မန္တလေး ၄-၁၂-၂၀၂၆ အမျိုးသားနေ့တွင်ပြုလုပ်မည့် ICJ ကန့်ကွက်ရှုံ့ချပွဲအတွက် တက်ရောက်ကြမည့် ဆရာတော်သံဃာတော်များ နှင့် အမျိုးစစ်အမျိုးချစ် ပရိတ်သတ်များအတွက် ရေသန့်အပါအဝင်အဟာရများအတွက် နှင့် ဆန့်ကျင်ပွဲအတွက်အထွေထွေကုန်ကျစရိတ်များပံ့ပိုးကူညီလိုပါက ဦးမျိုးမြင့်ဦး 09402524363 (Kpay - 09402524363 ထံတွင် - # ICJ MDY CKK # ဟု မှတ်ချက်ရေး၍ လှူဒါန်းနိုင်ပါသည်
Открыть в TelegramПосты канала KO CHIT (MDY)
Переслано из BaNyunt
ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက် တပ်မတော်ချစ်မြတ်နိုးသူများက ထမင်းကြော်၊ပုစွန်ခြောက်ကြော်နှင့်ဆေးလိပ်ဂုဏ်ပြုပါသည် #BN
Открыть в Telegram#နယ်စပ်သဘာဝကူးဂိတ်တွေယာယီပြန်ထပ်ပိတ် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတာဝန်ရှိသူတွေဟာ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် စည်းကမ်းတကျရှိစေဖို့နဲ့ လုံခြုံရေးတင်းကျပ်ဖို့အတွက် နယ်စပ်ဖြတ်ကူးဂိတ်တချို့ကို ထပ်မံပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ခိုးသွင်းခိုးထုတ်တာနဲ့ တရားမဝင်ကူးသန်းသွားလာမှုကို တားဆီးဖို့ ဖြစ်ပါတယ်။ မဲဆောက်မြို့နယ်ထဲမှာ တစ်ဖက်နိုင်ငံသို့ကူးသွားလို့ရတဲ့ ဖြတ်ကူးဂိတ် ၈ ခုဖြစ်တဲ့ ဂိတ်အမှတ် ၃၊ ၅၊ ၇၊ ၁၄၊ ၅၀၊ ၅၆၊ ၅၇ နဲ့ ၅၉ တို့ကို ထပ်မံပိတ်ဖို့ အဆိုပြုထားပါတယ်။ အရင်ကတည်းက ဂိတ်အမှတ် ၄၈ ကို ပိတ်ထားပြီး ဂိတ်အမှတ် ၈၊ ၁၁ နဲ့ ၂၉ တို့ကိုလည်း အသုံးပြုခွင့် ယာယီရပ်ဆိုင်းထားပါတယ်။ ဒါ့အပြင် တာ့ခ်ခရိုင်အတွင်းက တခြားနယ်စပ်မြို့နယ်တွေမှာလည်း ပိတ်ဖို့ အဆိုပြုထားတဲ့ ဂိတ်တွေရှိပါတယ်။ မယ့်ရ်မါ့ မြို့နယ် – ဂိတ်အမှတ် ၁၅၊ ၁၉ ထာ့ဆောင်ယန်း မြို့နယ် – ဂိတ်အမှတ် ၃၀၊ ၃၂၊ ၄၁၊ ၅၃၊ ၅၄ ဖုပ်ဖရာ့ မြို့နယ် – ဂိတ်အမှတ် ၃၉ တစ်ဖက်မှာလည်း အုပ်ချုပ်ရေးအဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ သောင်ရင်းမြစ်တစ်လျှောက်က သဘာဝလမ်းကြောင်းတွေ၊ ဆိပ်ကမ်းတွေနဲ့ လှေဂိတ်တွေကို ဆက်လက်စစ်ဆေးနေပါတယ်။ အဓိကကတော့ အကောက်ခွန်စည်းမျဉ်းတွေကို ချိုးဖောက်ပြီး တရားမဝင်ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းတာတွေကို တားဆီးဖို့ ဖြစ်ပါတယ်။
Открыть в Telegram26.11.2026-ညနေ 03:30 ထိုင်းနိုင်ငံ စမွတ်ပက်ကန်- ဘန်နာ အပိုင်တွင်၊ Bangchak-ဘန်ကျက် ၊ဆီဆိုင်ပေါက်ကွဲ၊ ပေါက်ကွဲမှု ပြင်းထန်ပီး မြေကြီးတွေ တုန်ခါသွားပါတယ်။ သိရသလောက် ဆီဂိုထောင်လို့ သိရပါတယ် လက်ရှိ အနီးမှာ နေထိုင်တဲ့ ဒေသခံတွေကို အရေးပေါ် ပြောင်းရွေ့ခိုင်းထားပါတယ်။ Nanpiya Punno
Открыть в TelegramInternational Court of Injustice ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေမကြေညာခင် နိပွန်ကောင် ဗရုက်သုက္ခ စကားချီးတွေပြောနေကတည်းက အမျိုးသားနေ့မှာ အမျိုးသားရေးလှုပ်ရှားမှုကြီးနဲ့ တုံ့ပြန်ရတော့မယ်လို့ ရေးခဲ့ပါတယ်။ အခုလည်း အမှန်တကယ် လာမယ့် အမျိုးသားအောင်ပွဲနေ့မှာ အမျိုးသားရေးလှုပ်ရှားမှုကြီးလာတော့မှာမို့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုကြီးကို တကယ့်စံထားလောက်တဲ့ လှုပ်ရှားမှုအသွင်ဆောင်တဲ့ အနေအထားမျိုးအထိ မျှော်မှန်းပါတယ်။ ဥပမာ - နယကလက်ထက်က လုပ်ခဲ့တဲ့ ၂၁ ရာစုအကြို ပုဂံလူထုစည်းဝေးပွဲကြီးပုံစံမျိုးပေါ့။ အဲ့ဒီ စည်းဝေးပွဲကြီးမှာ ၂၁ ရာစုအကြို ပုဂံလူထုစည်းဝေးပွဲကြီးကချမှတ်တဲ့ ပြည်သူတို့၏သန္နိဌာန် (၆) ရပ်ဆိုပြီး ကြက်သီးထလောက်အောင် မာန်ပါပါနဲ့ကြေညာနိုင်ခဲ့ပါတယ်။ အဲ့ဒီစည်းဝေးပွဲကြီးကို အဓိကဦးဆောင်ခဲ့တာ ပြည်ခိုင်ဖြိုးအသင်းကြီးဖြစ်ပါတယ်၊ ပြည်ခိုင်ဖြိုးအသင်းဝင်တွေဦးဆောင်ခဲ့တာပါ။ အခုကာလလည်း တိုင်းပြည်က အမှန်တကယ်လိုအပ်နေတဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးကို အဲ့ဒီလိုမျိုးပဲ အနှစ်သာရရှိရှိ အသွင်သဏ္ဍာန်ကောင်းကောင်းနဲ့ မြင်ရရင်ဘယ်လောက်ကောင်းမလဲ၊ ကြက်သီးထလောက်တဲ့ ကြွေးကြော်သံတွေနဲ့ပေါ့။ တကယ့် backup ကြီးကြီးမားမားနဲ့ ခွန်အားရှိတဲ့တုံ့ပြန်မှုကြီးအဖြစ်မျှော်လင့်နေပါတယ်။
Открыть в TelegramПереслано из ဖိုးစလုံး
သတင်းတစ်ခုတည်းကိုပဲ အမျိုးမျိုး ဂျင်းထည့်ရေးနေတဲ့ ခွေးသစ်မီဒီညာ ခွေးသစ်မီဒီယာက ကောလင်းနဲ့ ကန့်ဘလူ တစ်ဝိုက်မှာ တပ်မတော်ရဲ့ တိုက်ခိုက်ချေမှုန်းမှုကြောင့် အကြမ်းဖက် PDF တွေ ထိခိုက်သေဆုံးတဲ့သတင်းကို လိမ်ညာဖုံးကွယ်ပြီး အမျိုးမျိုး ဂျင်းထည့်ရေးနေပါတယ်။ အရင်နေ့က တပ်က စစ်ကြောင်းထိုးလို့ အရပ်သားတွေ သေတယ်ဆိုပြီး လုပ်ကြံလိမ်ညာရေးခဲ့ပြီး။ အခုလည်း တပ်က စစ်သားတွေ သေတယ်ဆို လုပ်ကြံ့ လိမ်ညာရေးသားလာပြန်တယ်။ တကယ့်မြေပြင်အရှိတရားဖြစ်တဲ့ တပ်ရဲ့ ချေမှုန်းမှုတွေကြောင့် အကြမ်းဖက်PDF တွေ သေဆုံးခဲ့တဲ့ သတင်းကို ဖုံးကွယ်ဖို့ ခုလို အမျိုးမျိုးလုပ်ကြံရေးသားနေတာပဲဖြစ်ပါတယ်။ ဒီလိုအောက်တန်းကျတဲ့ အကြမ်းဖက်ပြည်ပြေးမီဒီယာတွေရဲ့ လီဆယ် လုပ်ကြံရေးသား ဝါဒမှိုင်းတိုက်နေမှုတွေကြောင့် ဒေသခံပြည်သူတွေ အေးအေးချမ်းချမ်း မနေရတာ ဖြစ်ပါတယ်။ ပြည်ပြေးမီဒီယာတွေထဲမှာ ခေတ်သစ်မီဒီယာက တော်တော်ကို စုတ်ပဲ့တဲ့ မီဒီယာပဲ။
Открыть в TelegramПереслано из DI Thameedaw ( II)🇲🇲
Post တခု သတင်းတခုအတွက် အထက်ပါ POL သတင်းအတွက် တာဝန်ယူမှု့ တာဝန်ခံမှု့ရှိပါသလား သက်ဆိုင်ရာများက ထိလွယ်ရှလွယ် လှုံ့ဆော်နေသော ငပွကြီးများအားစိစစ်ထိန်းသိမ်းစေလိုပါတယ် ဒါနဲ့ .... ရုရှားအထိတောင် သွားနေတဲ့ သမ္မတ ကို ဗီယက်နမ်လောက်နဲ့ ဘေးကင်းခိုင်းနေသေးတယ် ဆုတောင်းပုံက ရယ်တော့ ရယ်စရာပဲ
Открыть в Telegram"အဝေးကနေ ကြေညာချက်စာရွက်လှန်ပြီး မီးလောင်ရာ လေပင့်လုပ်နေတဲ့ ဒီ (၁၄) နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုက မြေပြင်ပကတိအခြေအနေကို နားမလည်ဘဲ ဆရာကြီးလုပ်နေတဲ့ ဟန်ပြနိုင်ငံရေးသက်သက်ပါပဲ။ ကိုယ့်ပြည်တွင်းရေးကိုယ် ရှင်းမရတဲ့ကြားထဲ တခြားနိုင်ငံရေးရာမှာ လာပြီး ဆရာလုပ်နေတာကတော့ တော်တော်လေး မျက်နှာပြောင်တိုက်လွန်းပါတယ်။" "မြန်မာ့ပြည်တွင်းရေးကို အပြင်ကနေ လက်ညှိုးထိုး ဝင်စွက်ပြီး ပဋိပက္ခကို ပိုကြီးအောင် လေပင့်ပေးနေတဲ့ ဒီ (၁၄) နိုင်ငံရဲ့ ကြေညာချက်ဟာ တရားမျှတမှုထက် နိုင်ငံရေးကစားကွက်သာသာ ဖြစ်ပါတယ်။ ကိုယ့်အကျိုးစီးပွားနဲ့ ဟန်ပြမျက်နှာဖုံးအောက်မှာ နိုင်ငံငယ်တစ်ခုအပေါ် ဆရာလုပ်နေတာကို ဘယ်သူကမှ အထင်ကြီးစရာ မရှိပါဘူး။" "ကိုယ်တိုင်လည်း မသိ၊ မြေပြင်မှာလည်း မရှိဘဲ စက္ကူပေါ်က ကြေညာချက်နဲ့ မီးလောင်ရာ လေပင့်လုပ်နေတဲ့ ဒီ (၁၄) နိုင်ငံရဲ့ စွက်ဖက်မှုကတော့ အမျိုးသားအချုပ်အခြာအာဏာကို စော်ကားတဲ့ ဟန်ပြအပြုအမူသက်သက်ပဲ ဖြစ်ပါတယ် 🖕🖕🖕
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 303 |
| 3 ч | 1 200 |
- Через 1 час303
- Всего сейчас1 200
Переслано из Han Nyein Oo✍️
သစ္စာတရားနဲ့ တုံ့ပြန်မယ်... မတရားတဲ့ စွပ်စွဲချက်တွေကို ညီညွတ်ခြင်းနဲ့ ချေဖျက်မယ်...။ နိုဝင်ဘာ (၁၉) ရက်နေ့က ICJ ရဲ့ မှန်ကန်မှုမရှိတဲ့ ဆုံးဖြတ်ချက်များအပေါ် ပြည်သူတစ်ရပ်လုံးရဲ့ ပြတ်သားသော ကန့်ကွက်ရှုတ်ချသံကို ဖော်ထုတ်ပြသမယ့် ဆန္ဒဖော်ထုတ် ကန့်ကွက်ရှုတ်ချပွဲသို့ ရဟန်းရှင်လူ ပြည်သူများ အားလုံး ပါဝင်အင်အားဖြည့်ပေးကြပါရန် ရင်းနှီးလေးစားစွာ ဖိတ်ခေါ်အပ်ပါသည် HNO ✍ သတင်းချန်နယ် Link https://t.me/HANNYEINOO99 HNO ထံသို့ သတင်းပို့ရန် Link @HNO2624
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 1 ч | 357 |
| 3 ч | 1 110 |
- Через 1 час357
- Всего сейчас1 110
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ၏မြန်မာနိုင်ငံအပေါ် မှန်ကန်မှုမရှိသော စီရင်ချက်များချမှတ်ခြင်းအပေါ်ကန့်ကွက်ရှုတ်ချပွဲ ပင့်လျှောက်/ဖိတ်ကြားလွှာ ၂ဝ၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ICJ တရားရုံးက မြန်မာနိုင်ငံအပေါ်လူမျိုးတုန်း သတ်ဖြတ်မှု ကြူးလွန်ခဲ့ကြောင်းအပါအဝင် မှန်ကန်မှုမရှိသော စီရင်ချက်များ ချမှတ်ခဲ့သည့် အပေါ် ရဟန်း၊ ရှင်၊ လူ ပြည်သူတစ်ရပ်လုံးက လုံးဝ(လုံးဝ)မခံမရပ်နိုင် ဖြစ်ခဲ့ကြရပါသည်။ ထိုသို့သော ICJ တရားရုံး၏ မတရား ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွက် ကြောင်းပြသရန် ဆန္ဒဖော်ထုတ် ကန့်ကွက်ရှုတ်ချသွားမည် ဖြစ်ပါ၍ ရဟန်း၊ ရှင်၊ လူ ပြည်သူများ ပူးပေါင်းပါဝင် နိုင်ပါရန် လေးစားစွာဖြင့် ပင်လျှောက်/ ဖိတ်ကြားအပ်ပါသည်။ နေ့ရက် ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ)ရက်၊ (အမျိုးသားအောင်ပွဲနေ့) ၄.၁၂.၂ဝ၂၆ (သောကြာနေ့)။ အချိန် နံနက် (၇းဝဝ) နာရီမှ မွန်းတည့် (၁၂းဝဝ) နာရီအထိ။ နေရာ (၁၄) လမ်း နှင့် (၆၆)လမ်းထောင့်၊ မန္တလေးမြို့။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 2 ч | 758 |
| 4 ч | 1 360 |
- Через 1 час758
- Через 6 часов1 360
- Всего сейчас1 360
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 2 ч | 642 |
| 4 ч | 1 060 |
- Через 6 часов1 060
- Всего сейчас1 060
Динамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 2 ч | 869 |
| 5 ч | 1 360 |
- Через 6 часов1 360
- Всего сейчас1 360
ဆွစ်ဇာလန် သံရုံးပိတ်ရန်နှင့် သံရုံးအကြီးအကဲအား (၄၈)နာရီအတွင်း မြို့တော်ပြုံးယမ်မှ ထွက်ခွာရန်အမိန့်ပေး ဆွစ်ဇာလန်အပါအဝင် သဘောထားမတူညီသည့်နိုင်ငံများ နှင့် ဆွေးနွေးရေးလမ်းကြောင်းကို ထိန်းသိမ်းကန့်သတ်ရမည်ဆိုသော ရည်ရွယ်ချက်ကြောင့် ပြုလုပ်ရတာ၊ အချုပ်အခြာ အာဏာကိုထိပါးတာလက်မခံ ဟု မြောက်ကိုရီးယား တုံ့ပြန် နိုဝင်ဘာ၂၆ မြောက်ကိုရီးယားသည် နိုဝင်ဘာ ၂၅ ရက်တွင် ပြုံယမ်းရှိ ဆွစ်ဇာလန်၏ ရုံးသစ်ကို ပိတ်ရန် တောင်းဆိုခဲ့ပြီး သံရုံးအကြီးအကဲ မစ္စတာ အက်စ်တီယာ ဆယ်လ်ဗိန်း ကို (မကြိုဆိုအပ်သည့်ပုဂ္ဂိုလ်အဖြစ်သတ်မှတ်၍) ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်းနိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းဌာန (KCNA)ကကြေညာထားသည်။
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 3 ч | 1 180 |
| 5 ч | 1 550 |
- Через 6 часов1 550
- Всего сейчас1 550
Переслано из တိုက်ပွဲသတင်းစုံ
ငပြီကျွန်း၊ ရွာမဒေသရှိ အကြမ်းဖက် AA သူပုန်များအား ချေမှုန်းခြင်း (25-11-2026) တိုက်ပွဲသတင်းစုံ
Открыть в TelegramПереслано из စစ်နိုင် News 🇲🇲
ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စင်း ရန်ကုန်မြို့သို့ ရောက်ရှိ၊ မြန်မာ-ရုရှား စတုတ္ထအကြိမ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း ပြုလုပ်မည် နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရုရှားရေတပ် Pacific Fleet မှ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Admiral Tributs နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် မြန်မာ-ရုရှား စတုတ္ထအကြိမ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ပြုလုပ်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည်။ ရေယာဉ်များကို တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် ရုရှားရေတပ် ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း ရုရှားရေတပ် စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Evgenii Nikolaevich Niasoedov ဦးဆောင်သည့် အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ #SN
Открыть в Telegramရွှေကူမြို့မှာရှိတဲ့ ဖုန်းဆိုင်တွေကို အတင်းအဓမ္မဆက်ကြေးကောက်ရန် kia တိုက်နယ်မှူးဆိုသူက ဆင့်ခေါ်
Открыть в Telegramအသိပေးကြေညာချက် 25-11-2026 မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြီးမှူး၍ FX Market Online Trading Platform တွင် နိုင်ငံတော်၏ အရေးကြီးကုန်စည်များဖြစ်သော စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များအတွက် လိုအပ်သော နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်တင်သွင်းသူ (Importer) များသို့ ရောင်းချပေးလျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ FX Market Online Trading Platform နှင့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၂,၁၆၉.၈) သန်း၊ တရုတ်ယွမ် (၁,၈၉၂.၄) သန်း၊ ထိုင်းဘတ် (၆,၅၇၆.၂) သန်း၊ အိန္ဒိယရူပီး (၇၄.၅) သန်းခန့်တို့အား သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၂၅၅.၄) သန်း၊ တရုတ်ယွမ် (၈၉.၉) သန်း၊ ထိုင်းဘတ် (၇၆၂.၆) သန်း၊ အိန္ဒိယရူပီး (၁၃.၃) သန်းခန့်တို့အား ရောင်းချပေးခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလ အထိ စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ (၁,၇၀၂.၄) သန်းခန့်အား ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၁၃၀.၈) သန်းခန့်ကို Market Trading Rate (ကျပ် ၃၆၆၀) ဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Открыть в Telegramခေတ်သစ်ဟင်္သာကိုးသောင်းဇာတ်ခင်းနေတဲ့KNU/NUG ၂၆-၁၁-၂၀၂၆ အခုရက်ပိုင်း သတိထားမိတဲ့ သတင်းတွေထဲမှာ KNU တပ်မဟာ(၁) နယ်မြေထဲက KNLA/PDF အဖွဲ့တွေ ခပ်စိပ်စိပ် အလင်းဝင်လာကြတယ် ဆိုတဲ့ သတင်းပါပဲ။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် KNU တပ်မဟာ(၁) နယ်မြေကနေ KNLA/ PDF တွေရဲ့ လက်နက်ချ အလင်းဝင်မှုသတင်းတွေ ကို နေ့စဥ်လိုလို မြင်တွေ့နေရတာ ရက်သတ္တပတ် ကျော်လာခဲ့ပြီ မို့ အခုဆိုရင် အင်အား ရာဂဏန်း ကျော် လောက် အလင်းဝင်သွားပြီလို့ တွက်ဆ မိတယ်။ ဒီနေ့လည်း KNLA တပ်မဟာ(၁)အဖွဲ့ ၊တပ်ရင်း(၁) ခွဲ(၁)မှ ခွဲမှူးအဆင့်ရှိသူ ရဲမင်းပိုင်(ခ)ရဲလင်းပိုင် (ခ)ပုလိဦးစီး အပါအဝင် KNLA အဖွဲ့ဝင် ၅ ဦး၊ လက်နက် ၅လက်၊ခဲယမ်းဆက်စပ်များနှင့်အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်လို့ KNU တပ်မဟာ (၁) တော့ ပျားတုပ်နေလောက်ပြီ။ KNU တပ်မဟာ (၁) မွန်ပြည်နယ်ထဲက သထုံခရိုင် အပြင် ဘီးလင်း ကျ်ိုက်ထိုဒေသ တွေ ကနေ သံလွင်အနောက်ခြမ်း က ဝါးဘိုး တော-ကမမောင်း လမ်း ရော ၊ မော်လမြိုင်- ရန်ကုန်လမ်း ဘေးဘယ်ညာဒေသ အပါ ပဲခူးတိုင်း ရွှေကျင်အစပ် ထိ ဧရိယာအကျယ် ကြီးကို စိတ်ကူးယဥ်ပြီး KNU က သူ့သဘော သူ သတ်မှတ်ထားတာ။ ထူးခြားတာက သံလွင် အနောက်ခြမ်း ဘားအံမြို့နယ် ၊ ပေါင်မြို့နယ် ကစလို့ အနောက်ဘက် ပဲခူးတိုင်းအစပ်နဲ့ မြောက် ဘက်ရှိ ကမမောင်း တပ်မဟာ ၅ နယ်မြေဆက်စပ်ထိ ၊ စပ်ကြားနယ်မြေ ဖြစ် နေခြင်းကတပ်မဟာ ၁ ရဲ့ အားသာချက်ပဲ။ တနည်းဆိုရရင် တော့ ပဲခူး၊ မွန် ၊ ကရင် စပ်ကြားနယ်မြေ တွေမို့ စစ်ဗျူဟာအရ အရေးကြီးတယ်။ စစ်ရေးမှာ စပ်ကြားနယ်မြေကို စိုးမိုးထား ရမယ် ဆိုတဲ့ သီအိုရီ ရှိတယ်။ ဒါကြောင့် လည်း ရှိသမျှ အင်အားတွေကို ပုံအောပြီး စိုးမိုးနိုင်ဖို့ KNU က ကြိုးပမ်း ခဲ့ပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ စိုးမိုးလို့ မရတာက ဆက်သွယ်မှု ကောင်းမွန်တဲ့ စပ်ကြားနယ် မြေဖြစ်တာနဲ့အညီ KNU တပ်မဟာ(၁) နယ်မြေထဲကို ဗမာPDF တွေ၊ တပ်မတော် က လွှတ်ထားတဲ့ DCS အမည်ခံ သူလျှို ဒလန်တွေ ၊ ရဲပြေး DCS အေးမင်းထွန်း တို့လို လောက်ကောင်တွေ ခြေကျင်းလိမ် နေတာ မို့ ဒီဒေသ ဟာ ရှုပ်ထွေးလျက် ရှိတယ်။ KNU ကို ကံဆိုးစေတာက ဒီနယ်မြေ ထဲရောက်နေတဲ့ တင်လင်အောင် တို့၊ တက်ကြပ်ကြီးစာရေးမ ယဥ်လဲ့လဲ့ထွန်းတို့ လို သူလျှို ဒလန်တွေက သတင်းအတိ အကျပေးနေလို့ စခန်းတွေ ပစ်မှတ်တိတိကျ နဲ့ ဗုံးကျဲခံနေရတဲ့ အပြင် တလောကဆိုရင် NUG ရဲ့ အထူးတိုင်း စစ်ဌာနချုပ် စခန်း ၂၈ ခုပါ လက်လွှတ်ခဲ့ရပြီးပါပြီ။ ဒါကြောင့်လည်း KNU က မသင်္ကာရင် သတ်ပစ် လို့ အမိန်ပေးထားတာ မို့ ယဥ်လဲ့လဲ့ထွန်း အပါအဝင် DCS ဝန်ထမ်း တွေရော သံသယဖြစ်တဲ့ KNLA/PDF အဖွဲ့ ဝင် တော်တော်များများလည်း ရှင်းလင်းသုတ် သင်ခံလိုက်ရပြီ လို့ အလင်းဝင်လာသူတွေ က ပြောပြပါတယ်။ ဒီလို တောတွင်းဥပဒေကြောင့်လည်း KNLA/PDF တော်တော်များများ ဟာ စိုးရိမ်ကြောက်ရွံ့စိတ် တွေနဲ့အတူ နေ့စဥ်လိုလို အလင်းဝင်နေတယ် လို့ ဆိုပါတယ်။ ဒီပုံအတိုင်းဆိုရင် ခေတ်သစ် ဟင်္သာ ကိုးသောင်းပုံပြင် ဇာတ်ခင်းနေတဲ့KNU/NUG ထိပ်ပိုင်းခေါင်းဆောင်တွေ ကြောင့် KNU တပ်မဟာ (၁) နယ်မြေတစ်ခုလုံးဟာ မကြာမီ ပျက်စီးသွားတော့မယ့် သဘောတွေ့ ရပါတယ်။ နောက်ဆုံး အနေနဲ့ အကောင်းဆုံးအကြံပေး ချင်တာကတော့ KNU/NUG ရဲ့ သံသယအောက်မှာ လူငယ်တွေ အသက်မပျောက်ဖို့ လိုတယ်။ ဒါကြောင့် အခုလို အမြန်ဆုံးအလင်းဝင်ကြပါလို့ပဲ တိုက်တွန်းချင်တယ်။ မင်းသုန္ဒရ (Truth Waves) 👇🏼👇🏼👇🏼 Tiktok (https://www.tiktok.com/@truth1313/photo/7712295306947317000?is_from_webapp=1&sender_device=pc&web_id=7639224910552434183) / Youtube Channel (https://youtube.com/post/Ugkxp7gIuv6vPgPWeros-NSba4VZVsmYiWfh?si=B0_uBWBAnF7vLs_y) / Telegram (https://t.me/ShweMyoeTaw1/51460)
Открыть в Telegram၂၆.၁၁.၂၀၂၆ ရက်နေ့၊ ၀၃ ၁၅ အချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ အရွဲကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၉/၇)နှင့်(၂၀/၀)ကြားတွင် ညောင်တုန်းမြို့ဘက်မှရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသော DAIHATSU HIJETအမျိုးအစား (အဖြူရောင်)ယာဉ်သည် လမ်းဘေးတွင်ရပ်ထားသော HONO အမျိုးအစား(အနီရောင်) ၂၂ဘီးယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် DAIHATSU HIJETအမျိုးအစား (အဖြူရောင်)ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၉)ဦးအနက် ကျား(၁)ဦး(ေ-သဆုံး)နှင့် ကျန်(၈)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား လူငယ်ရိပ်မွန်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၂)စီး၊ မြတ်သုခလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၂)စီးတို့ဖြင့် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။
Открыть в Telegramနိုဝင်ဘာလ ၂၂ ရက်တွင် ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းမပေါ်၌ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေများ တရားမဝင်ဝယ်ယူရောင်းချနေတဲ့ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ မိုဟာမတ်ယူနုစ်(ခ)မောင်မောင်လွင်အား အမေရိကန်ဒေါ်လာ ၁၅,၅၀၀ နှင့် မြန်မာကျပ်ငွေ ၈၅၀,၀၀၀ တို့အပြင် ငွေကြေးရောင်းဝယ်ရာမှာ အသုံးပြုတဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ ဖမ်းဆီးရမိသူအား သက်ဆိုင်ရာ မြို့မရဲစခန်းတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်လှစ်ထားပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Открыть в Telegram၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၉) မိုင်ရှိ နေအိမ်တစ်ခု၌ ဗဟိုဘဏ်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူ ကျော်စွာ (၄၅ နှစ်) နှင့် မနှင်းပွင့် (၃၈ နှစ်) တို့ကို သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့ရာ အောက်ပါသက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်- အမေရိကန်ဒေါ်လာ: ၂၂၀,၀၀၀ ထိုင်းဘတ်: ၅၅၀,၀၀၀ တရုတ်ယွမ်: ၃၇၀,၀၀၀ မြန်မာကျပ်ငွေ: ၆၃,၀၀၀,၀၀၀ လက်ကိုင်ဖုန်း: ၄ လုံး လက်ရှိတွင် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်း၌ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရ
Открыть в Telegramရန်ကုန်မြို့တွင် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတစ်ဦးအား ဖမ်းဆီးရမိ ======================== ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်းရှိ ဆူးလေကုန်းကျော် လူကူးတံတားအနီးတွင် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေများ တရားမဝင် ဝယ်ယူရောင်းချနေကြောင်း သတင်းအရ တာဝန်ရှိသူများက နိုဝင်ဘာလ ၂၁ ရက်မှာ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ ရာဂျား(ခ)အောင်ချိုထွန်းထံမှ တရားမဝင် ရောင်းဝယ်ရန် လက်ဝယ်ထားရှိသည့် အမေရိကန်ဒေါ်လာ (၃၅၅၀)၊ တရုတ်ယွမ်(၅၆၀၀)၊ မလေးရှားရင်းဂစ်(၅၂၀၀) နှင့် မြန်မာကျပ်ငွေ (၁၀,၂၀၀,၀၀၀) တို့အပြင် ငွေကြေးရောင်းဝယ်ရာတွင် အသုံးပြုတဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ ဖမ်းဆီးရမိသူအား သက်ဆိုင်ရာ မြို့မရဲစခန်းတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်လှစ်ထားပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Открыть в Telegramရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် (၃)စီး စတုတ္ထအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ
Открыть в Telegram