Посты канала POETRY
အောက်တိုဘာမှာလည်း ပန်းတွေ ဆက်ပြီးပွင့်လန်းစေချင်တယ် ကိုယ်ကြိုက်တဲ့သီချင်းလေးတွေကို နားကြပ်ကလေးထဲထည့်သိမ်းထားချင်တယ် ချစ်ခင်ရသူတွေရဲ့ သတင်းစကားကြားရတဲ့အခါ အထိအခိုက်တွေနဲ့ ဝေးစေချင်တယ်။ -နွေအိမ်မောင်ဝင်း
Открыть в Telegramကျွန်တော်တို့ဟာ ကံမကောင်းတတ်ကြဘူး။ နေကြာစေ့ထုတ်ထဲက ကံစမ်းမဲလေး ဖွင့်တာအစ တစုံတယောက်အပေါ် ဘ၀နဲ့ချီပြီး မျှော်လင့်မိတာအဆုံး။ -နွေသစ်ငြိမ်း
Открыть в Telegramပန်းတွေခူးပေးချင်တယ်ဆိုတိုင်း ဆူးကိုမကြောက်လို့မဟုတ်ဘူး ကေသွယ်။ အသက်ထပ်ချစ်တယ်ဆိုတာ အသက်နဲ့အချစ်ကို လောင်းကြေးထပ်တာပဲ။ -ရွက်လှေ
Открыть в Telegramခေတ်ကြီးပြန်ကောင်းသွားတဲ့အခါ ချစ်စရာကောင်းတဲ့လူတွေ အများကြီး မရှိတော့မှာ ငါအကြောက်ဆုံးပဲ ။ -အောင်ခိုင်မြတ်
Открыть в Telegramကိုယ့်အသက်တောင် ကိုယ်မပိုင်ဘဲ သူစိမ်းတစ်ယောက်ကို ပိုင်ချင်တာကလဲ စိတ္တဇရောဂါပဲ။ -ချည်
Открыть в Telegramအရမ်းနာနေခဲ့ရင်တောင် မဖြစ်စလောက်လေးပါဆိုပြီး ပြန်ထရတယ်။ ဝမ်းနည်းစရာဖြစ်ရပ်တွေ ခဏခဏ ကြုံလာရရင်လည်း စိတ်နဲ့ပဲငိုတယ် ။ အခြားတစ်ဖက်မှာပြိုလဲနေရင်တောင် ကျန်တဲ့တစ်ဖက်မှာ အဆင်ပြေပြေရှိနေတယ်လို့ပဲ မြင်စေချင်တယ် ။ - ခက်နှောင်
Открыть в Telegramကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ် ။ -မောင်ဆောင်းခ
Открыть в Telegramဒီသံသရာလွန်လဲ ဒီနွံ့မှာနစ်ကြရအုံးမှာပဲ ချစ်ခြင်းမေတ္တာဟာ ငါတို့မရှာလဲ ရောက်လာမှာပါ။ အရမ်းကြီး စိက်မပူပါနဲ့ မေတ္တာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမှာ ငါတို့လဲ ပါကောင်းပါနိုင်ပါသေးတယ်။ -မိုးသစ်ပင်
Открыть в Telegramဘာမှမခံစားတတ်တဲ့ ငတုံးတကောင်အဖြစ်မွေးဖွားလာတဲ့သူတွေကိုအားကျတယ်။ ဘာဒဏ်တွေမှ မရှိကြဘူး ။ ။ -ကြည့်ဇော်အေး
Открыть в Telegramတချို့မာကျောမှုတွေဆိုတာလည်း အနာတွေကနေ ပုံစံပြောင်းသွားတာမျိုးပါပဲ ဘယ် အမာရွတ်ကမှ မနာဘဲနဲ့ ဖြစ်မလာပါဘူး။ - Lionel Sn
Открыть в TelegramПереслано из POETRY ll
ဒါ........ ဘယ်လိုငရဲလဲ ဧလွန် (1) အစလို့ စတွေးပြီ ရေးလိုက်တိုင်းမှာ အဆုံးကို ရောက်နေတဲ့ ဘဝကို ငါ...သက်ာမကင်းဖြစ်နေတာ ကြာပြီ... ဧလွန် နားရေးသတင်းထဲ ကိုယ့်နာမည် ကိုယ်ပြန်စောင့်ဖတ်ရတဲ့ ရွက်ဆုတ်ပြက္ခဒိန်တွေ ငါ့ဆီ ဘယ်သူတွေများ တကူးတက လှေလုပ်လွတ်နေသလဲ ။ ကိုယ့်ဖိနပ်ကိုစီးဖို့ ကြောက်နေ့တဲ့ နေ့တွေဆို ငါသံသယရအရှိဆုံးက ခက်တယ်လို့...ငါညည်းတိုင်း လွယ်လွယ်လေးပါလို့ လာနှစ်သိမ့်တဲ့ အဆင်ပြေမှုတွေပဲ...ယောက်ဖ ဘာကြောင့်လဲလို့ ပြန်မေးခွင့် မရှိတဲ့ စာမေးပွဲမှာ လေးညို့မတင်ခင် ထွက်သွားတဲ့ မြားဟာ ဘယ်အပင်မှာ နားမလဲလို့ မင်းကိုမေးရင် မင်းသိထားရမှာက ဒီဇာတ်လမ်းမှာလည်း မင်း..ရာမ မဟုတ်သေးဘူးဆိုတာပဲ။ အဲလိုငါကိုယ့်ငါ အခါခါ သတိပေးပြီ ဘာမှမတတ်နိုင်တဲ့ အဆုံး တတ်နိုင်တဲ့ အပြုံးတွေထမ်းရင်း လာရာလမ်းအတိုင်း ပြန်ခဲ့တာပဲ။ ကိုယ်တိုင်က ဆေးစက်ကျရာ အရုပ်မထင်နိုင်တဲ့အခါ သူများအရုပ်ထင်ချင်တဲ့ နေရာမှာ ဆေးစက်လိုက်ချပေးရတယ.... ဒါ..ဘယ်လိုငရဲလဲ ဧလွန်...... တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ မင်းရော ငါရော သိရက်နဲ့ မင်းရော ငါရော မရုန်းနိုင်မထွက်နိုင် က,နေရတဲ့ ဇာတ်ကွက်အဟောင်းကြီးပါကွာ။ ဘယ်သူဆီပစ်တဲ့ငါးမျှားချိတ်က ငါ့လာမိနေတာလဲ။ သူစိမ်းနံ့ တန်းလန်းမှာ ယိုစိမ့်လို့ တစ်ဘဝလုံး သူများဖတ်စာအုပ် ငှားကြည့်ခဲ့ရ ညီလေးဖို့ ဝယ်ထားတဲ့ဖိနပ်နဲ့တော့ ငါကျောင်းမတတ်ချင်ဘူး ဧလွန်... တော်ပါပြီကွာ ဒီအတိုင်းပဲ ရှိပါစေတော့ နားရေးသတင်းတွေဖတ်တိုင်း ကိုယ့်နာမည်နဲ့ကိုယ့် ခဏခဏသေတယ်။ ဝဋ်ကြွေးကြေပြီလို့ တွေးပြီ အဆုံး အကြောင်းကိုရေးတိုင်း အစ ပြန်ပြန်ရောက်နေတဲ့ ဘဝကို ငါသင်္ကာမကင်းဖြစ်နေတာကြာပြီ..... ဒါ.....ဘယ်လို့....ငရဲလဲ... ဧလွန်... ။ - ကိုး ၀၈ ၀၆ ၂၀၁၆
Открыть в Telegramဘယ်သူ့ကိုမဆို တိခနဲ အဆက်အသွယ်ဖြတ်ချပစ်နိုင်တဲ့အထိ မာကျောသွားရအောင် မင်းဟာ ဘယ်လောက်တောင် နာကျင်ခဲ့ရဖူးလဲလို့ ဘယ်သူမှ မမေးဘူး။ လူတွေဟာ သူတို့ဆီမှာ တဝဲလည်လည်ဖြစ်နေတာကိုပဲ အလိုရှိကြတာ။ လွတ်မြောက်သွားပြီဆိုတာနဲ့ မင်းဟာ သူတို့အတွက် သွေးအေးသတ္တဝါကြီး ဖြစ်ရင်ဖြစ်သွားမှာ။ - Lionel Sn
Открыть в Telegramဘဝမှာ ကိုယ်ရပ်ကျန်နေခဲ့ရင် စောင့်ခေါ်တတ်တဲ့ ပြန်လှည့်လာတတ်တဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း တွေ့ကြုံချင်ပါသေးတယ်။ -ခွန်းညိုသွေး
Открыть в Telegramတကူးတကတောင်းယူမှ ရတာမျိုးဆို အချစ်လည်းတော်ပါပြီ။ ကမ္ဘာစစ်တစ်ခုကို ဘာကြောင့်များ မျည်ရည်စိုက်ပြီး ဝယ်ကြမှာလဲ။ -မြတ်နွယ်
Открыть в Telegramလောကဓံ မုန်တိုင်းကြီးကြုံပြီးမှတော့ ခဲကြောင့်ထတဲ့ ဂယက်ကိုမမှုတော့ဘူး ဓားအိမ်ထဲကဆွဲထုတ်တိုင်း ဓားပဲထွက်လာမယ်မထင်လိုက်နဲ့။ ပန်းပွင့်၊တေးသွား၊ကတ္တီပါစနဲ့ ကျောက်ဆိုင်ကျောက်သား အရာရာ ငါ့စိတ်အတိုင်းဖြစ်နိုင်တယ်။ -လင်းသက်ငြိမ်
Открыть в Telegramအတိတ်ကိုရေမရောပဲသောက်လို့ ပစ္စုပန်မှာ အရက်နာကျတယ်။ ပြီးတော့ မနက်ခင်းသတင်းစာမှာ ငါ့နာရေး ကြေငြာပါလာတယ်။ မစီးဖို့ တားမရလိုက်တဲ့မြစ်ဟာ မထိန်းနိုင်လို့ ကျလာတဲ့ မျက်ရည်တွေပါ။ ဒဏ်ရာကို အရင်းခံလို့ ပြစရာကလဲ ၀ဋ်ဒုက္ခပဲရှိတယ်။ - ရွက်လှေ
Открыть в Telegram"အိမ်ပြန်ရောက်ရင်" ဒီတစ်ကြိမ် အိမ်ပြန်ရောက်ရင် အမေချက်တဲ့ ငါးဟင်းလည်း မငြင်းဘဲ စားမယ်။ အိမ်တွင်းနတ်စင်က ပိုက်ဆံ မခိုးတော့ဘူးလို့ ကတိပေးမယ်။ အမေယုံတဲ့ အဆောင်လက်ဖွဲ့ကြိုးအနီလေးလည်း ပတ်ထား မယ်။ တကယ်ဝေးရမှန်းသိရင် အမေချက်တဲ့ ဟင်းတွေမှာ ငြင်းရက်စရာ တစ်ခွက်မှ မရှိဘူး ။ -ဆန်းကျော်စွာဝင်း
Открыть в Telegram