Posts of တိုက်ပွဲသတင်းစုံ
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Open in Telegramမကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာအနီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ သင်တန်းဆင်းပွဲပြုလုပ်နေမှုအပေါ် လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်
Open in Telegramမဲဆောက်နယ်စပ်ဂိတ်မှာ M4A1 ရိုင်ဖယ် ၁၅ လက် ဖမ်းဆီးရမိ နိုဝင်ဘာ ၂၈ ရက် ညနေက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁) ထွက်ခွာဂိတ်မှာ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စီးနင်းလာတဲ့ ဗင်ကားကို စစ်ဆေးရာ ကားအတွင်း ဝှက်ထားတဲ့ M4A1 ရိုင်ဖယ် ၁၅ လက်၊ ခန့်မှန်းတန်ဖိုး ဘတ် ၅ သန်းဖိုး ဖမ်းဆီးရမိ… တိုက်ပွဲသတင်းစုံ
Open in TelegramICJ ရဲ့ ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ ပဲခူးမြို့၌ ရဟန်းရှင်လူထုက ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိပါတယ်။ တိုက်ပွဲသတင်းစုံ
Open in Telegramတရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများအား ဖမ်းဆီးအရေးယူမှုနှင့် နယ်စပ်တရားမဝင် ကုန်သွယ်မှုပိတ်ပင်မှုတို့ကြောင့် ပြည်တွင်းဒေါ်လာဈေး သိသိသာသာ ပြန်လည်ကျဆင်း ပြည်တွင်းငွေကြေးဈေးကွက်ထဲမှာ ရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်နေခဲ့တဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရုတ်တရက် သိသိသာသာ ပြန်လည်ကျဆင်းသွားပါတယ်။ ပို့ကုန်ရငွေရှိမှ သွင်းကုန်လိုင်စင် ခွင့်ပြုပေးမယ့် မူဝါဒစည်းကမ်းချက်တွေ၊ ထိုင်း-မြန်မာနယ်စပ် တရားမဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို တင်းကျပ်စွာ ပိတ်ပင်လိုက်တာတွေအပြင် ဗဟိုဘဏ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက တရားမဝင် နိုင်ငံခြားငွေကိုင်ဆောင် ရောင်းဝယ်သူတွေနဲ့ ဟွန်ဒီလုပ်ငန်းတွေကို အရှိန်မြှင့် ဖမ်းဆီးအရေးယူနေတာကြောင့် ဝယ်လိုအား ရပ်တန့်ပြီး အရောင်းများလာကာ ဒေါ်လာဈေး ၅,၆၀၀ ကျပ်ဝန်းကျင်ကနေ ၅,၃၀၀ ကျပ်ဝန်းကျင်အထိ ကျဆင်းသွားကြောင်း သိရပါတယ်။ တိုက်ပွဲသတင်းစုံ
Open in Telegramဆင်ပေါင်ဝဲမြို့နယ်မှာ PDF အကြမ်းဖက်များ သင်တန်းဆင်းပွဲပြုလုပ်နေစဉ် ဗုံးကြဲခြင်းခံရ ၂၈-၁၁-၂၀၂၆ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံရွာ စာသင်ကျောင်းအနီးရှိသည့် PDF ၏ လေ့ကျင့်ရေးကွင်း၌ အကြမ်းဖက်PDF များ သင်တန်းဆင်ပွဲပြုလုပ်နေစဉ် တပ်မတော်က နိုဝင်ဘာ ၂၆ ရက်နေ့မှာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်လိုက်တြောင်း သိရပါသည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် ပါဝင်နေသည့် PDFအများအပြားနှင့် ၎င်းတို့ကို ထောက်ခံအားပေးနေသူများပါ တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရပါသည်။ ဗုံးကြဲခံရမှုဖြစ်စဉ်ကြောင့် PDF အများအပြားသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသွားသည့် PDF များကို ကျေးရွာအနီးအနားရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူရန် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သင်တန်းဆင်းပွဲ၌ PDFအများအပြားသေဆုံးမှု ဖြစ်စဉ်အမှန်ကို မပြောဆိုခိုင်းဘဲ စာသင်ကျောင်းမှာ ကထိန်ပွဲကျင်းပနေစဉ် စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်းဟုဆိုကာ တပ်ခွဲမှူးအဆင့်ရှိသည့် PDF ခေါင်းဆောင်ပိုင်းက ကျောင်းဆရာကို လိမ်လှယ်ထွက်ဆိုခိုင်း၍ သတင်းအမှားများဖြင့် ဝါဒဖြန့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါသည်။ တိုက်ပွဲသတင်းစုံ
Open in TelegramBreaking News မြဝတီမြို့ရှိ Grand Myawaddy ဟိုတယ်နှင့် Myawaddy Complex တို့ကို နိုဝင်ဘာ ၂၇ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ရာ ကာစီနိုလောင်းကစားမှုများနှင့် ဆက်စပ်သည်ဟုဆိုသော မြန်မာနိုင်ငံသား ၇၉ ဦးနှင့် တရားမဝင် ထိုင်းနိုင်ငံသား ၅၉၃ ဦး၊ စုစုပေါင်း ၆၇၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် အမှတ် (၅) ရပ်ကွက်အတွင်း ထပ်မံရှာဖွေစစ်ဆေးရာ ထိုင်းနိုင်ငံသား ၂၃၇ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ စုစုပေါင်း ထိုင်းနိုင်ငံသား ၈၃၀ ဦးနှင့် မြန်မာနိုင်ငံသား ၇၉ ဦး၊ စုစုပေါင်း ၉၀၉ ဦး ဖမ်းဆီးရမိခဲ့ပြီး ကွန်ပျူတာ၊ လက်ပ်တော့၊ မိုဘိုင်းဖုန်းနှင့် လောင်းကစားဆိုင်ရာပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်ဆေးပြီးနောက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ တိုက်ပွဲသတင်းစုံ
Open in Telegram