Account
Friday and Friends!

Friday and Friends!

သောကြာနေ့မှာ သူငယ်ချင်းများနဲ့ ...see more

Username
@friday_friends
Category
Bookmaking
Country
MyanmarMyanmar
Subscribers3,438
Avg views per post, 7d324−54.4% vs prev 7d
ERR9.41%last 7 days

Average views per post by day

By publication day

Show as table
DateAvg views per post
Nov 20, 2026701
Nov 21, 2026718
Nov 22, 2026381
Nov 23, 2026406
Nov 24, 2026387
Nov 25, 2026297
Nov 26, 2026299
Nov 27, 2026222

Most viewed this month

  1. 01

    💰(121)ကြိမ်မြောက် Correct Score Giveaways 🏆 ဆုကြေးငွေ:  1x Bet Unit (ငါးသောင်း ) ⚽️ပရီးမီးယားလိဒ် ပွဲစဉ် ⚽️လီဗာပူးလ် vs မန်ယူ⚽️ 📅ရက်စွဲနှင့် အချိန်: Nov22, 11:00 PM ဆုမဲစည်းမျဉ်းများ Friday and Friends ချန်နယ်မှာ ပွဲပြီးရလဒ် မန့်ပြီးလျှင်  အဖြေမှန်သူ (5) ယောက်ကို 10,000 MMK စီ ပေးအပ်ပါမည်။ ဆုကြေးငွေ စုစုပေါင်းမှာ တစ်ဦးကို တစ်သောင်းကျပ် ငါးယောက် (၅သောင်း) MMK ဖြစ်ပါတယ်။ အ‌ဖြေမှန်တဲ့ မိတ်ဆွေ့တွေ့မှ ကျနော်တို့Promo Code User ဆို ဆုကြေးငွေ နှစ်ဆထုတ်ပေးသွားပါမယ်။ ပါဝင်ရန် 1⃣ Correct Score မန့်ရန် 2️⃣ ပထမဆုံး အဖွင့်ဂိုးသွင်းမယ့်ကစားသမားနာမည် ဖြေပါ။ 3⃣ Telegram Football Groups များတွင် ယခု Post ကို shareပေးရမယ်။ ❗️ယခုအပတ်ကမှ စပြီး ပထမဆုံး စတင်ပါဝင်ယှည်ပြိုင်ကြမယ် မိတ်ဆွေ့တွေ့ စည်းမျည်းစည်းကမ်း အသေးစိတ်ကို commentမှ ဖတ်ရှုပေးပါဗျာ။ 4⃣ Like နှင့် Share ပြုလုပ်ထားသော Screenshot ကို 🚀Telegram Channel မှ ပွဲရလဒ် နဲ့ တင်ပေးပါ။ 5⃣📱Telegram Football Groupsများ share ရာ၌ အနည်းဆုံး မန်ဘာ ၁ရာအထက်ပါသော Share Ss ကိုသာ လက်ခံသွားပါတောမယ်။ အဖြေမှန်ပြီး ဆုကြေးငွေ သိမ်းပိုက်နိုင်ကြပါစေ မိတ်ဆွေတို့ရေ။ 1️⃣2️⃣3️⃣4️⃣1x bet မှာ အကောင့်သစ် ဖွင့်ချင်သူများ Promo code - HMH  ကို အသုံးပြုပြီး 100%ဘောနပ်ရယူလိုက်ပါ။ 1️⃣2️⃣3️⃣4️⃣Promo Code-HMH 💻💻1x bet အကောင့် ကိုယ်တိုင် ဖောက်နည်း - https://t.me/Friday_Friends/1829p

    Photo
    Views718
    Forwards—
    Reactions59
    Comments—
  2. 02

    မက်ဆီ MLS MVP ဆုကို ၃ ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာ အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားစူပါစတား မက်ဆီဟာ ၂၀၂၆ ခုနှစ် မေဂျာလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (MLS MVP) ကို တတိယအကြိမ်မြောက် စံချိန်တင်ရရှိနိုင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မက်ဆီဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ MVP ဆုကို နှစ်နှစ်ဆက်တိုက် ရယူထားသူဖြစ်ပြီး ဒီနှစ်မှာပါ ထပ်မံရရှိခဲ့မယ်ဆိုရင် MLS သမိုင်းတစ်လျှောက် MVP ဆုကို ၃ ကြိမ်ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ပုံမှန်ရာသီမှာလည်း မက်ဆီဟာ အင်တာမိုင်ယာမီအတွက် ၃၁ ပွဲကစားပြီး ၂၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ စုစုပေါင်း ၄၃ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့တဲ့ မက်ဆီဟာ လိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆု Golden Boot ကိုလည်း ဒုတိယနှစ်ဆက် ရရှိထားတာပါ။ ဒီစွမ်းဆောင်ရည်တွေကြောင့် တတိယအကြိမ်မြောက် MVP ဆုရရှိဖို့ ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိ ဆန်ခါတင်စာရင်းမှာတော့ မက်ဆီနဲ့အတူ FC Cincinnati အသင်းက အီဗန်ဒါ၊ Houston Dynamo အသင်းက ဂီလ်ဟာမီ၊ Nashville SC အသင်းက ဟန်နီ မူခတာနဲ့ Philadelphia Union အသင်းက အသက် ၁၇ နှစ်အရွယ် ကာဗန် ဆူလီဗန်တို့ ပါဝင်နေကြပါတယ်။ သို့သော် MLS ဘက်က ၂၀၂၆ MVP ဆုရှင်ကို တရားဝင်ကြေညာထားခြင်း မရှိသေးဘဲ ဆုရရှိသူတွေကို MLS Cup Playoffs ကာလအတွင်း ကြေညာသွားမှာ ဖြစ်ပါတယ်။ မက်ဆီသာ ဒီဆုကို ထပ်မံရရှိခဲ့မယ်ဆိုရင် ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆ ဆိုပြီး သုံးနှစ်ဆက်တိုက် MVP ဆုကို ရယူနိုင်မှာဖြစ်သလို MLS သမိုင်းမှာ ဘယ်ကစားသမားမှ မလုပ်နိုင်ခဲ့သေးတဲ့ စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ 1️⃣2️⃣3️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣Promo Code-HMH ‎

    Photo
    Views701
    Forwards—
    Reactions5
    Comments—
  3. 03

    မန်စီးတီးသွားရာ မိုးလိုက်လို့ရွာ ကွင်းပြင်ပမှာ တရားရင်ဆိုင်နေရတဲ့ မန်ချက်စတာစီးတီးဟာ ကွင်းထဲမှာလည်း အခြေအနေမကောင်းပါဘူး။ အခုဆိုရင်သူတို့ဟာ ပရီးမီးယားလိဂ်(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး အဆိုပါ(၄)ပွဲမှာ (၃)ပွဲက အရှုံးရလဒ်ပါ။ အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ ရာသီအဖွင့်(၇)ပွဲဆက် အနိုင်ရရှိခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ စုစည်းမှုနဲ့ ခံစစ်ပိုင်းကျစ်လျစ်မှုပျောက်ဆုံးနေတာကြောင့် ရမှတ်တွေတောက်လျှောက်ဆုံးရှုံးလာရတာပါ။ နည်းပြနဲ့ကစားသမားတွေ အခုလိုမျိုး ခြေစွမ်းနဲ့ယုံကြည်ချက် ဆိုးဆိုးရွားရွားထိုးကျသွားရတာဟာ သူတို့ကြုံတွေ့နေရတဲ့ အနာဂတ်မသေချာမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။ ဘဏ္ဍာရေးစည်းမျဉ်းပေါင်း (၁၁၅)ခု ချိုးဖောက်ထားတဲ့အသင်းဟာ ဘယ်ပုံဘယ်နည်းနဲ့ အရေးယူခံရမလဲမသိပါဘူး။ ဆိုတော့ အသင်းရဲ့အခြေအနေက နေ့လားညလားပြိုလဲသွားနိုင်ရာ မာရက်စ်ကာနဲ့ကစားသမားတွေ စိတ်ပါလက်ပါအားထုတ်ကြိုးပမ်းတာမျိုးမတွေ့ရတော့ပါဘူး။ ဒါနဲ့ပဲ ကွင်းတွင်းကွင်းပြင်နှစ်ရပ်စလုံး ရုန်းကန်နေရပြီး ချန်ပီယံဆုနဲ့ဝေးသထက်ဝေးလာရတာ မထူးဆန်းပါဘူး။ အရေးထဲ မြွေပူရာကင်းမှောက်ဆိုသလို နောက်လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရင်ဆိုင်ရမယ့်ပြိုင်ဘက် ဇယားထိပ်ကအာဆင်နယ်ဖြစ်နေပါတယ်။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

    Photo
    Views451
    Forwards—
    Reactions3
    Comments—
  4. 04

    🚨😰 ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ် ၃ နှစ်ဆက် မျှော်လင့်ချက် ဒဏ်ရာပြဿနာတွေကြောင့် ဝေးလွင့်တော့မှာလား ချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူထားတဲ့ ပီအက်စ်ဂျီအတွက် ဒီရာသီမှာ ချန်ပီယံလိဂ် ၃ နှစ်ဆက် ဗိုလ်စွဲနိုင်ရေး မျှော်လင့်ချက်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အကြီးအကျယ် ခြိမ်းခြောက်ခံလာရပါပြီ။ နောက်ဆုံး နိုက်စ်နဲ့ပွဲမှာလည်း အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဒက်စီရေး ဒူအေးဟာ ဒူးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မျက်ရည်တွေနဲ့အတူ ထမ်းစင်ပေါ်ကနေ ကွင်းပြင်ထွက်ခွာခဲ့ရပါတယ်။ ဒူအေးဟာ နိုက်စ်နဲ့ပွဲမှာ အာရှရက်ဖ် ဟာကီမီရဲ့ ဖြတ်တင်ဘောကို အဆုံးသတ်ပြီး ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့သူပါ။ ဒါပေမဲ့ ဘောလုံးကို ကာကွယ်ထိန်းသိမ်းဖို့ ကြိုးစားရင်း ညာဘက်ဒူးဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ နည်းပြ လူးဝစ်အင်းနရစ်ကလည်း ဒဏ်ရာဟာ ပြင်းထန်ကြောင်း ဝန်ခံထားပြီး ဆေးစစ်ချက်ရလဒ်ကို စောင့်ဆိုင်းရဦးမှာပါ။ ပြင်သစ်သတင်းဌာန L'Équipe ရဲ့ ဖော်ပြချက်အရ ဒူးအရွတ် ACL ထိခိုက်ထားနိုင်ပြီး အနည်းဆုံး ခြောက်လခန့် အနားယူရနိုင်တယ်လို့ သိရပါတယ်။ ဒူအေးတစ်ဦးတည်းသာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လက ဘာစီလိုနာနဲ့ပွဲမှာ ခဗီချာ ကွာရက်စ်ခီလီယာဟာလည်း ACL ဒဏ်ရာရရှိခဲ့ပြီး ဒီရာသီအတွက် အချိန်အတော်ကြာ အနားယူနေရပါတယ်။ အဲဒီပွဲမှာပဲ အူစမန် ဒမ်ဘီလီနဲ့ အသင်းခေါင်းဆောင် မာကွင်ဟို့စ်တို့လည်း ပေါင်ကြွက်သားဒဏ်ရာတွေ ရရှိခဲ့ကြတာကြောင့် ပီအက်စ်ဂျီရဲ့ အဓိကကစားသမားအင်အားဟာ တဖြည်းဖြည်း လျော့နည်းလာနေပါတယ်။ အထူးသဖြင့် ဒူအေးဟာ ဒီရာသီ ချန်ပီယံလိဂ် ၃ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားပြီး အသင်းရဲ့ တိုက်စစ်မှာ အရေးပါတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ နိုက်စ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ အဲဒီနိုင်ပွဲထက် ဒူအေးရဲ့ ဒဏ်ရာက ပိုပြီးစိုးရိမ်စရာ ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာ ကွာရက်စ်ခီလီယာကို ဆုံးရှုံးထားရသလို ဒူအေးရဲ့ အခြေအနေကလည်း မသေချာသေးတာကြောင့် လူးဝစ်အင်းနရစ်အတွက် တိုက်စစ်ပိုင်းကို ပြန်လည်တည်ဆောက်ရမယ့် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ချန်ပီယံလိဂ် ၃ နှစ်ဆက် ဗိုလ်စွဲဖို့ဆိုတာ အရည်အသွေးတစ်ခုတည်းနဲ့ မလုံလောက်ဘဲ အဓိကကစားသမားတွေ ကျန်းမာကြံ့ခိုင်နေဖို့လည်း လိုအပ်ပါတယ်။ ဒဏ်ရာပြဿနာတွေ ဒီထက်ပိုများလာမယ်ဆိုရင် ပီအက်စ်ဂျီရဲ့ သမိုင်းဝင်ချန်ပီယံလိဂ် ၃ နှစ်ဆက် မျှော်လင့်ချက်ဟာ အမှန်တကယ် အန္တရာယ်ရှိလာနိုင်ပါတယ်။ 1️⃣2️⃣3️⃣4️⃣x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

    Photo
    Views446
    Forwards—
    Reactions4
    Comments—

Latest posts

#4933Photo
Views227−38%vs avg
Forwards—
Reactions4
Comments—
#4932Photo

မိုဟာမက်ဆာလာ ဂိုးထပ်သွင်းပြန်ပြီ! ထရာဘ်ဇွန်စပေါ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ အီဂျစ်ဘုရင်ကြီး မိုဟာမက်ဆာလာဟာ ကွန်ဖရင့်လိဂ်ပွဲစဉ်မှာ CSKA ဆိုဖီယာအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြန်ပါပြီ။ ထရာဘ်ဇွန်စပေါ်အသင်းနဲ့အတူ ဒီရာသီမှာ ခြေစွမ်းပြသနေတဲ့ ဆာလာဟာ ဂိုးသွင်းယူမှုတွေနဲ့ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီရာသီ ထရာဘ်ဇွန်စပေါ်အသင်းအတွက် ဆာလာရဲ့ မှတ်တမ်းကလည်း အထင်ကြီးစရာပါပဲ။ ဒီနေ့ည CSKA ဆိုဖီယာနဲ့ ကစားခဲ့တဲ့ ကွန်ဖရင့်လိဂ်ပွဲစဉ်မှာလည်း ဆာလာက ၆၉ မိနစ်မှာ ချေပဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို ၂-၁ နဲ့ အနိုင်ရစေဖို့ ကူညီပေးခဲ့ပါတယ်။ အဲဒီပွဲမှာ ဆာလာဟာ နောက်ဆုံးအနိုင်ဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့တာကြောင့် တစ်ပွဲတည်းမှာ ဂိုးနဲ့ဂိုးဖန်တီးမှု နှစ်မျိုးလုံး လုပ်နိုင်ခဲ့တာပါ။ ဒီရာသီ ထရာဘ်ဇွန်စပေါ်အတွက် ဆာလာရဲ့ စွမ်းဆောင်ရည်မှတ်တမ်း - 👕 ပွဲကစားမှု – ၁၈ ပွဲ - ⚽ သွင်းဂိုး – ၁၂ ဂိုး - 🎯 ဂိုးဖန်တီးမှု – ၅ ကြိမ် - 🔥 ဂိုးပါဝင်ပတ်သက်မှု – ၁၇ ကြိမ် အသက် ၃၄ နှစ်အရွယ် ရှိလာပြီဖြစ်ပေမဲ့ ဆာလာရဲ့ ဂိုးသွင်းစွမ်းရည်ကတော့ လျော့ကျသွားခြင်းမရှိသေးပါဘူး။ ထရာဘ်ဇွန်စပေါ်အတွက် ၁၈ ပွဲအတွင်း ၁၇ ဂိုးပါဝင်ပတ်သက်မှုအထိ ရှိနေတဲ့ အီဂျစ်ဘုရင်ကြီးရဲ့ ခြေစွမ်းကတော့ တကယ်ကို အထင်ကြီးစရာပါပဲ။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views237−35%vs avg
Forwards—
Reactions2
Comments—
#4931Photo

အသင်းအတွက် ၂၄ နှစ်တာ မှတ်တမ်းတွေကို ကင်မရာနဲ့ ရိုက်ကူးပေးခဲ့သူကို ပရိသတ်တွေက နှလုံးသားနဲ့ ပြန်လည်ဂုဏ်ပြုခဲ့ကြတယ်! ဆွီဒင်ကလပ် AIK အသင်းရဲ့ ဓာတ်ပုံဆရာ ဂျော်ဂျီ လီဒန်ဟာ အသင်းနဲ့အတူ ၂၄ နှစ်တိုင်တိုင် ဖြတ်သန်းခဲ့သူတစ်ဦးပါ။ ကစားသမားတွေ အောင်ပွဲခံတဲ့အချိန်တွေ၊ ရှုံးနိမ့်လို့ ဝမ်းနည်းခဲ့ရတဲ့အချိန်တွေ၊ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ အသင်းရဲ့ သမိုင်းဝင်အခိုက်အတန့်တွေကို သူ့ရဲ့ကင်မရာမှန်ဘီလူးကနေတစ်ဆင့် မှတ်တမ်းတင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့ ရာသီကုန်မှာ သူ့ရဲ့တာဝန်တွေကနေ အနားယူတော့မှာဖြစ်လို့ AIK ပရိသတ်တွေဟာ သူ့အတွက် အထူးဂုဏ်ပြုတဲ့ Tifo ကြီးတစ်ခုကို ပြသခဲ့ကြပါတယ်။ အသင်းအတွက် ၂၄ နှစ်တာ အချိန်ပေးခဲ့တဲ့ ဓာတ်ပုံဆရာတစ်ဦးကို ပရိသတ်တွေက အခုလို အမှတ်တရဂုဏ်ပြုခဲ့တာဟာ တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။ တချို့လူတွေဟာ ကွင်းထဲမှာ ဂိုးတွေသွင်းပြီး သမိုင်းရေးကြတယ်။ တချို့ကတော့ ကွင်းဘေးကနေ အဲဒီသမိုင်းတွေကို ကမ္ဘာကြီး မမေ့သွားအောင် မှတ်တမ်းတင်ပေးကြတယ်။ ဂျော်ဂျီ လီဒန်ဟာ AIK ရဲ့ ၂၄ နှစ်တာသမိုင်းထဲက အခိုက်အတန့်ပေါင်းများစွာကို ကင်မရာနဲ့ သိမ်းဆည်းပေးခဲ့သူပါ။ ဒီတစ်ကြိမ်မှာတော့ သူက အမြဲတမ်း မှတ်တမ်းတင်ပေးခဲ့တဲ့သူ မဟုတ်တော့ဘဲ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမှတ်တရအဖြစ် မှတ်တမ်းတင်ခံရသူ ဖြစ်သွားခဲ့ပါပြီ။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views203−44%vs avg
Forwards—
Reactions2
Comments—
#4930Photo

မက်ဆီရဲ့ ကျောင်းသားဘဝ အမှတ်စာရင်းဟောင်း ပေါက်ကြားလာ ဘာသာရပ်အားလုံးထက် ကာယပညာမှာတော့ အမှတ်ပြည့် ၁၀ မှတ်ရခဲ့သူ! ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ ငယ်ဘဝကျောင်းသားဘဝ အမှတ်စာရင်းဟောင်းတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဲဒီအမှတ်စာရင်းဟာ အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့က Escuela N° 66 General Las Heras ကျောင်းမှာ သတ္တမတန်းတက်ရောက်နေစဉ်က ဖြစ်ပြီး အဲဒီအချိန်မှာ မက်ဆီဟာ အသက် ၁၂ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ⚽ အမှတ်စာရင်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကာယပညာဘာသာရပ်မှာ အမှတ်ပြည့် ၁၀ မှတ်ရရှိထားတာပါပဲ။ သင်္ချာ၊ ဘာသာစကား၊ လူမှုရေးသိပ္ပံ၊ နိုင်ငံခြားဘာသာစကားနဲ့ နည်းပညာဘာသာရပ်တွေမှာတော့ ၆ မှတ်စီရရှိခဲ့ပြီး အနုပညာနဲ့ ဂီတဘာသာရပ်တွေမှာ ၈ မှတ်စီ ရရှိခဲ့ပါတယ်။ နိုင်ငံသားကျင့်ဝတ်နဲ့ လူမှုရေးဆိုင်ရာဘာသာရပ်မှာလည်း ၇ မှတ်ရရှိခဲ့တာကြောင့် ဘောလုံးနဲ့ပတ်သက်တဲ့ ကာယပညာမှာတော့ ငယ်ငယ်ကတည်းက ထူးချွန်နေခဲ့တာကို တွေ့ရပါတယ်။ မက်ဆီရဲ့ ဆရာမဟောင်းတွေကလည်း သူ့ရဲ့ကျောင်းသားဘဝကို ပြန်လည်ပြောပြခဲ့ကြပါတယ်။ သင်္ချာဆရာမ အန်ဒရီယာ ဆိုဆာရဲ့ အဆိုအရ မက်ဆီဟာ စာသင်ခန်းထဲမှာ အလွန်အေးဆေးပြီး ရှက်တတ်တဲ့ ကလေးတစ်ဦးဖြစ်ကာ စာသင်ချိန်အတွင်း သိပ်ပြီး ပါဝင်လှုပ်ရှားလေ့မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းနားချိန်ရောက်လို့ ဘောလုံးကန်ဖို့ အပြင်ထွက်လိုက်တာနဲ့တော့ လုံးဝပြောင်းလဲသွားပြီး ဆရာမကိုယ်တိုင်တောင် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမရဲ့အမှတ်တရစကားအရ ဘောလုံးကန်ချိန်မှာ မြင်တွေ့ရတဲ့ မက်ဆီဟာ ယနေ့ကမ္ဘာက သိထားတဲ့ မက်ဆီနဲ့ အတူတူပဲ ဖြစ်ပါတယ်။ 🐐 ပိုပြီးချစ်စရာကောင်းတဲ့အချက်ကတော့ မက်ဆီဟာ ကမ္ဘာ့အဆင့် ဘောလုံးကြယ်ပွင့်တစ်ဦး ဖြစ်လာပြီးနောက်မှာလည်း သူငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ ကျောင်းကို မမေ့ခဲ့တာပါပဲ။ သူဟာ ကျောင်းကို အကြိမ်ကြိမ်ပြန်လည်လာရောက်ခဲ့သလို ကွန်ပျူတာတွေ၊ ရုပ်မြင်သံကြားစက်တွေ၊ ဂီတပစ္စည်းကိရိယာတွေလှူဒါန်းပေးခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ သူငယ်စဉ်က ဘောလုံးကစားခဲ့တဲ့ နားချိန်နေရာက ခုံတန်းတွေကိုလည်း ပြုပြင်ပေးခဲ့ပါတယ်။ စာသင်ခန်းထဲမှာ အေးဆေးတိတ်ဆိတ်နေခဲ့တဲ့ ကလေးတစ်ယောက်ဟာ ဘောလုံးတစ်လုံးနဲ့ ခြေထောက်ထိလိုက်တာနဲ့ ကမ္ဘာသိတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်လာခဲ့တာပါ။ ကာယပညာမှာ ၁၀ မှတ်ရခဲ့တဲ့ အဲဒီကလေးဟာ နောက်ပိုင်းမှာ ကမ္ဘာ့ဖလားအပါအဝင် ဘောလုံးလောကရဲ့ အမြင့်ဆုံးအောင်မြင်မှုတွေကို ရယူနိုင်ခဲ့သလို သူ့ရဲ့အမြစ်ဖြစ်တဲ့ ဇာတိမြို့နဲ့ ကျောင်းကိုလည်း မမေ့ခဲ့ပါဘူး။ 🐐🇦🇷 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views310−15%vs avg
Forwards—
Reactions2
Comments—
#4929Photo

အလီဆန်က လီဗာပူးလ်အသင်းသမိုင်းမှာ ချန်ပီယံလိဂ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမား ဖြစ်လာ ကလပ်ဘရုဂေးအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ်ဂိုးသမား အလီဆန်ဟာ အသင်းသမိုင်းဝင်မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ အလီဆန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း လီဗာပူးလ်အသင်းအတွက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမား ဖြစ်လာခဲ့တာပါ။ ပွဲချိန် ၈၂ မိနစ်မှာ အလီဆန်ဟာ သူ့ရဲ့ဂိုးဧရိယာအတွင်းကနေ ရှေ့တန်းဆီကို အဝေးဘောတစ်လုံး အတိအကျ ပေးပို့ခဲ့ပြီး အဲဒီဘောလုံးကို အလက်ဇန်းဒါး အီဆက်က ပြိုင်ဘက်နောက်ခံလူကို ကျော်ဖြတ်ကာ ဂိုးသမားကိုပါ ကျော်လွှားပြီး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ လီဗာပူးလ်အတွက် တတိယမြောက်ဂိုးဖြစ်ခဲ့သလို အလီဆန်ရဲ့ ချန်ပီယံလိဂ်သမိုင်းဝင် ဂိုးဖန်တီးမှုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဂိုးဖန်တီးမှုကြောင့် အလီဆန်ဟာ လီဗာပူးလ်ကစားသမားဘဝ စုစုပေါင်း ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ရှိလာခဲ့ပါတယ်။ အရင်ဂိုးဖန်တီးမှု ၃ ကြိမ်ကို မိုဟာမက် ဆာလာအတွက် ပြုလုပ်ပေးခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ အီဆက်အတွက် ဖန်တီးပေးနိုင်ခဲ့တာပါ။ ဂိုးသမားတစ်ဦးအနေနဲ့ အသင်းသမိုင်းမှာ မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့တဲ့ အလီဆန်ရဲ့ အဝေးဘောပေးပို့မှုကတော့ ဒီပွဲရဲ့ အလှပဆုံးအခိုက်အတန့်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views300−18%vs avg
Forwards—
Reactions3
Comments—
#4928Photo

ပွဲရလဒ်ကို ပြောင်းလဲစေခဲ့တဲ့ ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များ စပို့တင်းနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်ဟာ နိုင်ပွဲရလောက်မယ့် အနေအထားတွေ ရှိနေခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် နစ်နာခဲ့ရပြီး သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲကတော့ တကယ်ကို ရူးသွပ်ချင်လောက်စရာ ကောင်းနေခဲ့တာပါ။ ပင်နယ်တီတွေ အပြန်အလှန်ရခဲ့ကြပြီး ဆိုးရွားတဲ့ အမှားကျူးလွန်မှုတွေ၊ ဒိုင်လူကြီးရဲ့ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိနေခဲ့တာပါ။ စပို့တင်းနဲ့ မန်ယူတို့ရဲ့ ပွဲစဉ်ဟာ ဘောလုံးကစားပုံထက် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပိုမိုလူပြောများလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရဖို့ နီးစပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ၂-၂ ဂိုးစီသရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ အာမတ်ရဲ့ ဂိုးကို ပယ်ဖျက်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ပထမဆုံး အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ အဲဒီနောက် စပို့တင်းဂိုးသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဖြစ်ရပ်မှာလည်း ဒေါ်ဂူက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး VAR က ဂိုးကို ပယ်ဖျက်ခဲ့ပြန်ပါတယ်။ ယူနိုက်တက်ဘက်က အဲဒီဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဆုံးဖြတ်ချက်တွေအပေါ် မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပါတယ်။ ပင်နယ်တီဆုံးဖြတ်ချက်တွေ၊ အငြင်းပွားဖွယ်အဝါကတ်နဲ့ ပွဲပြီးခါနီး အနီကတ်အထိ ဖြစ်ပေါ်ခဲ့တဲ့ ဒီပွဲဟာ ဒိုင်လူကြီးရဲ့ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးရမယ့်ပွဲတစ်ပွဲ ဖြစ်လာခဲ့ပါတယ်။ ရလဒ်အရ ၂-၂ သရေဖြစ်ခဲ့ပေမဲ့ ယူနိုက်တက်အတွက်တော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကြောင့် နိုင်ပွဲတစ်ပွဲ လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ယူနိုက်တက်တို့ နောက်ထပ်တဂိုးသွင်းယူတာကိုလည်း မက်ဂွိုင်းယားက ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ သတ်မှတ်ကာ ဂိုးမပေးခဲ့ပါဘူး။ ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့အသင်းရဲ့ နိုင်ပွဲကို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် မာစီနီယက်ခ်က ခိုးယူသွားခဲ့တယ်လို့ စွပ်စွဲနေကြပါပြီ။ ယူနိုက်တက်ကွင်းလယ်လူဟောင်း ဟားဂရေ့ဗ်က “ဒီနေ့မှာ သူ့ရဲ့ ဆုံးဖြတ်ချက်အမှားတွေက အများကြီးပဲ၊ လူတွေက ခင်ဗျားရဲ့ ဝီစီသံကို နားထောင်လို့ ရောက်လာတာမဟုတ်ဘူး၊ ဒီပွဲက ခင်ဗျားအကြောင်းလည်း မဟုတ်ဘူး” လို့ ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်ခဲ့ပါတယ်။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views288−21%vs avg
Forwards—
Reactions3
Comments—
#4927Photo

မူစီယာလာကို ထွက်ခွာစေချင်နေတဲ့ ဘိုင်ယန် ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ယာမဲလ်မူစီယာလာဟာ ဘောလုံးကစားနေရင်း သတိလစ်လဲကျသွားတာ (၂)ကြိမ်တိုင်တိုင်ရှိနေပါပြီ။ သူဟာခြေစမ်းပွဲတွေမှာ မေ့မြောသွားပြီးနောက် သူ့မှာအတက်ရောဂါ အဆက်မပြတ်ခံစားရစေတဲ့ အာရုံကြောဆိုင်ရာပြဿနာတစ်ခုရှိနေကြောင်း ထုတ်ဖော်ဝန်ခံသွားပါတယ်။ အသင်းဘက်က သူ့အပေါ် အပြည့်အဝထောက်ခံထားပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာ သူ့ရဲ့ရောဂါဟောင်းပြန်ထပါတယ်။ ပြဿနာက သူ့ရောဂါသက်သာအောင် ဆေးကုသမှုပြုလုပ်တဲ့အခါ ကွင်းတွင်းစွမ်းဆောင်ရည်အပေါ် ထိခိုက်စေပါတယ်။ ဒါနဲ့ပဲ ဘုတ်အဖွဲ့အတွင်း တင်းမာမှုမြင့်တက်လာတယ်။ သူ့ရဲ့လက်ရှိအနေအထားဟာ တစ်ရာသီအသားတင် ယူရို(၂၅)သန်းနဲ့ ဘယ်လိုမှမထိုက်တန်ကြောင်း အသင်းအမှုဆောင်တွေက ထောက်ပြနေကြတယ်။ သူတို့ဟာ မူစီယာလာကို အသင်းကနေ ထွက်ခွာစေချင်ကြတယ်။ အသေးစိတ်သိရတဲ့ အချက်အလက်တွေအရ သူ့ရဲ့ရောဂါအခြေအနေကို လူသိရှင်ကြားမဖြစ်မီ အခုနှစ်သြဂုတ်လကတည်းက အသင်းနဲ့ကစားသမားကြား 'လူကြီးလူကောင်းသဘောတူညီမှု'တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကလပ်ဟာသူ့ရောဂါသက်သာပျောက်ကင်းအောင် ကူညီပေးသွားမှာဖြစ်ပေမယ့် အဲလိုမှမဟုတ်ဘဲမတိုးတက်လာဘူးဆိုရင် စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တွေကို အသင်းဘက်ကတစ်ဖက်သတ်ဆုံးဖြတ်ရလိမ့်မယ် ဆိုတာပါပဲ။ လက်ရှိအချိန်မှာ မူစီယာလာဘက်က ဒါကိုဘယ်အဖြစ်ခံလိမ့်မလဲ။ ကစားသမားက သူဟာ အကောင်းဆုံးပုံစံပြန်လည်ရရှိလိမ့်မယ်လို့ ယုံကြည်နေဆဲပါ။ ဒါနဲ့ပဲ အသင်းနဲ့သူနဲ့ကြား ညှိမရသေးဘဲ ရှုပ်ထွေးတဲ့အခြေအနေဆီ ဦးတည်နေပါတယ်။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views366+1%vs avg
Forwards—
Reactions3
Comments—
#4926Photo

'ဖာဘရီဂတ်စ်ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်' ကိုမိုနဲ့အတူ ဆက်စ်ဖာဘရီဂတ်စ်လုပ်ပြနေတာတွေက အံ့သြချီးကျူးစရာတွေပါ။ ဒီနေရာမှာ အသင်းနဲ့အတူ အခုလိုမျိုးအောင်မြင်မှုရရှိအောင် အခုရာသီတွင်း ဖာဘရီဂတ်စ်ချမှတ်ထားတဲ့ သံမဏိစည်းမျဉ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ ပွဲချိန်အတွင်း ကိုမိုကစားသမားတွေဟာ ဘောလုံးထိချက်(၂)ချက်ထက်မပိုဘဲ ကစားကြဖို့ နည်းပြကညွှန်ကြားထားတာဖြစ်ပါတယ်။ ဆက်စ်ကသူ့ကစားသမားတွေကို ထိချက်တစ်ကြိမ်က ဘောလုံးထိန်းသိမ်းဖို့ဖြစ်ပြီး နောက်တစ်ကြိမ်က ပေးပို့ဖို့သတ်မှတ်ထားပါတယ်။ တချို့သောချွင်းချက်အခြေအနေတွေမှာသာ ကစားသမားတွေဟာ ဘောလုံးကို(၂)ကြိမ်ထက်ပိုပြီး ထိခွင့်ရှိနေပါတယ်။ လက်ကျန်အချိန်အပိုင်းအခြားတွေမှာတော့ သူပြောတဲ့အတိုင်းလိုက်နာရပါမယ်။ ဒါဟာရှင်းလင်းသလောက် ရည်ရွယ်ချက်ကလည်း ကောင်းမွန်လွန်းတယ်။ ဒီလိုကစားခြင်းအားဖြင့် အသင်းရဲ့တိုက်စစ်ဆင်မှု ပိုမိုလျင်မြန်ပြီး ကစားသမားတွေ dynamic ပိုဖြစ်လာသလို ဖန်တီးမှုစွမ်းရည်လည်း ပိုမိုမြင့်မားလာလိမ့်မယ်လို့ ဆက်စ်ကယုံကြည်ထားတယ်။ အကျိုးဆက်အနေနဲ့ ကိုမိုပလေယာတွေဟာ ဆုံးဖြတ်ချက်ချမှတ်မှု ပိုမိုမြန်ဆန်လာကာ နေရာလွတ်ရှာဖွေနိုင်စွမ်းနဲ့ ဂိုးသွင်းခွင့်တွေ ပိုမိုများပြားလာပါတော့တယ်။ ဆက်စ်ဟာအသင်းကို အမြင့်ဆုံးအမြန်နှုန်းနဲ့ မောင်းနှင်နေတဲ့အလျောက် ချန်ပီယံလိဂ်နဲ့ စီးရီးအေပြိုင်ပွဲနှစ်ရပ်လုံး ပြိုင်ဘက်တွေအတွက် ကြောက်မက်ဖွယ်အကောင်းဆုံးအသင်းဖြစ်လာပါတော့တယ်။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views314−14%vs avg
Forwards—
Reactions5
Comments—
#4925Photo

PSV ကို ရီးရဲလ်မက်ဒရစ်က ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးကတော့ တကယ်ကို လှပလွန်းခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ ပြောင်မြောက်လွန်းတဲ့ ကန်သွင်းချက်နဲ့ အဆုံးသတ်နိုင်ခဲ့ပြီး သူ့ ကစားသမားဘ၀မှာ အလှပဆုံးဂိုးတောင် ဖြစ်နိုင်တယ်လို့ ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။ ဘယ်ခြမ်းကနေ ကူကူရယ်လာက အမ်ဘာပေဆီ ကန်တင်ပေးတာကနေ အစပြုခဲ့တာပါ။ အမ်ဘာပေကလည်း လူကပ်ခံထားရတာမို့ သူ့နောက်ကနေ ကပ်ပါလာတဲ့ ဘယ်လင်ဟမ်ဆီ ပြန်ချပေးခဲ့ပါတယ်။ ဘယ်လင်ဟမ်က ဘောလုံးကို ဘယ်ခြေနဲ့ ထိန်းခဲ့ပြီး ဘောလုံးမြောက်သွားချိန်မှာ ညာခြေနဲ့ ထပ်ထိန်းခဲ့ပြီး အဲဒီနောက် မြေမကျကန်ချက်နဲ့ ကန်သွင်းယူခဲ့တာပါ။ ဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို ကွက်တိဝင်ခဲ့တာပါ။ ဒီဂိုးဟာ စင်ပေါ်က ပရိသတ်တွေကို တော်တော်လေးအံ့အားသင့်စေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အမာခံပရိသတ်ဖြစ်တဲ့ နာမည်ကျော်တင်းနစ်သမားဟောင်းကြီး နဒါးလ်ရဲ့ သားဖြစ်သူတောင် မယုံကြည်ဖြစ်ခဲ့ကာ ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့တာကိုလည်း ဓါတ်ပုံတွေနဲ့အတူ ဖော်ပြခဲ့ကြပါတယ်။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views270−26%vs avg
Forwards—
Reactions2
Comments—
#4924Photo

မန်စီးတီးကို စိတ်ကုန်သွားတဲ့ ဟာလန်း အာလင်းဟာလန်းကိုကြည့်ရတာ မန်ချက်စတာစီးတီးမှာ လက်ရှိဖြစ်ပျက်နေတာတွေကို အချီကြီးစိတ်ပျက်နေပုံပါပဲ။ ဒါပေမယ့်လည်း သူ့ကိုအပြစ်တင်လို့မရပါဘူး။ အသင်းက ဆိုးဆိုးရွားရွားကစားနေပြီး ဘယ်အသင်းကိုမှ အနိုင်မရရှိတော့ဘူး။ နော်ဝေးတိုက်စစ်မှူးဟာ ကွင်းထဲမှာဖြစ်ပျက်နေတာတွေအားလုံးနဲ့ မသက်ဆိုင်သလို အသင်းဖော်တွေနဲ့သူနဲ့ကြား connection ပြတ်တောက်နေတာကို တွေ့ရပါတယ်။ မနေ့ညကအိမ်ကွင်းမှာ နာပိုလီကို ၂-၂ သရေကျပြီးနောက် မန်စီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲအနက် နိုင်ပွဲပျောက်ဆုံးမှု (၆)ပွဲအထိရှိလာပါတယ်။ ပရီးမီးယားလိဂ်မှာ ဦးဆောင်သူအာဆင်နယ်နဲ့ (၆)မှတ်ကွာဟနေသလို ချန်ပီယံလိဂ်မှာလည်း ဒီပုံစံအတိုင်းဆက်သွားရင် ပြုတ်ဦးမှာပါ။ ဘဏ္ဍာရေးစည်းမျဉ်းပေါင်း (၁၁၅)ခုချိုးဖောက်မှုကြောင့် အသင်းအနာဂတ်မရေရာချိန် ချန်ပီယံလမ်းကြောင်းတွေကပါ သွေဖည်လာမှုဟာ အသင်းနဲ့နည်းပြအန်ဇိုမာရက်စ်ကာအပေါ် ဟာလန်းစိတ်ပျက်စေမှာပါ။ ဒါနဲ့ပဲ ဟာလန်းတစ်ယောက် နည်းပြဟောင်းပပ်ဂွါဒီယိုလာကို လွမ်းဆွတ်တမ်းတနေတယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။ သူဟာ မန်စီးတီးကိုစွန့်ခွာပြီး ဂွါဒီယိုလာကိုင်တွယ်မယ့်အသင်းသစ်နဲ့ ပူးပေါင်းချင်နေကြောင်းလည်း သိရပါတယ်။ 1️⃣2️⃣3️⃣4️⃣1x bet တွင် Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ 1️⃣2️⃣3️⃣4️⃣Promo Code-HMH ‎

Open in Telegram
Views239−34%vs avg
Forwards—
Reactions2
Comments—

All posts

Connections