■ ပိုလန်နိုင်ငံက ယူကရိန်းနယ်စပ်အနီး လေယာဉ်မပျံသန်းရဇုန် သတ်မှတ်မည် ရုရှား၏ လေကြောင်းပိုင်နက်ကျူးကျော်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းနယ်စပ်အနီးတွင် လေယာဉ်မပျံသန်းရဇုန်တစ်ခု မကြာမီ သတ်မှတ်မည်ဟု ပိုလန်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆီဇာရီ တွမ်ချက်ခ်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားလိုက်သည်။ ■ Read more >>>>> https://news-eleven.com/article/317134
Открыть в TelegramПосты канала Eleven Media Group
■ အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားစွဲဆိုမှုများကို ချက်ချင်းရပ်ဆိုင်းရန် နေတန်ယာဟုတောင်းဆို အစ္စရေးယာယီဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ၎င်းအပေါ် နှစ်ရှည်ကြာ တရားစွဲဆိုထားသည့် အကျင့်ပျက်ခြစားမှုဆိုင်ရာ အမှုများကို ချက်ချင်းရပ်ဆိုင်းပေးရန် နိုဝင်ဘာ ၂၅ ရက်တွင် တောင်းဆိုလိုက်သည်။ အမှုများကို ကြားနာနေသည့် တရားသူကြီးများက စွဲချက်များအပေါ် သံသယရှိကြောင်း ဖော်ပြခဲ့ပြီး အမှုတစ်ခုကို ပယ်ဖျက်ရန် အကြံပြုတိုက်တွန်းခဲ့ပြီးနောက် နေတန်ယာဟု၏တောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ရွေးကောက်ပွဲအပြီး မည်သည့်ပါတီကမှ အစိုးရဖွဲ့နိုင်လောက်သည့် မဲအများစု မရခဲ့သဖြင့် နေတန်ယာဟု၏ နိုင်ငံရေးအနာဂတ် မရေမရာဖြစ်နေချိန် တရားသူကြီးများ၏ အကြံပြုချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ■ Read more >>>>> https://news-eleven.com/article/317133
Открыть в Telegram■ ယူကရိန်းစစ်ပွဲကို တိုးချဲ့ခြင်းမပြုရန် အမေရိကန်သမ္မတနှင့် နေတိုးအကြီးအကဲတို့က ရုရှားကို တိုက်တွန်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် နေတိုးအကြီးအကဲ မာ့ခ်ရုတို့ ဖလော်ရီဒါတွင် တွေ့ဆုံခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော ပူးတွဲထုတ်ပြန်ချက်တွင် ရုရှားက ယူကရိန်းစစ်ပွဲကို ချဲ့ထွင်ခြင်းမပြုရန် တိုက်တွန်းခဲ့သည်။ ၎င်းတို့နှစ်ဦး ထရန့်၏မာရာလာဂို အပန်းဖြေစံအိမ်တွင် တံခါးပိတ်ဆွေးနွေးခဲ့ကြပြီးနောက် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ထူးခြားထိရောက်မှုရှိ သောတွေ့ဆုံမှုဖြစ်ပြီး ယူကရိန်းစစ်ပွဲ၊ အီရန် စစ်ပွဲတို့ကို အလေးပေးဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။ “ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ စစ်ပွဲကိုချဲ့ထုတ်တဲ့လုပ်ရပ်မှန်သမျှကို ရုရှားရှောင်ရှားဖို့ အရေးကြီးတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်မြန်နိုင်သမျှမြန် မြန်ရရှိရေးဟာလည်း အရေးကြီးတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။ လွန်ခဲ့သောသီတင်းပတ်က တရုတ်တွင် တွေ့ဆုံခဲ့စဉ် ထရန့်က ပူတင်ကို “ကျွန်တော့် မိတ်ဆွေ”ဟု ပြောကြားခဲ့သည့်တိုင် ထရန့်နှင့် မာ့ခ်ရုတို့၏ အထက်ပါ ပူးတွဲထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ထရန့်၏ပူတင်နှင့်ပတ်သက်သော စကားကို ပြဿနာလုပ်ခဲ့ပြီး မိမိတို့အတွက်မူ ပူတင်သည် လူသတ်သမားဖြစ်သည်ဟု ဇယ်လန်းစကီးက CNN ကို ပြောကြားခဲ့သည်။ မာ့ခ်ရုကမူ ရှန်ကျန်းတွင် ထရန့်နှင့်ပူတင်တို့ တွေ့ဆုံရာ၌ ထရန့်ပြောခဲ့သောစကားသည် ပူတင်ကို စမ်းသပ်လိုက်ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၅ ရက်တွင် Fox News သတင်းဌာန၏ Fox and Friends အစီအစဉ်ကို ပြောကြားခဲ့သည်။ “သူက ဘယ်လိုအလေးထားပါသလဲ။ သူဟာ ဆွေးနွေးရေးစားပွဲဝိုင်းကို လာဖို့လိုလားပါသလား။ သူက တကယ် စေ့စပ်ဆွေနွေးတာကို လိုလားပါသလား။ ဒီလိုနဲ့ ဖိအားဆက်ပေးနေကြရမှာပါ။ အဲဒီလိုဖိအားပေးတာဟာ အလုပ်ဖြစ်တယ်လို့ ထင်ပါတယ်။ အလုပ်ဖြစ်လာအောင် ကျွန်တော်တို့က ဖိအားဆက်ပေးနေမှာပါ”ဟု နေတိုးအတွင်းရေးမှူး မာ့ခ်ရုက ပြောကြားခဲ့သည်။ Ref: AFP #ယူကရိန်းစစ်ပွဲ #အမေရိကန်သမ္မတ #နေတိုးအကြီးအကဲ #တိုးချဲ့ခြင်းမပြုရန်တိုက်တွန်း #elevennews ■ Website Link >>>> https://news-eleven.com/article/317132 ■ Eleven Website:https://news-eleven.com ■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
Открыть в Telegram■ ICJ က ချမှတ်သော စီရင်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းလွှတ်တော်က ထပ်တူရပ်တည်ကြောင်း လွှတ်တော်တွင် မှတ်တမ်းတင် ICJ က ချမှတ်သော စီရင်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းလွှတ်တော်က ထပ်တူရပ်တည်ကြောင်း လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) ပဉ္စမနေ့အစီအစဉ်တွင်အင်းစိန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသူရိန်လင်း၏ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice-ICJ)က နိုဝင်ဘာ ၁၉ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထပ်တူရပ်တည်ပါကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းပြီး မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ "ကျွန်တော့်အနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ချမှတ်ခဲ့သော စီရင်ချက်တွင် ပါရှိသည့် သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတဲ့ တရားမျှတမှုမရှိသော စီရင်ဆုံးဖြတ်မှုများကို လက်မခံနိုင်ပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ၁၉ ရက်၊ ၁၁ လ၊ ၂၀၂၆ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထပ်တူရပ်တည်ပါကြောင်း အဆိုကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းအပ်ပါတယ် ခင်ဗျာ" ဟု အဆိုရှင် အင်းစိန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသူရိန်လင်းက ပြောကြားသည်။ အဆိုပါအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူကာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ICJ က ချမှတ်သောစီရင်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်း စာနာထောက်ထားမှုနှင့် နေရပ် စွန့်ခွာသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ပြည်တွင်းဥပဒေ၊ နိုင်ငံတကာကျင့်သုံး ဆောင်ရွက် မှုများ၊ တည်ဆဲနှစ်နိုင်ငံသဘောတူစာချုပ်များ၊ ဆောင်ရွက်ဆဲအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ နယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ရောက်ရှိနေသော နေရပ်စွန့်ခွာသူများကို စိစစ်လက်ခံရေးနှင့် ဘေးကင်းလုံခြုံပြီး ၎င်းတို့၏ ဆန္ဒအလျောက် ဂုဏ်သိက္ခာ ရှိစွာ နေထိုင်နိုင်ရေးအတွက် ပြန်လည်လက်ခံရေးနှင့် နေရာချထားရေး လုပ်ငန်းစဉ်တို့ကိုလည်း အခြေအနေ ပေးသည်နှင့်အမျှ မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ့အချုပ်အခြာအာဏာကို မထိခိုက် စေပဲဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပါရှိသည်။ ထို့ပြင်ရခိုင်အရေးကိစ္စသည် ရှုပ်ထွေးသော သမိုင်းနောက်ခံအခြေအနေ၊ လူမျိုးရေးနှင့် ဘာသာရေး အခြေခံများရှိနေပြီး အထူးသဖြင့် ဤကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်သာ ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလျက် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှု များကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သင့်ပြီး အခြေအနေပိုမိုကောင်းမွန်စေရေးအတွက် အပြုသဘောဖြင့် ပူးပေါင်းပါဝင်သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် စီရင်ချက်ကိုအချိန်ယူ၍ အလေးထား လေ့လာသွားမည် ဖြစ်ပါကြောင်း ပြောကြားထားသည်။ #ICJ #နိုင်ငံခြားရေးဝန်ကြီးဌာန ##ရန်ကုန်တိုင်းလွှတ်တော် #ထပ်တူရပ်တည် #elevennews ■ Read more >>>>> https://news-eleven.com/article/317131 ■ Eleven Website:https://news-eleven.com ■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
Открыть в Telegram■ နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေများ ကိုင်ထားသူများရှိကြပြီး ၎င်းတို့၏ ငွေကြေးဈေးကစားမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လာရသည်ဟု နိုင်ငံတော်သမ္မတ ပြောကြား နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေများ ကိုင်ထားသူများရှိကြပြီး ၎င်းတို့၏ ငွေကြေးဈေးကစားမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လာရသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ■ Read more >>>>> https://news-eleven.com/article/317130
Открыть в Telegram