နိုဝင်ဘာ ၂၅ ရက် နံနက် ၆ နာရီ ခန့်က နဘူးအိုင်ရွာ မှ ထွက်လာသော စခ စစ်ကြောင်း နံနက် ၉ နာရီ ခန့်မှာ ဆီမီးခုံမြို့ထဲ သို့ ရောက်ရှိသွားဟုသိရ။ ဆီမီးခုံသတင်း #MdySN Nov 25 , 10:15PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in TelegramPosts of မန္တလေးပြင်ပ ကင်းထောက်ကွန်ယက်
⚠️မန်း-မတ္တရာ-စဉ့်ကူးသတင် -03:50PM အင်အား ၃၀ ခန့်ပါသော စခ Sino Truck ကားကြီး ၁ စီး မတ္တရာဘက်မှ မန္တလေးဘက်သို့ မောင်းသွား။ -04:15PM အင်အားအပြည့်ပါသော စခ ကားကြီး ၆ စီး စဥ့်ကူးနယ် ခတက်ချဉ်စိုက်ကွင်းရွာဖြတ်၍ မြောက်ဘက်သို့ မောင်းသွား။ -04:30PM အင်အား ၁၀ ကောင်ဝန်းကျင်ခန့်စီပါသော စခ Sino Truck ကားကြီး ၆ စီး မတ္တရာဘက်မှ မန္တလေးဘက်သို့ မောင်းသွား။ Source -MR Informer #MDYRevo #MdySN Nov 24 , 5:30PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegram📍 မလှိုင်မြို့ | နိုဝင်ဘာ ၂၃ ရက် ယနေ့ (၂၃.၁၁.၂၀၂၆) ညနေ ၅:၁၅ နာရီခန့်တွင် မလှိုင်မြို့ရှိ ရွှေမုဌောဘုရားကြီးအတွင်းသို့ ပန်းအိုင်ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကား ၇ စီးဖြင့် ဝင်ရောက်သွားကြောင်း သိရှိရပါသည်။ ဝင်ရောက်သွားသည့်ယာဉ်များမှာ အပြာရောင်ဖောကား ၁ စီး၊ လိုက်ထရပ်အမိုးကိုင်းမပါ ၄ စီးနှင့် အဖြူရောင်အိမ်စီးကား ၂ စီးတို့ဖြစ်ကြောင်း သိရပါသည်။ မှတ်ချက်။ ဝင်ရောက်လာသည့် စစ်သားများမှာ မျက်နှာဖုံးများ ဝတ်ဆင်ထားကြောင်း သိရှိရပါသည်။ ⚠️ ဒေသခံပြည်သူများအနေဖြင့် သတိပြုသွားလာကြပါရန် အသိပေးအပ်ပါသည်။ #MdySN Nov 23 , 6:11PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ(၂၃)ရက် 🔺ကန်နီရွာမှ စခများ မြင်းခြံ-မြို့သာ ကားလမ်းဘေး၊သက္ကယ်ကျင်းရွာ ရောက်နေ။(၁၈)ရက်နေ့က သက္ကယ်ကျင်းရွာ ရောက်ခဲ့ပြီး ညနေပိုင်းအချိန်မှာ လမ်းတွေ့ရာ ခရီးသွားကားများပေါ်မှ ငွေ၊နားကပ်၊ဖုန်းများ အဓမ္မလုယူခဲ့ကြပါသည်။ -မြင်းခြံ-မြို့သာလမ်းမှ ခရီးသွားကားများ အထူးသတိထားကြပါ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ #အဓမ္မလုယက် #MdySN Nov 23 , 9:45AM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegram15.11.2026 - 17.11.2026 ကျောက်ပန်းတောင်းမြို့နယ် စမ်းတွင်းကြီး ရွာသား ၄ ဦးကို ၁၅ ရက်နေ့က ဖမ်းဆီးရာ ၂ ဦး ပြန်လွတ်ခဲ့သော်လည်း ကျန် ၂ ဦး မှာ ကျပတပျူစောထီး ဌေးလွင်ဦးအဖွဲ့လက်ချက်ဖြင့် ၂ ယောက်သေဆုံးခဲ့ပြီး တစ်ဦးကို လယ်ယားရွာသချိုင်း တောင်ဘက် ရထားလမ်းပေါ်တွင် ပစ်ခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံပေါ်ရောက်ပြီး ၃ နာရီအကြာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုပျူအဖွဲ့သည် ယခုချိန်ထိ တွင်းဖြူရွာ၌ ရှိနေဆဲဖြစ်သည်။ ရွာသားများ ဖမ်းခံရသည့်ရက်မှာ ၁၅ ရက်နေ့ကဖြစ်ပြီး ဆေးရုံပို့ဆောင်သည်မှာ ၁၇ ရက်နေ့ဖြစ်ပြီး ကျပတရဲစခန်းမှ တာဝန်ရှိသူများ အလောင်းထုတ်ယူ သဂြိုလ်ပေးခြင်းသည် ၁၉ ရက်နေ့ဖြစ်သည်။ ဖမ်းဆီခံရခြင်းနှင့် သေဆုံးအောင်ပြုလုပ်ခဲ့ခြင်းမှာ ဘာကြောင့်လဲဆိုတာ မသိရသေးပါ #kpgupdatenews #MdySN Nov 22, 5:57PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ(၂၁)ရက် 🔺မြို့သာနဲ့တံတားဦး အကြား ဂွေးကုန်းဂိတ်မှ စခများ ခရီးသည်-ကုန်ပစ္စည်း ကားများကို ငွေ အဓမ္မတောင်းယူနေ။ယခင် ကုန်ကားတစ်စီး တစ်သောင်းကျပ် တောင်းယူရာမှ ယခုအခါ ကုန်ပစ္စည်းအပေါ်မူတည်၍ ၈၀၀၀၀(ရှစ်သောင်းကျပ်)မှ ၁၂၀၀၀၀(တစ်သိန်းနှစ်သောင်းကျပ်)ထိ အဓမ္မတောင်းယူနေ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ #ဂွေးကုန်းဂိတ် #အဓမ္မတောင်းယူ #MdySN Nov 21 , 9:57PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီ ခန့်က ကန်နီရွာ ထဲ ဝက်ခုတ်သည့်အိမ်မှ ဝက်တစ်ကောင် အား စခများမှ အဓမ္မဆွဲယူသွားပြီး ၄င်းတို့ စခန်းချသည့် အိမ်တွင်ချက်စားနေ။ နံနက် ၁၀ နာရီ ခန့်က ကန်နီရွာ ထဲမှာ ရောက်ရှိနေသော စခ စစ်ကြောင်း မှ စခများမှ သေနက်များ ပစ်ဖောက်။ နံနက် ၁၁ နာရီ ခန့်က ကင်းထောက် ဒရုန်း လွှတ်ပြီး ရွာအနီးပါတ်ဝန်းကျင် ပျံသန်းကင်းထောက်နေဟုသိရ။ ဆီမီးခုံသတင်း #MdySN Nov 21 , 4:28PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ ၁၉ ရက် ကန်နီရွာ မှာ ရောက်ရှိနေသော အကြမ်းဖက် စခ စစ်ကြောင်း ရွာဦးကျောင်း နှင့် ရွာထဲ အိမ်အချို့မှာ တပ်စွဲထားဆဲဖြစ်။ မနေ့က ရွာထဲ မှာ ကျန်နေခဲ့သော ပြည်သူအမျိုးသား တစ်ဦးကို ပိုက်ဆံတောင်းရာ စခများမှ လိုချင်သလောက်မပေး၍ ရိုက်နှက်ခဲ့ပြီး ဘေးအိမ်မှ အမျိုးသားတစ်ဦးကိုလဲ သေနက်ဒင်ဖြင့် ဝင်ထုသွားခဲ့။ နေ့လယ်ပိုင်းက ဒရုန်းများ ကန်နီရွာ အနီးပျံဝဲနေပြီး ရွာအနီးပါတ်ဝန်းကျင် ကင်းထောက်နေ။ ဆီမီးခုံသတင်း #MdySN Nov 20 , 5:16PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ(၂၀)ရက် 🔺ကားလမ်းဘေး တလျှောက်ရွာတွေ ပတ်လှည့် လုယက်နေတဲ့ စခ စစ်ကြောင်း ကန်နီရွာထဲမှာ ရှိနေဆဲဖြစ်။ 👉(၁၈)ရက်နေ့၊ညနေ(၆)နာရီကျော်က ၎င်း-စခတွေ မန္တလေးမှပြန်လာတဲ့ ကားတစ်စီးပေါ်ပါလာသည့် အမျိုးသမီး(၂)ဦးထံမှ နားကပ်(၂)ရံ ချွတ်ယူခဲ့။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ #အဓမ္မလုယက် #MdySN Nov 20 , 5:16PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegram⚠️မန်း-မတ္တရာသတင်း မတ္တရာဘက်မှ မန္တလေးမြို့ထဲသို့ စမထသင်တန်းသားအသစ်များတင်ဆောင်လာသော စခ Sino-Truckကား ၄စီး မောင်းသွားကြောင်း သတင်းရရှိပါသည်။ Source -MR Informer #MDYRevo #MdySN Nov 20 , 9:25AM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegram⚠️မန်း-မတ္တရာသတင်း လည်ကတုံးအဖြူဝတ် စစ်မှုထမ်းတပ်သားသစ်ဟု ယူဆရသူများကို တင်ဆောင်လာသော စခ Sino Truck ကားကြီး ၂ စီး မန္တလေးဘက်မှ မတ္တရာဘက်သို့ မောင်းနှင်သွားကြောင်း သတင်းရရှိ၊ ထီးတော်မိုး စုဆောင်းရေးတပ်သို့ ပို့ဆောင်ခြင်းဟု ယူဆရပါသည်။ Source -MR Informer #MDYRevo #MdySN Nov 19 , 6:00PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ ၁၉ ရက် ကန်နီရွာ ထဲ ရောက်ရှိနေသော စခ စစ်ကြောင်းမှ စခများ ရွာထဲ ပါတ်၍မွှေနှောက်နေ ပြည်သူပိုင်ပစ္စည်း ရွှေ၊ ငွေ၊ ဖုန်း နှင့် တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူငင်နေပြီး ပြည်သူအချို့ကို ရိုက်နှက်နေဟုသိရ။ ဆီမီးခုံသတင်း #MdySN Nov 19 , 6:34PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ ၁၉ ရက် နံနက် ၆ နာရီ ခန့်က နဘူးအိုင်ရွာ မှ ထွက်လာသော အကြမ်းဖက် စခ စစ်ကြောင်း ကန်နီရွာ ထဲ ရောက်ရှိနေ ရွာထဲပါတ်၍ တွေ့ရှိသော ပြည်သူများထံမှ ရွှေ၊ ငွေ၊ ဖုန်းများ လုယက်ယူငင်နေပြီး ကြက်များလိုက်လံပစ်ခတ်နေ။ ဆီမီးခုံသတင်း #MdySN Nov 19 , 5:10PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegram⚠️မန်း-ဇရပ်ကွင်းသတင်း မန္တလေးမှ တက်လာသော စစ်ခွေးကား ၁၂စီးသည် သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာဖြတ်၍ မြောက်အရပ်သို့မောင်းသွားဟုသတင်းရ။ Source -MR Informer #MDYRevo #MdySN Nov 19 , 4:40PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ(၁၉)ရက် 🔺ဆင်တဲဝ တံတား တပ်စွဲနေသည့် နေရာရောက် စခများ ဒရုန်းဆင်နေသည် ဟုသိရ။ -အနီးနားရွာများရှိ ပြည်သူများ သတိရှိကြပါ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ #MdySN Nov 19 , 4:35PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramဝမ်းတွင်း (Delayed) စိန်ပန်းပင် ကျေးရွာသို့မနေ့ကညနေ ၄ နာရီအချိန်ခန့် စခ များရောက်လာပြီး အိမ်တွေပေါ်တက်ချောဆွဲရာ နိုင်းနိုင်း၊ဖိုးချစ်၊မောင်မောင်ကြီး၊ကိုမင်းအောင်၊ ကိုဆန်းယု၊ကိုအောင်ဝင်း စသဖြင့် အမျိုးသား ၆ ဦးပါသွားကြောင်းသိရသလို ပြီးခဲ့တဲ့ တပါတ်ခန့်ကလည်း သုံးဒေါင့်အိုင်ကျေးရွာထဲ ညည့်နက် ၃ နာရီအချိန်ဝင်ဆွဲတာ လူငယ် ၄ ဦးပါသွားခဲ့ကြောင်းသိရတာတွေတင်ပြလိုက်ပါတယ်။ မြို့နယ်အတွင်းပေါ်တာဆွဲ ဖမ်းစီးမူ့တွေ အမြဲမပြတ်ရှိနေပါသဖြင့် လူငယ်များ အချိန်တိုင်း နေရာတိုင်းမှာ သတိ ရှိစွာနေထိုင်နိုင်ကြပါ။ (12/11/2026) ー (17/11/2026) ဒီနေ့မနက်၄နာရီခန့် ကံကြီးရွာထဲချောဝင်ဆွဲခံရတာ ၃ဦးပါသွားကြောင်းသိရ။ #VOW #MdySN Nov 19 , 12:55PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ(၁၉)ရက် 🔺မနေ့က သက္ကယ်ကျင်းရွာ ဝင်ခဲ့တဲ့ စခ စစ်ကြောင်း ယနေ့ ကန်နီရွာထဲ ရောက်နေ။ -သက္ကယ်ကျင်းရွာမှ အဘွားကြီးတစ်ဦးထံမှ နားကပ်တစ်ရံ(နေအိမ်လည်း မီးရှို့ခံထားရတာမို့ နားကပ်လေး မယူပါနဲ့ တောင်းပန်ပြောခဲ့ပေမဲ့ အဓမ္မချွတ်ယူ သွားခဲ့တာ ဟု သိရ။)၊အမျိုးသမီးတစ်ဦးထံမှ ငွေ(၂)သိန်းကျပ်၊အမျိုးသား(၂)ဦးထံမှ ဖုန်းတစ်လုံးစီ၊ဈေးသည်ထံမှ ငွေ(၈)သိန်းနှင့်ဖုန်းတစ်လုံး တို့ အဓမ္မယူသွား။ 👉ရွာထဲ စခ စစ်ကြောင်းများဝင်လာလျှင် ပြည်သူများ ရှောင်တိမ်းကြပါရန် အသိပေးအပ်ပါသည်။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ #သက္ကယ်ကျင်းရွာ #MdySN Nov 19 , 11:27AM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ ၁၈ ရက် နံနက် ၆ နာရီ ခန့်က ချဉ်မြစ်ကျင်းရွာ မှ စခ စစ်ကြောင်း မြင်းခြံ-မြို့သာ လမ်းအတိုင်း မြောက်သို့ ထွက်ခွာလာ ၉ နာရီ ခန့်မှာ သက္ကယ်ချင်းရွာ သို့ ရောက်ရှိသွားဟုသိရ။ ー နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီ ခန့်က မန္တလေးမြို့မှ စုန်ဆင်းလာသော စခ စစ်သင်္ဘော ၁ စီး၊ ကုန်တင် ဖလက်ခွံ ၈ စီးနေ့လယ် ၁၂ နာရီ ခန့်က ဆီမီးခုံမြို့အနီး ဖြတ်သန်းပြီး မြစ်အောက်ပိုင်းသို့ ဆက်လက်စုန်ဆင်းသွား။ သက္ကယ်ချင်းရွာ ရောက်ရှိနေသော စခ စစ်ကြောင်းထဲမှာ သက္ကယ်ချင်းရွာ ထဲ တပ်စွဲထားပြီး ပေါက်စိမ်းရွာ ဘက်သို့ အချို့အဝက်ထွက်ခွာသွားဟုသိရ။ ဆီမီးခုံသတင်း #MdySN Nov 18 , 3:41PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegramနိုဝင်ဘာ(၁၈)ရက် 🔺မြင်းခြံ-မြို့သာ လမ်းတလျှောက် ရွာများတွင် ညအိပ်-လုယက်နေသည့် စခ၊ပျူ စစ်ကြောင်းသည် သက္ကယ်ကျင်းရွာတွင် ရောက်နေ။သက္ကယ်ကျင်းရွာ ညအိပ်နိုင်ချေရှိ။ -ပြည်သူများ သတိထားရှောင်ကြဉ်ကြပါ။ #မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ #MdySN Nov 18 , 12:04PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegram⚠️မတ္တရာနယ် လက်နက်ကြီးသတင်း မတ္တရာနယ်အနောက်ခြမ်း သဖန်းဒေါင့်ရွာမှ စခများက အနောက်ဘက်နှင့် အနောက်မြောက်ဘက်တို့သို့ လက်နက်ကြီး ၈ ကြိမ်ထက်မနည်း အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source - MR Informer #MDYRevo #MdySN Nov 17 , 11:30PM 📫သတင်းပို့ရန် @SagaingSNetworkbot
Open in Telegram