Account

Posts of မြန်မာစာတန်းထိုးဇာတ်ကားများ

newest first

#3857Photo

မလေးရှားဟော်ရာဇာတ်ကားအသစ် 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက မီလော်ဆိုတဲ့ စကားမပြောနိုင်တဲ့ မိခင်တစ်ယောက်ဟာ သမီးဖြစ်သူ ပူတေး၊ သားဖြစ်တဲ့ဟီတန်တို့နဲ့အတူလူသူမနီးတဲ့နေရာတစ်ခုမှာ အေးအေးချမ်းချမ်းနေထိုင်နေတာပါ။ သူ့မိခင်ကွယ်လွန်ချိန်မှာ ရိုးရာယုံကြည်မှုအရ မိသားစုအစဉ်အဆက်လက်ခံထားရတဲ့နတ်ဆိုးတစ်ကောင်ကိုလက်လွှဲဆက်ခံခဲ့ရပါတယ်။ အစပိုင်းမှာနတ်ဆိုးဟာ မိသားစုကိုကာကွယ်တဲ့အသွင်ကိုဆောင်ထားပေမယ့် နောက်ပိုင်းမှာတော့ သူ့သရုပ်မှန်ဟာ တစ်ဖြည်းဖြည်းပေါ်လွင်လာပါတော့တယ်။ အဲ့ဒီနတ်ဆိုးဟာ မီလော်ရဲ့ ရုပ်သွင်အစစ်အမှန်အပြင် ဇနီးနှင့်မိခင်ဆိုသည့်နေရာတွေကိုပါတစ်ဖြည်းဖြည်းချင်းလုယူပြီး သူ့ဘ၀တစ်ခုလုံးကိုစိုးမိုးဝါးမြိုဖို့ကြိုးစားလာချိန်မှာတော့ မီလော်တစ်ယောက် သူတန်ဖိုးထားတဲ့အရာတွေကိုကာကွယ်ဖို့ဖြစ်တဲ့နည်းနဲ့ကြိုးစားရပါတော့တယ်။

Open in Telegram
Views1,670
Forwards—
Reactions3
Comments—
#3855Photo

Blo..ody Reu..nion (2006) ဇာတ်လမ်းအကျဉ်းဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊ အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲကမီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်… ဆရာမဘတ်ဆီကို နှစ်စဉ္ဆရာများနေ့ရောက်တိုင်း သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။ ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်… ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ် သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊ နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတိုပဲဖြစ်ပါတယ် ။ ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ …ဆရာမဆီ လာလည်ကြပေမယ့် အကုန်လုံးက ချစ်လိုလာကြတာ မဟုတ်ကြပါဘူး

Open in Telegram
Views2,120
Forwards—
Reactions4
Comments—
#3854Photo

Vampire Hunter D [1985] Review 📃 80’s ကာလ Retro Anime ကောင်းတွေ တစ်ဖန်ပြန်လည် ခံစားချင်သူတွေအတွက်၁၉၈၅ တုန်းက ထွက်ရှိခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် Hunter D ဆိုတဲ့ဘဲကြီးအကြောင်း တင်ဆက်ပေးပါရစေ။ပထမဆုံးအနေနဲ့ ဒီကားထွက်ရှိခဲ့ပြီးဒုတိယကားကို ၂၀၀၀ ခုနှစ်မှာ ထပ်မံထွက်ရှိခဲ့ပါသေးတယ်။ဒီဇာတ်ကားလေးထဲမှာတော့ Doris ဆိုတဲ့ အပျိုချောလေးကို တော်ဝင်မြို့စားမင်း သွေးစုပ်ဖုတ်ကောင်ကြီးက ကိုက်ရာပေးလိုက်ပြီးတစ်နေ့မှာ သူ့ ဇနီးမယားလုပ်ဖို့အတွက် ကြံစည်နေတဲ့အချိန် Doris မှာလည်း ကြံရာမရ ဖြစ်ပြီးတော့ မုဆိုး Hunter တွေကို လိုက်ရှာရမှာD ဆိုတဲ့ ထူးခြားဆန်းကြယ် Vampire Hunter ကြီးကို အကူအညီတောင်းလိုက်ပြီး မောင်ဖြစ်သူရော အပါအဝင် ၃ ယောက်သားဒီ သွေးစုပ်ဖုတ်ကောင်ကြီးရန်ကနေ ဘယ်လိုကျော်လွှားကြမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2491 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,880
Forwards—
Reactions5
Comments—
#3851Photo

Daddy's Back [2016] Review 📑 ငယ်စဥ်တည်းက ဖခင်ဖြစ်သူက နောက်မိန်းမနောက်ကို လိုက်သွားပြီး သူတို့သားအမိကို ပစ်သွားခဲ့တာကြောင့် ဖခင်မေတ္တာငတ်မွတ်ခဲ့ရရှာတဲ့ “ဂျိုဒုံးဂူ”။ အဖမဲ့သားလေး ဒုံးဂူရဲ့ဘဝမှာ တစ်ဦးတည်းသောကျန်ရှိသူ မိခင်ဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားပြန်ပါတယ်။ ဒီလိုနဲ့ဘဝကို ကြုံရာကျပန်း လုပ်ကိုင်နေထိုင်ရင်း အရွယ်ရောက်လို့ ဖခင်ဖြစ်သူနဲ့ ပြန်ဆုံရပြန်တော့လည်း ဖခင်ဖြစ်သူရဲ့ ဈာပန အခမ်းအနားမှာ ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့အားကိုးရာမဲ့သွားရှာတဲ့ ဒုံးဂူတစ်ယောက် တစ်ကောင်ကြွက်ဘဝနဲ့ပဲ ငွေတိုးချေးစားတဲ့ အကြွေးရှင်တွေရဲ့ ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုကိုခံရင်း ငွေပြန်မဆပ်နိုင်လို့ ရှောင်ပြေးရင်း ကံကြမ္မာက သူ့ဆီကို ငွေထုပ်ကြီးတစ်ထုပ် ပို့လိုက်ပါတော့တယ်။ ဖြစ်ချင်တော့လည်း ငွေ ၁ ဘီလီယံပါတဲ့ ဘဏ်စာအုပ်က လက်ထဲတော့ရောက်လာပေမဲ့ ငွေထုတ်ရမဲ့ လျှို့ဝှက်နံပါတ်ကို မသိတာကြောင့် လျှို့ဝှက်နံပါတ် ရှာပုံတော်ထွက်ရာကနေ သူနဲ့ဘဝတူ ဖခင်မေတ္တာ ငတ်နေရှာပြီး  ဖခင်ရဲ့ပြန်အလာကိုမျှော်နေရှာတဲ့ “ဘို့ဂီ” ဆိုတဲ့ ချစ်စရာကလေးလေးနဲ့ ဆုံတွေ့လိုက်ရတဲ့အခါမှာ... 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/4046 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,260
Forwards—
Reactions2
Comments—
#3849Photo

The Protector [2005] Review 📜 Action/Thriller IMDb : 7/10 Rottentomatoes : 53% ခမ် ဟာ ထိုင်းနိုင်ငံရဲ့ ဘုရင်စစ်ဆင်ရေးဆင်တွေကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ မိသားစုအမွေအနှစ်ကို ဆက်ခံထားတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ဘဝမှာ ဆင်ကြီး ပေါ်ယိုင် နဲ့ ဆင်ကလေး ကွန် တို့ကို မိသားစုလိုတွယ်တာခဲ့တယ်။တစ်နေ့မှာတော့ မသမာသူတွေက ဆင်တွေကို ခိုးယူသွားကြပြီး ခမ်ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားပါတယ်။ သူဟာ ဆင်တွေကို ပြန်ရဖို့ အဝေးရောက်နိုင်ငံတစ်ခုအထိ လိုက်လံရှာဖွေသွားရပြီး အဲဒီနေရာမှာတော့ ရာဇဝတ်သားလို သတ်မှတ်ခံရ၊ အန္တရာယ်များစွာနဲ့ ရင်ဆိုင်ရင်း မိသားစုတစ်ခုဆုံးရှုံးလိုက်ရသလိုမျိုး ခံစားချက်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ရင်‌ ဆိုက်ရောက်လာတဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုငကျော်လွှားမလဲဆိုတာ ကြည့်ရှပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/moviemart200/3405 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,510
Forwards—
Reactions2
Comments—
#3848Photo

All Hail [2022] Review 📑 Drama လိုက်မမီနိုင်အောင် တိုးတက်ပြောင်းလဲနေတဲ့၂၁ ရာစုမှာ လူငယ်လူရွယ်လေးတွေတောင် ဒုန်းစိုင်းခုတ်မောင်းကာ အပြေးလိုက်နေရချိန် အာဂျင်တီးနားနိုင်ငံ ဘွယ်နိုစိုင်းရက်စ်မြိုက မိုးလေ၀သ သတင်းတင်ဆက်သူကြီး မီဂဲလ် ဖလောရက်စ်ဟာ ကိုယ်တိုင်မိုးလေး၀သခန့်မှန်းပြီး ကိုယ်တိုင်တတင်ဆက်လာကာ အနှစ်၂၀ တိုင်အောင် အမှားမရှိဘဲ အမှားကင်းသူအဖြစ် ဂုဏ်သတင်ကျော်‌ဇောလှတယ်။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းကြောင့် သူ့ရဲ့မိုးလေ၀သတင်းကို လူငယ်တွေပါ စိတ်၀င်စားလာအောင် ပေါ်ပင်‌တွေလုပ်ပြီး အင်စတာဂရမ်မော်ဒယ်တွေကိုပါ ထည့်သာ သူမပျော်ရွှင်နိုင်တော့။ ဖလောရက်စ်ဟာ အတိတ်က သူမတားဆီးနိုင်ခဲ့တာတွေကို နောင်တရကာ မိုးလေ၀သအကြောင်းကို နှိက်နှိက်ချွတ်ချွတ်ကိုယ်တိုင်လေ့လာရာကနေ စွဲလမ်းလာခဲ့ပြီး စွဲလမ်းမှုကြောင့် အောင်မြင်ကျော်ကြားလာခဲ့တယ်။ ထိုအောင်မြင်ကျော်ကြားမှုကြောင့်ပဲ သမီးကိုပါ ဂရုမစိုက်နိုင် ဖြစ်‌ခဲ့ရတယ်။ သူနှစ်ရှည်လပေါင်းများစွာ တည်ဆောက်ထားခဲ့တဲ့ career တစ်ခုလုံးဟာ ခန့်မှန်းချက်မှားပြီး မိုးသီးမုန်တိုင်းတိုက်ခဲ့ခြင်းကြောင့် အဆုံးသတ်ဖိုဖြစ်လာခဲ့တယ်။ အနှစ် ၂၀ လုံးမှန်နေခဲ့ပေမဲ့ တစ်ခါလေးမှားတဲ့အခါမှာတော့ လူတွေရဲ့ သရုပ်မှန်ပေါ်လာတော့တယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/zzzmovie2/2654 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,280
Forwards—
Reactions3
Comments—
#3840Photo
Views1,500
Forwards—
Reactions5
Comments—
#3838Photo

ကိုယ့်ကို ငြင်းလွှတ်ခဲ့တဲ့သူကို ပြန်ပေးဆွဲပြီး လှောင်ချိုင့်ထဲထည့်ထားသောအခါ 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ခွေးထိန်းသိမ်းရေးဌာနမှာ အလုပ်လုပ်နေတဲ့ ဆက် ဆိုတဲ့ကောင်လေးတစ်ယောက် စားပွဲထိုးမလေး ဟော်လီ ကိုအရူးအမူးစွဲလမ်းသွားခဲ့တယ် ကောင်မလေးကလည်း အချေတစ်လိုင်းဆိုတော့ ကြာတော့ ဆိုက်ကိုဖောက်လာတာပေါ့လေ…..အချစ်ကြီးတော့ အမျက်ကြီးတယ် ဆိုတဲ့အတိုင်း ဆိုက်ကိုပါဖောက်လာတော့ မလုပ်သင့်တာတစ်ခုကို သူလုပ်လိုက်မိတယ်လေအဲဒီအမှားကနေ နောက်ဆက်တွဲဖြစ်လာတာတွေကို ဖြေရှင်းနိုင်ဖို့ကြိုးစားရင်းနဲ့ နောက်ဆုံး ဇာတ်လမ်းရဲ့အလှည့်အပြောင်းက မထင်မှတ်ထားလောက်အောင် ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမယ် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်

Open in Telegram
Views1,430
Forwards—
Reactions4
Comments—
#3825Photo

ခေတ်မတူပေမယ့် ရေဒီယိုလှိုင်းလေးကနေ ဆက်သွယ်လို့ရသောအခါ.. ➪➪➪➪➪➪➪➪➪➪➪➪➪➪ ၁၉၉၉ ခုနှစ် ယုံး(Yeo Jin Goo) ဟာ မြင်မြင်ချင်း ချစ်မိသွားတဲ့ဟန်ဆိုးလ်(Kim Hye Yoon) ကို ဖမ်းစားဖို့အတွက် သူငယ်ချင်းတစ်ယောက်ထံကနေ HAM ရေဒီယိုလေးကိုငှါးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မွန်နီး(Choi Yi Hyun) ကလည်း assignment လုပ်ဖို့အတွက် HAM ရေဒီယိုအဟောင်းလေးကို ဖွင့်လိုက်ပါတော့တယ်။ CQ..CQ..ကျွန်မရဲ့ အသံကိုကြားလားဟင်? လကြတ်တဲ့နေ့တစ်နေ့၊ အချိန်တွေကျော်လွန်ပြီး အံ့ဖွယ်ဖြစ်ရပ်လိုမျိုး ဆက်သွယ်မိသွားတဲ့ ယုံးနဲ့ မွန်နီးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုအကြောင်းပြောကြပြီး ထူးခြားတဲ့ ခံစားချက်တွေ ဖန်တီးကြရင်းနဲ့... သူတို့တွေကရော အချစ်ဦးနဲ့ ပြည့်မြောက်နိုင်မှာလား? ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလေးကိုမှ ကြည့်ချင်တဲ့သူများအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Open in Telegram
Views1,380
Forwards—
Reactions—
Comments—
#3822Photo

ခေတ်မတူပေမယ့် ရေဒီယိုလှိုင်းလေးကနေ ဆက်သွယ်လို့ရသောအခါ.. ➪➪➪➪➪➪➪➪➪➪➪➪➪➪ ၁၉၉၉ ခုနှစ် ယုံး(Yeo Jin Goo) ဟာ မြင်မြင်ချင်း ချစ်မိသွားတဲ့ဟန်ဆိုးလ်(Kim Hye Yoon) ကို ဖမ်းစားဖို့အတွက် သူငယ်ချင်းတစ်ယောက်ထံကနေ HAM ရေဒီယိုလေးကိုငှါးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မွန်နီး(Choi Yi Hyun) ကလည်း assignment လုပ်ဖို့အတွက် HAM ရေဒီယိုအဟောင်းလေးကို ဖွင့်လိုက်ပါတော့တယ်။ CQ..CQ..ကျွန်မရဲ့ အသံကိုကြားလားဟင်? လကြတ်တဲ့နေ့တစ်နေ့၊ အချိန်တွေကျော်လွန်ပြီး အံ့ဖွယ်ဖြစ်ရပ်လိုမျိုး ဆက်သွယ်မိသွားတဲ့ ယုံးနဲ့ မွန်နီးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုအကြောင်းပြောကြပြီး ထူးခြားတဲ့ ခံစားချက်တွေ ဖန်တီးကြရင်းနဲ့... သူတို့တွေကရော အချစ်ဦးနဲ့ ပြည့်မြောက်နိုင်မှာလား? ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလေးကိုမှ ကြည့်ချင်တဲ့သူများအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Open in Telegram
Views818
Forwards—
Reactions2
Comments—
#3820Photo

တိုက်ခန်းမှာ ပုံပျက်ပန်းပျက် အဖြစ်ဆိုးနဲ့ သေဆုံးခဲ့ရတဲ့ မိန်းကလေး 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဆူရာဘာယာမြို့မှာ ဆက်စ်မာယာ ဆိုတဲ့ အဆင့်မြင့်တိုက်ခန်းတွဲကြီးတစ်ခုရှိပြီး မကြာသေးခင်က အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတစ်ဦး သူ့ညီမအိမ်မှာ ခြေလက်တွေဖြတ်ပြီး ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုတစ်ခုဖြစ်ပွားခဲပါတယ်။အဲ့ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲအရာရှိရဲ့ချစ်သူဟာ သူ့ညီမနဲ့အတူ အဲ့ဒီတိုက်ခန်းတွဲကြီးကိုမန်နေဂျာအဖြစ်ပြောင်းလာခဲ့ပြီးနောက်မှာတော့ အဲ့ဒီတိုက်ခန်းတွဲကြီးရဲ့အသုံးမပြုပဲ အသေပိတ်ထားတဲ့ အထပ်တစ်ထပ်၊ အဲ့ဒီအထပ်မှာရှိနေတဲ့ ဝင်ရောက်သူတိုင်းလေးရက်အတွင်းသေဆုံးရမယ်လို့ ကျိန်စာတိုက်ပြီးလိုက်သတ်တတ်တဲ့ သရဲသားအမိကို ကိုယ်တွေ့ကြုံရာကနေ ကျိန်စာကလွတ်မြောက်ဖို့အတွက် အဲ့ဒီသရဲသားအမိအကြောင်းကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းရမှာတွေကိုရှုစားကြရမှာပါ။

Open in Telegram
Views1,420
Forwards—
Reactions—
Comments—
#3818Video
Views1,480
Forwards—
Reactions—
Comments—