Views growthHide views growth
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 1 h | 1,420 |
| 4 h | 3,550 |
- After 1 hour1,420
- Total to date3,550
Hours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 1 h | 1,420 |
| 4 h | 3,550 |
Hours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 1 h | 1,660 |
| 4 h | 4,080 |
Hours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 1 h | 1,260 |
| 4 h | 2,950 |
Hours after publication
| Hours after publication | Views |
|---|---|
| 0 h | 182 |
| 2 h | 3,040 |
| 5 h | 4,550 |
လူမျိုးတုံးသတ်ဖြတ်မှု ICJ ဆုံးဖြတ်ချက်မှာ ယူကေအနေနဲ့ ဝင်မပါသင့်ကြောင်း အတိုက်အခံဝန်ကြီး Wendy Morton ပြောကြား၊ မြန်မာအစိုးရဘက်က လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ရှိမရှိ သက်သေပြနိုင်ခဲ့ လားလို့ ယူကေ ပါလီမန်မှာ မေးခွန်းထုတ် KT Nov. 26
Open in TelegramHours after publication
| Hours after publication | Views |
|---|---|
| 0 h | 757 |
| 3 h | 2,770 |
| 6 h | 3,890 |
Hours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 1 h | 1,090 |
| 3 h | 3,040 |
Hours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 3 h | 2,750 |
| 5 h | 4,220 |
| 8 h | 5,080 |
ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စင်း ရန်ကုန်မြို့သို့ ရောက်ရှိ၊ မြန်မာ-ရုရှား စတုတ္ထအကြိမ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း ပြုလုပ်မည် နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရုရှားရေတပ် Pacific Fleet မှ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Admiral Tributs နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် မြန်မာ-ရုရှား စတုတ္ထအကြိမ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ပြုလုပ်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည်။ ရေယာဉ်များကို တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် ရုရှားရေတပ် ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း ရုရှားရေတပ် စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Evgenii Nikolaevich Niasoedov ဦးဆောင်သည့် အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ KT Nov. 26
Open in TelegramHours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 3 h | 2,820 |
| 8 h | 4,580 |
ICJ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထား ICJ ၏ မဲခွဲဆုံးဖြတ်မှုနှင့်ပတ်သက်၍ တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်သင့်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က နိုဝင်ဘာ ၂၅ ရက် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးတွင် ပြောကြားခဲ့သည်။ KT Nov. 26
Open in TelegramHours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 3 h | 3,040 |
| 9 h | 4,680 |
ရန်ကုန်မြို့ရှိ နေရာ ၄ ခုတွင် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူများကို ဖမ်းဆီး၊ ငွေကြေးအမြောက်အမြား သိမ်းဆည်းရမိ ရန်ကုန်မြို့အတွင်း တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားမှုတွေကို စစ်ဆေးအရေးယူနေရာ နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အတွင်း မြို့နယ် ၃ ခုနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သတင်းရရှိချက်အရ သက်ဆိုင်ရာအဖွဲ့တွေက နေရာ ၄ ခုကို သွားရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားငွေ အမျိုးမျိုးနဲ့ မြန်မာကျပ်ငွေတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျောက်တံတားမြို့နယ်၊ ဆူးလေကုန်းကျော်လူကူးတံတားအနီးမှာ ရာဂျား (ခ) အောင်ချိုထွန်းထံက အမေရိကန်ဒေါ်လာ ၃,၅၅၀၊ တရုတ်ယွမ် ၅,၆၀၀၊ မလေးရှားရင်းဂစ် ၅,၂၀၀ နဲ့ မြန်မာကျပ်ငွေ ၁၀၂ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းမပေါ်မှာလည်း မိုဟာမတ်ယူနုစ် (ခ) မောင်မောင်လွင်ထံက အမေရိကန်ဒေါ်လာ ၁၅,၅၀၀ နဲ့ မြန်မာကျပ်ငွေ ၈ သိန်းခွဲကို သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ ဦးမောင်မောင်စိုးလမ်းရှိ နေအိမ်တစ်အိမ်ကို စစ်ဆေးရာမှာ ကျော်စွာနဲ့ မနှင်းပွင့်တို့ထံက အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀၊ ထိုင်းဘတ် ၅၅၀,၀၀၀၊ တရုတ်ယွမ် ၃၇၀,၀၀၀ နဲ့ မြန်မာကျပ်ငွေ ၆၃ သန်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း ဦးထွန်းလင်း (ခ) လင်းလင်းထံက အမေရိကန်ဒေါ်လာ ၃,၈၀၀၊ ထိုင်းဘတ် ၃၃,၀၀၀၊ တရုတ်ယွမ် ၁၅,၀၀၀ နဲ့ မြန်မာကျပ်ငွေ ၅၅ သိန်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ အခုလို ဖမ်းဆီးရမိခဲ့သူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ KT Nov. 26
Open in TelegramHours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 3 h | 2,600 |
| 9 h | 4,040 |
ရန်ကုန်မှာ တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်နေသူတွေကို ဖမ်းဆီးရမိပြန်ပြီ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၉)မိုင်၊ ဦးမောင်မောင်စိုးလမ်းရှိ နေအိမ်တစ်ခုတွင် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေများ တရားမဝင်ဝယ်ယူရောင်းချနေကြောင်း သတင်းအရ တာဝန်ရှိသူများက နိုဝင်ဘာလ ၂၃ ရက်မှာ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ပါတယ်။ ထိုသို့ စစ်ဆေးရာတွင် တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်နေတဲ့ ကျော်စွာနှင့် မနှင်းပွင့်တို့ထံမှ တရားမဝင် ရောင်းဝယ်ရန် လက်ဝယ်ထားရှိတဲ့ အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀၊ ထိုင်းဘတ် ၅၅၀,၀၀၀၊ တရုတ်ယွမ် ၃၇၀,၀၀၀ နှင့် မြန်မာကျပ်ငွေ ၆၃,၀၀၀,၀၀၀ တို့အပြင် ငွေကြေးရောင်းဝယ်ရာတွင် အသုံးပြုတဲ့ လက်ကိုင်ဖုန်း(၄)လုံးတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်လှစ်ထားပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ KT Nov. 26
Open in TelegramHours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 4 h | 2,870 |
| 7 h | 3,690 |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်(၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်မည် (၂၅-၁၁-၂၀၂၆ ရက်၊ နေပြည်တော်) President of the Republic of the Union of Myanmar H.E. U Min Aung Hlaing, to make working visit to the Socialist Republic of Viet Nam to attend the 11th ACMECS Summit and the 12th CLMV Summit (25-11-2026, Nay Pyi Taw) #PPIB KT Nov. 25
Open in TelegramKNLA တပ်မဟာ(၁)အဖွဲ့ဝင် ၅ ဦး လက်နက်ချပြီး စတင်အလင်းဝင်ရောက်ပြီ - နောက်ထပ် လာပါဦးမည်။ KT Nov. 25
Open in TelegramHours after publication
| Hours after publication | Views |
|---|---|
| 0 h | 0 |
| 21 h | 7,580 |
| 27 h | 8,130 |
🔴ICJ ဆုံးဖြတ်ချက်နောက်ကွယ်က အမှန်တရားနဲ့ ပြောင်းလဲလာတဲ့ အမေရိကန်မီဒီယာကြီးတွေရဲ့ အမြင်🔴 မြန်မာနိုင်ငံအပေါ် ICJ က ဆုံးဖြတ်ချက်ချလိုက်ပေမယ့် နိုင်ငံတကာမှာတော့ ဒီဆုံးဖြတ်ချက်ကို ဝေဖန်သံတွေ ညံနေပါတယ်။ နိုဝင်ဘာ ၂၀ ရက်က The Free Press မှာ အမေရိကန်တရားသူကြီး Roy K. Altman က ICJ ဟာ ဂါဇာစစ်ပွဲမှာ အစ္စရေးကို အပြစ်တင်နိုင်ဖို့အတွက် မြန်မာအမှုမှာ ဥပဒေစံနှုန်းတွေကို လျှော့ချပြင်ဆင်လိုက်တာလို့ ထောက်ပြခဲ့ပါတယ်။ ICJ တရားသူကြီး ၁၅ ဦးထဲက ၆ ဦးကိုယ်တိုင်က သက်သေမခိုင်လုံဘူးလို့ ကန့်ကွက်ခဲ့ကြပြီး၊ ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံကလည်း နိုင်ငံတကာတရားရုံးတွေ အာဏာအလွဲသုံးစားမလုပ်ဖို့ ပူးတွဲသတိပေးခဲ့ကြပါတယ်။ အဲဒီနေ့တစ်ရက်တည်းမှာပဲ ဦးသန်းရွှေလက်ထက်ကတည်းက နှစ်ပေါင်းများစွာ မြန်မာအစိုးရကို အမြဲဆန့်ကျင်ဝေဖန်ခဲ့တဲ့ The Washington Post သတင်းစာကြီးကလည်း လုံးဝလေသံပြောင်းသွားပါပြီ။ The Free Press နဲ့ The Washington Post တို့မှာ အခုလို မြန်မာနိုင်ငံအတွက် အားသာချက်ဖြစ်စေတဲ့ ဖော်ပြချက်တွေ ဆက်တိုက်ထွက်ပေါ်လာတာဟာ အမေရိကန်ရှိ မြန်မာအစိုးရရဲ့ လော်ဘီအဖွဲ့ DCI Group ရဲ့ ထိရောက်တဲ့ လော်ဘီလုပ်ဆောင်မှုကြောင့် ဖြစ်ပါတယ်။ The Washington Post အယ်ဒီတာအဖွဲ့က ပြီးခဲ့တဲ့ ၅ နှစ်လုံး မြန်မာကို ဖယ်ကြဉ်ပိတ်ဆို့ထားတာ ဘာရလဒ်မှမထွက်ဘဲ တရုတ်ဩဇာပဲ ပိုကြီးသွားစေတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု ၄၅ ရာခိုင်နှုန်းလောက်ကို ထောက်ပံ့ပေးနေပြီး အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ရေးမှာလည်း အရေးပါတဲ့အတွက် သမ္မတ Trump အစိုးရက မြန်မာနဲ့ တိုက်ရိုက်ဆွေးနွေးနေတာ မှန်ကန်တယ်လို့ ထောက်ခံရေးသားလာပါတယ်။ တစ်ဖက်သတ် ဖိအားပေးပိတ်ဆို့တာတွေဟာ ခေတ်မမီတော့ပါဘူး။ ဆယ်စုနှစ်ချီ ဆန့်ကျင်ခဲ့တဲ့ အမေရိကန်မီဒီယာကြီးတွေကိုယ်တိုင် အပြုသဘောဆောင်တဲ့ အမြင်ဘက်ကို ပြောင်းလဲလာချိန်မှာ၊ လက်တွေ့ကျတဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန် အကျိုးစီးပွားကသာ အဓိကဖြစ်လာနေပြီဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါပြီ။ မင်းခန့် KT Nov. 25
Open in Telegram