Account

Posts of သတင်းမှန် ဖိုးစီ

newest first

#25670Photo

❗ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်ကို CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမှု ရုပ်သိမ်းပေးရန် ဗီယက်နမ်သမ္မတထံသို့ ARNC ဥက္ကဋ္ဌ ကြံ့ဖွတ်အမတ်ဟောင်းက တရားဝင် အကြောင်းကြားစာပို့❗   ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်ကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားထားမှု ရုပ်သိမ်းပေးရန် အာရကန်ရိုဟင်ဂျာ အမျိုးသားကွန်ဂရက် (ARNC) ဥက္ကဋ္ဌ ဦးရွှေမောင်က ဗီယက်နမ်သမ္မတ တိုလမ်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ တရား၀င် အကြောင်းကြား တောင်းဆိုလိုက်ပါတယ်။   လာမည့်နိုဝင်ဘာ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများသို့ မင်းအောင်လှိုင် တက်ရောက်ရန် ဖိတ်ကြားထားမှုကို ပြန်လည်စဉ်းစားပြီး ဖိတ်ကြားချက် ရုပ်သိမ်းပေးရန် ARNC က တောင်းဆိုထားတာ ဖြစ်ပါတယ်။   အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုဝင်ဘာ ၁၉ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း သမိုင်းဝင် စီရင်ချက် ချမှတ်ခဲ့ကြောင်း သတိပေးထားပါတယ်။   ထိုစဉ်က မြန်မာစစ်တပ်ကို မင်းအောင်လှိုင်က ဦးဆောင်ကွပ်ကဲခဲ့သူဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွင် ၎င်း၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ တာဝန်ခံမှုရှိ၊ မရှိ မေးခွန်းထုတ်စရာများ ရှိနေကြောင်း ARNC က ထောက်ပြထားပါတယ်။   ထို့ပြင် မြန်မာစစ်တပ်ဦးဆောင်သည့် အစိုးရက ICJ ၏ စီရင်ချက်ကို မမျှတကြောင်း လူသိရှင်ကြား ပယ်ချခဲ့ပြီး မင်းအောင်လှိုင်ကလည်း ၎င်းတို့အနေဖြင့် သင့်လျော်သည်ဟု ယူဆသည့် အစိတ်အပိုင်းများကိုသာ လိုက်နာမည်ဟု ပြောဆိုခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။   ယင်းကဲ့သို့ စီရင်ချက်ကို ရွေးချယ်လိုက်နာမည့် သဘောထားဟာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် စည်းနှောင်မှုရှိသော တာဝန်များကို ငြင်းဆန်ခြင်းဖြစ်ကြောင်း ARNC က ဆိုပါတယ်။   လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စီရင်ချက် ချမှတ်ပြီး ၉ ရက်အကြာတွင် မင်းအောင်လှိုင်ကို သံတမန်ရေးရာ ဂုဏ်ပြုမှုများဖြင့် ကြိုဆိုခြင်းဟာ ရိုဟင်ဂျာ အသက်ရှင် ကျန်ရစ်သူများအတွက် စိုးရိမ်ဖွယ်ရာ သတင်းစကားတစ်ရပ် ဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာ တရားမျှတမှုကို ဖီဆန်ခြင်းအား တရားဝင်သဖွယ် ဖြစ်စေနိုင်ကြောင်းလည်း ARNC က သတိပေးထားပါတယ်။   ARNC က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဟာ တာဝန်ခံမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို စွန့်လွှတ်ပြီး ဆောင်ရွက်ရမည့်အရာ မဟုတ်ကြောင်း ထောက်ပြထားပါတယ်။   ထို့ကြောင့် ဗီယက်နမ်အစိုးရ အနေဖြင့် မင်းအောင်လှိုင်ကို ဖိတ်ကြားထားမှု ရုပ်သိမ်းရန်၊ သံတမန်ရေးရာ ဂုဏ်ပြုမှုများ မပြုလုပ်ရန်နှင့် နိုင်ငံတကာတရားရုံး၏ စည်းနှောင်မှုရှိသော စီရင်ချက်များကို လိုက်နာခြင်းသည် ရွေးချယ်နိုင်သည့်အရာ မဟုတ်ကြောင်း သဘောထားကို ထိန်းသိမ်းရန် ARNC က တောင်းဆိုထားပါတယ်။   "ICJ က စီရင်ချက်ချမှတ်ပြီးပြီ။ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အကျိုးဆက်များ ရှိရမည်၊ သံတမန်ရေးရာ အခွင့်ထူးများ မရှိသင့်ပါ" ဟု ARNC ဥက္ကဋ္ဌ ဦးရွှေမောင်က ပြောဆိုထားပါတယ်။   ဦးရွှေမောင်က အဆိုပါ အိတ်ဖွင့်ပေးစာကို ဗီယက်နမ်သမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းဟာ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကြံ့ဖွတ်အမတ်ဟောင်းဖြစ်ကာ ASEAN Parliamentarians for Human Rights (APHR) ၏ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။   #4C_TruthNews

Open in Telegram
Views1,570−77%vs avg
Forwards—
Reactions58
Comments—
#25668Photo
Views3,040−56%vs avg
Forwards—
Reactions115
Comments—
#25667Photo

ဒေါ်လာဈေး ၅,၄၀၀ ကျော်သွားပြီ   အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်နေပြီး ဒီကနေ့မှာ တစ်ဒေါ်လာလျှင် ၅,၄၂၀ ကျပ်သို့ ရောက်ရှိလာသလို ထိုင်း တစ်ဘတ်လျှင် ၁၆၀ ကျပ်၊ တယုတ် တစ်ယွမ်လျှင် ၈၀၀ ကျော်အထိ မြင့်တက်နေကာ မြန်မာကျပ်ငွေ တန်ဖိုးမှာ ဆက်တိုက် ထိုးဆင်းနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါတယ်။   ထိုသို့ ဒေါ်လာဈေး မြင့်တက်ရခြင်းမှာ လာမည့်ဘဏ္ဍာနှစ်မှာ မင်းအောင်လှိုင်ရဲ့ လစာတိုးပေးမယ် ဆိုတဲ့ ယောင်ဝါးဝါး အစီအစဉ်၊ ပြည်ပရောက်လုပ်သားတွေရဲ့ ငွေလွှဲနှုန်းထား တိုးမြှင့်ပေးခြင်း စတာတွေနဲ့ ဆက်စပ်နေကြောင်း နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ကိုင်သူတွေက သုံးသပ်နေကြပါတယ်။   #4C_TruthNews

Open in Telegram
Views4,560−34%vs avg
Forwards—
Reactions164
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h2,110
4 h4,560
  1. After 1 hour2,110
  2. Total to date4,560
#25666Photo
Views5,050−27%vs avg
Forwards—
Reactions230
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
2 h3,000
4 h5,050
  1. After 6 hours5,050
  2. Total to date5,050
#25664Photo

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် ပြစ်မှုကျူးလွန်သူများ အရေးယူမှု ကင်းလွတ်ခွင့် အဆုံးသတ်ရေး လိုအပ်နေဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သတိပေး   ■ SCEF အပါအဝင် တော်လှန်ရေးအဖွဲ့များနှင့် ကုလအထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး   မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ ပြစ်မှုကျူးလွန်သူများ အရေးယူခံရမှုမှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနှင့် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ မဖြစ်ပွားစေရေးတို့ လိုအပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က သတိပေး ပြောကြားပါတယ်။   ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုရေးရာဌာန (DPPA) က နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည့် သတင်းတွင် ဂျူလီ ဘစ်ရှော့ဟာ မြန်မာ့အရေးနှင့် ပတ်သက်၍ SCEF အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူများနှင့် တွေ့ဆု့ဆွေးနွေးစဉ် ယင်းအချက်များကို အလေးထား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။   ကုလအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) အပါအဝင် မြန်မာ့အရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ယခုသီတင်းပတ်အတွင်း ဆွေးနွေးခဲ့ပြီး အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရာတွင် တရားဥပဒေစိုးမိုးရေး၊ အရေးယူမှု ကင်းလွတ်ခွင့် အဆုံးသတ်ရေးနှင့် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရေးတို့ဟာ အခြေခံ လိုအပ်ချက်များဖြစ်ကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။   "မြန်မာနိုင်ငံရဲ့ အကျပ်အတည်း အခြေအနေ ဘယ်လောက်ပြင်းထန်နေတယ် ဆိုတာကို ဖုံးကွယ်ပြောဆိုသွားမှာ မဟုတ်ပါဘူး" ဟု ဂျူလီ ဘစ်ရှော့က ဆိုပါတယ်။   မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများ၊ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ ခံစားနေရသည့် ဒုက္ခများ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ၏ ဒေသတွင်းသက်ရောက်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများကို ဆက်လက်အလေးထား ဖော်ပြသွားမှာဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။   ဒါ့အပြင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တင်သွင်းထားသည့် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စီရင်ချက်ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံဟာ ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။   ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ICJ ၏ စီရင်ချက်ကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်နှင့် ကျူးလွန်သူများကို စုံစမ်းစစ်ဆေးအရေးယူရန် တိုက်တွန်းခဲ့ပါတယ်။   ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုရေးရာဌာန၏ လက်ထောက်အတွင်းရေးမှူးချုပ် ရို့စ်မေရီ ဒီကာလိုက မြန်မာနိုင်ငံတွင် တာဝန်ခံမှုရှိစေရေးဟာ မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အားလုံးပါဝင်နိုင်သော နိုင်ငံရေးအဖြေရှာမှုတစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် အထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုများကို ပိုမိုအားပေး ထောက်ခံရန် တိုက်တွန်းပါတယ်။   ဂျူလီ ဘစ်ရှော့ကလည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၏ စီရင်ချက်ကို အပြည့်အဝ လေးစားလိုက်နာရန် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။   #4C_TruthNews

Open in Telegram
Views7,200+4%vs avg
Forwards—
Reactions253
Comments—
#25663Photo

အောက်တိုဘာ တစ်လတာ တိုက်ပွဲများအတွင်း စစ်တပ်စခန်း ၈ ခု သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု ၅၇၄ ဦး သေဆုံး   မြန်မာနိုင်ငံအနှံ့အပြား အကြမ်းဖက်စစ်တပ်ရဲ့ စခန်း ၈ ခုကို တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်လတာ တိုက်ပွဲတွေအတွင်း အရာရှိတွေ အပါအဝင် စစ်ရှုံးကောင်စီ တပ်ဖွဲ့ဝင် ၅၇၄ ဦး သေဆုံးခဲ့ပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်ကျရှုံးတဲ့ အခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားတာပါ။   စစ်အုပ်စုဘက်မှ စခန်းသိမ်းပိုက်ရရှိမှု အောက်တိုဘာလမှာ ၈ ကြိမ်ရှိခဲ့ပြီး တစ်လတာအတွင်း စစ်ရှုံးကောင်စီ တပ်ဖွဲ့ဝင် ၅၇၄ ဦး သေဆုံးခဲ့တဲ့အပြင် ၁၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိအဆင့် သေဆုံး၊ ထိခိုက်နဲ့ ဖမ်းမိခဲ့တဲ့ အရေအတွက်မှာ ၁၅ ဦး ရှိခဲ့ပြီး အဆိုပါ တစ်လတာအတွင်း စစ်တပ်စခန်းတွေကို ၂၁ ကြိမ်အထိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။   NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းမှု အစီအစဉ်ကို တိုက်ဖျက်ဖို့ ဆောင်ရွက်နေသလို တော်လှန်ရေး ရန်ပုံငွေရလမ်းဖြစ်တဲ့ သယံဇာတနယ်မြေတွေ ဆက်လက်ထိန်းချုပ်နိုင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဧရိယာတွေကို စိုးမိုးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။   #4C_TruthNews

Open in Telegram
Views6,820−1%vs avg
Forwards—
Reactions240
Comments—
#25662Photo

"ဘဝပျက်နေတဲ့ လေပေါ" $ ဝါလို့ ငတ်နေပြီဖြစ်တဲ့ အမှိုက်ကောင် လေအိုးရဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ တင်တဲ့ လတ်လတ်ဆတ်ဆတ် vdo လေးကို ဝိုင်းပြီး ကြိတ်ကြမယ်။ 👉 အကောင့်တစ်ခုကို တစ်ကြိမ်သာ Report လုပ်ကြပါရန်၊ အကောင့် ၁၀ ခုရှိရင် ၁၀ ခုလုံး Report လုပ်ပေးကြဖို့ တောင်းဆိုပါတယ်။ သတိပြုရန် - အဆင့် (၃) မှာ Report လုပ်တဲ့ အကြောင်းအရာက Video ပေါ်မူတည်ပြီး ကွဲပြားနိုင်တာကို သတိပြုကြပါ ခင်ဗျာ။ အဆင့် (၁) - အောက်မှာပြထားတဲ့ သူခိုး လေမြတ်ကျော်ရဲ့ YouTube Link ကို နှိပ်ပြီး ဝင်လိုက်ပါ။ https://youtu.be/U6yHjLv4nf0?si=ERY7sysUeFRe3MpK အဆင့် (၂) - Video ကို ရပ်ပါ၊ လုံးဝ (လုံးဝ) မကြည့်ပါနဲ့၊ Video ရဲ့ ညာဘက် အောက်ထောင့်မှာ ရှိတဲ့ "အစက် ၃ စက်" ကို နှိပ်ပါ။ ပြီးရင် Report user ကို နှိပ်ပါ။   ❗️အဆင့် (၃) 👉 Misinformation 👉 Harassment or bullying 👉 Violent or repulsive content 👉 Hateful or abusive content နှစ်သက်ရာ တစ်ခုကို ရွေးပြီး Next ကို ဆက်နှိပ်ပါ။ (အကောင့် တစ်ခုထက် ပိုသူတွေက ၄ ခုလုံးကို မျှပြီး ရွေးပေးပါ)   အဆင့် (၄) - အောက်မှာပေးထားတဲ့ စာသားကို ကူးယူပြီး ထည့်ပါ။ ပြီးရင် Report ကို နှိပ်ပါ။ စာသား ကူးယူရန် စာသားပုံစံ ၁ Unverified war/economic claims: defections (00:05, 06:18), Mandalay front (02:47), internal collapse (03:21), Singapore ICJ claim (10:03), and 400+ firm closures, food chain exits, EU tariff shift (11:02-12:19). Defamatory accusations/insults against named groups and individuals at 04:44, 05:36, and 18:31. Please review for misinformation and harassment. စာသားပုံစံ ၂ This video spreads unverified war and economic claims: defection at 00:05 and 06:18, Mandalay advances at 02:47, internal collapse at 03:21, Singapore ICJ claims at 10:03, and 400+ company closures, Malaysian food chain exits, and EU tariff changes from 11:02 to 12:19. It also makes defamatory accusations against named groups and individuals at 04:44, 05:36, and 18:31. Please review for misinformation and harassment policies. အဆင့် (၅) - OK ကို နှိပ်ပါ။ သင်ဟာ "တာဝန်ကျေတဲ့ တော်လှန်ပြည်သူတစ်ယောက်" ဖြစ်သွားပါပြီ။ (ကွန်မန့်မှာလဲ စာသား ကူးယူနိုင်ပါတယ် ခင်ဗျာ) အထူးသတိထားဖို့က ကျနော်တို့ ချပေးထားတဲ့ စာသားတွေက သက်ဆိုင်တဲ့ video အတွက်ပဲ ဖြစ်တာမို့ ကျန်တဲ့ video တွေအတွက် အသုံးမပြုကြဖို့ အသိပေးပါတယ်ခင်ဗျာ။ ဒီလို ခွေးသူခိုးကောင်ကိုမှ လည်မျိုမနင်းနိုင်ရင် ဒီတော်လှန်ရေးကို ဘယ်လိုနိုင်အောင် တိုက်ကြမလဲဗျာ? ယုံကြည်ချက်နဲ့အတူ ဆက်ပြီး ချီတက်ကြမယ်..✊ #4C_TruthNews

Open in Telegram
Views6,710−3%vs avg
Forwards—
Reactions179
Comments—
#25661Photo

"တကယ့် ငမြွေထိုး ခေါင်းဝါ" အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ မှာ ၎င်းရဲ့ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့သော်လည်း ထရမ့်ဟာ ပြည်တွင်း စီးပွားရေး ကာကွယ်ရေးမူဝါဒကို နောက်မဆုတ်ဘဲ ရှေ့ဆက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ တရုတ်အပါအဝင် အဓိက ကုန်သွယ်ဖက် အင်အားကြီးနိုင်ငံများအပေါ် သွင်းကုန်ခွန်အသစ်များ ချမှတ်ရန် ယနေ့မနက်ပိုင်းမှာ အဆိုပြုလိုက်ခြင်းဖြင့် ထရမ့်ဟာ တကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတင်းမာမှုများကို တစ်ကျော့ပြန် မီးမွှေးလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြလာပါတယ်။ တစ်ဖက်မှာလည်း တစ်ကျော့ပြန်အီရန်စစ် ၊ တစ်ဖက်မှာလည်း တစ်‌‌ကျော့ပြန် ကုန်သွယ်စစ် ဆိုတော့ The economic မှာခန့်မှန်းထားတဲ့ ထရမ့်ဟာ အာဏာလျော့ပါးလာတာနဲ့အမျှ ငြိမ်သက်မနေပဲ အရာရာကို၀င်တိုက်ဖျက်ဆီးမယ့် ဒေါသထွက်နေတဲ့ Angry Bird တစ်ကောင်လိုပြင်းထန်လာမယ်ဆိုတာ မှန်နေပြီထင်ပါရဲ့။ ကလန်ဒါကျအတိုင်းဆိုရင် အရမ်းကို အနောက်နဲ့ ဆက်ဆံချင်နေရှာတဲ့ကောင်လေးက ‌ဖအေတယုတ်နဲ့ ပထွေးခေါင်းဝါ ရန်ဖြစ်ကြရင် ဘာလုပ်မယ်ထင်လဲ ?? မယုံရင်စောင့်ကြည့် အဲကောင် ငပူတင်း ဂွေး ပြေးကိုင်မှာ 🤣 #ADM2 #4C_TruthNews

Open in Telegram
Views7,160+4%vs avg
Forwards—
Reactions307
Comments—
#25659Photo

"ထောက်လှမ်းရေး အကူတပ်"   ခင်ညွန့် လက်ထက်တုန်းက ရန်ကုန်၊ မရန်းကုန်း (၉) မိုင်ခွဲမှာ ထောက်လှမ်းရေး အကူတပ် ဆိုတာ ရှိတယ်။   ပြည်သူတွေကို အရေးမကြီးတဲ့တပ် ပုံစံနဲ့ နားလှည့်ပါးလှည့် လုပ်ချင်လို့သာ "အကူတပ်" ဆိုပြီး သုံးထားတာ။ တကယ်က အဲ့ဒီတပ်ကနေ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ နယ်မြေခံ ထောက်လှမ်းရေးတပ်တွေကို တန်ပြန် ထောက်လှမ်းရေး လုပ်တယ်၊ ထောက်လှမ်းရေးတပ်ချင်း အတူတူ နယ်မြေခံတပ်ကို ခင်ညွန့်ရဲ့ ခါးပိုက်ဆောင် ဗဟိုတပ်က တန်ပြန် ထောက်လှမ်းရေး လုပ်တဲ့သဘော။   ဒါ့အပြင် ဒေသအနှံ့ လွှတ်ထားတဲ့ တန်ပြန်စပိုင်တွေက ပို့ပေးတဲ့ သတင်းတွေကို အဲ့ဒီတပ်က စုစည်းပြီး ခင်ညွန့်ထံ တိုက်ရိုက် အစီရင်ခံရတယ်။ နယ်မြေခံ ထောက်လှမ်းရေးတပ်တွေက ပို့ပေးတဲ့ သတင်းမှာ ထိန်ချန်ထားတာတွေ ပါနေရင် အကြိတ်ခံရပြီပဲ။ ခင်ညွန့်က သူ့ကို သတင်းချန်လို့ မရအောင် နှစ်ထပ်ကွမ်း ထောက်လှမ်းရေးပုံစံ လုပ်ခဲ့တာ။   သန်းရွှေက ခင်ညွန့်ကို ရှင်းထုတ်ပြီးနောက်မှာ ထောက်လှမ်းရေးတပ် အစား စရဖ တပ်တွေနဲ့ အစားထိုးခဲ့တယ်။   လက်ရှိမှာလဲ မရန်းကုန်း (၉) မိုင်ခွဲမှာ စရဖတပ် အထိုင်ရှိနေပြီး တပ်ချုပ် လုပ်နေတဲ့ ရဲဝင်းဦး ကိုယ်တိုင်က စရဖကနေ လာခဲ့တဲ့ကောင်၊ အဲ့တော့ စရဖတပ်နားအထိ ကျားဖြန့် လာလုပ်နေတာကို ခွေးတပ်က မသိပဲ နေမလား?   ငါတို့ မသိရပါဘူးကွာလို့ ချီးစားပြောရင်တောင် အဲ့ကောင် ချီးကြိုက်လို့ပဲ မှတ်..!!   #4C_TruthNews

Open in Telegram
Views9,520+38%vs avg
Forwards—
Reactions434
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
22 h9,150
24 h9,520
  1. After 24 hours9,520
  2. Total to date9,520
#25658Photo

အီရန်စစ်ပွဲအတွက် အသုံးပြုမယ့် ဘတ်ဂျက်ကို လာမယ့် ဇန်နဝါရီလအထိ အတည်ပြုထားပြီးဖြစ်ပြီး ဒီမိုကရက် လွှတ်တော်အမတ်တွေက စစ်ပွဲကို ရပ်တန့်ပြီး အလုံးစုံအနိုင်ရနေသော အခြေအနေမှ ရှုံးနိမ့်မှုပုံစံသို့‌ ပြောင်းလဲရန်ကြိုးပမ်းနေကြောင်း New York Post သတင်းဌာနနဲ့အင်တာဗျူးမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။ တကျော့ပြန် အီရန်စစ်ပွဲအရိပ်အ‌ယောင်က ရှောင်လွှဲမရနိုင်မှန်း ထင်ရှားလာလို့ အချို့လူတွေကကြိုတင်ပြင်ဆင်နေကြသလို အချို့ပရိတ်သတ်တွေကလည်း တန်းဆင်းမယ့် အရိပ်အ‌ယောင် ထင်ရှားလာလို့ တန်းဆင်းသွားရလည်း ချိန်ပီယံလိဒ်ဖလားရရင် နောင်နှစ် ချန်ပီယံလိဒ်ကန်ခွင့်ရမှာဖြစ်သလို တန်းဆင်းသွားရလည်း FA ဖလားရရင် နောင်နှစ် ယူရိုပါလိဒ် ကန်ခွင့်ရမယ်ဆိုပြီး ချိန်ပီယံလိဒ်နဲ့ FA ကိုအာရုံစိုက်ဖို့တိုက်တွန်းနေကြတာတွေ့ရပါတယ်။ ပုံ - ယမန်နေ့က အိမ်ဖြူ‌တော်မှာ ပြုလုပ်တဲ့ ကျေးဇူးတော်နေ့အကြို အမျိုးသား ကြက်ဆင် ဘေးမဲ့ပေးပွဲမှာ ကြက်ဆင်နှစ်ကောင်ကို ဘေးမဲ့လွှတ်ပေးနေတဲ့ သမ္မတထရမ့် #ADM2 #4C_TruthNews

Open in Telegram
Views9,180+33%vs avg
Forwards—
Reactions268
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
23 h8,860
25 h9,180
  1. After 24 hours9,180
  2. Total to date9,180
#25656Photo
Views8,690+26%vs avg
Forwards—
Reactions295
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
23 h8,390
25 h8,690
  1. After 24 hours8,390
  2. Total to date8,690
#25652Photo

စစ်ကိုင်း၊ ဆားတောင်ဒေသခံပြည်သူတွေထံ ခရိုင်ပကဖနဲ့အဖွဲ့ ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးပြီး ပံ့သကူ လက်ဆောင်ပေး   စစ်ကိုင်းခရိုင်အတွင်း ဒေသခံပြည်သူတွေကို ခရိုင်ပကဖနဲ့ နယ်မြေခံအဖွဲ့တွေက တန်ဆောင်တိုင် ပံ့သကူလက်ဆောင်တွေ သွားရောက်ပေးအပ်ခဲ့ကြပြီး လုံခြုံရေး၊ ပညာရေး အခြေအနေ၊ အခက်အခဲတွေကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသလို လမ်းပြုပြင်ရေးမှာလည်း လုပ်အားပေးခဲ့ကြကြောင်း သိရပါတယ်။   အကြမ်းဖက် စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ ဂျိန်းစိုးနဲ့ မင်းဆန်းတို့ လှုပ်ရှားခဲ့ရာ ဆားတောင်ဒေသရှိ ကျေးရွာ ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကို ခရိုင် ပကဖနဲ့ နယ်မြေခံအဖွဲ့တွေက ရင်းနှီးစွာ သွားရောက်တွေ့ဆုံခဲ့ကြတယ်လို့ ပကဖအသံက ‌‌ဖော်ပြထားတာပါ။   အခုလို တွေ့ဆုံရာမှာ ဒေသခံပြည်သူတွေက လက်ရှိကာလမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ကျေးရွာရဲ့ လုံခြုံရေး၊ ပညာရေး အခြေအနေတွေအပေါ် ရင်းနှီးပွင့်လင်းစွာ ရင်ဖွင့်ဆွေးနွေးကြတာကို နားထောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။   ဒါ့အပြင် ဒေသခံတွေ ပြုပြင်လိုတဲ့ မြစ်ရေကြောင့် ပျက်စီးခဲ့တဲ့ လမ်းတံတားတွေကိုလည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့တဲ့အပြင် တော်လှန်ပြည်သူတွေရဲ့ လှူဒါန်းငွေနဲ့ လမ်းပြုပြင်ရာ လုပ်ငန်းခွင်မှာလည်း လုပ်အားပေးကူညီခဲ့ကြတယ်လို့ အသိပေးထားပါတယ်။   အဲဒီနောက် တန်ဆောင်တိုင် ပံ့သကူလက်ဆောင်တွေကိုလည်း ခရိုင် ပကဖ ရဲဘော်၊ ရဲမေတွေနဲ့ နယ်မြေခံအဖွဲ့အစည်းတွေက ဒေသခံပြည်သူတွေထံ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။   ဒေသခံ တော်လှန်ပြည်သူတွေဟာ NUG အစိုးရအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး မြစ်ရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ လမ်း၊ တံတားတွေကို ပရဟိတစိတ်၊ တော်လှန်ရေးအသိစိတ်တွေနဲ့ အခုလို ဝိုင်းဝန်းပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားပါတယ်။   #4C_TruthNews

Open in Telegram
Views8,820+28%vs avg
Forwards—
Reactions355
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
23 h8,480
26 h8,820
  1. After 24 hours8,480
  2. Total to date8,820
#25651Photo

ကုန်သွယ်မှု လျှို့ဝှက်ချက်များ ခိုးယူရန် ပူးပေါင်းကြံစည်မှုဖြင့် Huawei အပြစ်ရှိကြောင်း အမေရိကန် ဂျူရီ ဆုံးဖြတ်   တရုတ်နည်းပညာကုမ္ပဏီကြီး Huawei Technologies ဟာ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်များ ခိုးယူရန် ပူးပေါင်းကြံစည်မှုနှင့် ဘဏ်များကို လိမ်လည်မှုတို့ဖြင့် အပြစ်ရှိကြောင်း အမေရိကန် ဂျူရီလူကြီးအဖွဲ့က အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။   သို့သော် အပြင်းထန်ဆုံး စွဲချက်ဖြစ်သည့် ရာဇဝတ်ဂိုဏ်းပုံစံ ပူးပေါင်းကြံစည်မှု (racketeering conspiracy) နှင့် တရားစီရင်ရေးကို နှောင့်ယှက်မှုတို့တွင်မူ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး စုစုပေါင်း စွဲချက် ၁၂ ခုအနက် ၁၀ ခုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာကြောင့် လာမည့် စက်တင်ဘာလတွင် အမိန့်ချမှတ်သည့်အခါ ဒဏ်ငွေ ဒေါ်လာဘီလီယံနှင့်ချီ ပေးဆောင်ရဖွယ် ရှိနေပါတယ်။   Huawei ဟာ အီရန်နှင့် မြောက်ကိုရီးယားကဲ့သို့ အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော နိုင်ငံများတွင် စီးပွားရေးလုပ်ကိုင်ခဲ့ခြင်း၊ ယင်းလုပ်ရပ်များကို ဖုံးကွယ်ရန် အစိုးရနှင့် ဘဏ်များထံ လိမ်လည်ထွက်ဆိုခဲ့ခြင်းအပြင် Cisco၊ Motorola နှင့် T-Mobile ကဲ့သို့ ပြိုင်ဘက်ကုမ္ပဏီများထံမှ နည်းပညာနှင့် အချက်အလက်များ ခိုးယူခဲ့ခြင်းတို့ ရှိခဲ့ကြောင်း အစိုးရရှေ့နေများက စွပ်စွဲခဲ့ပါတယ်။ ရှေ့နေချုပ် တော့ဒ်ဘလန်ချေး Todd Blanche ကလည်း "မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီမျှ ဥပဒေအထက်တွင် မရှိကြောင်း" ပြောကြားခဲ့ပါတယ်။   Huawei ၏ ရှေ့နေကမူ စုံစမ်းစစ်ဆေးသူများဟာ ဝန်ထမ်း ၂ သိန်းကျော်ရှိသည့် ကုမ္ပဏီမှ ဝန်ထမ်းအနည်းငယ်၏ သီးခြားလုပ်ရပ်များကို ပုံကြီးချဲ့ကာ မဟုတ်မမှန် စွပ်စွဲခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပြီး အဆိုပါ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်များကို အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။   Huawei ကုမ္ပဏီဘက်ကလည်း ၎င်းတို့ဟာ စီးပွားရေးကျင့်ဝတ်နှင့် ဥပဒေများကို အမြဲလေးစားလိုက်နာကြောင်း ထုတ်ပြန်ခဲ့ပြီး တရုတ်အာဏာပိုင်များကမူ အမေရိကန်ဟာ အမျိုးသားလုံခြုံရေးကို အကြောင်းပြကာ တရုတ်ကုမ္ပဏီများကို ဖိနှိပ်နေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ #4C_TruthNews

Open in Telegram
Views8,600+25%vs avg
Forwards—
Reactions285
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
24 h8,350
26 h8,600
  1. After 24 hours8,350
  2. Total to date8,600
#25650Photo

❗️Breaking News: အရှေ့အလယ်ပိုင်း နိုင်ငံတွေဖြစ်တဲ့ အစ္စရေး၊ အီရန်၊ ကူဝိတ်၊ ဘာရိန်း၊ အိုမန်၊ ယူအေအီး ၊ ဂျော်ဒန်နဲ့ အီရတ်နိုင်ငံတို့မှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံး လေပိုင်နက် ပိတ်သိမ်းမှု‌များကြောင့် ထွက်ခွါရန်ခက်ခဲနိုင်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရန်၊ မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများ စုဆောင်းထားရန်နှင့် အနီးနားရှိ ဘေးကင်းရာ ခိုလှုံရာနေရာများကို ရှာဖွေမှတ်သားထားရန် ဂျေရုဆလင် အခြေစိုက် အမေရိကန်သံရုံးက ယမန်‌နေ့ညကပဲ ထုတ်ပြန်သတိပေးလိုက်ပါတယ်။ အီရန်နဲ့ တကျော့ပြန်စစ်ပွဲ ဖြစ်လာနိုင်ခြေအမြင့်ဆုံး ရောက်ရှိလာတဲ့သဘောပဲဖြစ်ပါတယ်။ ကမ္ဘာ့ ရေနံဈေး နဲ့ ရွှေဈေးကျဆင်းလာနေတာကို ထရမ့် ပြန်ဆွဲတင်တော့မယ့်အနေအထား‌ တွေ့ရ ပါတယ်။ အီရန်စစ်ပွဲပြန်ဖြစ်ရင် ဂျီနိုဂျပုလော်နိုင်ငံမှာ ဘာဆက်ဖြစ်လာနိုင်လဲ အားလုံးမှန်းမိကြမယ်ထင်ပါတယ်။ အခုထိ ICJ ကို ဆန္ဒပြမယ့်ကိစ္စဘတ်ဂျက်မကျသေးလို့ ဒန်ပေါက်မျှော်နေတဲ့ကောင်တွေကတော့ ပွဲဖြစ်ရင်‌တောင် ဆီဈေးနဲ့ ကုန်ဈေးနှုန်းတက်ပြီမို့ နှစ်ယောက်တစ်ထုပ် အရိုးကိုက်ပြီး လမ်းလျှောက်ပြန်ကြရမှာ မြင်မိပါတယ်။ Here we go again 🙂 #ADM2 #4C_TruthNews

Open in Telegram
Views8,490+23%vs avg
Forwards—
Reactions350
Comments—
#25649Photo

မြန်မာစစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ICJ တရားရုံး၏ စီရင်ချက်ကို လေးစားကြောင်း အာဆီယံဥက္ကဋ္ဌသစ် စင်ကာပူနိုင်ငံ ကြေညာ   မြန်မာစစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ကို လေးစားကြောင်း အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် စင်ကာပူနိုင်ငံက ကြေညာလိုက်ပါတယ်။   စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် အထူးစိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာများ၊ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ၏ အခြေအနေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။   နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် နိုဝင်ဘာ ၁၉ ရက်နေ့က ချမှတ်ခဲ့သည့် ICJ ၏ စီရင်ချက်တွင် မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ထားပါတယ်။   စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာဥပဒေစိုးမိုးရေးနှင့် နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေးအပေါ် စင်ကာပူနိုင်ငံ၏ ကတိကဝတ်ကိုလည်း ထပ်မံ အတည်ပြုခဲ့ပါတယ်။   ထို့ပြင် ICJ ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို လေ့လာသုံးသပ်နေပြီး ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ၊ မိမိတို့ဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သည့် အခြေအနေများ ဖန်တီးပေးရန် စင်ကာပူနိုင်ငံက တောင်းဆိုလိုက်ပါတယ်။   စင်ကာပူနိုင်ငံ အနေဖြင့် အာဆီယံနှင့် အခြားနိုင်ငံတကာမိတ်ဖက်များနှင့်အတူ နေရပ်စွန့်ခွာနေရသူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆက်လက်ကူညီပံ့ပိုးသွားရန် အသင့်ရှိကြောင်းလည်း ပြောဆိုထားပါတယ်။   ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ အနည်းဆုံး ၁၀,၀၀၀ သေဆုံးခဲ့ပြီး မွတ်ဆလင် လူနည်းစုဝင် ၇ သိန်းကျော်ဟာ နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပါတယ်။   ICJ ၏ နိုဝင်ဘာ ၁၉ ရက် ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။   ICJ တရားရုံးက မြန်မာနိုင်ငံ အနေဖြင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးခဲ့ရသူများကို မူလနေထိုင်ရာ ဒေသများသို့ ဘေးကင်းလုံခြုံစွာ၊ မိမိတို့ဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ခွင့်ပြုပေးရန်နှင့် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးရန် အမိန့်ချမှတ်ခဲ့ပါတယ်။   ထို့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက အရေးယူ အပြစ်ပေးရန်လည်း တရားရုံးက တိုက်တွန်းခဲ့ပြီး ထိခိုက်နစ်နာသူများအတွက် ပေးလျော်ရမည့် နစ်နာကြေး ပမာဏကို နောက်ပိုင်းတွင် ဆက်လက်သတ်မှတ် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။   #4C_TruthNews

Open in Telegram
Views8,710+26%vs avg
Forwards—
Reactions343
Comments—
#25648Text

မြန်မာပြည်တွင်းတွင်လည်း စီးပွားရေး၊ ငွေကြေးဈေးကွက်နှင့် ကုန်သွယ်ရေးကဏ္ဍများအပေါ်တွင်ပါ တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းများဖြင့် ပြင်းထန်စွာ ရိုက်ခတ်လာနိုင်သည့် အနေအထား ငါးမျိုးကို သုံးသပ်၍ ရပေသည်။   ICJ စီရင်ချက်ကြောင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ပိုမိုပြင်းထန်လာတော့မည်ဟူသော စိုးရိမ်စိတ်များ စီးပွားရေး ဈေးကွက်အတွင်း ပျံ့နှံလာကာ ယုံကြည်မှုများ ကျဆင်းသွားပေတော့မည်။ ယင်းနှင့်အတူ မြန်မာကျပ်ငွေထက်စာလျင် ပို၍ စိတ်ချရသော နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်) နှင့် ရွှေတို့ကို အလုအယက် ဝယ်ယူစုဆောင်းလာကြမည် ဖြစ်သည်။   ကျပ်ငွေတန်ဖိုး ကျဆင်းလာသည်နှင့်အမျှ ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီ၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး ပြည်သူများအပေါ် ကုန်ဈေးနှုန်း ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာစေမည် ဖြစ်သည်။   လူမျိုးတုံးသတ်ဖြတ်မှု စာချုပ်ချိုးဖောက်ကြောင်း စီရင်ချက်ချမှတ်ခံရသည့် နိုင်ငံတနိုင်ငံ၏ ဘဏ္ဍာရေးစနစ်နှင့် ချိတ်ဆက်လုပ်ကိုင်ရန် နိုင်ငံတကာ ဘဏ်ကြီးများက အလွန်အမင်း သတိထား ရှောင်ကြဉ်လာကြမည် ဖြစ်သည်။   ထို့အတွက် ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ ဘဏ်စနစ် (SWIFT) မှတဆင့် ငွေလွှဲပြောင်း ပေးချေရာတွင် စိစစ်မှုများ အလွန်တင်းကျပ်လာခြင်း၊ အချိန်ကြန့်ကြာခြင်းနှင့် ငွေလွှဲခ ကုန်ကျစရိတ် မြင့်တက်ခြင်းတို့ ကြုံတွေ့ရနိုင်သည်။   တရားဝင် ဘဏ်လမ်းကြောင်းများ ပိတ်ဆို့လာသည်နှင့်အမျှ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ၏ ငွေလွှဲပို့မှုနှင့် ကုန်သွယ်ရေး ငွေပေးချေမှုများသည် တရားမဝင် ပြင်ပဈေးကွက်သို့ ပိုမိုရောက်ရှိသွားပြီး ဗဟိုဘဏ်၏ ငွေကြေးထိန်းချုပ်နိုင်စွမ်း ပိုမိုအားနည်းသွားမည် ဖြစ်သည်။   အနောက်နိုင်ငံများသာမက အာရှဒေသတွင်းရှိ နိုင်ငံတကာ ကုမ္ပဏီကြီးများအနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ပါက နိုင်ငံတကာ သပိတ်မှောက်မှု ခံရမည်စိုး၍ လုပ်ငန်းများ ရပ်ဆိုင်းထွက်ခွာမှု ပိုမိုမြန်ဆန်လာနိုင်သည်။   အထူးသဖြင့် ဥရောပသမဂ္ဂ (EU) ၏ အကောက်ခွန် ကင်းလွတ်ခွင့် အထူးအခွင့် အရေးများ ပြန်လည်ရုပ်သိမ်းခံရနိုင်ခြေ မြင့်တက်လာပြီး၊ ပြည်တွင်း၌ အလုပ်အကိုင် အများအပြား ဖန်တီးပေးထားသည့် လက်ခစား အထည်ချုပ်လုပ်ငန်းများ အမှာစာ ပြတ်တောက်ကာ စက်ရုံပိတ်သိမ်းမှုနှင့် အလုပ်လက်မဲ့ ပြဿနာများ တိုးပွားလာနိုင်သည်။   စစ်အုပ်စု၏ သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် သစ်တောထွက်ပစ္စည်း ရောင်းချမှုမှ ရရှိသည့် နိုင်ငံခြားဝင်ငွေများအပေါ် နိုင်ငံတကာ ဘဏ္ဍာရေး ပိတ်ဆို့မှုများ ပိုမိုကျယ်ပြန့်လာနိုင်သည်။ စစ်အာဏာပိုင်များ အနေဖြင့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများအပေါ် အခွန်အကောက် တိုးမြှင့်ကောက်ခံခြင်း၊ ငွေစက္ကူ အသစ်များ ပိုမိုရိုက်ထုတ်ခြင်းတို့ ပြုလုပ်လာနိုင်ပြီး ယင်းက ငွေကြေးဖောင်းပွမှု သံသရာကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။   အနောက်နိုင်ငံများနှင့် နိုင်ငံတကာဈေးကွက် တံခါးပိတ်သွားသည့်အခါ မြန်မာ့စီးပွားရေးသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့အပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုရမည် ဖြစ်သည်။   ထိုအခြေအနေတွင် မြန်မာ့ပို့ကုန်များ (ဥပမာ - ပြောင်း၊ ပဲ၊ ကျောက်စိမ်း၊ သတ္တု) ကို တရုတ်နှင့် ထိုင်း ဝယ်လက်များက ဈေးနှိမ်ဝယ်ယူခြင်း၊ ကုန်သွယ်ရေး စည်းကမ်းချက်များကို တဖက်သတ် သတ်မှတ်ခြင်းတို့ကို မြန်မာဘက်မှ ရွေးချယ်စရာမရှိဘဲ လက်ခံရမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။   သံတမန်ရေးတွင်သာမက စီးပွားရေးအရလည်း မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး စနစ်ပြင်ပသို့ ရောက်ရှိသွားစေသည့် "စီးပွားရေးအရ အထီးကျန်မှု" ကို ပိုမိုနက်ရှိုင်းစေပြီး သာမန်ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအပေါ် ရေရှည်ထိခိုက် နစ်နာလာတော့မည် ဖြစ်သည်။   ပြည်သူတို့၏ တရားသောစစ် မုချ အောင်ရမည်!!!   ✍ Hla Soewai   #4C_TruthNews​

Open in Telegram
Views8,470+23%vs avg
Forwards—
Reactions295
Comments—
#25647Photo

"အိုင်စီဂျေ စီရင်ချက်ကြောင့် ပြည်တွင်းပြည်ပ သက်ရောက်လာနိုင်မှုများ"   အိုင်စီဂျေ စီရင်ချက်ကြောင့် နိုင်ငံအသီးသီးအနေဖြင့် မြန်မာနှင့် ဆက်ဆံနေသည့် စီးပွားရေးလုပ်ငန်းများ အပါအဝင် အခြားသော ဆက်ဆံရေးအားလုံးကို ပြန်လည်သုံးသပ်လာ‌ကြတော့မည် ဖြစ်သည်။   International Crisis Group က ထောက်ပြခဲ့သည့်အတိုင်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနီရောင် ကော်ဇောခင်းကာ ဂုဏ်ပြုကြိုဆိုခဲ့ကြသော အစိုးရများသည် ယခုအခါ လူမျိုးတုံး သတ်ဖြတ်မှုတွင် တာဝန်ရှိကြောင်း စီရင်ဆုံးဖြတ်ခံထားရသည့် နိုင်ငံတနိုင်ငံ၏ ခေါင်းဆောင်ကို ကြိုဆိုဧည့်ခံခဲ့ရသလို ဖြစ်သွားခဲ့ပေပြီ။   လက်ရှိတွင် မင်းအောင်လှိုင်သည် အာရှတဝန်း၌ ၎င်း၏ အုပ်ချုပ်မှုအပေါ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် တရားဝင်မှု ရရှိစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်။ ထို့အပြင် အရေးပါသော မြေရှားသတ္တုများ ထောက်ပံ့နိုင်မည့် ကွင်းဆက်အသစ်များ တည်ဆောက်ပေးမည်ဟု ကတိပေးကာ အမေရိကန်ပြည်ထောင်စုကိုပင် မက်လုံးပေး ချဉ်းကပ်နေသည်။   အမှုတွင် ဂမ်ဘီယာဘက်က ပါဝင် ရပ်တည်ပေးခဲ့‌သော ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံသည်လည်း ဤစီရင်ချက်သည် နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးအတွက်ပါ အရေးပါသည့် အဆုံးအဖြတ်တစ်ရပ်ဖြစ်ကြောင်း ပြသနိုင်ဖို့ ကြိုးပမ်းလာနေသည်။   ဗြိတိန်နိုင်ငံသည် မြန်မာစစ်တပ်မှ တိုင်းမှုး ဖြစ်ခဲ့သော မျိုးထွဋ်လှိုင်၊ မျိုးမင်းထွန်း၊ မြတ်သက်ဦး၊ ကျော်စိုးနှင့် ကျော်စွာဦးတို့ကို နာမည်ပျက်စာရင်းသွင်းကာ အရေးယူ ဒဏ်ခတ်လိုက်ပြီ ဖြစ်သည်။ မင်းအောင်လှိုင်ကတော့ ၂၀၂၁ အာဏာသိမ်းပြီးချိန်ကစ၍ ဒဏ်ခတ်ထားခဲ့ပြီး ဖြစ်သည်။   နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်က မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ထောက်ပံ့မှုကို ရပ်တန့်နိုင်ရန် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။   ထို့အပြင် ဗြိတိန်နိုင်ငံသည် ယခုသီတင်းပတ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ထိုကိစ္စကို တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး၊ နှစ်ပတ်အကြာတွင်လည်း ယင်းကိစ္စအတွက် သီးသန့်အစည်းအဝေးတရပ် ကျင်းပသွားမည်ဖြစ်သည်ဟု လွှတ်တော်တွင် အမတ်များကို အသိပေးခဲ့သည်။   ICJ ၏ စီရင်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း နိုင်ငံတစ်နိုင်ငံချင်းစီ၏ တုံ့ပြန်ဆောင်ရွက်မှုများအနက် ဗြိတိန်နိုင်ငံ၏ အရေးယူဆောင်ရွက်မှုသည် အထင်ရှားဆုံးနှင့် အပြင်းထန်ဆုံးသော တုံ့ပြန်မှုဖြစ်သည်။   စင်ကာပူကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ကို လေးစား လိုက်နာသွားမည် ဖြစ်ပြီး ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို လေ့လာသုံးသပ်နေကြောင်း ကြောညာချက် ထုတ်ပြန်ခဲ့သည်။   မြန်မာအရေး လေ့လာသုံးသပ်သူ ဦးဂျိမ်းရွှေက ဒီဘီဗီတွင် ရေးသားရာတွင် ပေးရန်ရှိသည့် နစ်နာကြေးကို မြန်မာပြည်သူများ အိပ်ကပ်ထဲမှ တပြားတချပ်မှ မထွက်ရလေအောင် ကုလသမဂ္ဂ၏ အစိုးရအရာရှိများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် အာဏာပိုင်ပုဂ္ဂိုလ်များက အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတို့မှတဆင့် တရားမဝင် ရယူထားသော နိုင်ငံပိုင်ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းစဉ် U.N. Stolen Asset Recovery Framework (StAR) ဖြင့် ပေးရန် ကြိုးပမ်းရမည်ဟု ထောက်ပြခဲ့သည်။   ထိုအစီအစဉ်ကို ကမ္ဘာ့ဘဏ် (World Bank) နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) တို့က ၂၀၀၇ ခုနှစ်တွင် ပူးတွဲစတင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ပြီး နိုင်ငံခြားသို့ ရွှေ့ပြောင်းဝှက်ထားသော ပိုင်ဆိုင်မှုများကို ဥပဒေနှင့်အညီ ပြန်လည်ရယူနိုင်ရေးသည် အဓိကရည်ရွယ်ချက် ဖြစ်သည်။

Open in Telegram
Views8,150+18%vs avg
Forwards—
Reactions264
Comments—