Posts of ကဗျာ စာတို စာအုပ် အောင်ချိမ့်
စိတ်နာချင်ယောင်ဆောင်တာပါ ချစ်ပြီးသားလူတစ်ယောက်ကို ဒီနှလုံးသားက လွယ်လွယ်ကူကူ မမုန်းနိုင်ပါဘူး.....။ - တက္ကသိုလ်ဘုန်းနိုင်
Open in Telegram"သူ့လက်ဖဝါးလေး ဆုပ်ကိုင်ထားချင်တယ် " ဒီလောက်ပါပဲ ဘုရားသခင်က ပိုကောင်းတဲ့အရာတွေ ပေးမယ်ဆိုရင်တောင် ဒီဆုတောင်းလေးပဲ ပြည့်ချင်ပါတယ် ။ -ခန့်သွယ် မြတ်လေးပန်-၁
Open in Telegramဆာကူရာပန်းလေးတွေရဲ့ ကြွေကျနှုန်းဟာ တစ်စက္ကန့်ကို ငါးစင်တီမီတာဆိုရင် ပွင့်ဖတ်တွေမြေပြင်ပေါ် မရောက်ခင် ငါမင်းကို လွမ်းပြီးသွားပြီ ... အလွမ်းဟာ တစ်စက္ကန့်မှာ ကမ္ဘာကို သုံးခါပတ်တယ် ။ - သွယ်မြိတ်
Open in Telegramမင်္ဂလာ ရှိသော ညချမ်းလေးပါခင်ဗျ ကဗျာ၊ စာတို စာအုပ် အောင်ချိမ့် ဆရာမဂျူး ချန်နယ် လေးကနေ အားလုံးကိုနွေးထွေးစွာဖြင့်ကြိုဆိုပါတယ်ဗျ ဒီနေ့ည 8:30 အချိန်တွင် ကဗျာရွတ်ပွဲလေး ရှိပါတယ်ဗျ အားလုံး လာရောက်ပေးကြဖို့ လေစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ ရွတ်ဖတ်သူများမှာ နတ်သျှင်နောင် စာတိုငဖြူ ညိုပြာရီ လိပ်ပြာ မင်းဘုန်းလူ (မန်းမြေ) သောတခွန်း ငြိမ်းမောင် ပုံရိပ်ညို တာရာ အခြားသော ကဗျာချစ်မြတ်နိုးသူတွေ လည်း ဝင်ရောက်ရွတ်ဖတ်နိုင်ပါတယ်ဗျ အဖွင့်ကဗျာ အနေဖြင့် ဆရာစာတိုငဖြူကနေ ရွတ်ပေးပေးပါရန် လေးစာစွာဖြင့် ပြောကြားလို့ပါတယ်ခင်ဗျ
Open in Telegramရင်ခုန်စွာ အိပ်စက်ခဲ့ရပြီး ကြည်နူးစွာ နိုးထခဲ့ရသော နှစ်ကာလများကို သတိရလျက်၊ ပြန်လိုချင်လျက်။ -ကျူးလစ်
Open in Telegramချစ်ခြင်းမေတ္တာမှာ ရိုးသားရတယ် မချစ်ဘဲနဲ့ လိမ်မပြောရဘူး မမြတ်နိုးဘဲနဲ့ မချဉ်းကပ်ရဘူး ဝဋ်ဆိုတာ လည်တတ်တယ် ပြီးတော့ ချစ်ပေးဖို့ မတောင်းဆိုရဘူး တကယ်ချစ်တဲ့သူက ချစ်ပေးတတ်တယ်။ #crd
Open in TelegramHappy Dilwali ဟိန္ဒူဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော “ဒီပါဝလီနေ့” တွင် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဒီပါဝလီဆီမီးအလှအပများနှင့်အတူ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး စီးပွါးလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Open in Telegram" အိမ်ထောင် ဟုတ်လား ရှုပ်ကရှုပ်နဲ့ မောင်လေးရယ် မမဘေးမှာ မင်းရှိတယ် မင်းဘေးမှာ မမရှိတယ် ဘယ်သူ့ကို ထပ်လိုဦးမှာလဲ " " မောင် တို့နှစ်ယောက် မောင်နှမတွေအဖြစ် နီးနီးလေးမှာ အတူတူ နေသွားလို့ မရဘူးလား " ဆုံနေရက်နဲ့လွမ်းလေခြင်း -ဂျူး
Open in Telegramဘာမှမခံစားတတ်တဲ့ ငတုံးတကောင်အဖြစ်မွေးဖွားလာတဲ့သူတွေကိုအားကျတယ်။ ဘာဒဏ်တွေမှ မရှိကြဘူး ။ ။ -ကြည့်ဇော်အေး
Open in Telegramတစ်နေ့နေ့မှာ မောင် တစ်ခုလပ် ဖြစ်လာမလား။ မုဆိုးဖို ဖြစ်လာမလားဆိုတဲ့ ယုတ်ညံ့တဲ့ မျှော်လင့်ချက်နဲ့ မောင့်ကို စောင့်ခဲ့တာ မဟုတ်ပါဘူးမောင် အမျှင်တန်းပြီး ကျန်ရစ်မယ့် သံယောဇဉ်အားကိုးနဲ့ မောင့်ရဲ့ မယားငယ် အဖြစ် အရှက်မရှိ အသနားခံဖို့၊ စောင့်နေခဲ့တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မောင့်ကို ကျွန်မ ဘယ်လိုမှ မေ့မရဘူး။ -ဂျူး
Open in Telegramမင်းမိန်မတစ်ယောက်ကိုအဆုံးစွန်ထိ ချစ်ဖူးလားမေတ္တာတရားကို မလှောင်ရယ်စမ်းပါနဲ့ကွာမေတ္တာဆူးရင် ရူးတတ်တယ်။ -အောင်ချိမ့်
Open in Telegramချစ်ခြင်းမေတ္တာ ဆိုတာ ရုပ်ရည်/ဂုဏ်ပကာသနတွေ မဟုတ်ပဲ နွေးထွေးလုံခြုံမှု ရှိတဲ့ရပ်ဝန်းမှာသာ ရှာတွေ့နိုင်သော အရာ။ _ခင်ချောမေ
Open in Telegram