Account
Netflix Movie

Netflix Movie

https://t.me/+cE4hnFq9eQ45ZjRl

Username
@favouritemovie2
Category
Video and films
Country
MyanmarMyanmar
Subscribers151,390
Avg views per post, 7d—last 7 days
ERR0.52%30-day average

Latest posts

#1877Photo

ခွန်းလွန်းတောင်ကို ဝိညာဉ်နက်လက်မှကယ်တင်ရမယ့် ဆေးပညာရှင်လေး 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ပင်လယ်တွေ တောင်တန်းတွေကြားမှာရှိတဲ့ ခွန်းလွန်တောင်က သတ္တဝါပေါင်းများစွာကို အသက်ရှင်နေထိုင်ခွင့်ပေးခဲ့တယ် ခွန်းလွန်ဆေးခန်းက ဆေးပညာကထူးချွန်ပြောင်မြောက်သော်လည်း ဟေးလင်(ဝိဉာဉ်နက်)ဆိုတဲ့ ရောဂါကို နှစ်ထောင်ကြာမကုနိုင်သေးဘူးတဲ့ ။ဆေးဆရာ ပိုင်ကျယ်က ဝိဉာဉ်နက်နဲ့ တိုက်ခိုက်ခဲ့ပေမဲ့ ကျွန်းတစ်ခုလုံး ပျက်တော့မလိုဖြစ်သွားတာကြောင့် ဆေးခန်းကနေ နှင်ထုတ်ခံလိုက်ရတယ်။ ၇နှစ်ကြာပြီးနောက် ပိုင်ကျယ်ရဲ့ ဆေးပညာတစ်ဖက်ကမ်းထူးချွန်သွားပေမဲ့လည်း ဘယ်သူမှ သူ့ဆီ လာဆေးမကုကြဘူး။ ဆေးခန်းကနေ‌ခေါင်းဆောင်ရွေးပွဲ ကိုပါဝင်ပြီးတော့ နာမည်တစ်ဖန်ပြန်ရအောင်ဆိုပြီး ကြိုးစားတယ်။ အဲဒီအချိန် ကိုယ့်ကိုကိုယ်ယုံကြည်ချက်မဲ့နေတဲ့ ယိလို ခေါ်တဲ့(တရုတ်ဒဏ္ဍာရီမြင်းပျံမျိုးနွယ်) ချီလင်နဲ့အရာရာအသက်မဲ့နေတဲ့ကုန်းမြေကြီးပေါ်ကို ခရီးစထွက်ခဲ့တယ်။သူရဲ့ အပြစ်ကြွေးဆပ်တဲ့ခရီးစဉ်အနေနဲ့ပေါ့။ အဲဒီလိုနဲ့ ဝိဉာဉ်နက်ပေါက်ကွဲမှုပြဿနာတွေ ဖြစ်ပွားနေတဲ့အချိန်မှာ သူတိုကိုဒုက္ခပေးနေတဲ့ ဝိဉာဉ်နက်ရဲ့ လျှိဝှက်ချက်ကို ဖော်ထုတ်နိုင်ပြီး ကျွန်းကြီးကို ကယ်နိုင်မလား။ ခွန်းလွန်တောင်‌ပေါ်က သူတိုနှလုံးသားထဲက အလင်းရောင်ကိုရော ထွန်းညှိပေးနိုင်မလား။ သမားတော်လေးတစ်ယောက်ရဲ့ဆူးခင်းလမ်းအပေါ်ကဘဝကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် 😍ကြည့်ရန်နှိပ်ပါ👇 t.me/threaterzone/1404 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views906+15%vs avg
Forwards—
Reactions2
Comments—
#1876Photo
Views672−15%vs avg
Forwards—
Reactions1
Comments—
#1874Photo

Forwarded from ဇာတ်ကားအစုံ

ဝိညာဉ်ခိုကပ်သွားပြီး လက်မရွံ့လူသတ်သမားတွေဖြစ်သွားတဲ့ ချစ်စရာအရုပ်လေးများ ➪➪➪➪➪➪➪➪➪➪➪➪➪➪ ရောဘတ်ဆိုတဲ့ကလေးငယ်လေးက မိသားစုမေတ္တာအပြည့်မဝမရခဲ့တဲ့ ကလေးငယ်လေးတစ်ယောက်ပါ အနိုင်ကျင့်တတ်တဲ့အဖေနဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ အမေနဲ့ကြားက ရန်ပွဲထဲမှာပဲကြီးပျင်းခဲ့ရတဲ့ ကလေးပါ တစ်ရက်မှာတော့ သူ့အဖေနဲ့အမေရဲ့ ရန်ပွဲကြားညပ်ပြီးတော့ မတော်တဆ သေဆုံးသွားပါတော့တယ်။ သူ့မိခင်ကလည်း သူ့ဝိညာဉ်ပြန်လည်နိုးထလာနိုင်ဖို့ ဘုရားသခင်ဆ်ီမှာ တောင်းဆုပြုပါတော့တယ်။ တစ်ဖက်မှာလည်း အေမော့စ် ဘလက်ဝုဒ်ဆိုတဲ့ ဂျာမနီလူအိုကြီးတစ်ယောက်ဟာ သက်မဲ့အရုပ်တွေကို အသက်သွင်းခြင်းဆိုတဲ့ အတတ်ပညာကို ကောင်းစွာတတ်မြောက်ထားသူပါ။ နာဇီကတောင် အင်တိုက်အားတိုက် လိုက်ရှာနေခဲ့ရတဲ့သူပဲဖြစ်ပါတယ်။ သူ့ကိုယ်ပိုင် အသက်သွင်း အရုပ်လေးတွေထဲမှာ ရောဘတ်ကတော့ အရက်စက်ဆုံးနဲ့ အနာခံဆုံး အရုပ်လေးပါပဲ ဘယ်လိုပဲလိုက်ရှာရှာ ဘယ်လိုပဲသတ်ဖို့ကြိုးစားစား သူ့အရုပ်လေးတွေ အကူအညီနဲ့အမြဲလွတ်မြောက်သွားတဲ့သူ့ကို နာဇီ အရာရှိတွေကိုယ်တိုင် ခြေရာခံမိသွားတဲ့အခါမှာတော့….

Open in Telegram
Views1,520+93%vs avg
Forwards—
Reactions3
Comments—
#1872Photo

Forwarded from ဇာတ်ကားအစုံ

ကမ္ဘာမြေပေါ်ကို ကြယ်တံခွန်ကြီးတစ်ခုပြုတ်ကျ‌လာသောအခါ . ➪➪➪➪➪➪➪➪➪➪➪➪➪➪ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင် အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။

Open in Telegram
Views1,310+66%vs avg
Forwards—
Reactions2
Comments—
#1870Photo

Forwarded from ကုလားကားများ

I*n*s*p*e*c*t*o*r V*i*k*r*a*m(2022) =================== IMDb  rating : : 6.5/10 အောင်မြင်ကျော်ကြားတဲ့သတင်းထောက်တစ်ယောက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ သိထားတာကြောင့် အသတ်ခံလိုက်ရပါတယ်။ လူသတ်သမားက ပိရိတာကြောင့် လူသတ်တရားခံကို လပေါင်းများစွာကြာ တာတောင် မဖမ်းမိပါဘူး။ ရဲဌာနမှာ အရမ်းတော်တဲ့ ဗစ်ကရမ်က မူးယစ်ဆေးဝါးအမှုတိုင်းကို ဖြေရှင်းနိုင်သူပါ။ ဗစ်ကရမ်ကို သတင်းထောက်အသတ်ခံရတဲ့အမှုကို ဖြေရှင်းဖို့ တာဝန်ပေးလိုက်ပါတယ်။ ခက်ခက်ခဲခဲ စုံစမ်းပြီးနောက်မှာတော့ တရားခံကို ရှာတွေ့သွားပါတယ်။ တရားခံက အနီးဆုံးလူဖြစ်နေပါတယ်။ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားမှာ ကြည့်ရှုလိုက်ပါ။

Open in Telegram
Views1,400+77%vs avg
Forwards—
Reactions2
Comments—

All posts

Connections