Account

Posts of Shwe Phee Myay News Agency

newest first

#30215Photo
Views814−29%vs avg
Forwards—
Reactions7
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h324
4 h814
  1. After 1 hour324
  2. Total to date814
#30214Text

🟢မူဆယ်မှာ တရုတ်ယွမ် ၁၀၀ ကို ကျပ် ၈ သောင်းအထိ ဆက်လက်မြှင့်တက်လာနေ၊ ကျပ်ငွေ တန်ဖိုး ဆက်တိုက် ကျဆင်းနေ ရွှေဖီမြေ၊ နိုဝင်ဘာ ၂၆ ရက်၊ မူဆယ် တရုတ်- မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၈ သောင်းအထိ ဆက်လက်မြှင့်တက်လာနေပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၆ ရက် မနက် ၁၀ နာရီခွဲမှာ ဝယ်စျေး တရုတ်ယွမ် ၁၀၀ မှာ ကျပ် ၈ သောင်း ရှိပြီး ရောင်းစျေး ယွမ် ၁၀၀ ကို ကျပ် ၈၀၅၀၀ အထိ ပေါက်စျေး ရှိနေပါတယ်။ “ဒီနေ့ မနက်မှ ငွေစျေးထပ်တက်လာတာ။ ဆက်တ်ိုက်တက်နေတာ။ ငွေစျေး ထပ်တက်ဖို့ပဲ ဖြစ်နိုင်ချေများတယ်”လို့ မူဆယ်မြို့ခံ တစ်ဦးက ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၂၅ ရက်မှာတော့ ဝယ်စျေး တရုတ်ယွမ် ၁၀၀ မှာ ကျပ် ၇၈၅၀၀ ရှိပြီး ရောင်းစျေး ယွမ် ၁၀၀ ကို ကျပ် ၇၉၀၀၀ အထိ ပေါက်ဈေး ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာတော့ တရုတ်‌ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၇ သောင်းခွဲကျော် (၇၅,၅၀၀ ကျပ်)အထိသာ မြှင့်တက်ခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၂၆ ရက်မှာတော့ ယွမ် ၁၀၀ ကို ကျပ် ၈ သောင်းအထိ မြှင့်တက်ခဲ့ပါတယ်။ ငွေစျေးမြင့်တက်လာတာကြောင့် တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ် မြင့်တက်လာနိုင်ပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views810−29%vs avg
Forwards—
Reactions7
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h325
4 h810
  1. After 1 hour325
  2. Total to date810
#30213Text

🟢 နျူကလီးယားလက်နက် ထုတ်လုပ်မှု တိုးချဲ့မယ်လို့ မြောက်ကိုရီးယား ပြော ရွှေဖီမြေ၊ နိုဝင်ဘာလ ၂၆ ရက် ဘာသာပြန် - MZH   နယ်ပယ်စုံနဲ့ မတူညီတဲ့ စစ်ဆင်ရေးတွေအတွက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ချထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်းလိုက်ပါတယ်။   နျူကလီးယားပစ္စည်း ထုတ်လုပ်နိုင်စွမ်းကို စနစ်တကျ တိုးချဲ့နေတယ်လို့ နိုဝင်ဘာ ၂၆ ရက်မှာ ကင်က ပြောကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။ နျူကလီးယားပစ္စည်း ထုတ်လုပ်ရေးနဲ့ လက်နက်သုတေသန စက်ရုံတွေကို စစ်ဆေးစဉ်မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်မှု အဆင့်အတန်းဟာ လုံးဝထိပါးလို့မရဘူးလို့ သူက ပြောပါတယ်။   အခြေအနေပြောင်းလဲမှုကို မသိကျိုးကျွန်ပြုတဲ့ နျူကလီးယားဖျက်သိမ်းရေး ပြောဆိုချက်တွေကြောင့် နိုင်ငံရဲ့ အဆင့်အတန်း ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ကင်ဂျုံအန်က ဆိုပါတယ်။ နျူကလီးယားစွမ်းရည်ဟာ လက်တွေ့ဖြစ်နေပြီဖြစ်ပြီး ထုတ်လုပ်မှု အောင်မြင်မှုတွေဟာ မူဝါဒအောင်မြင်မှုကြီးပဲလို့ သူက မှတ်ချက်ပေးပါတယ်။   ၂၀၂၃ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းထားတဲ့ နျူကလီးယားအဆင့်အတန်းကို ငြင်းဆိုဖို့ ကြိုးစားမှုဟာ ပြောင်ကျကျ စစ်ကြေညာတာပဲလို့ သူက သတိပေးပါတယ်။ ခေတ်သစ်စစ်ပွဲမှာ နည်းဗျူဟာမြောက် နျူလက်နက်တွေရဲ့ တန်ဖိုးနဲ့ အန္တရာယ်အရှိဆုံး ရန်သူနိုင်ငံနဲ့ နယ်စပ်အခြေအနေတွေကြောင့် ဒီလက်နက်တွေကို စုံလင်စွာ အသုံးပြုဖို့ လိုအပ်နေတယ်လို့ ကင်က ပြောပါတယ်။   စက်တင်ဘာ ၂၁ ရက်က DMZ နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး တောင်ကိုရီးယားစစ်သား သုံးဦး ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တင်းမာမှုတွေ တိုးနေချိန်မှာ ဒီပြောဆိုချက် ထွက်ပေါ်လာတာပါ။ မိုင်းထောင်ခဲ့တာဟာ မြောက်ကိုရီးယားဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ တောင်ကိုရီးယားက တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။   မြောက်ကိုရီးယားက မိုင်းကိစ္စ လုပ်ကြံတယ်လို့ စွပ်စွဲပြီး ကုလလုံခြုံရေးကောင်စီကို စာပို့ခဲ့သလို တစ်ပတ်မပြည့်ခင်မှာပဲ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၀ စင်းခန့် ပစ်လွှတ်ခဲ့ပါတယ်။ News & Photo: Al Jazeera #SPM #မြောက်ကိုရီးယား #ကင်ဂျုံအန် #နျူကလီးယား #တောင်ကိုရီးယား #နိုင်ငံတကာသတင်း ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views733−36%vs avg
Forwards—
Reactions7
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h329
4 h733
  1. After 1 hour329
  2. Total to date733
#30212Photo
Views762−33%vs avg
Forwards—
Reactions3
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h456
4 h762
  1. After 1 hour456
  2. After 6 hours762
  3. Total to date762
#30211Text

🟢မိုင်းရှူး ဟိုက်ပါရေတံခွန်အနီးရွာမှာ အရက်ကြောင်နေတဲ့ ဖခင်က ၂ နှစ်အရွယ် သမီးအရင်းကို သတ်ဖြတ်ပြီး နေအိမ်မီးရှို့၊ ဖမ်းဆီးချိန် ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်း SSF ၊ နိုဝင်ဘာ ၂၆ ရက်၊ မိုင်းရှူး ရှမ်းတောင်၊ မိုင်းရှူးမြို့နယ်မှာ အရက်ကြောင်နေတဲ့ ဖခင်ဖြစ်သူက အသက် ၂ နှစ်အရွယ် သမီးအရင်းကို သတ်ဖြတ်ပြီး နေအိမ်ကိုပါ မီးရှို့ထွက်ပြေးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ အဲ့ဒီထွက်ပြေးသွားတဲ့ တရားခံကို ဒီကနေ့မနက်မှာ ဖမ်းဆီးခဲ့ရာ ဖမ်းဆီးတဲ့အချိန် ပြန်ခုခံလို့ စစ်သားတွေက အသေပစ်ခတ်ရှင်းလင်းလိုက်တယ်လို့လည်း ဖြစ်စဉ်ကို သိရှိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက်က မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာမှာ အဲ့ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် စိုင်းပီးဟာ ဇနီးဖြစ်သူ နန်းဖိတ် ဈေးသွားရောင်းနေချိန် နေအိမ်မှာ ရှိတဲ့ သမီးငယ်ကို ဓားနဲ့ လည်ပင်းလှီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ “သူကအရက်ကြောင်တာဗျ။ မိန်းမက ဟိုက်ပါဈေးသွားရောင်းတဲ့အချိန် ဖြစ်သွားတာဗျ။ သူ့သမီးအိပ်နေတာကို လည်ပင်းလှီးလိုက်တာဗျ။ လည်ပင်းမှာ ဓားနဲ့လှီးထားတဲ့ ဒဏ်ရာတွေ ရှိတယ်ဗျ။ သူက အရင်ကလည်း ခဏခဏ မိန်းမနဲ့ ရန်ဖြစ်တယ်။ အခု မဖြစ်ခင်တရက်မှာလည်း သူ့မိန်းမနဲ့ အကြီးအကျယ် ရန်ဖြစ်သေးတယ်ဗျ” လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ သမီးဖြစ်သူကို သတ်ဖြတ်ပြီးနောက် စိုင်းပီးဟာ နေအိမ်ကို ဒီဇယ်လောင်းပြီး မီးရှို့ထွက်ပြေးခဲ့ပေမယ့် ရွာသူ ရွာသားတွေက အချိန်မီ မီးဝိုင်းငြိမ်းလို့ နေအိမ်ကိုတော့ မီးမလောင်သွားခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဒေသခံတွေက ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPတပ်ဖွဲ့ကို တိုင်ကြားခဲ့တဲ့အတွက် SSPP တပ်ဖွဲ့က စိုင်းပြီးကို လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ “အစိမ်းတပ်ဖွဲ့ (SSPP)က ဒီမနက် လိုက်ဖမ်းတာ တွေ့တဲ့အချိန် ပြန်ခုခံလို့ သေနတ်နဲ့ ပစ်ခတ်လိုက်တာ သူလည်း သေသွားပြီဗျ။ အခု ဒီလိုမဖြစ်ဖူးတဲ့ဟာတွေ ဖြစ်နေတော့ စိတ်ထဲမှာ တမျိုးဖြစ်နေတယ်ဗျ”လို့ ဟိုက်ပါ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ အခုဖြစ်စဉ်မှာ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အပြင် မိသားစုအတွင်း အကြမ်းဖက်မှုမှတစ်ဆင့် လူသတ်မှုအထိ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေအကြား စိတ်မကောင်းဖြစ်တာ ထိတ်လန့်တာတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views793−31%vs avg
Forwards—
Reactions8
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h506
4 h793
  1. After 1 hour506
  2. After 6 hours793
  3. Total to date793
#30208Photoalbum
Views1,110−3%vs avg
Forwards0
Reactions6
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h473
4 h934
7 h1,110
  1. After 1 hour473
  2. After 6 hours1,110
  3. Total to date1,110
#30207Link preview

🟢မြန်မာနိုင်ငံက The Manhattan FISH MARKET ဆိုင်ခွဲအားလုံးနဲ့ Pezzo Pizza ဆိုင်ခွဲတချို့ အပြီးတိုင် ပိတ်သိမ်းသွား မိရိုး၊ နိုဝင်ဘာ ၂၆၊ မြန်မာ မလေးရှားအခြေစိုက် နာမည်ကြီး ပင်လယ်စာစားသောက်ဆိုင်လုပ်ငန်းဖြစ်တဲ့ The Manhattan FISH MARKET (MFM) က မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ သူတို့ရဲ့ ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မယ်လို့ မနေ့က နိုဝင်ဘာ ၂၅ ရက်မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့က Myanmar Plaza ဆိုင်ခွဲကို ဒီနေ့ နိုဝင်ဘာ ၂၆ ရက်ကစပြီး အပြီးတိုင် ပိတ်သိမ်းသွားမှာဖြစ်သလို ကျန်နေသေးတဲ့ ဆိုင်ခွဲအားလုံးကိုလည်း အပြီးတိုင် ပိတ်သွားမယ်လို့ အသိပေးထားပါတယ်။ အလားတူပဲ စင်ကာပူအခြေစိုက် ပီဇာလုပ်ငန်းတစ်ခုဖြစ်တဲ့ Pezzo Pizza Myanmar ကလည်း ဒီနေ့ နိုဝင်ဘာ ၂၆ ရက်ကစပြီး ရန်ကုန်မြို့က သူတို့ရဲ့ ဆိုင်ခွဲနှစ်ခုဖြစ်တဲ့ သာကေတ Capital ဆိုင်ခွဲ (Tarkayta Capital Branch) နဲ့ မြေနီကုန်း City Mart ဆိုင်ခွဲ (Myaynigone City Mart Branch) တို့ကို အပြီးတိုင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် အသိပေးကြေညာပါတယ်။ ဒါပေမဲ့ မြန်မာ့ဈေးကွက်ထဲကနေ အခုလို ဆိုင်ခွဲတွေ ပိတ်သိမ်းထွက်ခွာရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ကုမ္ပဏီနှစ်ခုစလုံးရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ထည့်ပြောမထားဘူးလို့ သိရပါတယ်။ The Manhattan FISH MARKET ဟာ အမေရိကန်စတိုင် ပင်လယ်စာဟင်းလျာတွေကို အဓိကရောင်းချတဲ့ မလေးရှားအခြေစိုက် နိုင်ငံတကာစားသောက်ဆိုင် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ မြန်မာ့ဈေးကွက်ထဲကိုတော့ ၂၀၁၄ ခုနှစ်က စဝင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းက MMG Tower မှာ ပထမဆုံးဆိုင်ခွဲကို စဖွင့်ခဲ့တာ အခုဆိုရင် ၁၂ နှစ်တောင် ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့ဖူးပြီး အခုနောက်ဆုံး ကျန်နေတဲ့ Myanmar Plaza ဆိုင်ခွဲကိုပါ ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ Pezzo Pizza ကတော့ ၂၀၁၂ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ စတင်တည်ထောင်ခဲ့တဲ့ ပီဇာလုပ်ငန်းဖြစ်ပြီး ပီဇာတစ်ချပ်လုံးမဟုတ်ဘဲ တစ်စိတ်ချင်းစီ ဝယ်ယူစားသုံးနိုင်တဲ့ (Pizza by the slice) ပုံစံနဲ့ လူသိများပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ်ဝန်းကျင်က စတင်ဝင်ရောက်လာခဲ့ပြီး ရန်ကုန်မြို့က ဈေးဝယ်စင်တာကြီးတွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာ စားသောက်ဆိုင်လုပ်ငန်းကြီးတွေ (Franchise Brands) မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ခဲ့တာဟာ ပြည်တွင်းက လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့သလို နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုနဲ့ စားသောက်ဆိုင် စီမံခန့်ခွဲမှု အတွေ့အကြုံတွေကိုပါ ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းစီးပွားရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ယုံကြည်မှုတည်ဆောက်ပေးတဲ့ နေရာမှာလည်း တစ်ထောင့်တစ်နေရာကနေ အရေးပါခဲ့တာပါ။ အခုလို ဆိုင်ခွဲတွေ ဆက်တိုက်ပိတ်သိမ်းလာတာကြောင့် အဲဒီဆိုင်တွေမှာ မှီခိုလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်လာနိုင်သလို မြန်မာ့စီးပွားရေးဈေးကွက်အပေါ် နိုင်ငံတကာလုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှု ပိုမိုကျဆင်းသွားစေနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ လက်ရှိ ပြည်တွင်းမှာတော့ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး နိုင်ငံခြားငွေလဲနှုန်းတွေ မတည်မငြိမ် ဖြစ်နေတာကြောင့် ပြည်ပထုတ်ကုန်နဲ့ နိုင်ငံတကာအမှတ်တံဆိပ် လုပ်ငန်းရှင်တွေ တော်တော်လေး အခက်တွေ့နေကြပါတယ်။ အောက်တိုဘာလကစလို့ နိုင်ငံခြားငွေဈေးတွေ နေ့တိုင်းလိုလို တက်နေပြီး တစ်လအတွင်းမှာပဲ အမေရိကန်တစ်ဒေါ်လာကို ၁၂ ရာခိုင်နှုန်းဝန်းကျင်နဲ့ ထိုင်းဘတ်ဈေး ၁၅ ရာခိုင်နှုန်းဝန်းကျင်အထိ တက်လာတယ်လို့ ငွေလဲလှယ်သူတွေက ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်း ပေါက်ဈေးအရ တစ်ဒေါ်လာကို ကျပ် ၅,၃၀၀ ဝန်းကျင်အထိ ရှိနေပြီး ပြီးခဲ့တဲ့တစ်လကထက် စာရင် တစ်ဒေါ်လာကို ၆၃၀ ကျပ်ဝန်းကျင်လောက် ဈေးတက်လာတာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ ပြည်ပထုတ်အလှကုန် ရောင်းချသူတစ်ဦးကလည်း "ကျပ်ဈေးက တစ်ရက်တည်း သုံးမျိုးလောက် ပြောင်းနေတော့ ရောင်းမယ့်ဈေးကို တသမတ်တည်း ထားလို့ မရတော့ဘူး" လို့ လက်ရှိ ကြုံနေရတဲ့ အခက်အခဲကို ပြောပြပါတယ်။ ငွေကြေးဖောင်းပွမှု၊ ဘဏ္ဍာရေးမူဝါဒတွေနဲ့ ကျပ်ငွေအပေါ် ယုံကြည်မှုနည်းလာတာတွေအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအပေါ် စီးပွားရေးအရ ပိုမှီခိုလာရလို့ ဘတ်ငွေဝယ်လိုအား တက်နေတာဟာ ကျပ်ငွေတန်ဖိုး ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ #ဓာတ်ပုံ - Facebook ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views1,130−1%vs avg
Forwards0
Reactions9
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h481
4 h936
7 h1,130
  1. After 1 hour481
  2. After 6 hours1,130
  3. Total to date1,130
#30206Photo
Views1,1400%vs avg
Forwards0
Reactions4
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
3 h747
9 h1,140
  1. Total to date1,140
#30205Link preview

🟢ရွာငံမြို့နယ်မှာ တန်ဆောင်တိုင်ပွဲက ပြန်လာတဲ့ ကျောင်းသားလူငယ် ၂ ဦးကို စစ်ကောင်စီတပ် ပစ်ခတ်လို့ ၁ ဦးသေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာရ မိရိုး၊ နိုဝင်ဘာ ၂၅၊ ရွာငံ ရှမ်းတောင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် အင်းကြီးဈေးအနီးမှာ တန်ဆောင်တိုင်ပွဲက ပြန်လာတဲ့ ကျောင်းသားလူငယ် ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက် ည ၁၂ နာရီဝန်းကျင်က ရွာငံမြို့ အနန္တဇိနဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကျောင်းသားလူငယ် ၂ ဦးကို သိမ်ကုန်းကျေးရွာအုပ်စု အင်းကြီးဈေးအနီးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုပစ်ခတ်တာကြောင့် ဆိုင်ကယ်နောက်က လိုက်ပါလာသူ လူငယ်ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တစ်ဦးကတော့ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာကြောင့် ရွာငံပြည်သူ့ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရပါတယ်။ "ရွာငံတန်ဆောင်တိုင်ကနေ ပြန်လာတဲ့ ကျောင်းသားလူငယ်နှစ်ဦးကို အင်းကြီးဈေးအရောက်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ လိုက်ပစ်တာ တစ်ဦး နေရာမှာတင် သေဆုံးပါတယ်။ နောက်ကစီးလာသူက ဦးနှောက်ရစရာမရှိတော့ဘူး။ နောက်တစ်ဦးကလည်း ဦးခေါင်း ပြင်းထန်ဒဏ်ရာရလို့ ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရတယ်" လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။ ရွာငံမြို့နယ်အတွင်း ကျေးရွာအလိုက် မီးပုံးပျံလွှတ်ပွဲတွေ ကျင်းပမှာဖြစ်လို့ ည‌ဖက် သွားလာတာတွေ ရှိမယ့်အကြောင်း စစ်ကောင်စီတပ်ဆီ ကြိုတင်အသိပေးပြီးမှ ကျင်းပခဲ့ပေမယ့် အခုလို ပစ်ခတ်ခံရတာလို့ သိရပါတယ်။ လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကိုလည်း ရွာငံပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။ အလားတူပဲ အဲ့ဒီ နိုဝင်ဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း ရွာငံမြို့နယ် ပြေသာကျေးရွာမှာ နေအိမ်အတွင်း ရှိနေတဲ့ အသက် ၅၇ နှစ်အရွယ် ဦးဖိုးဇော်နဲ့ အသက် ၂၁ နှစ်အရွယ် သားဖြစ်သူ မောင်ထွန်းထွန်းမင်း (ခ) ဖိုးသားတို့ သားအဖနှစ်ဦးကို ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာတဲ့ အမည်မသိ လက်နက်ကိုင် ၆ ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။ အခုလို အပြစ်မဲ့ပြည်သူတွေအပေါ် ပစ်ခတ်ကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေက လိုလားနေကြပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ကတော့ သူတို့အဖွဲ့နဲ့ လုံးဝဆက်စပ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ လက်ရှိ ရွာငံမြို့နယ်တောင်ပိုင်း လမ်းတစ်လျှောက် စစ်ကောင်စီတပ်က ရှောင်တခင် စစ်ဆေးတာတွေ လုပ်နေသလို ကျေးရွာတချို့မှာလည်း စစ်ကြောင်းထိုး လှုပ်ရှားနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရွာငံမြို့နယ်အတွင်းနဲ့ ရွာငံ-ဟံမြင့်မိုရ်သွားလမ်းတစ်လျှောက်မှာ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလောင်းကစား (ကျွဲဂိမ်း) တွေ များပြားလာတာကြောင့် အုပ်စုဖွဲ့ ဓားပြတိုက်လုယက်တာ၊ ဆိုင်ကယ်နဲ့ စိုက်ပျိုးသီးနှံ ခိုးယူတာတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးအရေးယူတာ မရှိဘူးလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views1,210+6%vs avg
Forwards0
Reactions11
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
3 h756
9 h1,210
  1. Total to date1,210
#30198Photoalbum
Views1,940+70%vs avg
Forwards0
Reactions15
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
20 h1,779
25 h1,940
  1. After 24 hours1,940
  2. Total to date1,940
#30197Link preview

🟢ရှမ်းတောင်မှာ သူခိုးညကို အကြောင်းပြပြီး ဆိုင်တွေကို ဖောက်ထွင်း ဖျက်ဆီးတာ ပစ္စည်းခိုးတာ ကားမှန်တွေကို ရိုက်ခွဲပြီး အမှိုက်နဲ့ ပစ်တင်တာတွေ ပြုလုပ်ခဲ့ SSF ၊ နိုဝင်ဘာ ၂၅ ရက်၊ ရှမ်းတောင် ရှမ်းတောင်မှာ သူခိုးည ခေါ် ကျီးမနိုးညကို အကြောင်းပြပြီး ဆိုင်တွေကိုဖျက်ဆီးတာ ပစ္စည်းတွေကိုခိုးတာ နဲ့ ကားမှန်တွေကို ရိုက်ခွဲတာတွေ ပြုလုပ်သူတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ မနေ့ညမှာ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်ညကို တချို့လူတွေက သူခိုးည ခေါ် ကျီးမနိုးညကို ဆင်နွဲတယ်လို့ အကြောင်းပြက ဖျက်ဆီးမှုတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ တောင်ကြီး အေးသာယာမြို့မှာရှိတဲ့ ကွမ်းယာဆိုင်တစ်ခုကို ဖျက်ဆီးသွားခဲ့တယ်လို့ သတင်းရင်းရဲ့ ပြောပြချက်အရ သိရပါတယ်။ “မဟုတ်မဟတ်တွေ လုပ်သွားကြတယ်၊ ဆိုင်ကို ရိုက်ခွဲသွားကြတယ်။ မှန်တွေကိုလည်း ရိုက်ခွဲသွားကြတယ်။ ဒါမျိုးကို ဘယ်လိုမှ နားမလည်ပေးနိုင်ဘူး။ သူများတွေကို ဒုက္ခရောက်အောင် အရင်းပြုတ်အောင်လုပ်နေတာလို့ပဲမြင်တယ်။ ဒါမျိုးကို ရိုးရာလို့ လက်မခံနိုင်ဘူး။ အရင်က ဒါမျိုးတွေ မရှိဘူး”လို့ အေးသာယာမြို့နေ ပြည်သူတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ဟိုပုံးမြို့မှာလည်း ဆိုင်ဆိုင်းဘုတ်တွေကို နေရာရွေ့သွားတာတွေ၊ ဆိုင်အတွက်ခင်းထားတဲ့ ခုံတွေ ပန်းအိုးတွေကို ခိုးယူသွားကြတာတွေ အပြင် ဆိုင်ကိုဖောက်ဝင်ပြီး ပစ္စည်းခိုးသွားတာတွေလည်း ပြုလုပ်ကြတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ “ကျွန်မတို့ ဆိုင်ရှေ့မှာ ထားထားတဲ့ ထိုင်ခုံတွေ ပန်းအိုးတွေက အစယူသွားကြတယ်။ စိတ်ထဲတော့ ကြည်လင်မနေဘူး။ ဒီမနက် ဆိုင်ဖွင့်ဖို့လုပ်တော့ ခုံတွေကမရှိတော့ဘူး။ CCTVကြည့်တော့လည်း ယူသွားတဲ့သူတွေက ငယ်ငယ်ရွယ်ရွယ်လေးတွေ။ ဒီကလေးတွေ တသက်လုံး နောက်ဆို အယူမှား စာရိတ္တပျက်သွားနိုင်တယ်။ ဒီလိုညမှာ ကြိုက်တာခိုးယူလို့ရတယ်လို့ မှတ်သွားရင် ဘယ်လိုလုပ်မလဲ။ အပျော်ကနေ အပျက်ဖြစ်သွားနိုင်တယ်”လို့ ဟိုပုံးမြို့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် အထည်ဆိုင်တစ်ခုလည်း ဖောက်ထွင်းခံရပြီး အထည်အချို့နဲ့ ဦးထုပ်တွေ ခိုးယူခံရတာလည်း ရှိတယ်လို့ နောက်ထပ် ဟိုပုံးဒေသခံတစ်ဦးကပြောပါတယ်။ “ကျွန်မအသိဆိုင်ဆို ဆိုင်ဖောက်ခံရတယ်။ ဦးထုပ်တွေ အများကြီး ယူသွားတယ်။ ဟိုပုံးမြို့က ပအိုဝ်းတွေ အများစု နေကြတာပါ။ ပအိုဝ်းထုံးစံမှာ သူခိုးညဆိုတာ မရှိဘူး။ ဒီလိုတန်ဆောင်မုန်းလပြည့်မှာက မီးကြာလှည့်တာ မီးပူဇော်တာတွေပဲလုပ်တယ်။ အခုက လူစုံလာတော့ သူခိုးညဆိုပြီး ခိုးတာတွေလည်း ကူးစက်လာတယ်”လို့ သူကပြောပါတယ်။ ဒါ့အပြင် ပင်လုံမြို့မှာလည်း ဘုရားကြီးရှေ့ရှိ ဆိုင်တန်းမှ ဆိုင်ခန်းတဲများ၊ ခုံများကို လမ်းပေါ်မှာ ခိုးယူရွေ့ပြောင်းတာတွေ ပြုလုပ်ကြတာတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ “တချို့လူက အဲ့ဒီလို လိုက်ခိုးရွေ့တာကို ကိုယ်တိုင်ရိုက်ပြီး ဗီဒီယိုတင်ကြတယ်ရှင့်။ မရှက်တတ်ကြဘူးရှင့်။ လမ်းမပေါ် အဲ့လိုရွေ့ထားတော့ မတော်တဆ ကား ဆိုင်ကယ်တိုက်မှုဖြစ်ရင် သူတို့တာဝန်ယူမလားရှင့်”လို့ ပင်လုံမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ရှမ်းတောင် မိုင်းရှူးတောင်ပေါ်မှာလည်း သူခိုးညကို အကြောင်းကြပြီး လမ်းမဘေး ရပ်ထားတဲ့ ကားတစ်စီးကို လူတစ်စုက မှန်ရိုက်ခွဲပြီး အမှိုက်တွေနဲ့ ပစ်တင်မှုတွေ ပြုလုပ်သွားတာလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် လွိုင်လင် ၊ နမ့်စန်၊ တောင်ကြီး စတဲ့ မြို့တွေပေါ်မှာလည်း သူခိုးညဆိုပြီး ပစ္စည်းအသေးအမွှားတွေ လိုက်ခိုးတာ ခုံတွေ ရွေ့ပြောင်းတာတွေကို ပြုလုပ်တာ ကားလမ်းပိတ်တဲ့အထိ ပန်းအိုးတွေကို ရွေ့ပြောင်းထားတာတွေလည်း အများအပြားဖြစ်ပွားခဲ့ပါတယ်။ #ဓာတ်ပုံ - CJ၊ Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views1,830+60%vs avg
Forwards1
Reactions12
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
20 h1,709
25 h1,830
  1. After 24 hours1,830
  2. Total to date1,830
#30196Photo
Views1,490+31%vs avg
Forwards2
Reactions11
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
20 h1,335
26 h1,490
  1. After 24 hours1,490
  2. Total to date1,490
#30195Link preview

🟢မူဆယ်မှာ တရုတ်ယွမ် ၁၀၀ ကို ၈သောင်း ကျပ်အနီးထိ ရောက်လာ ရွှေဖီမြေ၊ နိုဝင်ဘာ ၂၅ ရက်၊ မူဆယ် တရုတ်- မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၈ သောင်းနီးပါးအထိ ထပ်မံ မြှင့်တက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ဝယ်စျေး တရုတ်ယွမ် ၁၀၀ မှာ ကျပ် ၇၈၅၀၀ ရှိပြီး ရောင်းစျေး ယွမ် ၁၀၀ ကို ကျပ် ၇၉၀၀၀ အထိ ပေါက်ဈေး ရှိတာလို့ ဆိုပါတယ်။ “ငွေစျေးတအားတက်တာ မဟုတ်ဘူး။ မြန်မာငွေက တန်းဖိုးမရှိလို့ ကျနေတာ။ ငွေစျေးကတော့ အပြောင်းအလဲ မြန်ပါတယ်” ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာတော့ တရုတ်‌ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၇ သောင်းခွဲကျော် (၇၅,၅၀၀ ကျပ်)အထိသာ မြှင့်တက်ခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၂၅ ရက်မှာတော့ ယွမ် ၁၀၀ ကို ကျပ် ၈ သောင်းနီးပါး(၇၉၀၀၀) အထိ မြှင့်တက်ခဲ့ပါတယ်။ နယ်စပ်မှာ ကုန်ပစ္စည်းတွေကို ငွေဈေး အတက်အကျပေါ် မူတည်ကာ ရောင်းချကြတာဖြစ်ပြီး ငွေဈေး ထိုးတက်သလို ကုန်ဈေးနှုန်းလည်း တစ်ဟုန်ထိုး မြှင့်တက်လာတာကြောင့် နယ်စပ်ဒေသရှိ ဒေသခံတွေအတွက် ပိုပြီး အခက်တွေ့စေတယ်လို့ ဆိုပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views1,414+24%vs avg
Forwards2
Reactions11
Comments—
#30193Link preview

🟢လွိုင်လင်မြို့မှာ စစ်ကောင်စီဂိတ်က ပိတ်ပင်ထားတာကြောင့် သံတိုသံစသယ်ယူတဲ့ ကုန်တင်ကား ၂၀၀ ကျော် ၂ပတ်နီးပါးကျော်ကြာ ပိတ်မိနေ မိရိုး၊ နိုဝင်ဘာ ၂၅၊ လွိုင်လင် ရှမ်းတောင်၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်လင်မြို့နယ်ထဲက စစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းခွင့် မပေးတာကြောင့် သံတိုသံစသယ်ယူတဲ့ ကုန်တင်ကား (ကီလိုကား) အစီးရေ ၂၀၀ ကျော်ဟာ ၂ပတ်နီးပါးကြာ ပိတ်မိနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ရေကြီးရေလျှံတာတွေ ကျဆင်းသွားပြီးနောက် တခြားကုန်တင်ကားတွေကို ပုံမှန်သွားလာခွင့် ပြုထားပေမဲ့ သံတိုသံစသယ်ဆောင်တဲ့ ကားတွေကိုတော့ လွိုင်လင်-တောင်ကြီးကားလမ်းပေါ်က လွိုင်လင်မြို့အထွက် တံတားဖြူဂိတ်၊ လွိုင်လင်မြို့ အဝင်အထွက်ဂိတ်၊ ပင်လုံမြို့ အဝင်အထွက်ဂိတ်နဲ့ လွိုင်လင်-နမ့်စန်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တားဆီးပိတ်ပင်ထားတာ ဖြစ်ပါတယ်။ အရင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနဲ့ မန္တလေးဘက်က ကုန်လက်ခံမယ့် လုပ်ငန်းရှင်တွေရဲ့ ထောက်ခံစာတွေ ပါရှိရင် ဖြတ်သန်းခွင့်ရခဲ့ပေမယ့် အခုချိန်မှာတော့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး (နယ်လုံဝန်ကြီး) ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သွားလာခွင့်လက်မှတ် ပါမှသာ ဖြတ်သန်းခွင့်ပေးမယ်လို့ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ “ပိတ်မိနေတဲ့ ကားတွေက လွိုင်လင်မှာရော၊ ပင်လုံမှာရော၊ နမ့်စန်ဘက်မှာရော အကုန်ပိတ်မိနေတယ်။ အပိုင်းလိုက်ကို တားပြီး ပိတ်ထားကြတယ်။ မပေးသွားတာ ၂ပတ်နီးပါး ရှိပြီ။ ကားအစီးရေ ၂၀၀ ကျော်က အနည်းဆုံးဖြစ်မယ်” လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ အဲဒီသွားလာခွင့် ထောက်ခံစာကို ရယူဖို့အတွက် လုပ်ငန်းပိုင်ရှင်ကိုယ်တိုင် တောင်ကြီးမြို့ကို သွားရောက်လျှောက်ထားရမှာဖြစ်ပြီး ကြိုတင်အသိပေးတာမျိုး မရှိဘဲ လမ်းခုလတ်ရောက်မှ ရုတ်တရက် တင်းကျပ်လိုက်တာကြောင့် ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရပါတယ်။ “ဂိတ်တွေကလည်း ညှိမရဘူး။ လွှတ်လည်း မလွှတ်ပေးဘူး။ အဖွဲ့စုံနဲ့ စစ်ဆေးနေတာဖြစ်တဲ့အတွက် နယ်လုံဝန်ကြီး လက်မှတ်ရမှ ပြန်လာပါ၊ ချက်ချင်းပေးသွားမယ်လို့ပဲ ပြောနေတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။ ရှမ်းပြည်နယ်ထဲက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လက်နက်ခဲယမ်း ထုတ်လုပ်မှုတွေကို တားဆီးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သံတိုသံစ၊ ဘက်ထရီအိုးဟောင်းနဲ့ ဓာတ်မြေဩဇာလို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်မှုအပေါ် မကြာခဏ အခုလို ကန့်သတ်ပိတ်ပင်တာတွေ လုပ်လေ့ရှိပြီး ကုန်စည်စီးဆင်းမှု ကြန့်ကြာတာနဲ့ ကုန်သည်တွေ နစ်နာဆုံးရှုံးတာတွေ အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views1,498+31%vs avg
Forwards0
Reactions16
Comments—
#30191Link preview

🟢 ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၄၉၀,၀၀၀ ကျော် သေဆုံး   ရွှေဖီမြေ၊ နိုဝင်ဘာလ ၂၅ ရက် ဘာသာပြန် - MZH   ယူကရိန်း ကျူးကျော်စစ် ကာလအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ရုရှားစစ်သား ၄၉၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရုရှား လွတ်လပ်တဲ့ မီဒီယာတွေက ပြောပါတယ်။   ရုရှား ဝက်ဘ်ဆိုက်နဲ့ ပြည်တွင်းကွန်ရက်တွေကို ဟက်ကာအဖွဲ့တွေ ထိုးဖောက်ပြီး မျှဝေခဲ့တဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် မီဒီယာဇိုနာနဲ့ မီဒူဇာတို့က တနင်္လာနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာအရ ဒီစာရင်းထဲမှာ နိုင်ငံခြားသားတွေ မပါဝင်ဘဲ အသက် ၁၈ နှစ်ကနေ ၆၄ နှစ်ကြား အမျိုးသားတွေ ပါဝင်ပြီး စစ်ရေးဆိုင်ရာ သေဆုံးမှုအကြောင်းရင်း ရှင်းလင်းစွာ ဖော်ပြထားသူတွေနဲ့ တိုက်ပွဲဇုန်တွေမှာ သေဆုံးခဲ့သူတွေရဲ့ မှတ်တမ်းတွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။   ၂၀၂၂ ခုနှစ်၊ ယူကရိန်း ကျူးကျော်စစ် စတင်ချိန်ကနေ ဒီနှစ် စက်တင်ဘာ ၂၉ ရက်အထိ သေဆုံးခဲ့တဲ့ ရုရှားစစ်သား အရေအတွက်ဟာ ၄၉၀,၃၀၀ ကျော် ရှိပြီး အဲဒီအချက်အလက်တွေကို ဟက်ကာတွေ ဒါမှမဟုတ် ရုရှားအာဏာပိုင်တွေက ပြောင်းလဲထားဖို့ မဖြစ်နိုင်သလောက်ပဲလို့ အစီရင်ခံစာက ဆိုပါတယ်။   အထောက်အထားအဖြစ် ပေါက်ကြားလာတဲ့ အချက်အလက်တွေနဲ့ မီဒီယာဇိုနာ၊ ဗြိတိန် အများပြည်သူဆိုင်ရာ ရုပ်သံ BBC နဲ့ တခြားအဖွဲ့တွေ စုစည်းထားတဲ့ ရုရှားစစ်တပ် သေဆုံးစာရင်းကြားမှာ ၉၀ ရာခိုင်နှုန်းကျော် တူညီနေတာကို ထောက်ပြထားပါတယ်။ တကယ်သေဆုံးသူ အရေအတွက်ဟာ ၄၉၀,၀၀၀ ထက် အများကြီး ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။   ဒီအချက်အလက်တွေဟာ စစ်ပွဲကြောင့် ရုရှားဘက်က ကြုံတွေ့နေရတဲ့ လူ့အသက်ဆုံးရှုံးမှု ပမာဏ ကြီးမားလှတာကို ထင်ဟပ်စေပါတယ်။ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ စိစစ်ချက်နဲ့ မှတ်တမ်းအချက်အလက်တွေ ပေါင်းစပ်ဖော်ပြချက် ဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာလည်း အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။   စစ်ပွဲကာလ ကြာရှည်လာတာနဲ့အမျှ နှစ်ဖက်စလုံးရဲ့ ထိခိုက်သေဆုံးမှု စာရင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။   News & Photo: NHK   #SPM #ရုရှား #ယူကရိန်း #စစ်ပွဲ #မီဒီယာဇိုနာ #မီဒူဇာ #နိုင်ငံတကာသတင်း ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။   YouTube https://youtube.com/@ShwePheeMyayNewsAgency   Telegram https://t.me/spmnewsagency2019

Open in Telegram
Views1,537+35%vs avg
Forwards1
Reactions15
Comments—