည်သူလူထုအနေနဲ့ ကိုယ်က တရားမျှတမှုဘက်မှာရပ်တည်နေတယ်၊ လူသားဆန်မှုဘက်မှာ ရပ်တည်နေတယ်ဆိုရင် နိုင်ငံသားတစ်ဦးချင်းဆီအနေနဲ့ ဘာမှ ဂုဏ်သိက္ခာကျစရာမရှိပါဘူး။" ဒေါ်ဇင်မာအောင် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (ICJ စီရင်ချက် ရှေ့ဘာတွေဆက်ဖြစ်မလဲ စကားဝိုင်း ဆွေးနွေးပွဲမှ ကောက်နုတ်ချက်) #PVTV #HlaingInfo

Открыть в Telegram
Просмотры1 530+15%к среднему
Пересылки2
Реакции63
Комментарии0
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
2 ч1 113
5 ч1 530
  1. Через 6 часов1 530
  2. Всего сейчас1 530
#167245Фото

အာဏာရှင်နှစ်နိုင်ငံဖြစ်သည့် ရုရှားနှင့် မြန်မာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် နိုဝင်ဘာလ ၂၆ ရက် ရုရှားနှင့် မြန်မာရေတပ်တို့ ပူးတွဲပြုလုပ်မည့် “Marumex-2026” ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ရုရှားပစိဖိတ်ရေတပ်မှ စစ်ရေယာဉ်သုံးစင်းသည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောက်ရှိလာသည့် ရေယာဉ်များမှာ ဖရီးဂိတ်စစ်သင်္ဘော Marshal Shaposhnikov၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်ကြီး Admiral Tributs နှင့် ရေယာဉ်ဆီဖြည့်တင်ပို့ရေးသင်္ဘော Pechenga တို့ဖြစ်သည်။ အဆိုပါစစ်ရေယာဉ်အုပ်စုသည် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်နှင့် လေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ရောက်ရှိပြီးနောက် ရက်အနည်းငယ်အတွင်း လေ့ကျင့်ခန်းအဆင့်ဆင့်အတွက် စီမံချက်ရေးဆွဲခြင်း၊ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်မှုအဆင့်တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့နောက် ကပ္ပလီပင်လယ်ပြင်အတွင်း ရုရှားရေတပ်နှင့် မြန်မာရေတပ်တို့ ပူးပေါင်းကာ စစ်ရေယာဉ်များ ဖြန့်ကြက်နေရာယူခြင်း၊ ရေကြောင်းစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို လေ့ကျင့်မည်ဖြစ်သည်။ ထို့အပြင် လေကြောင်းရန်ကာကွယ်ရေး၊ ရေကြောင်းမိုင်းရန်ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများနှင့် အကြမ်းဖက်သမားများက သိမ်းပိုက်ထားသည်ဟု သတ်မှတ်ထားသော သင်္ဘောတစ်စင်းကို ပြန်လည်ကယ်တင်သည့် လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခိုင်မာစေရန်နှင့် အရှေ့တောင်အာရှပင်လယ်ရေပြင်အတွင်း အရပ်ဘက်သင်္ဘောသွားလာရေးနှင့် ရေကြောင်းစီးပွားရေးလုပ်ငန်းများ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လေ့ကျင့်ရန်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရုရှားရေတပ်နှင့် ပူးတွဲရေကြောင်းလုံခြုံရေးစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းသည် ယခုအကြိမ်အပါအဝင် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း မြန်မာအစိုးရသတင်းစာက ဖော်ပြထားသည်။ #MPA #HlaingInfo

Открыть в Telegram
Просмотры1 540+15%к среднему
Пересылки2
Реакции43
Комментарии0
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
2 ч1 128
5 ч1 540
  1. Через 6 часов1 540
  2. Всего сейчас1 540
#167244Фото

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုကို ငွေကြေးဈေးကစားမှုကြောင့်ဟု မင်းအောင်လှိုင် အပြစ် တင်၊ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်သူများကို ဆက်တိုက်ဖမ်းဆီးပြနေပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅,၄၄၀ အထိ ရောက်ရှိ နိုဝင်ဘာလ ၂၆ ရက် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုမှာ နိုင်ငံခြားငွေကိုင်ဆောင်သူများ၏ ဈေးကစားမှုကြောင့်ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုလိုက်ပြီး စစ်ကောင်စီက နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်သူများကို ဆက်တိုက်ဖမ်းဆီးနေကာ ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ကျပ် ၅,၄၄၀ အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ အစည်း အဝေးတွင်  နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်လာခြင်းနှင့် ကုန်ဈေးနှုန်းကြီး မြင့်လာခြင်းတို့သည် နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများတွင် ရင်း နှီး မြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားသူများ၏ ငွေကြေးဈေးကစားမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ပြောဆိုသည်။ ထို့ပြင် ငွေကြေးတန်ဖိုးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းထားတွင် ရှိရန်လိုကြောင်း၊ ဝင် ငွေနည်းပါးသူများ စားဝတ်နေရေး အဆင်ပြေစေရေး၊ ကုန်ထုတ်လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး၊ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေတိုးပွားရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေး အဆင်ပြေစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ သို့သော် ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး ဆက်လက်မြင့်တက်နေပြီး ရန်ကုန်အခြေ စိုက် ဒေါ်လာဝယ်ရောင်းကုန်သည်တစ်ဦး၏ ပြောကြားချက်အရ နိုဝင်ဘာ ၂၅ ရက် ညပိုင်းတွင် USDT ဈေးနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅,၄၄၀ ဝန်းကျင်ရှိပြီး အရွက်ဒေါ်လာဈေးမှာ USDT ဈေးထက် ကျပ် ၃၀ ခန့် ပိုမြင့်သဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၅,၄၇၀ ဝန်းကျင်ရှိကြောင်း သိရသည်။ “မနေ့ညပိုင်း USDT စျေးက အမေရိကန် ၁ ဒေါ်လာ ၅၄၄၀ ကျပ်ရှိတယ်။ အရွက်စျေးကတော့ USDT စျေးထက် ၁ ဒေါ်လာကို ၃၀ လောက်ပိုများတော့ ၁ ဒေါ်လာကို ၅၄၇၀ လောက်ရှိမယ်။ စျေးကွက်က အဖမ်းအဆီးတွေများတော့ အရောင်းအဝယ်နည်းတယ်။ USDT ကိုပဲ အားပြုပြီး ရောင်းဝယ်နေကြတာ” ဟု ရန်ကုန်အခြေစိုက် ဒေါ်လာဝယ်ရောင်းကုန်သည်က ရှင်းပြသည်။ လတ်တလော စစ်ကောင်စီကက နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်သည်ဟုဆိုကာ ရန်ကုန်မြို့တွင် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။ နိုဝင်ဘာ ၂၃ ရက်နေ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ ဦးမောင်မောင်စိုးလမ်းရှိ နေအိမ်တစ်ခု၌ ဗဟိုဘဏ်၏ ခွင့်ပြုလိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချနေကြောင်း သတင်းရရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ စစ်ဆေးမှုအတွင်း ကိုကျော်စွာနှင့် မနှင်းပွင့်တို့ထံမှ အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀၊ ထိုင်းဘတ် ၅၅၀,၀၀၀၊ တရုတ်ယွမ် ၃၇၀,၀၀၀၊ မြန်မာကျပ်ငွေ ၆၃,၀၀၀,၀၀၀ နှင့် ငွေကြေးအရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည်ဟုဆိုသည့် လက်ကိုင်ဖုန်း ၄ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့အတူ နိုဝင်ဘာ ၂၂ ရက်တွင်လည်း ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းမပေါ်၌ နိုင်ငံခြားငွေ တရားမဝင်ဝယ်ယူရောင်းချသည်ဟုဆိုကာ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ ဦးမိုဟာမတ်ယူနုစ် (ခ) မောင်မောင်လွင်ကို ဖမ်းဆီးခဲ့သည်။ ၎င်းထံမှ အမေရိကန်ဒေါ်လာ ၁၅,၅၀၀၊ မြန်မာကျပ်ငွေ ၈၅၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းရှိ ဆူးလေကုန်းကျော် လူကူးတံတားအနီး၌ ကိုရာဂျား (ခ) အောင်ချိုထွန်းကို ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ အမေရိကန်ဒေါ်လာ ၃,၅၅၀၊ တရုတ်ယွမ် ၅,၆၀၀၊ မလေးရှားရင်းဂစ် ၅,၂၀၀၊ မြန်မာကျပ်ငွေ ၁၀,၂၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်တပ်က  သတင်းထုတ် ပြန်သည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

Открыть в Telegram
Просмотры1 304−2%к среднему
Пересылки5
Реакции37
Комментарии2
#167243Фото

တံတားဦးလေတပ်အနီး ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုအတွင်း စစ်တပ် လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် အသက် ၅၇ နှစ်အရွယ် သိန်းဆွေ သေဆုံး နိုဝင်ဘာလ ၂၅ ရက် မန္တလေးတိုင်း၊ တံတားဦးမြို့နယ် အမှတ် ၃ ရပ်ကွက်တွင် မသင်္ကာဖွယ်ကျောပိုးအိတ်တစ်လုံးကို စစ်ဆေးရှင်းလင်းနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက် အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် အသက် ၅၇ နှစ်အရွယ် သိန်းဆွေ သေဆုံးခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ နိုဝင်ဘာ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်တွင် တံတားဦးလေဆိပ်အနီး အမှတ် ၃ ရပ်ကွက်၌ မသင်္ကာဖွယ် အနက်ရောင်ကျောပိုးအိတ်တစ်လုံး တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့သဖြင့် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးစဉ် ကျောပိုးအိတ်အတွင်း ထောင်ထားသည့် ဗုံးပေါက်ကွဲခဲ့ရာ တံတားဦးမြို့မရဲစခန်းမှူးအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူ ၇ ဦးအနက် စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်း ၆ ဦး၊ ပြည်သူတစ်ဦး ပါဝင်ပြီး မန္တလေးဆေးရုံ OPD တွင် ဆေးကုသမှုခဲ့ကြောင်း၊ ထို့ကြောင့် ရရှိသော ဒဏ်ရာဖြင့် အသက် ၅၇ နှစ်အရွယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် သိန်းဆွေမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။ "သေသွားတဲ့သူက ဗုံးကို တွေ့ပြီး အကြောင်းကြားတဲ့သူပါ။ သူက အနီးကပ် စစ်ဆေးနေတုန်း ပေါက် ကွဲသွားတာ။ ရဲတွေလည်း ထိတယ်။ စစ်သားတွေလည်းထိတယ်။ အခြားထိတဲ့သူတွေလည်း ဒဏ်ရာပြင်းထန်တယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့များက ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် တံတားဦးမြို့နယ် အမှတ် ၃ ရပ်ကွက်နှင့် ကျေးရွာများတွင် လူစိမ်းများ ဝင်ရောက်လာပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ထံ အသိပေးရန် ဒေသခံများကို စစ်တပ်က ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။ #KTM #HlaingInfo

Открыть в Telegram
Просмотры1 710+28%к среднему
Пересылки3
Реакции56
Комментарии0
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
3 ч1 364
6 ч1 710
  1. Через 6 часов1 710
  2. Всего сейчас1 710
#167242Фото

မင်းအောင်လှိုင်၏ ကျပ်မပြည့်သော ပြဿနာဖြေရှင်းနည်းကို NLD ဒုဝန်ကြီး လှောင်ပြောင် နိုဝင်ဘာလ ၂၆ ရက် ပြည်တွင်းတွင် ဆန္ဒပြလိုက်လျှင် နိုင်ငံတကာက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိမည်ဟု စစ်ဗိုလ်ချုပ်တို့ ထင်နေပုံရကြောင်း NLD အစိုးရ၊ စီမံဘဏ္ဍာနှင့်စက်မှု ဒုဝန်ကြီး ဦးဆက်အောင်က ပြောကြားလိုက်သည်။ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေဖြေရှင်းရန်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားခြင်းထက် ပြည်တွင်းမှာ ဆန္ဒပြပွဲများ ပြုလုပ်ရန် ဦးစားပေးနေကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်အပေါ် အခြေခံကာ ဦးဆက်အောင်၏ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားခဲ့ခြင်းဖြစ်သည်။ “ဒီလိုအဖြစ်အပျက်မျိုး ကြုံလာတိုင်း အုပ်ချုပ်သူတွေဘက်က တုံ့ပြန်ပုံဟာ ထုံးစံအတိုင်း “အကန်” နဲ့ စပါတယ်”ဟု ၎င်းက ပြောသည်။ စီးပွားရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ကုန်ဈေးနှုန်းတက်လျှင် ကုန်ပစ္စည်းရောင်း ချသူများကို အာဏာသုံး ခြိမ်းခြောက်သလို ဒေါ်လာဈေးတက်လျှင် ဒေါ်လာရောင်းသူများကို ဖမ်း လိုက်လျှင် အဆင်ပြေသွားမည်ဟု ထင်နေကြောင်းလည်း ဆိုသည်။ “Scam Centers တွေ ရန်ကုန်၊ မန္တလေးအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေတဲ့ အခြေအနေ မှာလည်း အဲဒီလုပ်ငန်းလေး ၂ ခု၊ ၃ ခုလောက်ကို ဖမ်းဆီးပြလိုက်ရုံနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ရနိုင်တယ်လို့ ထင်နေပုံလည်းရပါတယ်။ အပင်ရဲ့ အမြစ်ကို မထိဘဲ ကိုင်းဖျားကိုင်းနားလေးတွေကို လိုက်ခုတ်ပြနေတာ နိုင်ငံတကာက မသိလောက်ဘူးဆိုပြီး တွေးနေရင်တွေးနေမှာပေါ့။ ပြဿနာ တစ်ခုကို ဖြေရှင်းခြင်းနဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနေသယောင် ပြသခြင်းတို့ဟာ အနှစ်သာရအားဖြင့် များစွာကွာပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။ ယင်းသို့သော နည်းလမ်းများဖြင့် ဖြေရှင်းမှုမှာ အခါခါကျဆုံးခဲ့သည့်တိုင် ယနေ့အထိလုပ်မြဲဖြစ် ကြောင်းလည်း ဆိုသည်။ ပုံစာ-ရုရှားတွင် ပျော်နေသော မင်းအောင်လှိုင်။(ပုံဟောင်း) ဓာတ်ပုံ-လူမှုကွန်ရက် #MPA #HlaingInfo

Открыть в Telegram
Просмотры1 690+27%к среднему
Пересылки3
Реакции55
Комментарии0
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
4 ч1 345
6 ч1 690
  1. Через 6 часов1 690
  2. Всего сейчас1 690
#167241Фото

သရုပ်ဆောင်ဒေါင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် “The Room” ဇာတ်လမ်းတို ဆိုးလ်လွတ်လပ်သောရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရ နိုဝင်ဘာလ ၂၆ ရက် သရုပ်ဆောင်ဒေါင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် “The Room” ရုပ်ရှင်ဇာတ်လမ်းတိုကို တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် ၅၂ ကြိမ်မြောက် ဆိုးလ်လွတ်လပ်သောရုပ်ရှင်ပွဲတော် (Seoul Independent Film Festival – SIFF 2026) တွင် ပြသခွင့်ရရှိခဲ့ကြောင်း ဒေါင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့(နိုဝင်ဘာ ၂၅ ရက်တွင်) အသိပေးမျှဝေထားသည်။ “The Room” ဇာတ်လမ်းတိုတွင် ဒေါင်းက ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးထားသည့်အပြင် ကိုသူ (Ko Thu) ဇာတ်ကောင်အဖြစ်လည်း ပါဝင်သရုပ်ဆောင်ထားပြီး Wendy က မြ (Mya) ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ဇာတ်ကားသည် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးနှင့် နိုင်ငံရေးအခြေအနေများ၏ ရိုက်ခတ်မှုကြောင့် နေရပ်စွန့်ခွာကာ ပြည်ပနိုင်ငံတစ်ခုတွင် ဘဝသစ်ပြန်လည်တည်ဆောက်ရန် ကြိုးစားနေရသည့် လူငယ်တစ်ဦး၏ အကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။ ထိုလူငယ်၏ ရုန်းကန်ရှင်သန်ရမှု၊ အထီးကျန်မှု၊ မရေရာသည့် အနာဂတ်နှင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို အခန်းကျဉ်းလေးတစ်ခန်းအတွင်းမှတစ်ဆင့် ရုပ်ရှင်အနုပညာဖြင့် ပုံဖော်တင်ဆက်ထားကြောင်း ဒေါင်းက ပြောသည်။ ဇာတ်လမ်းသည် လူငယ်တစ်ဦး၏ အတွေ့အကြုံကို အခြေခံထားသော်လည်း လက်ရှိအချိန်တွင် အလားတူအခြေအနေများကို ရင်ဆိုင်ဖြတ်သန်းနေရသည့် မြန်မာလူငယ်များစွာ၏ ဘဝအခြေအနေများကိုလည်း ကိုယ်စားပြုဖော်ပြထားကြောင်း သိရသည်။ “The Room” ဇာတ်လမ်းတိုကို နိုဝင်ဘာ ၂၈ ရက်တွင် ဆိုးလ်မြို့၌ ပြသမည်ဖြစ်ပြီး ဒေါင်းကိုယ်တိုင်လည်း ရုပ်ရှင်ပြသချိန်တွင် ဆိုးလ်မြို့၌ ရှိနေမည်ဖြစ်ကြောင်း ၎င်းက အသိပေးထားသည်။ ထို့အပြင် ဇာတ်ကားဖြစ်မြောက်လာစေရန် အတူတကွ ကြိုးစားပေးခဲ့ကြသည့် အနုပညာရှင်များ၊ ရုပ်ရှင်ဖန်တီးသူများနှင့် ကူညီပံ့ပိုးပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဒေါင်းက ဖော်ပြထားသည်။ ရုပ်ရှင်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Seoul Independent Film Festival ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ #MPA #HlaingInfo

Открыть в Telegram
Просмотры1 684+26%к среднему
Пересылки2
Реакции52
Комментарии0
#167240Фото

ICJ စီရင်ချက်က ဂုဏ်သိက္ခာထိခိုက်စေပြီး လက်ခံမည်မဟုတ်ဘဲ လိုက်နာရန်မသင့်သည်များကို မလိုက်နာဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော နိုဝင်ဘာလ ၂၆ ရက် မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်သည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ နိုင်ငံတော်ကို ထိပါးလာသည့် ကိစ္စရပ်များကို လက်ခံမည်မဟုတ်ဘဲ လိုက်နာရန်မသင့်သည်များကို လိုက်နာမည်မဟုတ်ကြောင်း စစ်ကောင်စီခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ မင်းအောင်လှိုင်က နိုဝင်ဘာ ၂၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး၌ လက်ရှိနိုင်ငံ့အခြေအနေများနှင့် ICJ အမှုအကြောင်း ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တင်သွင်းထားသည့် အမှုတွင် ICJ က စီရင်ချက်ချမှတ်ခဲ့ကြောင်း၊ ယင်းအမှုသည် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ အမှုတင်သွင်းခဲ့သည့် ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံးလုပ် ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခဲ့ပြီး အချက်အလက်များကို ခိုင်မာစွာ တင်ပြခဲ့ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည့် အသုံးအနှုန်းသည် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်းလည်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ လျှောက်လဲချက်များ တင်သွင်းရာတွင် သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို ပြည့်စုံစွာ တင်ပြခဲ့ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။ ၎င်းအနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ကိစ္စရပ်များအပေါ် အဓိကတာဝန်ရှိသည်ဟု ခံယူထားကြောင်း၊ နိုင်ငံတော်ကို ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်းလည်း ပြောသည်။ ICJ ၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်မည်ဖြစ်သော်လည်း လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း မင်းအောင်လှိုင်က ထပ်မံပြောဆိုသည်။ ယင်းအပြင် မင်းအောင်လှိုင်က အာဆီယံနှင့်ပတ်သက်၍လည်း အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်း ဆောင်များက လက်မှတ်ရေးထိုးသဘောတူထားသည့် အာဆီယံပဋိညာဉ်နှင့် မူဝါဒများ အသက်ဝင်နေသရွေ့ ယင်းတို့ကို အခြေခံ၍ လိုက်နာဆောင်ရွက်သွားမည်ဟု ပြော ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးကို အလေးထားကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံပဋိညာဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ဆက်ဆံသွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားရန်လိုကြောင်း ၎င်းက ပြောဆိုခဲ့သည်။ #KTM #HlaingInfo

Открыть в Telegram
Просмотры1 713+28%к среднему
Пересылки3
Реакции37
Комментарии2
#167239Фото

အိုင်စီ ဂျေ စီရင်ချက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး ***** မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဆုံးဖြတ်ခဲ့ပြီး ခြောက်ရက်အကြာတွင် ဗြိတိန်၏ တောင်းဆို မှု ကြောင့်  ယခုကဲ့သို့ ယနေ့ တံခါးပိတ် ‌ဆွေးနွေးပွဲ ဖြစ် မြောက်လာခဲ့ခြင်းပင် ဖြစ်သည်။ ကုလသမဂ္ဂက အဆိုပါအစည်းအဝေးကို ဗုဒ္ဓဟူးနေ့ နယူးယောက်စံတော်ချိန် နံနက် ၁၀ နာရီ (မြန်မာစံတော်ချိန် ည ၉ နာရီခွဲ) တွင် ကျင်းပရန် စီစဉ်ထားပါသည်။ ကောင်စီအဖွဲ့ဝင်များသည် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများအကြောင်းကို ဦးစွာဆွေးနွေးကြမည်ဖြစ်ပြီး ထို့နောက် ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်အရ “အခြားကိစ္စရပ်များ" အစီအစဉ်အောက်တွင် မြန်မာ့အရေးကို ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။ ယနေ့ ဆွေးနွေးမှုသည် ပဏာမ ညှိနှိုင်းမှုသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော အခြေအနေများနှင့်ပတ်သက်သည့်အဓိက သီးခြားအစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပရန် စီစဉ်ထားသည်။ ထိုအစည်းအဝေး ကျင်းပပေးရန် ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်ကို ပြင်သစ်နိုင်ငံက ထောက်ခံထားသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ နှင့် အာဆီယံ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို  တို့အား လုံခြုံရေးကောင်စီသို့ အခြေအနေများ ရှင်းလင်းတင်ပြပေးရန် ဗြိတိန်နိုင်ငံက တောင်းဆိုထားပါသည်။ ICJ ၏ ဆုံးဖြတ်ချက်များကို လိုက်နာရန်မှာ နိုင်ငံတကာ ဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတရပ်ဖြစ်ကြောင်း ပြောကြားလျက် မြန်မာနိုင်ငံအနေဖြင့် အဆိုပါစီရင်ချက်ကို “နှောင့်နှေးကြန့်ကြာမှုမရှိဘဲ” အပြည့်အဝ အကောင်အထည်ဖော်ရန် ဥရောပသမဂ္ဂ (EU) က တိုက်တွန်းလိုက်ပါသည်။ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင် တရားရုံး၏ အခန်းကဏ္ဍကို ဥရောပသမဂ္ဂအနေဖြင့် ဆက်လက်ထောက်ခံကြောင်း EU ပြောရေးဆိုခွင့်ရှိသူတဦးက ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့သော အရေးယူဆောင်ရွက်မှုများကို အတည်ပြုသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရန်အတွက် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီတွင် အနည်းဆုံး ထောက်ခံမဲ ၉ မဲ လိုအပ်မည်ဖြစ်ပြီး အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့အနက် မည်သည့်နိုင်ငံကမဆို ဗီတိုအာဏာ သုံး၍ ပယ်ချနိုင်ခွင့် ရှိနေသည်။ ၂၀၂၆ ခုနှစ်အတွက် ကောင်စီ၏ ရွေးကောက်ခံ အဖွဲ့ဝင် ၁၀ နိုင်ငံမှာ ဘာရိန်း၊ ကိုလံဘီယာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဂရိ၊ လတ်ဗီးယား၊ လိုက်ဘေးရီးယား၊ ပါကစ္စတန်၊ ပနားမားနှင့် ဆိုမာလီယာတို့ ဖြစ်သည်။ တံခါးပိတ် အစည်းအဝေး ဖြစ်၍ သက်ဆိုင်ရာ ကိုယ်စားလှယ်များသာ တက်ရောက်ခွင့်ရှိပြီး ပြင်ပလူထုနှင့် သတင်းမီဒီယာများ ဝင်ရောက်နားထောင်ခွင့်၊ တိုက်ရိုက်ထုတ်လွှင့်ခွင့် မရှိသည့် လျှို့ဝှက်အစည်းအဝေး ဖြစ်သည်။ သတင်းမီဒီယာများနှင့် ကင်မရာများ မရှိသည့်အတွက် သံတမန်များအနေဖြင့် နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော အကြောင်းအရာများကို ပိုမိုပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းနိုင် စေရန် ဖြစ်သည်။ အများအားဖြင့် အစည်းအဝေးအတွင်း မည်သူက မည်သို့ပြောဆိုခဲ့သည်ကို တရားဝင် အသေးစိတ် ထုတ်ပြန်လေ့မရှိဘဲ အစည်းအဝေးအပြီးမှသာ အကျဉ်းချုပ် သို့မဟုတ် သတင်းစကားအချို့ကို မီဒီယာများသို့ အသိပေးလေ့ရှိတတ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကို တားဆီးရန် ဖွဲ့စည်းထားသော "၁၇၁၈ ကော်မတီ" ၏ ရက် ၉၀ အတွင်း လုပ်ဆောင်ချက်များနှင့် ပိတ်ဆို့အရေးယူမှု စာရင်းပြင်ဆင်ချက်များကို သုံးသပ်ခြင်း ဖြစ်ပါသည်။ မြောက်ကိုရီးယားက နိုင်ငံတကာ ပိတ်ဆို့မှုများကို ရှောင်လွှဲ၍ လက်နက်နည်းပညာများ တိုးချဲ့နေခြင်း၊ ပြည်ပသို့ အလုပ်သမားများ စေလွှတ်၍ နိုင်ငံခြားဝင်ငွေ ရှာဖွေနေခြင်းတို့ကို တားဆီးနိုင်ရေး ညှိနှိုင်းခြင်း ဖြစ်သည်။ ယခုတင်ပြချိန် အထိ မည်သည့် သတင်းမျှ ထွက် ပေါ်လာခြင်း မရှိသေးပေ။ ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!! ✍Hla Soewai #HlaingInfo

Открыть в Telegram
Просмотры1 612+21%к среднему
Пересылки4
Реакции46
Комментарии0
#167238Фото
Просмотры1 565+17%к среднему
Пересылки0
Реакции52
Комментарии1
#167237Фото

ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။ မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏 သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။ Good night ပါခင်ဗျာ။ #HlaingInfo

Открыть в Telegram
Просмотры1 872+40%к среднему
Пересылки0
Реакции52
Комментарии0
#167236Фото

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံး နိုဝင်ဘာလ ၂၅ ရက် မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၂၅ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KTM #HlaingInfo

Открыть в Telegram
Просмотры1 998+50%к среднему
Пересылки0
Реакции47
Комментарии0
#167235Фото

ကျိုက်ထိုမှာစစ်ကြောင်းပြန်ဆုတ်သွားတဲ့ အခါစစ်သားအလောင်းတွေကိုပစ်ထားခဲ့ နိုဝင်ဘာလ ၂၅ ရက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတဲ့အခါတိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားတွေရဲ့ အလောင်းတွေကိုကောက်ယူသွားတာမျိုးမရှိဘဲ ပစ်ထားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်တပ်စစ်ကြောင်းထွက်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါကော်ကပ်ရွာအနီးမှာ စစ်သားအလောင်း ၈ လောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ "၁၆ရက်က၂၀ရက်အတွင်း ကော်ကပ်ရွာအနီးမှာ အလောင်း ၈ လောင်းတွေ့တာပါ"လို့ တော် လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ နိုဝင်ဘာ ၃ ရက်ကစပြီး စစ်တပ်စစ်ကြောင်းဟာ သိမ်ဇရပ်တပ်ရင်းကတဆင့် ကျိုက်ထိုမြို့နယ်အတွင်းမှ ဇီးပြောင်းကျေးရွာအုပ်စုအဲဒီကတဆင့် ကော်ကပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို သုံးပါတ်နီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နိုဝင်ဘာ ၂၀ ရက််မှာတော့ သိမ်ဇရပ်တပ်ရင်းတွေကတဆင့် ပဲခူးဘက်ကိုပြန်လည်ဆုတ်ခွာ သွားခဲ့တာဖြစ်တယ်လို့ PDF အချို့ကပြောပါတယ်။ စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ပဲခူးတိုင်း ရွေကျင်မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်၊ ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ (၁) တပ် ရင်း (၃) ဌာနချုပ်အပါအဝင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ရဲ့ တပ်စခန်း ၂၈ ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်ခဲ့ပါတယ်။ စစ်တပ်ဝါဒဖြန့်တာနဲ့ပတ်သက်ပြီး KNU က စစ်တပ်သိမ်းယူခဲ့တဲ့ စခန်းဟာ တပ်ရင်း (၃) ဌာနချုပ်မဟုတ်ဘဲ ရှေ့တန်းစခန်းငယ်တစ်ခုသာဖြစ်သလို၊ NUG ကလည်း အထူးတိုင်းစစ်ဌာနချုပ်ဟာ ရွေ့လျားဌာနချုပ်ဖြစ်တာကြောင့် စစ်တပ်သိမ်းယူခဲ့တယ်ဆိုတာ မမှန် ကန်ဘူးလို့ သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးချိန်မှာ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက် သေဆုံးထိခိုက်သူများခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ် ။ ပြည်သူနေအိမ်တွေကိုမီးရှို့တာ၊စစ်တပ် က စစ်ကြောင်းထိုးတဲ့ သုံးပတ်နီးပါးအချိန်မှာ စစ်သားတွေကဇီးပြောင်း၅ရွာ ၊နတ်စင်ရွာ၊ခမောက်ခွေရွာနဲ့ကော်ကပ်ရွာက အိမ်ခြေ၁၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာသားတွေကို ဖမ်းဆီးတာ၊ပြည်သူ့အိမ်တွေက ပစ္စည်းတွေကို ခိုးယူခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ (စစ်တပ်မီးရှို့ခဲ့တဲ့ အိမ်တွေကိုတွေ့ရစဥ်။ ဓါတ်ပုံ-ပေးပို့ ) #LNO #HlaingInfo

Открыть в Telegram
Просмотры2 010+51%к среднему
Пересылки4
Реакции39
Комментарии0
#167233Фото

ICJစီရင်ချက်ပြည်သူအားလုံးအတွက် တရားမျှတမှု ယူဆောင်လာနိုင်မယ့်လမ်းစလို့ ဒေါ်ဇင်မာအောင် နဲ့ ဦးကျော်မိုးထွန်းတို့ပြောကြား ■စစ်အုပ်စုကပြည်သူတွေကိုအမှုတွဲဖို့ ကြိုး စားနေတာလက်မခံဘဲ  တရားမျှတမှု၊ လူသားဆန်မှုအပေါ် ရပ်တည်ကြရန် တိုက်တွန်း နိုဝင်ဘာလ ၂၅ ရက် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ရဲ့ ရိုဟင်ဂျာအရေးစီရင်ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာ မက စစ်အုပ်စုရဲ့ အကြမ်း ဖက်မှုများ ရင်ဆိုင်နေရတဲ့ ပြည်သူတရပ်လုံးအတွက် တရားမျှမှု ယူဆောင်လာနိုင်မယ့် လမ်းစဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ် စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကပြောကြားပါတယ်။ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရား စွဲဆိုထားတဲ့ အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ်စီရင်ချက် ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ICJ စီရင် ချက် ဘာတွေဆက်ဖြစ်မလဲ စကား၀ိုင်း ဆွေး နွေးပွဲကို နိုဝင်ဘာ ၂၄ရက်က ပြုလုပ်ခဲ့ရာ သံအမတ်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က အခုလို ရှင်းပြခဲ့တာပါ။ “ICJက ဆုံးဖြတ်လိုက်တဲ့ဟာက ကျနော်တို့တွေ နစ်နာရတဲ့လူတွေအတွက်ကို Justice တရားမျှတမှု ရဖို့ တဆင့်တက်လာတယ်လို့ကျနော်မြင်တယ်။ အခုအနေအထားနဲ့ ကြည့်ရင် ရိုဟင်ဂျာ အတွက်လို့ ဆိုသော်ငြားလည်းပဲ ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် Justice  ကို ရဖို့အတွက်ကို တဆင့်တက်လာတယ်လို့ ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ခံစားရတဲ့ဟာတွေ နှစ်ပေါင်းများစွာရိုဟင်ဂျာတွေရောကျနော်တို့ တိုင်း ရင်းသားညီအကိုမောင်နှမတွေရော ဒီလိုမျိုးစိန်ခေါ်မှုတွေ ဒီလိုမျိုး ရက်စက်မှုတွေ ဒီလိုမျိုးအကြမ်းဖက်မှုတွေ ခံစားခဲ့ရတဲ့ဥစ္စာဖြစ်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ လက်ရှိမှာစစ်ကိုင်း၊မန္တလေး၊မကွေး အပါအ ဝင် နိုင်ငံအနှံ့ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သံအ မတ်ကြီးက ပြောပါတယ်။ ICJ ရဲ့ စီရင်ချက် ထိရောက်စွာ အကောင်အ ထည်ဖော်ပေးဖို့ NUGက ထုတ်ပြန်တာ ပြော ဆိုတာ ပြုလုပ်ထားပြီး နိုင်ငံတကာရဲ့ ပံ့ပိုးမှု ကူညီစောင်ရွက်မှုက အရေးကြီးကြောင်း၊ ICJ ရဲ့ စီရင်ချက်ချပြီးသွားပြီဖြစ်လို့  ကုလအ ထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ တို့ရဲ့ အခန်းကဏ္ဍ များစွာ အရေးပါလာကြောင်း ပြောပါတယ်။ ဆုံးဖြတ်ချက်ထဲမှာလည်း တာဝန်ရှိတဲ့သူကို အရေးယူဖို့ ဆိုတာ ပါလို့ ဆက်လုပ်ဆောင်သွားရမှာဖြစ်ပြီးစိန်ခေါ်မှုတွေရှိနေပေမဲ့ ကျော် လွှားသွားဖို့ လိုအပ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။ ICJ ဆုံးဖြတ်ချက်ဟာ တော်လှန်ရေးအတွက် အရေးကြီးတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ICJ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်တဲ့အခါ စစ်အုပ်စု ရှိနေသမျှ ထိရောက်စွာ အ ကောင်အထည်ဖော်နိုင်မှာ မဟုတ်လို့ ဖြစ်တယ်လို့ ပြောပါတယ်။ “ဘာလို့လည်းဆိုတော့စစ်အုပ်စုက မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကိုယ်တိုင်ကိုယ်က ကျူးလွန်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် သူတို့တွေ ကို လုပ်ဖို့ဆိုရင် ကျနော်တို့တွေက ၀ိုင်းပြီးတော့ ပြည်တွင်းရဲ့အားရော ပြည်ပမှာ ရှိတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့အားရော ယူပြီးတော့ ရိုဟင်ဂျာအတွက်ကိုတင်မကဘူး မြန်မာနိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေအတွက် Justice ရဖို့ အတွက်ကို ဒါက ခြေလှမ်းတခုအဖြစ် ယူ ဆောင်ပြီးတော့ ကိုယ့်ပြည်သူပြည်သားအားလုံးအတွက် ကိုယ့်ပြည်သူပြည်သားတွေရဲ့အနာဂတ်အတွက် အထူးသဖြင့် ကျနော်တို့တွေရဲ့  Next Generationတွေ၊ Generationတွေ၊ ကျနော်တို့သားသမီးတွေရဲ့  Generationတွေအတွက် ကောင်းတဲ့ ရလဒ်ရဖို့ အတွက်ကို ဒါကို ကျနော်တို့ စုစည်းအားနဲ့ အကောင်းဆုံးအသုံးချသွားနိုင်မယ်လို့တော့မြင်တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားပါတယ်။ ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ICJ စီရင် ချက်ဟာ ကျူးလွန်တဲ့ စစ်အုပ်စုကို အရေးယူဖို့ လုပ်ဆောင်တာဖြစ်ပေမဲ့  စစ်အုပ်စုက ပြည်သူတွေကို အမှုတွဲဖို့ ကြိုးစားနေကြောင်း ရှင်းပြပါတယ်။ “ပြစ်မှုထင်ရှားနေတယ်ဘယ်သူက ကျူးလွန် သလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားကို မင်းတို့နဲ့လည်းဆိုင်တယ် ဒီဟာကျတော့မှ ပေါ့နော် “လို့ ဒေါ်ဇင်မာအောင်က စစ် တပ်က လူထုကို အမှုတွဲဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို ရှင်းလင်း​ပြောကြားပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ တရားမျှတမှုအ ပေါ်၊ လူသားဆန်မှုအပေါ် ရပ်တည်ဖို့ သာအရေးကြီးတယ်လို့ ပြောပါတယ်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

Открыть в Telegram
Просмотры2 063+55%к среднему
Пересылки2
Реакции62
Комментарии1