ကန့်ဘလူမြို့နယ်၊ အင်းလည်ကြီးကျေးရွာကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ၊ ဒီးမော့ဆိုတွင်လည်း စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလည်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူများရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။ လက်ရှိချိန်ထိ ထိခိုက်သေဆုံးသူများ၏ အမည်စာရင်းနှင့် အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အဆောက်အအုံ ပျက်စီးမှုများလည်း ရှိနိုင်ပြီး ဒေသခံများမှာ အန္တရာယ်ကင်းရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ အလားတူ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် နောက်ခြမ်း၊ ဖရူဆိုမြို့နယ်နှင့် လွိုင်နန်းဖရွာ နေရာ ၃ ခုထက်မနည်းကို လေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် လေကြောင်းဖြင့် လွိုင်နန်းဖရွာဘက်ကို ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည့်အပြင် Y-12 လေယာဉ်ဖြင့်ပါ ထပ်မံဗုံးကျဲ ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒေသ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကာ အထိအခိုက် အပျက်အစီးများ ရှိခဲ့ကြောင်း သိရသည်။ "ဒီးမော့ဆိုကို လေယာဥ် တွေနဲ့ ၃ နေရာကျဲနေတယ်။ လွိုင်နန်းဖ ဘက်နဲ့ ဖရူဆို-ဒီးမော့ဆို နောက်ခြမ်းကိုကျဲတာက အထိအခိုက်ရှိတယ်။ ၁၂နာရီ မှာ ၂ လုံးကျဲတယ်။ ပြည်သူ ၁ ဦးသေပြီး ၆ ဦး ထိခိုက်ဒဏ်ရာရတယ်။ Y-12 ကလည်း ကျဲနေတုန်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် အဆိုပါဒေသများ၌ လေကြောင်းအန္တရာယ် ပိုမိုစိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် သတိပေးချက်များကို ဂရုပြုနေထိုင်ကြရန် နှိုးဆော်ထားကြသည်။
Open in Telegram
ကန့်ဘလူမြို့နယ်၊ အင်းလည်ကြီးကျေးရွာကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ…
Views9,075−11%vs avg
Forwards2
Reactions28
Comments—
Views growth
Hours after publication
Show as table
| Hours after publication | Views |
|---|---|
| 0 h | 1,055 |
| 4 h | 6,854 |
| 14 h | 9,075 |
- After 6 hours6,854
- Total to date9,075
Reactions
- 🤬21
- 👏2
- 😡2
- ❤1
- 👎1
- 😢1
More from Khit Thit Media
- 01Views15.6KForwards1Reactions21Comments—
- 02Views15.4KForwards1Reactions—Comments0
- 03Views14.7KForwards3Reactions3Comments0
- 04Views14.6KForwards7Reactions5Comments0
- 05Views14.5KForwards3Reactions—Comments—