Account

Posts of ပန်ဆယ်လို

newest first

#8455Text
Views17,100−51%vs avg
Forwards—
Reactions1,325
Comments—
#8454Text
Views35,1000%vs avg
Forwards—
Reactions1,829
Comments—
#8453Text
Views33,800−3%vs avg
Forwards—
Reactions1,599
Comments—
#8452Text
Views34,400−2%vs avg
Forwards—
Reactions1,849
Comments—
#8450Text
Views30,300−13%vs avg
Forwards—
Reactions1,477
Comments—
#8449Text
Views26,000−26%vs avg
Forwards—
Reactions1,390
Comments—
#8448Text

ရှေ့ရက်က ဘောမတစ်ကောင် ချက်ဘောက်ကနေ စာအရှည်ကြီးတွေ ပို့ပြီး တစ်ယောက်တည်း ငြင်းနေတဲ့အကြောင်း ပြောပြရဦးမယ်။ မြန်မာပြည်မှာ ကုန်စျေးနှုန်းတွေ တက်သလို US မှာလည်း တက်နေတာပဲတဲ့။ US က ဆီတစ်ဂါလံ စျေးနှုန်းနဲ့ မြန်မာပြည်က ဆီတစ်ဂါလံစျေးနှုန်း သိပ်မကွာပါဘူးတဲ့။ US မှာ ကြက်ဥတစ်ကဒ် $4 ဆိုတော့ မြန်မာငွေ ၁၈၀၀၀ ကျော်၊ တစ်ကဒ်ကို ၁၈လုံးပါတာဆိုတော့ တစ်လုံးတစ်ထောင်လောက် ကျနေတာ မြန်မာပြည်ကတောင် စျေးပိုသက်သာသေးတယ် ဘာညာ။ အရင်ဆုံး ဒီဘောမကို ချီးကျူးလိုတာကတော့ US က ကြက်ဥစျေးကို သိပြီး ပေါင်းနှုတ်မြှောက်စား လုပ်တတ်တာကိုတော့ အလစ်တဲလေး အသိအမှတ်ပြုပါတယ်။ ကိုယ်မြင်ဖူးတဲ့ ဘောမတွေထဲ ဒီကောင် Calculator သုံးတတ်သားပဲ ဆိုတာမျိုး။ ဟုတ်တယ်… US မှာလည်း ကုန်စျေးနှုန်းတွေ တက်တယ်။ ဒီတစ်နှစ်နှစ်နှစ်ထဲဆို တအားသိသာတယ်။ လမ်းထိပ်ကုန်စုံဆိုင်မှာ အသီးလေး Snack လေး နည်းနည်းပါးပါးဝယ်ရင်တောင် ဒေါ်လာ ၅၀၊ ၇၀ အသာလေးပဲ။ ဆီစျေးဆို ကိုယ်တွေ California မှာ $6 ဝန်းကျင်ပဲ။ အီဆိမ့်နေတာပ။ ဒါပေမယ့် ဒီဘောမက ကြက်ဥစျေးလောက်ပဲ ဘယ်ကကြားလာမှန်းမသိ သိလာတာ။ ဝင်ငွေကိုကျ ပြောပြပေးမယ့်သူ ရှိပုံမရဘူး။ US မှာ လူတစ်ယောက်ရဲ့ အခြေခံလစာဟာ တစ်နာရီကို $14 အထက် ရှိတယ်။ ပြည်နယ်အလိုက်တော့ မတူဘူး။ California မှာဆို $18 လောက် ရကြတယ်။ သူပြောသလို မြန်မာငွေနဲ့ တွက်ပြရရင် တစ်နာရီကို 85,000 MMK လောက်ပေါ့။ တစ်ရက်လစာ မဟုတ်ဘူးနော်။ တစ်နာရီလုပ်အားခ။ တစ်ရက် အလုပ်ချိန် ၈နာရီဆို $140 ကျော်၊ မြန်မာငွေ ၆သိန်းခွဲကျော်။ အဲ… အဲ့လိုဆိုလို့ သိပ်အားကျစရာတော့ မရှိ။ နေထိုင်စားသောက်စားရိတ်၊အခွန်အခ ကြီးမြင့်တာမို့ သာမန်လူတစ်ယောက်ဟာ တစ်လစာရင်းချုပ်ရင် အပိုအလျှံ တအားကြီး မရှိလှပါဘူး။ ဒါပေမယ့် ကြက်ဥကို စျေးမကြည့်ဘဲစားလို့ရတယ်။ လူတန်းစေ့ နေနိုင်မယ်။ ငတ်ရင် လမ်းပေါ်တက်မတောင်းဘဲ အစိုးရဆီ လှမ်းတောင်းလို့ ရတယ်။ ထားပါ… US ကောင်းကြောင်း ရေးချင်တဲ့ပိုစ့် မဟုတ်ဘူး။ မကောင်းတာတွေမှလည်း တပုံကြီး။ ဒါပေမယ့် US က ကြက်ဥစျေးနဲ့ မြန်မာပြည်က ကြက်ဥစျေးကို ညီမျှခြင်းချပြီး ပထွေးဘောမချင်တာကျ တအားစောက်သုံးမကျရာ ကျသွားပြီ။ အဲ့လို စွတွေးစွခေါ်မျိုးကို အေးဆေး မနေဘဲ ကိုယ့်ချက်ဘောက်ထိ ဇွတ်လာငြင်းတာကျ မင်းဘာစောက်စကားပြောလိုက်တာလဲညေးလို့ပဲ မေးရတော့မယ်။ မေးမနေတော့ပါဘူး… မတန်တာမို့ ဘလော့လွှတ်လိုက်တယ်။ ကိုယ် ဒီကောင်တွေကို တအားအံ့ဩတယ်။ ဘောရည်သောက် မြက်ခြောက်စားပြီး မြန်မာပြည်မှာ ပထွေးဘောမပြီး ကြက်ဥတောင် နပ်မမှန်တော့တာ၊ USက ကုန်စျေးနှုန်းကို လှမ်းဘလိန်းနေသေးတာ။ နင်တို့ပထွေးနဲ့ ငါတို့ပထွေး သိပ်မကွာလှပါဘူးကွာဆိုတာမျိုး တန်းညှိချင်သေးတာ။ လူကအနူ၊ စားချင်တော့ တူနဲ့ဆိုတာမျိုး၊ သူတို့ပထွေး လေးပေမပြည့်တဲ့ကောင်နဲ့ ဒီက စီးပွါးရေးသမားဘဲကို ချိန်ခွင်ပေါ် တင်သေးတာ။ သူ့ပထွေးကြည့်တော့ US ကို ဝက်စာဖတ်လောက် ရောင်းရဖို့ကို ဖျင်ကိုကုန်းလို့။ စာက သိပ်ရေးချင်တာ မဟုတ်ဘူး။ စောက်ဘောမတွေ အိုင့်ဆီစာပို့မရအောင်ပိတ်လို့ရတဲ့ Application လေး တီထွင်ပေးကြပါလား။ ဘယ့်နှယ့် ဥာဏ်ပုတုတွေမှန်းမသိ။ 🥴

Open in Telegram
Views23,200−34%vs avg
Forwards—
Reactions1,301
Comments—
#8447Text
Views25,900−26%vs avg
Forwards—
Reactions1,251
Comments—
#8446Text
Views29,800−15%vs avg
Forwards—
Reactions1,465
Comments—
#8445Text
Views34,000−3%vs avg
Forwards—
Reactions1,493
Comments—
#8442Text
Views41,100+18%vs avg
Forwards—
Reactions1,441
Comments—
#8441Text
Views44,100+26%vs avg
Forwards—
Reactions1,501
Comments—
#8439Text
Views43,800+25%vs avg
Forwards—
Reactions1,264
Comments—
#8438Text
Views42,300+21%vs avg
Forwards—
Reactions1,439
Comments—
#8437Text
Views46,100+32%vs avg
Forwards—
Reactions1,870
Comments—
#8435Text

ကိုယ့်ကို အမေရိကန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရန်ဖြစ်နေကြတဲ့သူတွေကို ရယ်မိလို့ဆိုပြီး စိတ်ဆိုးတဲ့ပိုစ့် ဖတ်လိုက်ရတယ်။ ရယ်မိတာလေးတောင် အပြစ်ကြီးလိုက်တာ။ မေဒိကန် နိုင်ငံရေးရဲ့ အရေးပါပုံကို မျက်ကွယ်ပြုလို့ဆိုလားပဲ။ ကိုယ်ကတော့လေ အတည်ပြောတာပါ။ မေဒိကန်နိုင်ငံရေးကို စိတ်မဝင်စားတာ မဟုတ်ဘူး။ ဖေ့စ်ဘုတ်ပေါ် တက်မငြင်းတာပါ။ ကိုယ်အခုနေနေတဲ့ နိုင်ငံပဲ။ စိတ်မဝင်စားလို့ မဆိုင်ချင်လို့မှ မရတာ။ ဘာလို့ မရေးတာလဲ မငြင်းတာလဲဆိုတော့ မေဒိကားမှာ ဒီလိုအထာလေးရှိတယ်။ မြန်မာပြည်မှာ စစ်အာဏာရှင် အုပ်ချုပ်တာ မကြိုက်ဘူး၊ တော်လှန်ရေးဘက်သား၊ ဒါပေမယ့် မေဒိကန်မှာတော့ ဒီမိုကရက်တွေကို လုံးဝမထောက်ခံဘူး၊ အနီမှ အနီဆိုတာမျိုးတွေ အများကြီး ရှိတယ်။ အဲ့အခါကျ ဘာဖြစ်လဲဆိုတော့ အဲ့ကိစ္စ ပြောရပြီဆို တော်လှန်ရေးဘက်သားချင်း ငြင်းကြ ချကြရရော။ ကိုယ်က အဲ့ဒါကို မဖြစ်ချင်တာ။ မေဒိကန်အတွက် မြန်မာ့နိုင်ငံရေးဟာ ထမင်းသိုးဟင်းသိုး အနေအထားမှာ ကိုယ်တွေဘက်တူချင်း ငြင်းကြချကြရတာကို တစ်ကိုယ်စာ သဘောမကျလို့ ဘာမှမရေးတာ။ ပြောရပြီဆို ဘာသာရေးတွေပါ တနွယ်ငင်တစင်ပါပြီး အာရုံနောက်စရာ ဖြစ်ရတာမို့။ ကိုယ့်အကောင့်ထဲမှာတင် မေဒိကန်နိုင်ငံရေးအကြောင်း ရေးတဲ့ တော်လှန်ရေးဘက်သားတွေအချင်းချင်း ရန်ဖြစ်နေကြတာတွေ မြင်ရလို့ ရိုးရိုးသားသား ရယ်ချင်သွားမိတာပါ ဦးလေးရယ်။ “မြန်မာလိုကြီး ရန်ဖြစ်ကြတယ်” ဆိုတဲ့ စကားမှာ ဆိုလိုချင်တဲ့ မြန်မာလိုကြီးဆိုတာက ဘာသာစကားကို ပြောတာ မဟုတ်ဘူး ငါ့ရှင်ရဲ့။ လူငယ်တွေ ဗန်းစကားကွာ။ တခုခုဆို “ဟာ… မြန်မာလိုကြီးကွာ” ဆိုတာမျိုး။ ဘိုလိုမရေးလို့လို့ ဆိုလိုတာ မဟုတ်ဘူး။ မြန်မာပီပီသသ ငြင်းကြခုံကြရန်ဖြစ်ကြတယ်ဆိုတာမျိုး ဆိုလိုချင်တာ။ မြန်မာလိုကြီးဆိုတာ ဘာသာစကားကို ပြောတာ မဟုတ်ဘဲ မြန်မာတွေရဲ့ ထုံးစံ၊ ပုံစံကို ဗန်းစကားနဲ့ သုံးတာကွာ။ မြန်မာလိုကြီးဆိုတဲ့ ဗန်းစကားရဲ့ အဓိပ္ပါယ်ကိုတောင် နားမလည်တဲ့ကောင်က ကိုယ့်ကို ဥာဏ်မကောင်းဘူးလို့ ပြောတာတောင် ရင်ဘတ်ထဲက နည်းနည်းနာတယ်ဆိုတာမျိုး။ ပြီးတော့လေ Live in Singapore လို့ ရေးထားလို့ စလုံးမှာ နေတဲ့လူက မေဒိကားမှာ နေနေရလို့ မေဒိကန်နိုင်ငံရေးကြောင့် အနီးကပ်ရော ကိုယ့်နိုင်ငံ တော်လှန်ရေးအခင်းအကျင်းကြောင့်ရော စောက်ကျိုးနည်းစရာရှိ အရင်နည်းမယ့်သူကို မေဒိကန်နိုင်ငံရေး အရေးပါတာ မသိဘူးလားဆိုပြီး စွဆရာကြီး လုပ်သွားသေးတာ။ ရယ်ချင်မိတာတောင် ဒီလောက် အပြစ်ကြီးတာ။ ငိုချင်ရတဲ့အကြောင်းတွေ ပြောရင် သေဒဏ်တောင် ပေးမလားပဲ။ ခိခိ

Open in Telegram
Views34,100−2%vs avg
Forwards—
Reactions1,045
Comments—
#8434Text

ကိုယ့်ဖော်လိုဝါထဲက တချို့ကို ကိုယ်တကယ် စိတ်ဆိုးတဲ့ကိစ္စ ပြောပြမယ်။ ကိုယ်ကလေ ဘယ်တော့မှ ပြသနာကို စမရှာဘူးဗျ။ ကိုယ်က လူတစ်ယောက်ကို စရန်စ စပြသနာရှာတာကြောင့် ရန်ဖြစ်ရတာမျိုး မရှိဘူး။ တော်လှန်ရေးကာလမှာ ဘောပြေးမတဲ့ကောင် နှစ်ကောင်ကိုပဲ ကိုယ့်ဘက်က စပြောဖူးတာ ရှိခဲ့ဖူးတယ်။ ပြသနာကို ကိုယ်က စမရှာဘဲ ပြသနာက ကိုယ့်ကိုချည်း လာလာရှာခံရတဲ့လူမို့ ကိုယ်ရန်ဖြစ်ရပြီဆိုရင် ကိုယ့်ကို တဖက်က စပြသနာရှာလို့ပဲ။ ခင်ဗျားတို့ကိုယ်တိုင်တောင် ကိုယ့်ပိုစ့်အောက် ကိုယ့်ကောမန့်အောက် တစ်ယောက်ယောက်က အကန်လေးမန့်ရင်တောင် ခံပြင်းကြတတ်ပြီး ကျုပ်ကိုကျ ဘာလို့ အတင်းသည်းခံခိုင်းနေကြတာပဲ။ ကိုယ့်ထမင်း ကိုယ်ရှာစား၊ ကိုယ့်ဖင် ကိုယ်ပြောင်အောင်ဆေးနေတဲ့ လူတွေချည်းပဲ။ သည်းခံရအောင် ဘာစောက်ကျေးဇူးခံ ကျေးဇူးစားမှ ရှိမနေဘူး။ ခင်ဗျားတို့သာ ကျုပ်နေရာမှာဆို ဒီ့ထက် ပိုဆိုးဦးမယ်။ ကျုပ်က အရေထူနေလို့သာ။ တစ်ခုခုဆို ပန်ဆယ်လိုမို့ သည်းမခံနိုင်လို့ သောင်းကျန်းပြီဆိုရင် အတင်းကြားကနေ တရားချ၊ သည်းခံခိုင်း၊ တော်ဖို့ ဝင်တား။ ခင်ဗျားတို့ စပြသနာရှာတဲ့ဘက်ကိုလည်း အဲ့လို ပြောဖို့ အစီအစဉ် မရှိဘူးလား။ အားလုံးကို မဆိုလိုဘူး။ အချို့ကကျ ပြသနာကို ဘယ်သူစရှာမှန်းတောင် မသိဘူး။ လေ့လည်း မလေ့လာဘူး။ မသိ/မလေ့လာရင်သာ နေမယ်၊ ပြသနာရှာခံရတဲ့ဘက်ကိုချည်း သည်းခံဖို့ ပြောနေတော့တာ။ တော်လှန်ရေးသမားအချင်းချင်းမို့ ရန်မဖြစ်စေချင်ဘူးဆိုရင် ရန်စတဲ့သူကို အစောကတည်းက ထိန်းသိမ်းကြ။ ဖြစ်ရပြီဆိုမှ ခင်ဗျားတို့က ရန်ချည်းဖြစ်နေတာပဲဆိုပြီး နှစ်ဖက်လုံးကို ပြောသလိုနဲ့ ကိုယ့်ဘက် ဝင်လာထောင်းတဲ့လူတွေ ဘောပဲနော်။ ခင်ဗျားတို့တောင် ဖတ်ရတာ စိတ်ရှုပ်ရင် ဖြစ်နေရတဲ့ကိုယ်လည်း ပျော်မနေဘူးဆိုတာ လူလိုနားလည်ကြ။ ပြန်မပြောရင် ဟုတ်လှပြီထင်ပြီး ပိုလည်ပင်းနင်းကြတဲ့ကောင်တွေကို ပြန်ရိုက်ချိုးရတာ ကိုယ်လည်း အားကုန်တယ်။ ခင်ဗျားတို့ဘဝမှာ ဘာမှမလုပ်မိ ဘာမှ မမှားမိပါဘဲနဲ့ ခါးပတ်လုဖို့ အခါခါစိန်ခေါ်ထိုးလို့ ပြန်ထိုးနေရတဲ့ ငြီးငွေ့မှုမျိုးကို ကြုံလာဖူးခဲ့မှ နားလည်လာလိမ့်မယ်။ ဒီလောကကို ပိုရွံလာရတာပဲ။

Open in Telegram
Views29,600−15%vs avg
Forwards—
Reactions1,208
Comments—