Account

Posts of K S News

newest first

#71708Photo

Forwarded from စစ်နိုင် News 🇲🇲

မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် ကန့်ဘလူမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ် ထိန်တောကျေးရွာနေ ကိုအေးချမ်းအောင် (၂၃) နှစ်နှင့် ဇနီးဖြစ်သူ မမေသူ (၁၇) နှစ်တို့သည် ထန်းကုန်းကျေးရွာသို့ သွားရောက်စဉ် PDF အမည်ခံအဖွဲ့ ထောင်ထားသည့် တိုက်မိုင်းကို တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့သည်။ အလားတူ ရွှေကျင်မြို့နယ် သံဆိပ်ရွာမကျေးရွာနေ ဦးဝင်းစိုး (၅၁) နှစ်သည် လယ်ကွင်းသို့ စက်ဘီးဖြင့် သွားရောက်စဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်းကို နင်းမိပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ #SittNaing

Open in Telegram
Views1,120−76%vs avg
Forwards—
Reactions33
Comments—
#71707Photo
Views2,450−47%vs avg
Forwards—
Reactions122
Comments—
#71705Link preview

တပ်မတော်ချင်း ပူးပေါင်းလေ့ကျင့်ခြင်း ဆိုတာ ရုရှား ရဲ့ Pacific Fleet မှ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Admiral Tributs နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တွေ ယမန်နေ့ညကနေ က ရန်ကုန် သီလဝါကိုရောက်တယ်လို့ သတင်းထုတ်တယ်။ ================ တပ်မတော်(ရေ)ကလဲ ဘဂ်လားပင်လယ်အော် မှာ ပစ်ခတ်စဥ်ရှိတယ်ဆိုတာ MWD သတင်းမှာ ကြေညာထားတယ် ဆိုတော့ ဒီလေ့ကျင့်ခန်း မှာ ရုရှား အနေနဲ့လဲ ပူးပေါင်းပါဝင်လေ့ကျင့်မှာလားလို့ တွေးမိတယ်။ ================= တပ်မတော် ချင်း ပူးပေါင်းလေ့ကျင့်မှုဆိုတာ ဖြစ်လာဖို့မလွယ်ဘူး။ နိုင်ငံချင်းချစ်ကြည်ရင်းနှီးမှုနဲ့ တပ်မတော်ချင်း ရင်းနှီးမှု အပေါ်မူတည်ပြီးဖြစ်လာတာ။ ================= ဒီနေရာမှာ ရုရှား အနေနဲ့ မြန်မာ့တပ်မတော် နဲ့ အကွာအဝေးအဝေးကြီးကို ဘာကြောင့် လာလေ့ကျင့်တာလဲဆိုတာကို တွေးရင် မြန်မာ-ရုရှား ကြား ချစ်ကြည်ရင်းနှီးမှု အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်တယ်။ ================ အဲ့လို ရင်းနှီးမှုမျိုးက ခုမှ တည်ဆောက်လို့ရလာတာမဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထတ်ကနေ ခု ဦးမင်းအောင်လှိုင် လက်ထတ်ထိ အချိန်ယူတည်ဆောက်ခဲ့ရတာ။ ================ အိမ်နီးချင်းနိုင်ငံတွေထဲက တချို့ နိုင်ငံတွေနဲ့လဲ အခါအားလျော်စွာ လေ့ကျင့်မှုတွေရှိပေမဲ့ စိတ်ထင် ရုရှား နဲ့ လေ့ကျင့်မှုတွေကတော့ ပိုများမယ်ထင်တယ်။ မကြာသေးခင်ကမှ တပ်မတော်(ကြည်း) ချင်းလေ့ကျင့်ထားတာလဲရှိသေးတာမို့ ခု တပ်မတော်(ရေ) ချင်းလေ့ကျင့်မှုထပ်လုပ်တာမို့ အကြောင်းမဲ့လဲ ဟုတ်မယ်မထင်ဘူး။ ================= ရုရှား တပ်မတော် ဆိုတာ လက်ရှိမှာ ယူကရိန်း နဲ့ ပြည်ပစစ်ကို ရင်ဆိုင်နေရတဲ့ တပ်မတော်။ မြန်မာ့ တပ်မတော် ဆိုရင်လဲ သောင်းခြောက်ထောင်သော သူပုန်တွေနဲ့ ပြည်တွင်းတည်ငြိမ်ရေးတိုက်ပွဲတွေ ဆင်နွှဲနေရတဲ့ တပ်မတော်။ တပ်မတော် ၂ ရပ်စလုံး အနေနဲ့ စစ်တိုက်​နေကြဆဲမို့ ခုလေ့ကျင့်ခန်း ကနေ အတွေ့အကြုံသစ်တွေ ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်။ =================== အီဖေကိုယ်တို့ တပ်မတော် အနေနဲ့ ပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ စစ်ဆင်ရေးရှိနေသေးတာမို့ အဲ့ စစ်ဆင်ရေး ကို ကြိုတင်မျှော်တွေးပြီး လေ့ကျင့်ရင်ပိုကောင်းမယ်။ ================== ပြောမဲ့သာပြောတာပါ။ စာရေးသူထက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့သူတွေ ပိုပြီး တော်တတ်သိမှာပါ။ ================= တစ်ခုပဲ အကြံပြုချင်တာက ..... နောက်လာမဲ့ တိုက်ပွဲတွေအတွက် အထောက်အကူ ပြုပါစေ။ ကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် သင်ခန်းစာဖော်ထုတ်ချက်နဲ့ ပြင်ဆင်ချက်တွေရပါစေ။ မင်းထက်ကျော်ဇော Telegram Link : https://t.me/minhtetkyawzaw TikTok Link : https://www.tiktok.com/@minhtetkyawzaw?_r=1&_t=ZS-92VWIBs7Lx

Open in Telegram
Views3,500−24%vs avg
Forwards—
Reactions113
Comments—
#71703Photo

Forwarded from ပြည်ထောင်စု တပ်မတော်

PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူ ၆,၁၆၀ ဦး အလင်းဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဖြေကြား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူ စုစုပေါင်း ၆,၁၆၀ ဦးအထိ အလင်းဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက Positive Angle News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ရေးနှင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဖိတ်ခေါ်မှုများကြောင့် လမ်းမှားရောက်နေသူများ အလင်းဝင်ရောက်လာကြပြီး အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း အလင်းဝင်ရောက်သူ ရာနှင့်ချီရှိကြောင်း သိရသည်။ ထို့ပြင် အလင်းဝင်ရောက်ရန် ဆန္ဒရှိသူများအနေဖြင့် မိသားစု၊ ဆွေမျိုးများနှင့်အတူ ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အမြန်ဆုံး အလင်းဝင်ရောက်ကြရန် ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံဖိတ်ခေါ်ထားသည်။

Open in Telegram
Views4,430−4%vs avg
Forwards—
Reactions146
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
1 h1,950
4 h4,430
  1. After 1 hour1,950
  2. After 6 hours4,430
  3. Total to date4,430
#71700Photo

Forwarded from စစ်နိုင် News 🇲🇲

ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စင်း ရန်ကုန်မြို့သို့ ရောက်ရှိ၊ မြန်မာ-ရုရှား စတုတ္ထအကြိမ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း ပြုလုပ်မည် နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရုရှားရေတပ် Pacific Fleet မှ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Admiral Tributs နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် မြန်မာ-ရုရှား စတုတ္ထအကြိမ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ပြုလုပ်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည်။ ရေယာဉ်များကို တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် ရုရှားရေတပ် ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း ရုရှားရေတပ် စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Evgenii Nikolaevich Niasoedov ဦးဆောင်သည့် အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ #SN

Open in Telegram
Views6,120+33%vs avg
Forwards—
Reactions249
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
3 h3,560
9 h6,120
  1. Total to date6,120
#71696Photo

Forwarded from စစ်နိုင် News 🇲🇲

ရန်ကုန်မြို့၌ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူများကို ဖမ်းဆီး၊ နိုင်ငံခြားငွေမျိုးစုံနှင့် ကျပ်ငွေများ သိမ်းဆည်းရမိင် နိုင်ငံခြားငွေ ရောင်းဝယ်သူများကို ဖမ်းဆီး၊ နိုင်ငံခြားငွေမျိုးစုံနှင့် ကျပ်ငွေများ သိမ်းဆည်းရမိ ရန်ကုန်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်မြို့ရှိ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သည့်နေရာများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ လူ ၅ ဦးကို နိုင်ငံခြားငွေမျိုးစုံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဆူးလေကုန်းကျော်လူကူးတံတားအနီး၊ အနော်ရထာလမ်း၊ မရမ်းကုန်းမြို့နယ် ၉ မိုင် ဦးမောင်မောင်စိုးလမ်းရှိ နေအိမ်တစ်ခုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူများထံမှ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်၊ မလေးရှားရင်းဂစ်နှင့် မြန်မာကျပ်ငွေများ သိမ်းဆည်းရမိခဲ့ပြီး အထူးသဖြင့် မရမ်းကုန်းမြို့နယ် ၉ မိုင်ရှိ နေအိမ်တစ်ခုမှ အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀၊ ထိုင်းဘတ် ၅၅၀,၀၀၀၊ တရုတ်ယွမ် ၃၇၀,၀၀၀ နှင့် မြန်မာကျပ်ငွေ ၆၃ သန်းတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသူများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ #SittNaing

Open in Telegram
Views5,670+23%vs avg
Forwards—
Reactions165
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
4 h3,470
9 h5,670
  1. Total to date5,670
#71695Video
Views4,130−10%vs avg
Forwards—
Reactions177
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
4 h2,990
6 h4,130
  1. After 6 hours4,130
  2. Total to date4,130
#71694Video

Forwarded from စစ်နိုင် News 🇲🇲

သတိပြု

Open in Telegram
Views4,100−11%vs avg
Forwards—
Reactions116
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
4 h2,990
6 h4,100
  1. After 6 hours4,100
  2. Total to date4,100
#71693Photo
Views4,080−11%vs avg
Forwards—
Reactions184
Comments—
Views growthHide views growth

Views growth

Hours after publication

Show as table
Hours after publicationViews
0 h0
4 h3,020
6 h4,080
  1. After 6 hours4,080
  2. Total to date4,080
#71691Text

Forwarded from စစ်နိုင် News 🇲🇲

‎မန္တလေးနှင့် စစ်ကိုင်းမြို့နယ်တို့တွင် ငွေကျပ် ၅ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိ ‎ ‎နေပြည်တော်၊ နိုဝင်ဘာ ၂၅ ‎ ‎မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရ မြို့နယ်များနှင့် စစ်ကိုင်းမြို့နယ်တို့တွင် အောက်တိုဘာလကုန်ပိုင်းမှ နိုဝင်ဘာလလယ်အထိပြုလုပ်ခဲ့သည့် ကွင်းဆက်စစ်ဆင်ရေးများအတွင်း ငွေကျပ် ၅ ဒသမ ၃၂၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်းနှင့် ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC Myanmar) မှသိရသည်။ ‎ ‎အောက်တိုဘာလ ၂၈ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ) ရပ်ကွက်နေ မနှင်းနှင်းဦး(ခ)ဂျပန်မ၏နေအိမ်မှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုဂရမ် စတင်ဖမ်းဆီးရမိခဲ့ရာမှ ကွင်းဆက်ဖော်ထုတ်ချက်အရ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်မှ မိုးထက်အောင်(ခ)မိုးထက်ထံမှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုဂရမ်နှင့် အမရပူရမြို့နယ်မှ အေးချိုထံမှ ဘိန်းဖြူ ၂၂ ကီလိုဂရမ်တို့ကို မော်တော်ယာဉ်၊ ဆိုင်ကယ်များနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ဆက်စပ်သူ ၅ ဦးကိုလည်း ကလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့တွင် အသီးသီး ဖမ်းဆီးရမိခဲ့သည်။ ‎ထို့အတူ နိုဝင်ဘာလ ၁၇ ရက်တွင်လည်း အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီး၌ လှိုင်နေထွန်းနှင့် ထွန်းမင်းလတ်တို့ ၂ ဦးကို CANTER ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၂ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပူးပေါင်းပါဝင်သူနှင့် ပို့ဆောင်ခိုင်းသူ စုစုပေါင်း ၅ ဦးကို အောင်မြေသာစံ၊ ပြည်ကြီးတံခွန်နှင့် ဇေယျာသီရိမြို့နယ်တို့တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။ ‎ကွင်းဆက်ဖော်ထုတ်ချက်များအရ နိုဝင်ဘာ ၃ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၌ နောင်နောင်ထံမှ စိတ်ကြွဆေးပြား ၁ သိန်းကို ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ချမ်းမြသာစည်မြို့နယ်တွင် ဆက်စပ်တရားခံ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ပြည်သူလူထုနှင့် ပူးပေါင်းရှာဖွေရာ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီး၌ ကလေးမြို့သို့ ပို့ဆောင်ရန် သိုဝှက်ထားသည့် စိတ်ကြွဆေးပြား ၁၈ ဒသမ ၅ သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့ကာ စေခိုင်းသူ အောင်အောင်(ခ)ဘကြီးအောင်ကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကလေးမြို့၌ဖမ်းဆီးရမိခဲ့သည်။ ‎စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွဆေးပြားများကို တမူးမြို့နေ လားရီအဲ(ခ)သားကြီး (ဖမ်းဆီးရန်ကျန်)၏စေခိုင်းမှုဖြင့် မန္တလေးမှ ကလေးမြို့သို့သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ ဘိန်းဖြူများကိုမူ ဖယ်ခုံမြို့နယ်နေ တင်ဝင်း(ခ)ကံဦး(ဖမ်းဆီးရန်ကျန်)၏ စီမံမှုဖြင့် ပင်လောင်းမှ မန္တလေးသို့ သယ်ဆောင်ကာ ယင်းမှတစ်ဆင့် ကလေးမြို့သို့ ဆက်လက်ဖြန့်ဖြူးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။ ‎လက်ရှိတွင် ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျန်ရှိသူများကို ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ၎င်းတို့၏ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ‎#SittNaing

Open in Telegram
Views6,050+32%vs avg
Forwards—
Reactions197
Comments—
#71687Photo

Forwarded from စစ်နိုင် News 🇲🇲

No text

Open in Telegram
Views5,350+16%vs avg
Forwards—
Reactions95
Comments—
#71685Photo
Views4,730+3%vs avg
Forwards—
Reactions162
Comments—
#71684Photo
Views4,5900%vs avg
Forwards—
Reactions106
Comments—
#71677Photo
Views4,260−7%vs avg
Forwards—
Reactions117
Comments—