Кабинет

Посты канала SoulAnimedom Movie

сначала новые

#292Видеоизменён
Просмотры24 901+31%к среднему
Пересылки650
Реакции25
Комментарии—
#282Фотоальбомизменён

နတ်၈ပါးနှင့်အံ့ဖွယ်ခရီး (八仙!) All Wishes Come True 2026 Animated Movie 🤍 " ကြည်တောက်ရှင်း HD version ထွက်လာပါပြီ" ကဲ ... ... ဒီတစ်ခါမှာတော့ " နတ်ရှစ်ပါးပင်လယ်ပြင်ဖြတ်ကူးခြင်း " ဆိုတဲ့ တရုတ်ဒဏ္ဍာရီပုံပြင်ကို မတူညီတဲ့ရှုထောင့်ကနေ ဆန်းသစ်ဖန်တီးထားပြီး Douban Rating 8.3 ထိရထားတဲ့ နာမည်ကျော်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဉ်း နှစ်တစ်ထောင်တစ်ကြိမ်ကျလေ့ရှိတဲ့ကောင်းကင်ကပ်ဘေးရောက်လာချိန်မှာ လူ့လောကကိုကာကွယ်နေကျဖန်မီးအိမ်ဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အတွက် လူ့လောကတစ်ခုလုံးဖရိုဖရဲဖြစ်နေရပါတယ် ဒီအခါမှာဖုန်လိုင်နတ်နယ်မြေကပဲ လူသားအားလုံးရဲ့ကပ်ဘေးရှောင်ရာ သုခမြေဖြစ်ခဲ့တာပေါ့ မူရင်းဒဏ္ဍာရီပုံပြင်မှာ ထိတ်ထိတ်ကြဲဖြစ်ခဲ့ကြတဲ့ နတ် ၈ ပါးကို ဒီဇာတ်လမ်းမှာတော့ ဘာမှော်အစွမ်းအစမှမရှိတဲ့သေမျိုး ၈ ယောက်အဖြစ်နဲ့ဖန်တီးထားပါတယ် လူလိမ် သူခိုး သိုင်းလောကသားစတဲ့ဘဝစုံလင်တဲ့ သူတို့ ၈ ယောက်သားဟာ ဖုန်လိုင်နတ်နယ်မြေမှာ မထင်မှတ်ဘဲဆုံစည်းခဲ့ရာက အပေါင်းဖော်တွေဖြစ်လာခဲ့ပြီး အင်မတန်အတင့်ရဲတဲ့အကြံအစည်ကြီးကိုပေါင်းကြံမိကြပါတော့တယ် ... ... ... ... အဲဒါကတော့ ဖန်မီးအိမ်ကိုကြယ်စင်နတ်မင်းသုံးပါးလက်ထဲကနေ ပြန်လည်ခိုးယူပြီး ကောင်းကင်ကပ်ဘေးကြောင့် ဒုက္ခရောက်နေရတဲ့လူအများကို ကယ်တင်ဖို့ပါပဲ သူတို့ဟာ ပထမတော့ဘုရားကျောင်းထောင်နတ်ဟန်ဆောင်ရာက မမျှော်လင့်ဘဲအကြီးအကျယ်ပူဇော်ပသခံခဲ့ရပြီး ငွေတွေလည်းရေလိုဝင်ခဲ့တာပေါ့ ... ... ဖြစ်ချင်တော့ ဒါ့ကြောင့်ပဲ ရန်သူတွေရှေ့မှာပေါက်ကြားခဲ့ရပြီး မှော်အစွမ်းတစ်စက်မှမရှိတဲ့သူတို့နဲ့ စွမ်းအားရှင်ရန်သူတွေ ထိပ်တိုက်ရင်ဆိုင်မိတဲ့အခါမှာတော့ ... ... သူတို့ရဲ့ လောကကယ်တင်မဲ့ဗရုသုက္ခအစီအစဉ်ဟာ အလုပ်ဖြစ်ပါ့မလား ? အမြဲတမ်းကချော်ကချွတ်နိုင်ခဲ့ကြတဲ့ သူတို့ ၈ ယောက်သား ရန်သူတွေကို အနိုင်တိုက်နိုင်ပါ့မလား ? ကဲ ရသစုံလင်တဲ့ ဒီရုပ်ရှင်ကားကောင်းလေးကို SoulAnimedoM မှာ ကြည့်ရှုနိုင်ပါပြီ 🍕 #Review #SoulAnimedom #八仙

Открыть в Telegram
Просмотры28 678+51%к среднему
Пересылки85
Реакции15
Комментарии—
#281Файл

Переслано из SoulKingdom Movies

1080p

Открыть в Telegram
Просмотры3 031−84%к среднему
Пересылки1
Реакции11
Комментарии—