T*h*e Mo*sq*ui*to Bo*wl [2026]
=========================
ဒုတိယကမ္ဘာစစ်အတွင်းက တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ စစ်ပွဲနဲ့ အားကစား ဒရာမာဇာတ်ကားကြီးပါ။
ဇာတ်လမ်းအကျဉ်း
++++++++++
ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အမေရိကန်က နာမည်ကြီး ကောလိပ် ဘောလုံး ကြယ်ပွင့် လူငယ်လေးယောက်ဟာ သူတို့ရဲ့ တောက်ပတဲ့ အားကစားဘဝတွေကို စွန့်လွှတ်ပြီး အမေရိကန် မရိန်းတပ်ဖွဲ့ ထဲကို စိတ်အားထက်သန်စွာ ဝင်ရောက်ခဲ့ကြပါတယ်။
စစ်ပွဲရဲ့ ကြမ်းတမ်းမှုတွေကြားထဲ ရောက်သွားတဲ့ သူတို့လေးယောက်ဟာ ဂျပန်တွေကို တိုက်ခိုက်မယ့် အိုကီနာဝါ စစ်ဆင်ရေးကြီး မတိုင်ခင် ဂွါဒယ်လ်ကနယ်လ် ကျွန်းပေါ်မှာ စခန်းချနေချိန် တပ်ရင်းနှစ်ခုကြား သမိုင်းဝင် ဘောလုံးပွဲကြီးတစ်ပွဲ ကျင်းပဖို့ ဖြစ်လာပါတယ်။ စစ်မြေပြင်ရဲ့ ဖိအားတွေကို ခဏမေ့ပြီး လူငယ်ဘဝကို ပြန်ခံစားရတဲ့ အဲဒီပွဲလေးကပဲ သူတို့ထဲက အများစုအတွက် ဘဝရဲ့ နောက်ဆုံးပွဲ ဖြစ်သွားမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။
ဒီဇာတ်ကားဟာ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (ခရစ္စမတ်အကြိုနေ့) မှာ ဂွါဒယ်လ်ကနယ်လ်ကျွန်းပေါ်က အမေရိကန် မရိန်းတပ်မ ၆ (6th Marine Division) ရဲ့ တပ်ရင်းနှစ်ခုဖြစ်တဲ့ 4th Marines နဲ့ 29th Marines တို့ကြား တကယ်ကစားခဲ့တဲ့ "Mo*sq*ui*to Bo*wl" ဘောလုံးပွဲကို အခြေခံထားတာပါ။
ဘီယာသောက်ရင်း ဘယ်တပ်ရင်းက ဘောလုံးပိုကောင်းလဲဆိုပြီး စိန်ခေါ်ရာကနေ သန္တာကျောက် တွေနဲ့ မြေကြမ်းပေါ်မှာ ကွင်းဖောက်ပြီး တကယ့်ပွဲကြီးလို ကစားခဲ့ကြတာပါ။ ပါဝင်ကစားတဲ့ စစ်သား ၆၅ ယောက်ထဲမှာ ကောလိပ်နဲ့ ပရိုဖက်ရှင်နယ် ဘောလုံးသမားဟောင်းတွေ အများကြီးပါဝင်ပြီး စစ်သား ၁,၅၀၀ လောက်က ဘေးကနေ အားပေးခဲ့ကြပါတယ်။ ပွဲရလဒ်ကတော့ ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ သရေ (0-0) ကျခဲ့ပါတယ်။
အဲဒီပွဲအပြီး ၃ လအကြာ ၁၉၄၅ မတ်လမှာ သူတို့တပ်မကြီး အိုကီနာဝါတိုက်ပွဲဆီ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အပြင်းထန်ဆုံး တိုက်ပွဲတစ်ခုဖြစ်တဲ့ အိုကီနာဝါမှာ Mo*sq*ui*to Bo*wl ဝင်ကစားခဲ့တဲ့ လူငယ် ၆၅ ယောက်ထဲက ၁၅ ယောက် ကျဆုံးသွားခဲ့သလို၊ ပွဲလာကြည့်ခဲ့တဲ့ စစ်သား ၁,၅၀၀ ထဲက တစ်ဝက်ကျော်ဟာလည်း တိုက်ပွဲအတွင်း အသက်ပေးခဲ့ကြရပါတယ်။ ဒီတိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွင်း ကောလိပ်အားကစားသမားတွေ အများဆုံး ကျဆုံးခဲ့တဲ့ တိုက်ပွဲအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။
ကြည့်ရန်⬇️⬇️⬇️
https://t.me/khanthtookyaw11/5611