Посты канала မြန်မာစာတန်းထိုးရုပ်ရှင်များ

сначала новые

#2226Видео
Просмотры4050%к среднему
Пересылки2
Реакции1
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
54 ч378
66 ч405
  1. Всего сейчас405
#2225Фото

Переслано из ဇာတ်ကားအစုံ

လူနဲ့ animation နဲ့ပေါင်းစပ်ရိုက်ကူးထားတဲ့ကားလေးပါ Alita: Battle Angel [2019] Review 📑 ဇာတ်လမ်းအကျဉ်းလေးကတော့ ပညာရှင်တစ်ယောက်ဟာ alita ဆိုတဲ့စက်ရုပ်လေးကိုပြုလုပ်ခဲ့ပါတယ် စက်ရုပ်လေးဟာလူနီးပါးပဲသက်ဝင်လှုပ်ရှားနေပါတယ် alita ဟာသူ့ရဲ့မှတ်ဥာဏ်တွေပျောက်ဆုံးနေတဲ့ animation ဇာတ်ကောင်တစ်ဦးပါ ဒါပေမယ့် တစ်နေ့မှာတော့ တိုက်ပွဲတစ်ခုကိုတိုက်ခိုက်ရင်းနဲ့ သူ့ရဲ့မှတ်ဥာဏ်တစ်ပိုင်းတစ်စကို ပြန်လည်ရရှိခဲ့ပါတယ် ဒါနဲ့ပဲ မှတ်ဥာဏ်တွေပြန်ရအောင်ကြိုးစားရင်းသူတို့ရဲ့ရန်သူတော်ကြီးနဲ့တိုက်ပွဲတွေဆင်နွှကြပါတော့တယ် ကြည့်လို့အရမ်းကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ ဘယ်လိုဇာတ်သိမ်းမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြရအောင်နော်

Открыть в Telegram
Просмотры4080%к среднему
Пересылки1
Реакции—
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
54 ч381
66 ч408
  1. Всего сейчас408
#2224Видео
Просмотры2 380+485%к среднему
Пересылки16
Реакции5
Комментарии—
#2223Фото

Переслано из другого канала

Spies in Disguise [2019] Review 📜 ရယ်လည်းရယ်ရတယ် ဇာတ်လမ်းလည်းမိုက်တယ်။အသံသရုပ်ဆောင်ထားသူတွေကတော့ မပြောရင်တောင်အသံကြားတာနဲ့ သိမယ့် ၂ ယောက်ပါပဲ။ ဝယ်လ် စမစ်သ် ရယ် တွမ် ဟော်လန် ရယ်ပါ။တကယ်လိုက်ဖက်တဲ့ သူတွေပါပဲ။ ဝယ်လ်စမစ်သ်က လန့်စ်စတာလင်ဆိုတဲ့ အရမ်းတော်တဲ့ စပိုင်တစ်ယောက်။ သူက အရမ်းတော်ပေမယ့် တစ်ကိုယ်တော်ပဲ လှုပ်ရှားတတ်တဲ့သူ။တွမ်ဟော်လန်ကတော့ ဝေါ်တာ ဘက်ကက် ဆိုတဲ့ ဉာဏ်ကြီးရှင်တီထွင်သူအူကြောင်ကြောင် ကောင်လေး အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ဝေါ်တာရဲ့ တီထွင်ချက်တွေကိုအေဂျင်စီမှာ ဘယ်သူမှ အထင်မကြီးတဲ့အပြင် လန့်စ်ကိုပါပြဿနာ သွားလုပ်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။ ဒါပေမယ့် လန့်စ်နဲ့ မျက်နှာတူလူဆိုးတစ်ယောက်ကြောင့် လန့်စ် တစ်ယောက် အထင်လွဲခံရပြီးထွက်ပြေးရတဲ့အခါမှာ မလွှဲမရှောင်သာ ဝေါ်တာနဲ့ပူးပေါင်းပြီးအလွဲလွဲအချော်ချော်နဲ့ လူဆိုးကို အမိဖမ်းဖို့ ကြိုးစားရပါတော့တယ်။

Открыть в Telegram
Просмотры2 191+439%к среднему
Пересылки2
Реакции2
Комментарии—
#2222Видео
Просмотры3 663+801%к среднему
Пересылки41
Реакции6
Комментарии—
#2221Фото

Переслано из အက်ရှင်ဇာတ်ကားများ

Midnight Runners (2017) ================= ဒီတခေါက်တော့ Marvel ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တော့မယ့် တောင်ကိုရီးယားမင်းသား‌‌ေချာ Park Seo-Joonပါဝင် သရုပ်ဆောင်ခဲ့တဲ့ Midnight Runners ဆိုတဲ့ action, comedy ကားလေးကို တင်ဆက်လိုက်ပါပြီIMDB rating 7.3 နဲ့ .Rotten Tomatoes 100% ရရှိထားပါတယ်တောင်ကိုရီးယားမင်းသားချော Kang Ha-neul နဲ့အတူ ရိုက်ကူးထားပြီး 2017 ခြနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းလေးကတော့ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲနဲ့ ရဲတက္ကသိုလ်ကို ရောက်လာကြတဲ့ အူကြောင်ကြား ကောင်လေး ၂ ယောက် အကြောင်းကို ရိုက်ပြထားတာပါPark Seo-Joon ကတော့ အစားမက်တဲ့ကောင်လေး ဂီဂျွန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Kang Ha-neul က သန့်ရှင်းရေးကျန်းမာရေးနဲ့ ပတ်သက်လာရင် ဇီဇာကြောင်တတ်တဲ့ မှန်ကြောင်လေး ဟီရောအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်သဘာဝမတူ၊ ရှင်သန်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်မတူ၊ စတွေ့ကတည်းက မျက်နှာကြောမတည့်တဲ့ ကောင်လေး ၂ ယောက်ရဲတက္ကသိုလ်ဝင်ခွင့်အတွက် အစမ်းသင်တန်းကာလ ၂ ပတ်အတွင်းမှာ ကြုံရတဲ့ အခက်အခဲတွေကို မမျှော်လင့်ဘဲ တူတူ‌ဖြေရှင်းခဲ့ရာမှ

Открыть в Telegram
Просмотры3 263+703%к среднему
Пересылки10
Реакции2
Комментарии—
#2220Видео
Просмотры2 559+530%к среднему
Пересылки8
Реакции—
Комментарии—
#2219Фото

Переслано из အက်ရှင်ဇာတ်ကားများ

ဆာလောင်နေတဲ့ရေမြင်းကြီးကိုရင်ဆိုင်ရမယ့် survival ဇာတ်ကား 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ လူဝီစီယားနားပြည်နယ်က ရွှံ့နွံတောထဲမှာ မိကျောင်းကြည့်ဖို့ လှေစီးထွက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တစ်စုဟာ လမ်းပျောက်ပြီး သွေးဆာနေတဲ့ ရေမြင်းဆိုးကြီးတစ်ကောင်ရဲ့ ပစ်မှတ် ဖြစ်သွားပါတော့တယ်။ဒီဇာတ်ကားဟာ မျက်စိနောက်စရာ CGI တွေ သိပ်မသုံးဘဲ တကယ့် ရုပ်လုံးရုပ်ထွက် (Practical Effects) တွေနဲ့ ရိုက်ကူးထားလို့ ပိုပြီး သဘာဝကျကျ သွေးပျက်ဖို့ကောင်းပါတယ်။ Survival Horror ပရိသတ်တွေအတွက် ဧရာမရေမြင်းဆိုးကြီးရဲ့ ရန်ကနေ သူတို့ ဘယ်လိုအသက်လုပြေးကြမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ရအောင်။

Открыть в Telegram
Просмотры2 407+492%к среднему
Пересылки4
Реакции2
Комментарии—
#2218Фото

Переслано из စာတန်းထိုးဇာတ်ကားများ

‌လူကောင်းနဲ့လူ‌ဆိုးတို့ရဲ့အားပြိုင်မှု ယုံကြည်မှုရဲ့စွမ်းအားတို့ကို ဖော်ကျူးထားတဲ့ဇာတ်ကား😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဘုရားသခင်ကိုသက်ဝင်ယုံကြည်တဲ့သားအဖ၂ယောက် အဖေလုပ်သူက သေခါနီးအချိန်မှာတကယ့်ကိုအားကိုးရာရှာတဲ့အနေနဲ့ဘုရားသခင်ထံဆုတောင်းပြီးသူ့အဖေက ပြန်မကောင်းလာပဲ တကယ်သေသွားတဲ့အခါဘုရားသခင်ကိုလဲ အယုံအကြည်မရှိတော့တဲ့ကလေးလေးတစ်ယောက် သူကြီးလာတဲ့အခါယုံကြည်မှုမရှိပဲကြီးပြင်းလာခဲ့ပေမယ့် ဘုရားသခင်ကိုနက်နက်ရှိုင်းရှိုင်းယုံကြည်မှရနိုင်တဲ့အရာတွေ သူ့ဆီကိုရောက်ရှိလာတဲ့အခါဘာတွေဖြစ်မလဲကတော့ မ spoil တော့ပါဘူးကြည့်ပါ အားရပါးရသာကြည့်လိုက်ကြပါပေးရတဲ့အချိန်နဲ့တော့တန်မှာပါ 😍ကြည့်ရန်နှိပ်ပါ👇 t.me/actionmoviemmsub/2560 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры3 877+854%к среднему
Пересылки5
Реакции6
Комментарии—
#2217Фото
Просмотры3 183+683%к среднему
Пересылки1
Реакции—
Комментарии—
#2216Фото

Переслано из စာတန်းထိုးဇာတ်ကားများ

ပင့်ကူမိန်းမကြီးရဲ့ အနမ်း 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ တစ်ခါက မိုလီနာဆိုတဲ့ လူတစ်ယောက်ဟာ နိုင်ငံရေးအကျဉ်းထောင်ကို ရောက်လာပြီး ဗယ်လန်တင်ဆိုတဲ့ လူနဲ့အတူ တစ်ခန်းထဲ နေရပါတယ်။ ဗယ်လန်တင်က ကြမ်းတမ်းခက်ထန်တဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပြီး မိုလီနာကတော့ လူမြင်ကွင်းမဖွယ်မရာပြုမှုနဲ့ ဘုမသိဘမသိ နိုင်ငံရေးအကျဉ်းထောင်ထဲ ရောက်လာတဲ့ လိင်တူစိတ်ဝင်စားသူ အမျိုးသားပါ။ ဒီတော့ သူတို့နှစ်ယောက်က လုံးဝကို ဆန့်ကျင်ဘက်တွေဖြစ်နေပြီး ဗယ်လန်တင်က စကားနည်းသလောက် မိုလီနာက စကားများပြီး ဟိုမေးဒီမေး စပ်စုသူပါ။ ဒီလိုနဲ့ တစ်ညမှာ မိုလီနာက သူ့ရဲ့ ဝါသနာတွေအကြောင်း ပြောရင်းနဲ့ သူအကြိုက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Kiss of A Spider Woman ဆိုတဲ့ ရုပ်ရှင်အကြောင်းကို စကားစလာခဲ့ပါတယ်။ ဒီလိုနဲ့ ညဘက် ထောင်မီးပိတ်ချိန်မှာ အားနေမဲ့တူတူ ဗယ်လန်တင်ဟာ ဒီဇာတ်လမ်းအကြောင်းကို နားထောင်ဖို့ သဘောတူခဲ့ရာကစလို့ ညစဉ်ဆက်တိုက် မိုလီနာဟာ ဗယ်လန်တင်ကို ဒီဇာတ်လမ်းအကြောင်း ပြောပြရင်း သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဗယ်လန်တင်ရဲ့ ယုံကြည်မှုကို ရယူပြီး သတင်းနှိုက်မဲ့ အကြံကို အကောင်ထည်ဖော်ပါတော့တယ် 😍ကြည့်ရန်နှိပ်ပါ👇 t.me/moviemmsub99/3685 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры2 776+583%к среднему
Пересылки3
Реакции1
Комментарии—
#2215Фото

Переслано из စာတန်းထိုးဇာတ်ကားများ

Astriex:  The Secrect of the Magic P› otion [2018] Review 📃 ပနော်မိဇ်လို့ခေါ်တဲ့ ဆရာတော်တစ်ပါး သစ်ပင်ပေါ်ကပြုတ်ကျသွားလို့ သူ့ကိုယ်သူ အရမ်းအသက်ကြီးပြီး ဆရာတော်မဖြစ်တော့ဘူးလို့ ယူဆလာတော့ သူ့ရဲ့နေရာ ဆက်ခံမဲ့သူ တစ်ယောက်ရှာဖွေဖို့ နယ်မြေပေါင်းစုံကို ခရီးနှင်ပါတော့တယ် …ပနော်မိဇ်ဆိုတာ သူ့ရဲ့ အစွမ်းတိုးစေတဲ့ မှော်ဆေးရည်ကြောင့် လူတွေ ကြည်ညိုလေးစားရတဲ့ ဆရာတော်တစ်ပါးပါ။ သူ့နေရာဆက်ခံသူကို သူ့ရဲ့မှော်ဆေးရည်စပ်နည်းပါ ပေးမှာဖြစ်တာကြောင့် မသာမာသူလက်ထဲ ရောက်သွားရင် အရမ်းကို အန္တရာယ်များလွန်းလို့ သူ့နောက်လိုက်တွေကတော့ ဆက်ခံသူမရှာစေချင်ပါဘူး…ဒါပေမဲ့လည်း ပနော်မိဇ်ကတော့ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ဆက်ခံသူရှာဖို့ ခရီးပြုတဲ့အခါမှာ သူတို့ကြုံတွေ့ရမဲ့ အခက်အခဲတွေ၊ သူတို့ကို အနိုင်သိမ်းချင်နေတဲ့ ရောမတပ်သားတွေရဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ အတူကြည့်ကြရအောင်ပါ။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/zzzmovie2/2398 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры2 181+437%к среднему
Пересылки2
Реакции1
Комментарии—
#2214Видео
Просмотры1 945+378%к среднему
Пересылки0
Реакции1
Комментарии—
#2213Фото

သင်္ချိုင်းဂူကြီးထဲမှာ သေရွာပြန်မိစ္ဆာကောင်ကြီးများနှင့် စွန့်စားခန်း 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ လျှို့ဝှက်ဆန်းကြယ် ဂန္ဘီရဆန်တဲ့ စွန့်စားခန်းဇာတ်လမ်းလေးတွေကြိုက်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားလေးတင်ပေးလိုက်ပါတယ် နေရာအနှံ့လှည့်လည် ကပြဖျော်ဖြေနေတဲ့ ကျီရှန်အော်ပရာဇာတ်အဖွဲ့ဟာ တကယ်တော့သင်္ချိုင်းဖောက်ထွင်းတဲ့သိုင်းလောကမှာ ကျင်လည်ပြီးနေလာတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ကျော်ရန်ဟာသူရဲ့ချစ်သူ ခုန်ယွီနှင့်အတူ စွန့်စားခန်းတစ်ခုမှာ မထင်မှတ်တဲ့အရာတစ်ခု ကြုံတွေ့ခဲ့ရပြီး ခုန်ယွီ သေဆုံးသွားခဲ့တယ်အဲဒီနောက်ပိုင်းမှာ ကျော်ရန်လည်း စိတ်ဓာတ်ကျပြီး ထွက်သွားခဲ့ပါတော့တယ် နှစ်အနည်းငယ်ကြာသွားတဲ့အခါ ကျော်ရန်ဟာ ထူးဆန်းတဲ့အဆိပ်သင့်နေတဲ့ သူ့ရဲ့အဖွဲ့သားမောင်နှမတွေကို ကယ်တင်ဖို့အတွက် ပြန်ရောက်လာခဲ့ပြီး အားလုံးကိုဦးဆောင်ကာ အဆိပ်ဖြေဆေးရှာဖို့ စွန့်စားခရီးလမ်းတစ်ခုကို စတင်ခဲ့ပါတယ် ခရီးလမ်းတစ်လျှောက်မှာ အခက်အခဲအတားအဆီးများနဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ပေါ်လာခဲ့ပါတယ် ကျော်ရန်ဟာလည်း သူတို့အားလုံးမှာ ကြီးမားတဲ့ပူးပေါင်းကြံစည်မှုတစ်ခုထဲမှာ နစ်ဝင်နေတာကို တဖြည်းဖြည်း သိလာခဲ့ရတယ် 😍ကြည့်ရန်နှိပ်ပါ👇 t.me/zzzmovie2/2389 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры2 000+392%к среднему
Пересылки1
Реакции4
Комментарии—
#2212Фото

Andai Ibu Tidak Menikah Dengan Ayah [2025] Review 📃 နာမည်ကျော် အမျိုးသမီး ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Hadrah Daeng Ratu ရဲ့လက်ရာသစ်ဖြစ်ပြီး လူမှုကွန်ယက်နဲ့ရုပ်ရှင်ဝါသနာအိုးတွေကြားမှာမထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သမီးသုံးဦး၊ မြေးတစ်ဦးနဲ့သက်လတ်ပိုင်းလင်မယားနှစ်ယောက်တို့ရဲ့ နွေးထွေးတဲ့ မိသားစုလေးကိုပုံဖော်ထားတာဖြစ်ပါတယ်။ နွေးထွေးတယ်လို့ထင်ရပေမယ့်လည်း အကြွေးပတ်လည်ဝိုင်းပြီးမိသားစုနဲ့ဇနီးဖြစ်သူကိုတစ်ချက်မှမငဲ့ပဲထင်ရာစိုင်းတတ်တဲ့ တကိုယ်ကောင်းဖခင်၊ တစ်အိမ်လုံးရဲ့အလုပ်တွေကိုရော စီးပွားရေးကိုပါ ဦးစီးနေရရှာတဲ့ မိခင်ဖြစ်သူနဲ့ အရွယ်အသီးသီး သမီးသုံးယောက်ကြားမှာမျိုသိပ်ထားရတဲ့ အစိုင်အခဲလေးတွေကိုယ်စီရှီနေပြီး အဲ့ဒါတွေပေါက်ကွဲထွက်လာတဲ့အချိန်မှာ သူတို့မိသားစုကြားမေးခွန်းလေးတစ်ခုပေါ်လာပါတော့တယ်။ အဲ့ဒါကတော့ ဇာတ်ကားရဲ့အမည်ဖြစ်တဲ့ မေမေသာ ဖေဖေ့ကိုလက်မထပ်ဖြစ်ခဲ့ရင်ဆိုတဲ့ မေးခွန်းပါပဲ။ မေးခွန်းရဲ့အဖြေနဲ့အကြောင်းရင်းကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/englishmovie199/3694 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры1 985+388%к среднему
Пересылки1
Реакции1
Комментарии—
#2211Фото
Просмотры1 678+313%к среднему
Пересылки0
Реакции2
Комментарии—
#2210Фото

လူမိုက်ကြီးဟာ ကလေးမလေးအပေါ်မှာ သံယောဇဉ်တွယ်တာမိသောအခါ... lighting up the star ➪➪➪➪➪➪➪➪➪➪➪➪➪➪ မော့စန်းမိန့်ဟာ ထောင်ထွက်တစ်ယောက်ဖြစ်ပြီး နာရေးကူညီမှုပရဟိတကို လုပ်ဆောင်နေသူတစ်ယောက်ပါ။ တစ်နေ့မှာ သူ သဂြိုဟ်ပေးရမယ့်သူတစ်ယောက်ရှိလာပါတယ်။ ထိုသူကတော့ ရှောင်ဝမ်ဆိုတဲ့ကလေးတစ်ယောက်ရဲ့အဘွားဖြစ်သူပါ။ ရှောင်ဝမ်လေးကတော့ မိဘမရှိ၊အဘွားဖြစ်သူနဲ့သာနေထိုင်ရပါတယ်။ အဘွားဖြစ်သူကို အတော်လေးချစ်ခင်တော့ အဘွားဖြစ်သူသေတယ်ဆိုတာကို လက်မခံနိုင်၊မော့စန်းမိန်နောက်ကို တကောက်ကောက်လိုက်ရင်း သူမအဘွားအကြောင်းကိုပဲ တထေထေမေးနေခဲ့ပါတယ်။မှီခိုအားထားပြုရတဲ့ သူမအဘွားဖြစ်သူဆုံးသွားတော့ အဒေါ်ဖြစ်သူနဲ့ဦးလေးဖြစ်သူက ပေကျင်းကိုခဏသွားရချိန်မှာ ရှောင်ဝမ်လေးကို မော့စန်းမိန်တိုထံ ခေတ္တအပ်နှံထားခဲ့ပါတယ်။ ဒီလိုနဲ့မိဘမရှိ၊မိသားစုမရှိတဲ့ ရှောင်ဝမ်လေးနဲ့မော့စန်းမိန်တို တဖြည်းဖြည်း သံယောဇဥ်တွယ်လာကြတဲ့အခါမှာတော့....။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/mmovie2025/2032 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры1 885+364%к среднему
Пересылки4
Реакции1
Комментарии—
#2209Фото

ကလေးငယ်လေးတွေရဲ့ ဖြူစင်တဲ့အချစ်ဇာတ်ကားလေး 😍😍 ➪➪➪➪➪➪➪➪➪➪➪➪➪➪ My Girl (1991) မြန်မာစာတန်းထိုး ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့…။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ…။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး… ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်… ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်…။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ…။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်… 😍ကြည့်ရန်နှိပ်ပါ👇 t.me/cartoonuploadmsub/2000 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры3 608+788%к среднему
Пересылки9
Реакции1
Комментарии—
#2208Фото

Confidential Informant (2023) စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ… ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်…။အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator 3: Rise of the Machines ထဲမှာ ဂျွန်ကော်နာလုပ်ခဲ့တဲ့ Nick Stahl ရယ်၊ Prison Break ထဲက Dominic Purcell တို့၊ Superman Returns ထဲက Kate Bosworth တို့လို စူပါတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စူပါတွေပါတိုင်း စူပါရုပ်ရှင်လို့ မဆိုသာပေမယ့်လို့ စူပါဝိတ်လေးတင်ထားတော့ အိပ်ချင်စရာတော့ မကောင်းဘူးပေါ့။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/ActionDramammsub/2673 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры3 068+655%к среднему
Пересылки5
Реакции2
Комментарии—
#2207Фото
Просмотры2 785+585%к среднему
Пересылки5
Реакции—
Комментарии—