Account

Posts of 𝐌𝐢𝐜𝐫𝐨 -𝐒tore

newest first

#2786Text

ချစ်ရင်ပိုင်ဆိုင်ဖို့ ကြိုးစားပါတယ် ချစ်လို့ စွန့်လွှတ်ခဲ့တာပါ... You deserve someone better.. တို့ဆိုတာကို လက်ခံနိုင်သလား။ ကျွန်တော်ကတော့ လက်မခံနိုင်ပါဘူး။ ဒါကို အတ္တလို့ အများက ထင်ကြေးပေးကြလည်း ကျွန်တော့်အတွက်တော့ စစ်မှန်တဲ့ + ချစ်ခြင်းမေတ္တာလို့ ခံယူရလိမ့်မယ်။ ချစ်ရင် ပိုင်ဆိုင်ဖို့ကြိုးစားရမှာပဲပေါ့။ ပိုကောင်းတဲ့သူနဲ့ ထိုက်တန်ပါတယ်ဆိုပြီး လက်လျှော့ရမှာမဟုတ်ဘဲ ကိုယ်တိုင်က ပိုကောင်းတဲ့သူဖြစ်လာဖို့ ကြိုးစားရမှာပဲ မဟုတ်လား။ ချစ်လျက်နဲ့ စွန့်လွှတ်တယ်ဆိုရင် ထားခဲ့ခံရသူကရော အဲဒီဘဝမှာ ပျော်နိုင်မယ် ထင်လား။ ကြိုးစားဖို့ သတ္တိမရှိတာ၊ စစ်မှန်တဲ့အချစ်မဟုတ်တာမျိုးကို တော့ `ကောင်းစားစေချင်လို့ စွန့်လွှတ်တာ” ဆိုတဲ့ စကားမျိုးနဲ့ နစ်နာ သူတော့ မလုပ်ကြေးပေါ့။ မချစ်ရင် မချစ်ဘူးပြောပြီး ထားခဲ့တာက ပိုပြီးခံသာနိုင်မယ့် အဖြေပဲ ဖြစ်လိမ့်မယ် ဖြစ်လိမ့်မယ် တကယ်ချစ်ရင်လေ ဘယ်အခြေနေမှာမဆို နီးစပ်ဖို့ ကြိုးစား တယ်၊ လွတ်မသွားဖို့ ဖမ်းဆုပ်ထားတယ်။ ဒါဟာ အတ္တကြီးပြီး ဖက်တွယ်ထားရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ သူနဲ့ကိုယ်က အမြဲ အံဝင်ခွင်ကျ အနေထားတစ်ခုမှာ ရှိနေဖို့ ကြိုးစားရမယ်လို့ ဆိုလိုခြင်းသာဖြစ်တယ်။ ချစ်လျက်နဲ့ လမ်းခွဲခဲ့တာလို့ ပြောရင်လေ ဘယ်လောက် ဝေးဝေး အရောက်လာခဲ့ပါမယ်၊ အနီးနားရောက်ဖို့ ကြိုးစားပါမယ် ဆိုတဲ့သူတွေက ရယ်နေကြတော့မှာပဲ။ ကံကြမ္မာတွေက လွဲမှားနေ ရင်တောင် အားလုံးကို အစကပြန်ပြင်ရေးကြမယ်ဆိုတာ အချစ်ရဲ့ သတ္တိပဲမဟုတ်လား။ အချစ်ကြောင့် ပိုတိုးတက်ဖို့ ကြိုးစားရမှာ၊ အခက်အခဲတွေကို ရင်ဆိုင်လာနိုင်ရမှာ ဖြစ်တယ်။ အချစ်ဟာ မိုးပြိုမှာကို ကြောက်တဲ့ ယုန်သူငယ်လေး မဟုတ်ဘူး။ တကယ်ချစ်တဲ့သူဟာလည်း ဘယ်သော အခါမှ လွယ်လွယ်လက်မလျှော့တတ်ကြဘူး။ ကိုယ့်ကို ကောင်းစားစေချင်လို့ စွန့်လွှတ်တာပါ၊ မင်းပျော်စေ ဖို့ လမ်းခွဲတာပါလို့ အပြောခံရရင် သနားတဲ့ စိတ်မျိုးနဲ့ လောင် မနေပါနဲ့။ ကိုယ့်နဲ့ ပတ်သက်ပြီး အဲဒီလူရဲ့ ကြိုးစားအားထုတ်မှုကို ပြန်သုံးသပ်ကြည့်ပါ။ အချိန်တွေ ဘယ်လိုဆွဲခဲ့သလဲ၊ ဘယ်လို အကြောင်းပြချက်တွေ ပေးခဲ့သလဲဆိုတာကို အဖြေရှာကြည့်ပါ။ သေချာတဲ့ အဖြေတစ်ခုဟာ စိတ်သက်သာရာရစေလိမ့်မယ်။ ကျွန်တော်ကတော့ ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တယ်။ ခက်ခဲရင် တောင်.. ပိုင်ဆိုင်ရဖို့လည်း ကြိုးစားဦးမှာပဲ။ ဘဝမှာ နောင်တ ကင်းချင်ရင် ကိုယ်လုပ်ချင်တာကို ဖြစ်အောင်လုပ်ပြီး၊ ချစ်တဲ့သူအနား နေသွားရဖို့လိုတယ်တဲ့။ ကျွန်တော်ဟာ အဲဒီနောင်တမျိုးကင်းချင်သူပါ။ #စာရှည် #feeling #foryou #fyp #viral

Open in Telegram
Views1,100−28%vs avg
Forwards—
Reactions1
Comments—
#2785Text
Views639−58%vs avg
Forwards—
Reactions5
Comments—
#2782Text
Views14,500+845%vs avg
Forwards—
Reactions—
Comments—