ယောင်္ကျားအရင့်မာကြီး တစ်ယောက်
မျက်ရည်ကျတာမြင်တော့
ထိုနေရာမှာပဲ မျက်နှာသေနှင့်ရပ်နေမိခဲ့သည် ။
အဖေရယ် မငိုပါနဲ့လို့ နှစ်သိပ်ချင်ပေမဲ့
ကျွန်တော့်တွင်ထိုသို့ပြောပေးရန် ခွန်အားမရှိတော့
မိသားစုဝန်၊ လူမှုရေး၊ စီးပွားရေးတွေကျပ်တည်း
လာမှုတွေသည် အဖေ၏မျက်ရည်များထဲတွေ
အထင်းသားပေါ်နေသည် ။
ကျန်းမားရေးအခြေအနေတွေ ကြား
ရုံးကန်နေရတဲ့အဖေ့ကို ကြည့်ရင်း
ငါ့မှာသာစွမ်းအားရှိခဲ့ရင် အဖေ့ကို ငါ့အသက်ထဲက
ဆယ်နှစ်ပေးလိုက်ချင်တယ် ။
အဖေ ထိုစကားလုံးနှစ်လုံးကို ငယ်ငယ်ကမေ့လျော့ခဲ့တယ်
ကျောင်းပြန်လာရင် အရင်ဆုံးမေးတာ အမေရောတဲ့
အဲ့တုန်းကသာကျင့်ကျက်ခဲ့မယ်ဆိုရင်
သိပ်ကောင်းမှာပဲ ။
သားသမီးတွေမျက်မှာမငယ်အောင်ထားချင်ခဲ့တဲ့
အဖေ့ကို ကျွန်တော်မေ့လျော့ခဲ့တယ် ။
ဒါပေမဲ့အဖေဟာ ကျွန်တော်တို့ကိိုမမေ့လျော့ခဲ့ဘူး ။
အဖေက အဖေပါပဲ ။
_ မောင်ဟေမာ