Account
Action Movie MMSub 🍿

Action Movie MMSub 🍿

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇 @theinka1

Username
@actionmoviemmsub
Category
Video and films
Country
MyanmarMyanmar
Subscribers221,784
Avg views per post, 7d—last 7 days
ERR0.61%30-day average

Latest posts

#2630Photo

The Human Centipede (2009) လူသားကင်းခြေများဆိုတဲ့ ရုပ်ရှင်ကတော့ အော်ဂလီဆန်စရာအကောင်းဆုံး ဇာတ်ကားတွေထဲမှာ အပါအဝင်ပါပဲ။ပညာရှိတို့ အရူးထရင် ဘယ်လိုတောင်ကြောက်စရာကောင်းတယ်ဆိုတာကို မြင်တွေ့ရပါမယ်။ လူသား၃ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ကင်းခြေများလို တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/mmsubhorror1/1792 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views1,400+4%vs avg
Forwards—
Reactions7
Comments—
#2629Photo

My Oni Girl (2024) မိုးအေးအေးနဲ့ ခံစားလို့ကောင်းမယ့် old school ဆန်ဆန် အသစ်ထွက် အန်နီမေးရုပ်ရှင်လေးတစ်ပုဒ် ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကို အန်နီမေးရှင်းပြုထားတာတွေက တော်တော်လေးလှတာကြောင့် ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲက ဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။ My Oni Girl ဆိုတော့ ဘာသာပြန်ရရင် ကျွန်တော့်ဘီလူးမလေးပေါ့။ ဇာတ်လမ်းကတော့.. တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက် လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။ (ဒီရုပ်ရှင်လေးကိုတော့ ToMo နဲ့ Zwe Yan တို့က ဘာသာပြန်၊ ညွှန်းဆိုပေးထားပါတယ်။) 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2664 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views1,300−4%vs avg
Forwards—
Reactions—
Comments—
#2628Photo

Forwarded from ɴɪᴄᴋᴇʟᴏᴅᴇᴏɴ ᴍᴏᴠɪᴇ ᴢᴏɴᴇ

အဖြစ်အပျက်တစ်ခုကြောင့် စကော်လာရှစ်ရုတ်သိမ်းခံရပြီး ဘ၀ပျက်သွားတဲ့ကောင်မလေး ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ Photocopier ဆာလ်ယန်နီဆိုတဲ့ စကော်လာနဲ့ကျောင်းတက်နေတဲ့ ဟိုက်ပါကောင်မလေးတစ်ယောက်၊ စကော်လာသက်တမ်းတိုးဖို့ သွားဖြေရတော့မယ့်ရှေ့တစ်ရက်မှာ မတာဟာရီပြဇာတ်အဖွဲ့က သူကူဆွဲပေးထားတဲ့ web design နဲ့အနိုင်ရလို့ဆိုပြီး ပါတီပွဲပေးကြတယ်။ သူကလည်းလိုက်တယ်။ အမူးသောက်တယ်။မှောက်တယ်။ဒါပေမဲ့ သူမသိခဲ့တာ မနက်မှာ သူ့ဘဝက ရေစုန်မျောသွားမယ် ဆိုတာပါပဲ။ သူမူးနေတာကိုရိုက်ထားတဲ့ပုံတွေက အင်တာနက်မှာပျံ့သွားတဲ့အခါ စကော်လာ၊ ကျောင်းတက်ဖို့အပြင် အိမ်ကနေပါနှင်ထုတ်ခံလိုက်ရတော့တာပေါ့။ ဒါပေမဲ့ သူကတော့ အဲဒီညက အဖြစ်အပျက်မှန်သမျှ မသိနေတဲ့အဖြစ်ပါပဲ။ အဲဒီတော့ အဲဒီတုန်းကအဖြစ်အပျက်ကို သိဖို့ သူ့ငယ်သူငယ်ချင်း အမင်နဲ့တူတူလိုက်ရှာရင်း ဒီကိစ္စဟာ မရိုးသားတဲ့အကြံအစည်တွေရှိနေတာ သိလိုက်ရတဲ့အခါ… 😍ကြည့်ရန်နှိပ်ပါ👇 t.me/mmsubhorror1/1723 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,290+70%vs avg
Forwards—
Reactions2
Comments—
#2627Photo

Ai စနစ်ကိုကျွမ်းကျင်ပီး ရဲတွေကိုတောင်လှည့်စားနိုင်တဲ့ အဆင့်မြင့်သူခိုးများ The S-h-a-d-o-w’s E-d-g-e (2025) T-h-e S-h-a-d-o-w-s E-d-g-e ဆိုတဲ့ရုပ်ရှင်ကားကြီးဟာဆိုရင် ဂျက်ကီချန်းရဲ့ ရဲတပ်ဖွဲဇာတ်ကောင်အနေနဲ့ ပြန်လည်ပေါ်ထွက်လာတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ 2004 ခုနှစ်ကထွက်ရှိထားတဲ့ N-e-w P-o-l-i-c-e S-t-o-r-y ကို အမီလိုက်နိုင်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ခေတ်မီနည်းပညာနဲ့ AI စနစ်တွေကို ကျွမ်းကျင်စွာအသုံးချပြီး မကာအိုရဲတပ်ဖွဲ့ရဲ့ cctv ကင်မရာတွေကိုတောင်လှည့်စားနိုင်တဲ့ အဆင့်မြင့်သူခိုးဂိုဏ်းတစ်ခုဟာ cryptocurrency တွေကို အကြီးအကျယ်ခိုးယူပြီး ခြေရာဖျောက်နေပါတယ်။ ဒီသူခိုးဂိုဏ်းကို ရဲတပ်ဖွဲ့က ဘယ်လိုမှခြေရာမခံနိုင်တဲ့အခါမှာတော့ အရင်က နည်းလမ်းဟောင်းတွေနဲ့ လူတွေကို ခြေရာခံရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ခဲ့တဲ့ အငြိမ်းစားရဲအရာရှိကြီး ဝေါင်တပ်ချွန်း (Jackie Chan) ကို ပြန်လည်ခေါ်ယူပြီး အကူအညီတောင်းခံရပါတော့တယ်။ ဝေါင်ဟာ ရဲအရာရှိပေါက်စလေးတွေကို သူ့ရဲ့ရိုးရာနည်းလမ်းတွေနဲ့ လေ့ကျင့်ပေးပြီး ဒီဂိုဏ်းကိုဖမ်းဖို့ ကြိုးစားပါတယ် ဒီသူခိုးဂိုဏ်းရဲ့ ခေါင်းဆောင်ကတော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ ရာဇဝတ်ကောင်ကြီး "T-h-e S-h-a-d-o-w" (T-o-n-y L-e-u-n-g Ka-fai) ဖြစ်နေမှန်း သူတို့သိလိုက်ရပါတော့တယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiazatcar/943 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,590+92%vs avg
Forwards—
Reactions5
Comments—
#2626Photo

"  ❤️  သမုဒယနဲ့ ချည်တဲ့‌နွယ် ❤️  " O-n-c-e W-e W-e-r-e U-s (2025) ရုံဝင်သူစံချိန်တင်ခဲ့တဲ့ အသစ်စက်”အချစ်ထရာမာကားလေး နေရပ်ပြန်တဲ့ ကားပေါ်မှာ အမှတ်မထင် ဘေးချင်းကပ်လျက် ထိုင်မိရာကနေ စတင်သိကျွမ်းခဲ့ကြတဲ့ အီအွန်းဟို (Koo Kyo-Hwan) နဲ့ ဟန်ဂျောင်ဝန်း (Mun Ka-Young) တို့ဟာ အပြန်အလှန် အိပ်မက်ချင်း ဖလှယ်ရင်း မှီခိုအားထားရင်းကနေ ချစ်သူတွေအဖြစ်ကို အဆင့်တက်သွားခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ရယ်မောလိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တစ်လောကလုံးကို ပိုင်ဆိုင်ထားတဲ့အလား ပူပူနွေးနွေး ချစ်ခဲ့ကြပေမဲ့လည်း လောကဓံဆိုတဲ့ တံတိုင်းကြီးရှေ့မှာ မတတ်သာတဲ့အဆုံး 😍ကြည့်ရန်နှိပ်ပါ👇 t.me/dramaburma/3126 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,190+62%vs avg
Forwards—
Reactions1
Comments—
#2625Photo

Blonde [2022] Review 📜 မွန်ရိုးဟာ သမိုင်းတလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀ ၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောကထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင်မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကိုမတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်thetသေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/zzzmovie2/2694 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,410+79%vs avg
Forwards—
Reactions4
Comments—
#2624Photo

ငယ်ရွယ်စဉ်ကျောင်းသားဘဝရင်ခုန်တတ်စအရွယ်ကအချစ်ဦးလေးကိုပြန်လည်လွမ်းဆွတ်သတိရသွားစေမယ့်ကားလေးပါ။ On your wedding day [ 2018 ] Review 📜 ဟန်ဂူယောင်းဟာ စာညံ့ပြီး အမြဲရန်ဖြစ်ဆိုးသွမ်းနေတဲ့ကျောင်းသားတစ်ယောက်ပါ။ သူတိုကျောင်းကိုကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေး ဟွမ်ဆွန် ဟီးကိုမတွေ့ခင်အထိပေါ့ သူတိုတွေ့ဆုံပြီးသူငယ်ချင်းသံယောဇဉ် ကနေ ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့ပြီး မမျှော်လင့်ဘဲ ဆွန်ဟီးတစ်ယောက် ဝူယောင်းတိုမြိုလေးကနေ ထွက်ခွာသွားတဲ့အခါစာညံ့တဲ့ ဝူယောင်းတစ်ယောက်က တော့ တက္ကသိုလ်မရောက်ခဲ့ပါဘူး။ တနေ့မှာ လက်ကမ်းကြော်ငြာတစ်ခုကဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သူချစ်ရတဲ့ အမျိုးသမီးလေး ဆွန်ဟီးရဲ့ပုံကိုမထင်မှတ်ဘဲ တွေ့လိုက်ရတဲ့အခါ 😍ကြည့်ရန်နှိပ်ပါ👇 t.me/zzzmovie2/2692 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,000+48%vs avg
Forwards—
Reactions1
Comments—
#2623Video

Forwarded from ɴɪᴄᴋᴇʟᴏᴅᴇᴏɴ ᴍᴏᴠɪᴇ ᴢᴏɴᴇ

တောင်ပေါ်သားရှမ်းကိုးမီး၊ဘူကြီး၊ Club 388 ၊ Shan world Bat man ၊ Live 22 ၊ တနေရာထဲ ဆော့ကစားချင်ရင် ကျွန်မတို Lucky Star Online Game Service ဆီသို ဖိတ်ခေါ်ပါတယ်ရှင် မန်ဘာအဖွဲဝင်ပေါင်းထောင်ကျော် ဆော့ကစားနေသော ဂိမ်းဆိုဒ် ဖြစ်တဲ့အတွက်ကြောင့် ငွေထုတ်မပေးခြင်း ၊ ဂိမ်းအကောင့်ပိတ်ခြင်းတို လုံးဝ မရှိပါရှင်။ ဝိုင်းပြောင်းမလား? ဒိုင်ရှာမလား ? စိတ်ကြိုက်ဆော့ကစားနိုင်ပြီး မန်ဘာကြေး 50 % ဘောနပ် နေ့စဉ်ငွေသွင်းတိုင်း 10% ဘောနပ် ပေးထားလို့ အပျော်ပဲကစားမလား အနိုင်ပိုင်းကစားမလား လက်ကြီးလက်သေးအားလံုးကို Lucky Star မှာလာကစား ဖို့ဖိတ်ခေါ်ပါရစေ စိတ်ဝင်စားလို့ဆော့ကစားမယ်ဆိုရင် Viber / : 09404619565                Viber link >>> https://msng.link/o?959404619565=vi Telegram link >>> https://t.me/luckystar6391 ကိုအခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါရှင့်။ Channel link https://t.me/luckystarofficial1

Open in Telegram
Views1,660+23%vs avg
Forwards—
Reactions1
Comments—
#2622Photo

ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင် ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ်။ အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်။ အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ်.... 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/4050 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views2,130+58%vs avg
Forwards—
Reactions8
Comments—
#2621Photo

The Adventures of Tintin [2011] Review 📜 ရဲရင့်တက်ကြွဖျတ်လတ်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်သတင်းထောက်ကလေး တင်တင် ဟာ မမျှော်လင့်ပဲ နှစ်ပေါင်းများစွာခန့်က တကယ်ရှိခဲ့တဲ့ ယူနီကွန်း ဆိုတဲ့ တိုက်ပွဲဝင် စစ်သဘောၤကြီးကို အမှတ်မထင်ဝယ်လိုက်မိရာကနေ သူ့ဆီကို အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာပါတော့တယ်။ဒါပေမယ့် တင်တင် တစ်ယောက် ကြောက်ရွံ့နောက်တွန့်သွားခြင်းမရှိပဲ ယူနီကွန်း နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်အဖြေများကို ရှာဖွေရင်း ဘယ်လိုဘယ်ပုံဆက်လက် စခန်းသွားမလဲဆိုတာကို ရုပ်ရှင်ကိုပဲဆက်လက်ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကား အညွှန်းဟာ တိုပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့် ရုပ်ရှင်ကိုလည်း စိတ်ဝင်စားစရာမကောင်းလောက်ဘူးလို့ မထင်လိုက်ပါနဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ လက်ရာအတိုင်း အသည်းတယားယား ရင်တထိတ်ထိတ် နဲ့ စိတ်လှုပ်ရှားစွာ နဲ့ကြည့်ရမှာကိုတော့ လုံးဝရာနှုန်းပြည့်အာမခံ ပါတယ် 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2487 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views1,900+41%vs avg
Forwards—
Reactions3
Comments—

All posts

Connections

Similar channels

Mentions